အိန္ဒိယက ဗီဇာ ဆုတောင်းပြည့်ဘုရား (သို့မဟုတ်) အမေရိကန်ဗီဇာရလိုသော အိန္ဒိယနိုင်ငံသားများ နေ့စဉ် ထောင်ချီ လာရောက်ဆုတောင်းကြသော ဟိုက်ဒရာဘက်မြို့ဘုရား
အိန္ဒိယက ဗီဇာ ဆုတောင်းပြည့်ဘုရား (သို့မဟုတ်) အမေရိကန်ဗီဇာရလိုသော အိန္ဒိယနိုင်ငံသားများ နေ့စဉ် ထောင်ချီ လာရောက်ဆုတောင်းကြသော ဟိုက်ဒရာဘက်မြို့ဘုရား - Property News in Myanmar from iMyanmarHouse.com
18 May 2023 10:56 am တွင် တင်ခဲ့သည်
914 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
နေ့စဉ်နေ့တိုင်း ထောင်နှင့်ချီသော အိန္ဒိယနိုင်ငံသားများသည် အမေရိကန်ဗီဇာရရေး ဆုတောင်းရန်အတွက် ဟိန္ဒူဘုရားကျောင်းတစ်ခုသို့ အလုံးအရင်း လာရောက်ကြသည်။
ချီကု ဘာလားဂျိ (Chilkur Balaji ) ဘုရားဟု အမည်ရပြီး အိန္ဒိယနိုင်ငံတောင်ပိုင်း ၊ ဟိုက်ဒရာဘက်မြို့အနီးတွင် တည်ရှိသည်။
ထိုဘုရားတွင် သွားရောက်ဆုတောင်းသူများ ဗီဇာလျှောက်ထားလျှင် ရရှိသူများပြားသောကြောင့် ယခုအခါ ဗီဇာဘုရားဟု နာမည်ကြီးလာသည်။
CNN သတင်းဌာန၏ ဖော်ပြချက်အရ ဘုရားသို့ လာရောက်သူများသည် ဆုတောင်းဝတ်ပြုမှုများ ပြုလုပ်ရာတွင် ဘုရားအတွင်းပိုင်းကို ၁၁ ပတ်ပတ်ရခြင်းလည်း ပါဝင်သည်။
(ဗီဇာရရန် ချီကု ဘာလားဂျိဘုရားသို့ လာရောက် ဆုတောင်းကြသော ထောင်နှင့်ချီသည့် ဟိန္ဒိူများ )
(လာရောက်သူများသည် ဘာလားဂျိနတ်ဘုရား - ယခုနောက်ပိုင်းတွင် ဗီဇာနတ်ဘုရားဟု လူသိများ - ထံ ဆုတောင်းကြခြင်း ဖြစ်သည်။)
(အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ဘုရားကို ပတ်ပြီးသည့် အပတ်ရေကို ရေးမှတ်နေပုံ။)
(ဘုရားသို့ လာသူများသည် ဆုတောင်းခြင်း ၁၁ ပတ်ပတ်ရမည်ဖြစ်သည်။)
လာရောက်ဆုတောင်းသူများသည် အုန်းသီးများ လှူဒါန်းလေ့ရှိသည်။
ဤဘုရား၏ ထူးခြားချက်မှာ အခြားဘုရားများကဲ့သို့ အလှူခံဌာနများ ၊ အလှူခံပုံးများမရှိခြင်း ဖြစ်သည်။
လာရောက်ဆုတောင်းသူတစ်ဦးသည် ဆုတောင်းပြည့်သွားသည်ဆိုပါက ဘုရားကို နောက်တစ်ကြိမ်ပြန်လာကာ ၁၀၈ ပတ်ထပ်ပတ်ရမည်ဖြစ်သည်။
ဤဘုရားသို့ လာရောက်ဆုတောင်းသူများစွာ ဗီဇာရရှိသွားသည့် အထောက်အထား များစွာရှိသည်။
ဆုတောင်းချိန်တွင် ၁၁ ပတ်ပတ်ရခြင်းမှာ ဝိဉာဉ်တစ်ခုနှင့် ခန္ဓာကိုယ်တစ်ခုကို ကိုယ်စားပြုသည်။
ဆုတောင်းပြည့်ပါက ၁၀၈ ပတ်ပတ်ရခြင်းတွင်လည်း အဓိပ္ပာယ်များ ရှိနေသည်။
၁ မှာ ဖြစ်တည်မှု ၊ ခွန်အားကြီးသော ဘုရားကို ကိုယ်စားပြုသည်။ ၀ မှာ ဖန်ဆင်းမှုကို ကိုယ်စားပြုပြီး ၈ မှာ လူသားတို့၏ ကိုယ်ခန္ဓာကို ကိုယ်စားပြုသည်။
(ဗီဇာရလိုသူများ ဤဘုရားသို့ လာရောက်ဆုတောင်းကြသည်။)
ဘုရားသို့ လာရောက်ဆုတောင်းသူတစ်ဦးဖြစ်သော Manjunath Singh က CNN သတင်းဌာနသို့ ပြောသည်မှာ “တကယ်ဆုတောင်းပြည့်တယ်ဗျ ။ ကျွန်တော့်ညီမဆိုရင် အခု ဘယ်လ်ဂျီယမ်နိုင်ငံ ၊ ဘရပ်ဆဲလ်မြို့မှာ ရောက်နေပြီ”ဟု ပြောသည်။
ဘုန်းတော်ကြီးတစ်ဦးက ပြောသည်မှာ “ကျွန်တော်တို့ရဲ့ ဘုရားက ဆုတောင်းသူတွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနေပါတယ်”ဟု ပြောသည်။
(ဘုရားတွင် ဝေငှသော လက်ကမ်းစာစောင်များတွင် ဖော်ပြထားမှုအရ လူငယ်တစ်ဦးသည် ဗီဇာရရန် ၃ ကြိမ်တိုင် ကြိုးစားသော်လည်း မရခဲ့ကြောင်း ၊ သို့သော် ဤဘုရားသို့ တစ်ကြိမ်လာရောက်ပြီးနောက် အဆင်ပြေချောမောသွားကြောင်း ဖော်ပြထားသည်။)
(ဘုရားကို လှည့်ပတ်ဆုတောင်းနေကြပုံ။)
ချီကု ဘာလားဂျိဘုရားကို လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ခန့်က တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။
Emirates 247 သတင်းဌာန၏ ဖော်ပြချက်အရ အပတ်စဉ်တိုင်း ဤဘုရားသို့ လာရောက်ဆုတောင်းသူ ၇၅၀၀၀ မှ ၁၀၀၀၀၀ ကြားရှိကြောင်း ဖော်ပြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The Indian temple which 'grants U.S. visas': Thousands flock to shrine in the belief it brings luck when applying to the embassy - so long as you leave an offering of coconut (dailymail)
[Zawgyi]
(ဗီဇာရရန် ချီကု ဘာလားဂျိဘုရားသို့ လာရောက် ဆုတောင်းကြသော ထောင်နှင့်ချီသည့် ဟိန္ဒိုများ )
ဆုတောင်းချိန်တွင် ၁၁ ပတ်ပတ်ရခြင်းမှာ ဝိဥာဉ်တစ်ခုနှင့် ခန္ဓာကိုယ်တစ်ခုကို ကိုယ်စားပြုသည်။
(ဤဘုရားသို့ ရက်သတ္တပတ်လျှင် လူ ၁၀၀၀၀၀ ခန့် လာရောက်ကြသည်။)
အိန္ဒိယက ဗီဇာ ဆုတောင်းပြည့်ဘုရား (သို့မဟုတ်) အမေရိကန်ဗီဇာရလိုသော အိန္ဒိယနိုင်ငံသားများ နေ့စဉ် ထောင်ချီ လာရောက်ဆုတောင်းကြသော ဟိုက်ဒရာဘက်မြို့ဘုရား - Property News in Myanmar from iMyanmarHouse.com
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service