ကယ်လီဖိုးနီးယားပြည်နယ်တွင် စားသောက်ဆိုင် ပန်းကန်ဆေးအလုပ် လာလျှောက်သောအမျိုးသား အင်တာဗျူးမှ ပြန်အထွက်တွင် ကားလမ်းဆီသို့ လိမ့်ဆင်းသွားနေသော တွန်းလှည်းထဲမှ ကလေးငယ်တစ်ဦးကို ကယ်တင်ခဲ့ပြီးနောက် အလုပ်ရရှိသွား

ကယ်လီဖိုးနီးယားပြည်နယ်တွင် စားသောက်ဆိုင် ပန်းကန်ဆေးအလုပ် လာလျှောက်သောအမျိုးသား အင်တာဗျူးမှ ပြန်အထွက်တွင် ကားလမ်းဆီသို့ လိမ့်ဆင်းသွားနေသော တွန်းလှည်းထဲမှ ကလေးငယ်တစ်ဦးကို ကယ်တင်ခဲ့ပြီးနောက် အလုပ်ရရှိသွား - Property News in Myanmar from iMyanmarHouse.com
16 May 2023 11:05 am တွင် တင်ခဲ့သည်
1553 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လူမှုကွန်ရက်တွင် များစွာဂယက်ရိုက်ပျံ့နှံ့နေသော ဗွီဒီယိုတစ်ခုထဲတွင် အိမ်ယာမဲ့အမျိုးသားတစ်ဦးသည် ကားလမ်းဆီသို့ လိမ့်ဆင်းနေသော လက်တွန်းလှည်းတစ်ခုပေါ်မှ ကလေးငယ်တစ်ဦးကို ကယ်တင်လိုက်ပုံကို တွေ့ရသည်။

ရွန် နက်စ်မန်း (Ron Nessman) အမည်ရှိ အိပ်ယာမဲ့အမျိုးသားသည် အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းရှိ Applebee စားသောက်ဆိုင်အုပ်စုမှ စားသောက်ဆိုင်တစ်ခုတွင် အလုပ်အင်တာဗျူးဖြေပြီး ပြန်အထွက်တွင် ကားလမ်းဆီသို့ ကလေးလက်တွန်းလှည်းတစ်ခု လိမ့်ဆင်းသွားနေသည်ကို သတိပြုမိခဲ့သည်။

နက်စ်မန်းက NBCLA သတင်းဌာနသို့ ပြောခဲ့သည်မှာ သူသည် ၈ နှစ်ကြာ အိမ်ယာမဲ့ဖြစ်ခဲ့ကြောင်း ၊ အင်တာဗျူးလုပ်ခဲ့သော စားသောက်ဆိုင်တွင် အလုပ်ရခဲ့ပြီး မီးဖိုဆောင်တွင် ပန်းကန်ဆေးရမည်ဖြစ်ကြောင်း ပြောသည်။

Applebee စားသောက်ဆိုင်က မိမိအား အခွင့်အရေးပေးခဲ့မှုအပေါ် ကျေးဇူးတင်ကြောင်း နက်စ်မန်းက ပြောသည်။

 

(ကလေးတစ်ဦးကို ကယ်တင်ခဲ့သော အိမ်ယာမဲ့အမျိုးသား ရွန် နက်စ်မန်း)

Applebee မှ ကယ်လီဖိုးနီးယားတောင်ပိုင်း ဆိုင်ခွဲမန်နေဂျာတစ်ဦးက ပြောသည်မှာ ယခုအခါ နက်စ်မန်းကို အလုပ်ခန့်လိုက်ပြီဖြစ်ကြောင်း ၊ အလုပ်ခန့်ခြင်းမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဗွီဒီယိုကြောင့် မဟုတ်ကြောင်း ပြောသည်။

“သူက တကယ့်လူကောင်းတစ်ယောက်ပါ။ ကျွန်မတို့ Applebee က အဖွဲ့နဲ့ တကယ့်ကိုအံဝင်ပါလိမ့်မယ်”ဟု အထွေထွေမန်နေဂျာ Emily Canady ကပြောသည်။

 

 

 

နက်စ်မန်းကပြောသည်မှာ အလုပ်ရခြင်းအတွက် ဝမ်းသာကြောင်း ၊ အွန်လိုင်းတွင် မိမိအတွက် အလှူငွေ စုဆောင်းပေးနေသူများ ရှိနေသော်လည်း မိမိဘာသာငွေရှာလိုကြောင်း ပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဗွီဒီယို၌ လက်တွန်းလှည်းထဲတွင် မွေးကင်းစကလေးငယ်တစ်ဦး ကားလမ်းဆီသို့ လိမ့်ဆင်းသွားနေပြီး သူ၏ အဘွားလေး (မိဘများ၏ အဒေါ်) သည် နောက်မှ ပြေးလိုက်သော်လည်း ချော်လဲကာ ဒူးပြဲသွားခဲ့သည်ကို တွေ့ရသည်။

ထိုအချိန်တွင် နက်စ်မန်းမှာ အနီးရှိ ကားရေဆေးဆိုင်မှ ခုံတန်းတစ်ခုတွင် ထိုင်နေခြင်းဖြစ်သည်။

ကလေးငယ်ရှိနေသော တွန်းလှည်းမှာ ၄ လမ်းသွား Bear Valley လမ်းမကြီးဆီသို့ လိမ့်ဆင်းနေပြီး လေကလည်း ပြင်းထန်စွာ တိုက်နေခဲ့သည်။

 

(ကလေးငယ်၏ အဘွားလေးမှာ မြေပေါ်လဲကျသွားပြီး တွန်းလှည်းမှာ ကားလမ်းဆီသို့ လိမ့်ဆင်းနေသည်။)

 

(နက်စ်မန်းသည် ၎င်းလျှောက်ထားသော စားသောက်ဆိုင်တွင် အလုပ်ရသွားသည်။)

 

နက်စ်မန်းက ကလေးငယ်အား ကယ်ဆယ်ခဲ့ပုံ ဗွီဒီယိုဖိုင်ကို USSGoodGirl အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူ တစ်ဦးက Twitter တွင် မေလ ၁ ရက် ၊ ည ၇း၃၀ အချိန်ခန့်တွင် တင်ခဲ့ပြီး ကြည့်ရှုမှု အကြိမ်ရေ ၅၈ သန်းကျော် ရှိပြီ ဖြစ်သည်။

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်မှာ “သူ သွားလျှောက်တဲ့အလုပ် ရပါစေ”ဟု ဆိုသည်။

အခြားတစ်ဦးကလည်း “ကျေးဇူးပြုပြီး သူ့ကို အလုပ်ပေးကြပါ”ဟု မှတ်ချက်ပြုသည်။

 

(ဗွီဒီယိုဖိုင်တွင် နက်စ်မန်းက ကလေးငယ်အား ကယ်တင်ခဲ့ပုံ။)

 

 

(ကလေးငယ်အား သူ၏ အဘွားလေးထံ ပြန်ပို့ပေးပုံ။)

 

အဆိုပါ ဗွီဒီယိုပျံ့နှံ့ပြီးနောက်ပိုင်း နက်စ်မန်းကို အလုပ်ပေးလိုသူများစွာ ရှိလာခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Hero who grabbed baby back from runaway stroller rolling toward traffic as he left a work interview lands job at California Applebee's after years of being unemployed (dailymail)

 

 

 

[Zawgyi]

ကယ္လီဖုိးနီးယားျပည္နယ္တြင္ စားေသာက္ဆုိင္ ပန္းကန္ေဆးအလုပ္ လာေလွ်ာက္ေသာအမ်ဳိးသား အင္တာဗ်ဴးမွ ျပန္အထြက္တြင္ ကားလမ္းဆီသို႔ လိမ့္ဆင္းသြားေနေသာ တြန္းလွည္းထဲမွ ကေလးငယ္တစ္ဦးကို ကယ္တင္ခဲ့ျပီးေနာက္ အလုပ္ရရွိသြား

 

လူမႈကြန္ရက္တြင္ မ်ားစြာဂယက္ရိုက္ပ်ံ႕ႏွံ႕ေနေသာ ဗြီဒီယိုတစ္ခုထဲတြင္ အိမ္ယာမဲ့အမ်ဳိးသားတစ္ဦးသည္ ကားလမ္းဆီသို႔ လိမ့္ဆင္းေနေသာ လက္တြန္းလွည္းတစ္ခုေပၚမွ ကေလးငယ္တစ္ဦးကုိ ကယ္တင္လိုက္ပံုကို ေတြ႔ရသည္။

ရြန္ နက္စ္မန္း (Ron Nessman) အမည္ရွိ အိပ္ယာမဲ့အမ်ဳိးသားသည္ အေမရိကန္ျပည္ေထာင္စု ၊ ကယ္လီဖိုးနီးယားျပည္နယ္ ေတာင္ပုိင္းရွိ Applebee စားေသာက္ဆိုင္အုပ္စုမွ စားေသာက္ဆိုင္တစ္ခုတြင္ အလုပ္အင္တာဗ်ဴးေျဖျပီး ျပန္အထြက္တြင္ ကားလမ္းဆီသို႔ ကေလးလက္တြန္းလွည္းတစ္ခု လိမ့္ဆင္းသြားေနသည္ကုိ သတိျပဳမိခဲ့သည္။

နက္စ္မန္းက NBCLA သတင္းဌာနသုိ႔ ေျပာခဲ့သည္မွာ သူသည္ ၈ ႏွစ္ၾကာ အိမ္ယာမဲ့ျဖစ္ခဲ့ေၾကာင္း ၊ အင္တာဗ်ဴးလုပ္ခဲ့ေသာ စားေသာက္ဆိုင္တြင္ အလုပ္ရခဲ့ျပီး မီးဖိုေဆာင္တြင္ ပန္းကန္ေဆးရမည္ျဖစ္ေၾကာင္း ေျပာသည္။

Applebee စားေသာက္ဆိုင္က မိမိအား အခြင့္အေရးေပးခဲ့မႈအေပၚ ေက်းဇူးတင္ေၾကာင္း နက္စ္မန္းက ေျပာသည္။

(ကေလးတစ္ဦးကို ကယ္တင္ခဲ့ေသာ အိမ္ယာမဲ့အမ်ဳိးသား ရြန္ နက္စ္မန္း)

Applebee မွ ကယ္လီဖိုးနီးယားေတာင္ပိုင္း ဆိုင္ခြဲမန္ေနဂ်ာတစ္ဦးက ေျပာသည္မွာ ယခုအခါ နက္စ္မန္းကို အလုပ္ခန္႔လိုက္ျပီျဖစ္ေၾကာင္း ၊ အလုပ္ခန္႔ျခင္းမွာ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေနသည့္ ဗြီဒီယိုေၾကာင့္ မဟုတ္ေၾကာင္း ေျပာသည္။

“သူက တကယ့္လူေကာင္းတစ္ေယာက္ပါ။ ကၽြန္မတို႔ Applebee က အဖြဲ႔နဲ႔ တကယ့္ကိုအံဝင္ပါလိမ့္မယ္”ဟု အေထြေထြမန္ေနဂ်ာ Emily Canady ကေျပာသည္။

နက္စ္မန္းကေျပာသည္မွာ အလုပ္ရျခင္းအတြက္ ဝမ္းသာေၾကာင္း ၊ အြန္လိုင္းတြင္ မိမိအတြက္ အလွဴေငြ စုေဆာင္းေပးေနသူမ်ား ရွိေနေသာ္လည္း မိမိဘာသာေငြရွာလိုေၾကာင္း ေျပာသည္။

လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေနေသာ ဗြီဒီယို၌ လက္တြန္းလွည္းထဲတြင္ ေမြးကင္းစကေလးငယ္တစ္ဦး ကားလမ္းဆီသုိ႔ လိမ့္ဆင္းသြားေနျပီး သူ၏ အဘြားေလး (မိဘမ်ား၏ အေဒၚ) သည္ ေနာက္မွ ေျပးလိုက္ေသာ္လည္း ေခ်ာ္လဲကာ ဒူးျပဲသြားခဲ့သည္ကို ေတြ႔ရသည္။

ထုိအခ်ိန္တြင္ နက္စ္မန္းမွာ အနီးရွိ ကားေရေဆးဆိုင္မွ ခံုတန္းတစ္ခုတြင္ ထုိင္ေနျခင္းျဖစ္သည္။

ကေလးငယ္ရွိေနေသာ တြန္းလွည္းမွာ ၄ လမ္းသြား Bear Valley လမ္းမၾကီးဆီသို႔ လိမ့္ဆင္းေနျပီး ေလကလည္း ျပင္းထန္စြာ တိုက္ေနခဲ့သည္။

(ကေလးငယ္၏ အဘြားေလးမွာ ေျမေပၚလဲက်သြားျပီး တြန္းလွည္းမွာ ကားလမ္းဆီသို႔ လိမ့္ဆင္းေနသည္။)

(နက္စ္မန္းသည္ ၎ေလွ်ာက္ထားေသာ စားေသာက္ဆိုင္တြင္ အလုပ္ရသြားသည္။)

နက္စ္မန္းက ကေလးငယ္အား ကယ္ဆယ္ခဲ့ပံု ဗြီဒီယိုဖုိင္ကို USSGoodGirl အမည္ျဖင့္ လူမႈကြန္ရက္သံုးစြဲသူ တစ္ဦးက Twitter တြင္ ေမလ ၁ ရက္ ၊ ည ၇း၃၀ အခ်ိန္ခန္႔တြင္ တင္ခဲ့ျပီး ၾကည့္ရႈမႈ အၾကိမ္ေရ ၅၈ သန္းေက်ာ္ ရွိျပီ ျဖစ္သည္။

လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက မွတ္ခ်က္ျပဳသည္မွာ “သူ သြားေလွ်ာက္တဲ့အလုပ္ ရပါေစ”ဟု ဆိုသည္။

အျခားတစ္ဦးကလည္း “ေက်းဇူးျပဳျပီး သူ႔ကို အလုပ္ေပးၾကပါ”ဟု မွတ္ခ်က္ျပဳသည္။

(ဗြီဒီယိုဖိုင္တြင္ နက္စ္မန္းက ကေလးငယ္အား ကယ္တင္ခဲ့ပံု။)

(ကေလးငယ္အား သူ၏ အဘြားေလးထံ ျပန္ပို႔ေပးပံု။)

အဆိုပါ ဗြီဒီယိုပ်ံ႕ႏွံ႔ျပီးေနာက္ပိုင္း နက္စ္မန္းကို အလုပ္ေပးလိုသူမ်ားစြာ ရွိလာခဲ့သည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Hero who grabbed baby back from runaway stroller rolling toward traffic as he left a work interview lands job at California Applebee's after years of being unemployed (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service