အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား အထက်လွှတ်တော်အမတ်ဘဝက နေထိုင်ခဲ့သော လူနေခန်း ကန်ဒေါ်လာ ၁ ဒသမ ၂၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား အထက်လွှတ်တော်အမတ်ဘဝက နေထိုင်ခဲ့သော လူနေခန်း ကန်ဒေါ်လာ ၁ ဒသမ ၂၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
17 May 2023 10:56 am တွင် တင်ခဲ့သည်
524 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီတွင် အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား အထက်လွှတ်တော်အမတ်ဘဝက နေထိုင်ခဲ့သော လူနေခန်း ကန်ဒေါ်လာ ၁ ဒသမ ၂၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

မိသားစုများစွာ နေထိုင်သည့်အိမ်မျိုးဖြစ်ပြီး အခန်း ၂ ခန်းဖြင့် ဖွဲ့စည်းထားသည်။ ပထမထပ် လူနေခန်းတွင် အိုဘားမားနေထိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လူနေအိမ်သည် လွှတ်တော်နှင့် တရားလွှတ်တော်တို့ အခြေစိုက်ရာ Capitol Hill နှင့် ၁ မိုင်ခန့်ပင် မဝေးချေ။

အရောင်းဈေးကွက်တင်ပေးသည်မှာ Coldwell Banker အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်Linda Pettie ဖြစ်သည်။

Stanton Park ပန်းခြံ၏ အရှေ့ဘက်တွင် တည်ရှိသော ထိုအခန်းကို အိုဘားမားက အထက်လွှတ်တော်အမတ် အဖြစ် တာဝန်ထမ်းဆောင်စဉ် ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်သည်။

အိုဘားမားသည် ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အီလီနွိုက်စ်ပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းကာလအတွင်းတွင်ပင် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၇ အထိ အမေရိကန်၏ ၄၄ ဆက်မြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

“သူက ပထမထပ် အခန်းမှာ နေထိုင်ခဲ့ပါတယ်။ နေအိမ်ရဲ့ တခြားအခန်းကိုတော့ တခြားသူတစ်ယောက်ကို ငှားရမ်းခဲ့တယ်”ဟု အကျိုးဆောင် Pettie က ပြောသည်။

နွေဦးပေါက်ကာလများဆိုလျှင် အိုဘားမား၏ အခန်းမှတဆင့် ထိုဒေသ၏ နာမည်ကျော် ချယ်ရီပန်းများ ပွင့်လန်းပုံကို စီးမိုးတွေ့မြင်ရနိုင်သည်။ ပင်မအခန်းမှ ဒုတိယထပ်နှင့် တတိယထပ်များတွင် ဖြန့်ကျက်တည်ရှိပြီး အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၁ ခန်းပါဝင်သည်။

အိမ်ထဲသို့ ဝင်သွားမည်ဆိုပါက လင်းလင်းချင်းချင်းရှိသော ဧည့်ခန်းက ဆီးကြိုနေမည် ဖြစ်သည်။

မီးဖိုဆောင်မှာ Stanton Park ပန်းခြံကို အပေါ်စီးမှ တွေ့မြင်ရသည်။

 

 

 

(နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၂၁၀၀ ကျော်ရှိသည်။ ဓာတ်ပုံ- Scott Goodson)

 

 

(မီးလင်းဖိုတစ်ခုပါသော ဧည့်ခန်း။ ဓာတ်ပုံ- Scott Goodson)

 

(ညစာစားနေရာ။ ဓာတ်ပုံ- Scott Goodson)

 

(မီးဖိုဆောင်။ ဓာတ်ပုံ- Scott Goodson)

 

(မနက်စာစားခန်း။ ဓာတ်ပုံ- Scott Goodson)

 

နေအိမ်အတွင်း သစ်ကြမ်းခင်းများ ခင်းထားပြီး ထင်းသုံးမီးလင်းဖို တစ်ခုလည်းပါသည်။

ဧည့်ခန်းနောက်ဘက်တံခါးမှ တဆင့် ခြံနောက်ဘက်ဆီသို့ ပေါက်သည်။ ခြံနောက်ဘက်တွင် ကားတစ်စင်းရပ်နားနိုင်သည့် နေရာရှိသည်။

အပေါ်ထပ်တွင် အိပ်ခန်းများနှင့် ရေပန်း ၊ အဝတ်လျှော်နေရာတို့ ပါသော ရေချိုးခန်းတစ်ခန်းရှိသည်။

အိုဘားမားနေထိုင်ခဲ့သော ပထမထပ် အခန်းမှာ အိပ်ခန်း ၁ ခန်း ၊ ရေချိုးခန်း ၁ ခန်းပါပြီး လက်ရှိအားဖြင့် တစ်လလျှင် ဒေါ်လာ ၁၅၀၀ ဖြင့် အငှားချထားသည်။

အိမ်ခြံမြေမှတ်တမ်းများအရ ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလကုန်အထိ ငှားရမ်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။

 

(အခန်းဖွင့် ခင်းကျင်းထားပုံ။ ဓာတ်ပုံ- Scott Goodson)

 

(အိပ်ခန်း ၃ ခန်းအနက်မှ တစ်ခု။ ဓာတ်ပုံ- Scott Goodson)

 

(ဒုတိယမြောက် အိပ်ခန်း။ ဓာတ်ပုံ- Scott Goodson)

 

(ရေချိုးခန်း။ ဓာတ်ပုံ- Scott Goodson)

 

 

First Lady ဟောင်း မီရှဲလ်အိုဘားမားက ပြောသည်မှာ အဆိုပါ အခန်းသို့ သွားရောက်လည်ပတ်ခဲ့ဖူးသော်လည်း မအိပ်ခဲ့ဖူးကြောင်း ပြောသည်။

အိုဘားမား သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စဉ်ကာလအတွင်း Secret Service အဖွဲ့ဝင်များက အိုဘားမားကို ပြောခဲ့သည်မှာ ဟိုတယ်တစ်ခုတွင် နေထိုင်ပါက စောင့်ရှောက်ရန် ပိုမိုလွယ်ကူမည်ဖြစ်ကြောင်း အကြံပြုခဲ့သောကြောင့် အိုဘားမားက ထိုအခန်းမှ ပြောင်းရွှေ့ခဲ့သည်။

 

(မှတ်ချက်။ Secret Service မှာ အမေရိကန်၏ ရွေးကောက်ခံ ခေါင်းဆောင်များနှင့် အမေရိကန်သို့ လာရောက်လည်ပတ်သော နိုင်ငံအကြီးအကဲများကို အကာအကွယ်ပေးသည့် အဖွဲ့ဖြစ်သည်။)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Townhouse where Barack Obama lived as senator, ran for president asks $1.27M (nypost)

 

 

 

 

[Zawgyi]

အေမရိကန္သမၼတေဟာင္း ဘားရက္အိုဘားမား အထက္လႊတ္ေတာ္အမတ္ဘဝက ေနထိုင္ခဲ့ေသာ လူေနခန္း ကန္ေဒၚလာ ၁ ဒသမ ၂၇ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

 

အေမရိကန္ျပည္ေထာင္စု ၊ ဝါရွင္တန္ဒီစီတြင္ အေမရိကန္သမၼတေဟာင္း ဘားရက္အိုဘားမား အထက္လႊတ္ေတာ္အမတ္ဘဝက ေနထိုင္ခဲ့ေသာ လူေနခန္း ကန္ေဒၚလာ ၁ ဒသမ ၂၇ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

မိသားစုမ်ားစြာ ေနထုိင္သည့္အိမ္မ်ဳိးျဖစ္ျပီး အခန္း ၂ ခန္းျဖင့္ ဖြဲ႔စည္းထားသည္။ ပထမထပ္ လူေနခန္းတြင္ အိုဘားမားေနထိုင္ခဲ့ျခင္း ျဖစ္သည္။ အဆိုပါ လူေနအိမ္သည္ လႊတ္ေတာ္ႏွင့္ တရားလႊတ္ေတာ္တုိ႔ အေျခစိုက္ရာ Capitol Hill ႏွင့္ ၁ မိုင္ခန္႔ပင္ မေဝးေခ်။

အေရာင္းေစ်းကြက္တင္ေပးသည္မွာ Coldwell Banker အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္Linda Pettie ျဖစ္သည္။

Stanton Park ပန္းျခံ၏ အေရွ႕ဘက္တြင္ တည္ရွိေသာ ထိုအခန္းကို အိုဘားမားက အထက္လႊတ္ေတာ္အမတ္ အျဖစ္ တာဝန္ထမ္းေဆာင္စဥ္ ငွားရမ္းေနထိုင္ခဲ့ျခင္း ျဖစ္သည္။

အိုဘားမားသည္ ၂၀၀၅ ခုႏွစ္မွ ၂၀၀၈ ခုႏွစ္အထိ အီလီႏြိဳက္စ္ျပည္နယ္ ကိုယ္စားျပဳ အထက္လႊတ္ေတာ္အမတ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။ ယင္းကာလအတြင္းတြင္ပင္ သမၼတေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ျပိဳင္ရန္ ၾကိဳးပမ္းခဲ့ျပီး ၂၀၀၉ ခုႏွစ္မွ ၂၀၁၇ အထိ အေမရိကန္၏ ၄၄ ဆက္ေျမာက္ သမၼတအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။

“သူက ပထမထပ္ အခန္းမွာ ေနထုိင္ခဲ့ပါတယ္။ ေနအိမ္ရဲ႕ တျခားအခန္းကိုေတာ့ တျခားသူတစ္ေယာက္ကို ငွားရမ္းခဲ့တယ္”ဟု အက်ဳိးေဆာင္ Pettie က ေျပာသည္။

ေႏြဦးေပါက္ကာလမ်ားဆိုလွ်င္ အိုဘားမား၏ အခန္းမွတဆင့္ ထိုေဒသ၏ နာမည္ေက်ာ္ ခ်ယ္ရီပန္းမ်ား ပြင့္လန္းပံုကို စီးမိုးေတြ႔ျမင္ရႏိုင္သည္။ ပင္မအခန္းမွ ဒုတိယထပ္ႏွင့္ တတိယထပ္မ်ားတြင္ ျဖန္႔က်က္တည္ရွိျပီး အိပ္ခန္း ၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၁ ခန္းပါဝင္သည္။

အိမ္ထဲသို႔ ဝင္သြားမည္ဆိုပါက လင္းလင္းခ်င္းခ်င္းရွိေသာ ဧည့္ခန္းက ဆီးၾကိဳေနမည္ ျဖစ္သည္။

မီးဖိုေဆာင္မွာ Stanton Park ပန္းျခံကို အေပၚစီးမွ ေတြ႔ျမင္ရသည္။

(ေနအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၂၁၀၀ ေက်ာ္ရွိသည္။ ဓာတ္ပံု- Scott Goodson)

(မီးလင္းဖိုတစ္ခုပါေသာ ဧည့္ခန္း။ ဓာတ္ပံု- Scott Goodson)

(ညစာစားေနရာ။ ဓာတ္ပံု- Scott Goodson)

(မီးဖိုေဆာင္။ ဓာတ္ပံု- Scott Goodson)

(မနက္စာစားခန္း။ ဓာတ္ပံု- Scott Goodson)

ေနအိမ္အတြင္း သစ္ၾကမ္းခင္းမ်ား ခင္းထားျပီး ထင္းသံုးမီးလင္းဖို တစ္ခုလည္းပါသည္။

ဧည့္ခန္းေနာက္ဘက္တံခါးမွ တဆင့္ ျခံေနာက္ဘက္ဆီသို႔ ေပါက္သည္။ ျခံေနာက္ဘက္တြင္ ကားတစ္စင္းရပ္နားႏိုင္သည့္ ေနရာရွိသည္။ အေပၚထပ္တြင္ အိပ္ခန္းမ်ားႏွင့္ ေရပန္း ၊ အဝတ္ေလွ်ာ္ေနရာတို႔ ပါေသာ ေရခ်ဳိးခန္းတစ္ခန္းရွိသည္။

အိုဘားမားေနထိုင္ခဲ့ေသာ ပထမထပ္ အခန္းမွာ အိပ္ခန္း ၁ ခန္း ၊ ေရခ်ဳိးခန္း ၁ ခန္းပါျပီး လက္ရွိအားျဖင့္ တစ္လလွ်င္ ေဒၚလာ ၁၅၀၀ ျဖင့္ အငွားခ်ထားသည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ ၂၀၂၄ ခုႏွစ္ ၊ ဇန္နဝါရီလကုန္အထိ ငွားရမ္းထားျခင္း ျဖစ္သည္ဟု ဆိုသည္။

(အခန္းဖြင့္ ခင္းက်င္းထားပံု။ ဓာတ္ပံု- Scott Goodson)

(အိပ္ခန္း ၃ ခန္းအနက္မွ တစ္ခု။ ဓာတ္ပံု- Scott Goodson)

(ဒုတိယေျမာက္ အိပ္ခန္း။ ဓာတ္ပံု- Scott Goodson)

(ေရခ်ဳိးခန္း။ ဓာတ္ပံု- Scott Goodson)

First Lady ေဟာင္း မီရွဲလ္အိုဘားမားက ေျပာသည္မွာ အဆုိပါ အခန္းသို႔ သြားေရာက္လည္ပတ္ခဲ့ဖူးေသာ္လည္း မအိပ္ခဲ့ဖူးေၾကာင္း ေျပာသည္။

အိုဘားမား သမၼတေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ျပဳိင္စဥ္ကာလအတြင္း Secret Service အဖြဲ႔ဝင္မ်ားက အိုဘားမားကုိ ေျပာခဲ့သည္မွာ ဟိုတယ္တစ္ခုတြင္ ေနထိုင္ပါက ေစာင့္ေရွာက္ရန္ ပိုမိုလြယ္ကူမည္ျဖစ္ေၾကာင္း အၾကံျပဳခဲ့ေသာေၾကာင့္ အိုဘားမားက ထိုအခန္းမွ ေျပာင္းေရႊ႕ခဲ့သည္။

(မွတ္ခ်က္။ Secret Service မွာ အေမရိကန္၏ ေရြးေကာက္ခံ ေခါင္းေဆာင္မ်ားႏွင့္ အေမရိကန္သို႔ လာေရာက္လည္ပတ္ေသာ ႏိုင္ငံအၾကီးအကဲမ်ားကို အကာအကြယ္ေပးသည့္ အဖြဲ႔ျဖစ္သည္။)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Townhouse where Barack Obama lived as senator, ran for president asks $1.27M (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service