ရုရှားဘီလျံနာကြီးက ကျိကျိတက်ချမ်းသာကြွယ်ဝသူများနှင့် ကမ္ဘာကျော်များ သီးသန့်အပန်းဖြေနိုင်မည့် ဇိမ်ခံအပန်းဖြေစခန်းကြီးကို ပေါင် ၃၃၅ သန်း အကုန်ကျခံ ဆောက်လုပ်လျက်ရှိ ၊ တည်းခိုခမှာ အနည်းဆုံးတစ်ပတ်လျှင် ပေါင် ၁ ဒသမ ၆ သန်း ကျသင့်မည်ဟုဆို

ရုရှားဘီလျံနာကြီးက ကျိကျိတက်ချမ်းသာကြွယ်ဝသူများနှင့် ကမ္ဘာကျော်များ သီးသန့်အပန်းဖြေနိုင်မည့် ဇိမ်ခံအပန်းဖြေစခန်းကြီးကို ပေါင် ၃၃၅ သန်း အကုန်ကျခံ ဆောက်လုပ်လျက်ရှိ ၊ တည်းခိုခမှာ အနည်းဆုံးတစ်ပတ်လျှင် ပေါင် ၁ ဒသမ ၆ သန်း ကျသင့်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
10 May 2023 12:53 pm တွင် တင်ခဲ့သည်
1175 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ရုရှားဘီလျံနာသူဌေးကြီးတစ်ဦးသည် ဂရိနိုင်ငံ၏ ကမ်းလွန်ပင်လယ်ပြင်အတွင်း တည်ရှိသော သူ၏ ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ကို အထူးသီးသန့် အပန်းဖြေစခန်းကြီးတစ်ခု ဆောက်လုပ်လျက်ရှိသည်။

ရုရှားသူဌေးကြီး ဒီမီထရီ ရိုင်ဘိုလော့ဗ်လက်ဗ် (Dmitry Rybolovlev ) သည် ၎င်းပိုင်ဆိုင်ထားသော စကော်ပီယို (Skorpios) ကျွန်းကို အလွန်တရာချမ်းသာကြွယ်ဝသူတို့အတွက် အထူးနိဗ္ဗာန်ဘုံကြီးအဖြစ် ပြောင်းလဲရန် စီစဉ်နေခြင်း ဖြစ်သည်။

 

 

(ဇိမ်ခံအပန်းဖြေစခန်းကြီး ဖြစ်လာမည့် စကော်ပီယိုကျွန်း)

 

 

(ဤကျွန်းကြီးကို အနုပညာနိဗ္ဗာန်ဘုံတစ်ခုအဖြစ် ပြောင်းလဲရန် ရည်ရွယ်ထားသည်။)

 

(ဆောက်လုပ်ရေးစီမံကိန်းမှာ ပေါင် သန်း ၂၀၀ ခန့်ကုန်ကျမည်ဖြစ်သည်။)

 

(မွမ်းမံဆောက်လုပ်မည့် စီမံကိန်းများမှာ လာမည့်နှစ်တွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားသည်။ ဓာတ်ပုံ- Luxurylaunches )

 

(ဘီလျံနာရိုင်ဘိုလော့ဗ်လက်ဗ်သည် ဤကျွန်းတွင် သမီးဖြစ်သူအား မွေးနေ့လက်ဆောင်ပေးရန် ၂၀၁၃ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ- Getty)

 

ရိုင်ဘိုလော့ဗ်လက်ဗ်သည် ပေါင် ၅ ဒသမ ၄ ဘီလီယံချမ်းသာကြွယ်ဝပြီး ပြင်သစ် Ligue 1 ဘောလုံးအသစ်ဖြစ်သော AS Monaco အသင်းကို ပိုင်ဆိုင်ထားသည်။

ရိုင်ဘိုလော့ဗ်လက်ဗ်က ယခုစီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် အပြီးသတ်ကာ မျှော်မှန်းထားသည်။

မြေသြဇာဘုရင်ဟုလည်း နာမည်ကျော်သူ ရိုင်ဘိုလော့ဗ်လက်ဗ်ကို ယူကရိန်းနိုင်ငံက ပိတ်ဆို့အရေးယူထားသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲလျက်ရှိသောကြောင့် ယူကရိန်းက ရုရှားဘီလျံနာများကို ပိတ်ဆို့အရေးယူခြင်းတို့ ဖြစ်သည်။

ရိုင်ဘိုလော့ဗ်လက်ဗ်သည် အနောက်နိုင်ငံတို့၏ အရေးယူခြင်းကို မခံရချေ။

ရိုင်ဘိုလော့ဗ်လက်ဗ်သည် ရုရှားအစိုးရနှင့် ဝေးဝေးနေရန်ကြိုးစားပြီး ကြက်ခြေနီအဖွဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ လှူဒါန်းမှုများ အလုံးအရင်းပြုလုပ်ထားသည်။

စကော်ပီယိုကျွန်းသည် ရိုင်ဘိုလော့ဗ်လက်ဗ် မဝယ်ယူမီကတည်းက ကျော်ကြားခဲ့သော ကျွန်းတစ်ကျွန်းဖြစ်သည်။

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ကျန်ရစ်သူ ဇနီးဂျက်ကလင်းသည် ကမ္ဘာကျော်သူဌေးကြီး အရစ္စတိုတယ် အိုနာစစ်နှင့် ဤကျွန်းပေါ်တွင် လက်ထပ်ခဲ့ခြင်းကြောင့် စကော်ပီယိုကျွန်းကို လူသိများခဲ့သည်။

စကော်ပီယိုကျွန်းကို ယခင်က အရစ္စတိုတယ် အိုနာစစ်က ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုကျွန်းကို ရိုင်ဘိုလော့ဗ်လက်ဗ် ဝယ်ယူချိန်က ချယ်လ်ဆီးအသင်းပိုင်ရှင်ဟောင်း ရိုမန်အဘရာ မိုဗစ်ချ် ၊ မိုက္ကရိုဆော့ဖ်ပိုင်ရှင် ဘီလ်ဂိတ် နှင့် ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ Giorgio Armani တို့လည်း ဝယ်ယူရန် စိတ်ဝင်စားခဲ့သည်။

VIP အထူးသီးသန့်ကလပ်ဟုလည်း အမည်ပေးထားသော အပန်းဖြေစခန်းကြီးတွင် အိပ်ခန်းပေါင်း ၆၀ ၊ ရဟတ်ယာဉ်ကွင်း ၊ Spa ၊ စူပါရွက်လှေကြီးများအတွက် သင်္ဘောဆိပ် ၊ မြင်းဇောင်းများ ၊ ဘောလုံးကွင်းတစ်ကွင်းတို့အပြင် ပွဲကြည့်စဉ်ပါ ကစားကွင်းတစ်ခုလည်း ပါဝင်သည်။

Google Earth တွင် ဖော်ပြထားသော ဂြိုလ်တုဓာတ်ပုံများအရ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို တွေ့ရသည်။

အပန်းဖြေစခန်းကြီး ပြီးစီးသွားပါက VIP ဧည့်သည်တော်များကို တစ်ပတ်ခြင်း ငွေကောက်ခံသည့်စနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကာ တည်းခိုခမှာ အနည်းဆုံး တစ်ပတ်လျှင် ပေါင် ၈၃၅၀၀၀ မှ ပေါင် ၁ ဒသမ ၆ သန်းအကြား ကျသင့်မည်ဖြစ်သည်။

ဇိမ်ခံအပန်းဖြေစခန်းကြီး ဆောက်လုပ်နေမှုကို လာမည့်နှစ်တွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားသည်။

ရိုင်ဘိုလော့ဗ်လက်ဗ်သည် ၇၄ ဧကကျယ်ဝန်းသော Ionian ကျွန်းကို ဂရိသူဌေးမကြီး Athena Onassis ထံမှ ၂၀၁၃ ခုနှစ်အတွင်း ပေါင် ၁၂၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

(ဂြိုလ်တုဓာတ်ပုံများအရ ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နေသည်ကို တွေ့ရသည်။)

 

(အရစ္စတိုတယ် အိုနာစစ်နှင့် ဂျက်ကလင်း ကနေဒီတို့ ဤကျွန်းပေါ်တွင် ၁၉၆၈ ခုနှစ်က လက်ထပ်ခဲ့ကြသည်။ ဓာတ်ပုံ- Rex)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Russian billionaire oligarch building £355million ‘James Bond-style’ exclusive private island resort for rich & famous (thesun)

 

 

 

 

[Zawgyi]

ရုရွားဘီလ်ံနာၾကီးက က်ိက်ိတက္ခ်မ္းသာၾကြယ္ဝသူမ်ားႏွင့္ ကမၻာေက်ာ္မ်ား သီးသန္႔အပန္းေျဖႏိုင္မည့္ ဇိမ္ခံအပန္းေျဖစခန္းၾကီးကို ေပါင္ ၃၃၅ သန္း အကုန္က်ခံ ေဆာက္လုပ္လ်က္ရွိ ၊ တည္းခိုခမွာ အနည္းဆံုးတစ္ပတ္လွ်င္ ေပါင္ ၁ ဒသမ ၆ သန္း က်သင့္မည္ဟုဆို

 

ရုရွားဘီလ်ံနာသူေဌးၾကီးတစ္ဦးသည္ ဂရိႏိုင္ငံ၏ ကမ္းလြန္ပင္လယ္ျပင္အတြင္း တည္ရွိေသာ သူ၏ ကိုယ္ပိုင္ကၽြန္းတစ္ကၽြန္းေပၚကို အထူးသီးသန္႔ အပန္းေျဖစခန္းၾကီးတစ္ခု ေဆာက္လုပ္လ်က္ရွိသည္။

ရုရွားသူေဌးၾကီး ဒီမီထရီ ရုိင္ဘိုေလာ့ဗ္လက္ဗ္ (Dmitry Rybolovlev ) သည္ ၎ပိုင္ဆိုင္ထားေသာ စေကာ္ပီယို (Skorpios) ကၽြန္းကို အလြန္တရာခ်မ္းသာၾကြယ္ဝသူတို႔အတြက္ အထူးနိဗၺာန္ဘံုၾကီးအျဖစ္ ေျပာင္းလဲရန္ စီစဥ္ေနျခင္း ျဖစ္သည္။

(ဇိမ္ခံအပန္းေျဖစခန္းၾကီး ျဖစ္လာမည့္ စေကာ္ပီယိုကၽြန္း)

(ဤကၽြန္းၾကီးကို အႏုပညာနိဗၺာန္ဘံုတစ္ခုအျဖစ္ ေျပာင္းလဲရန္ ရည္ရြယ္ထားသည္။)

(ေဆာက္လုပ္ေရးစီမံကိန္းမွာ ေပါင္ သန္း ၂၀၀ ခန္႔ကုန္က်မည္ျဖစ္သည္။)

(မြမ္းမံေဆာက္လုပ္မည့္ စီမံကိန္းမ်ားမွာ လာမည့္ႏွစ္တြင္ အျပီးသတ္ႏုိင္ရန္ ေမွ်ာ္မွန္းထားသည္။ ဓာတ္ပံု- Luxurylaunches )

(ဘီလ်ံနာရိုင္ဘိုေလာ့ဗ္လက္ဗ္သည္ ဤကၽြန္းတြင္ သမီးျဖစ္သူအား ေမြးေန႔လက္ေဆာင္ေပးရန္ ၂၀၁၃ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု- Getty)

ရိုင္ဘိုေလာ့ဗ္လက္ဗ္သည္ ေပါင္ ၅ ဒသမ ၄ ဘီလီယံခ်မ္းသာၾကြယ္ဝျပီး ျပင္သစ္ Ligue 1 ေဘာလံုးအသစ္ျဖစ္ေသာ AS Monaco အသင္းကို ပိုင္ဆိုင္ထားသည္။

ရုိင္ဘိုေလာ့ဗ္လက္ဗ္က ယခုစီမံကိန္းကို ၂၀၂၄ ခုႏွစ္တြင္ အျပီးသတ္ကာ ေမွ်ာ္မွန္းထားသည္။

ေျမၾသဇာဘုရင္ဟုလည္း နာမည္ေက်ာ္သူ ရိုင္ဘိုေလာ့ဗ္လက္ဗ္ကို ယူကရိန္းႏိုင္ငံက ပိတ္ဆို႔အေရးယူထားသည္။

ရုရွားက ယူကရိန္းကို က်ဴးေက်ာ္စစ္ ဆင္ႏႊဲလ်က္ရွိေသာေၾကာင့္ ယူကရိန္းက ရုရွားဘီလ်ံနာမ်ားကို ပိတ္ဆို႔အေရးယူျခင္းတို႔ ျဖစ္သည္။

ရိုင္ဘိုေလာ့ဗ္လက္ဗ္သည္ အေနာက္ႏိုင္ငံတို႔၏ အေရးယူျခင္းကို မခံရေခ်။

ရိုင္ဘိုေလာ့ဗ္လက္ဗ္သည္ ရုရွားအစိုးရႏွင့္ ေဝးေဝးေနရန္ၾကိဳးစားျပီး ၾကက္ေျခနီအဖြဲ႔သို႔ လူသားခ်င္းစာနာမႈဆိုင္ရာ လွဴဒါန္းမႈမ်ား အလံုးအရင္းျပဳလုပ္ထားသည္။

စေကာ္ပီယိုကၽြန္းသည္ ရိုင္ဘိုေလာ့ဗ္လက္ဗ္ မဝယ္ယူမီကတည္းက ေက်ာ္ၾကားခဲ့ေသာ ကၽြန္းတစ္ကၽြန္းျဖစ္သည္။

လုပ္ၾကံသတ္ျဖတ္ခံခဲ့ရေသာ အေမရိကန္သမၼတ ဂၽြန္အက္ဖ္ကေနဒီ၏ က်န္ရစ္သူ ဇနီးဂ်က္ကလင္းသည္ ကမၻာေက်ာ္သူေဌးၾကီး အရစၥတိုတယ္ အိုနာစစ္ႏွင့္ ဤကၽြန္းေပၚတြင္ လက္ထပ္ခဲ့ျခင္းေၾကာင့္ စေကာ္ပီယိုကၽြန္းကို လူသိမ်ားခဲ့သည္။

စေကာ္ပီယိုကၽြန္းကို ယခင္က အရစၥတိုတယ္ အိုနာစစ္က ပိုင္ဆိုင္ခဲ့ျခင္း ျဖစ္သည္။

ယခုကၽြန္းကို ရိုင္ဘုိေလာ့ဗ္လက္ဗ္ ဝယ္ယူခ်ိန္က ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ေဟာင္း ရိုမန္အဘရာ မိုဗစ္ခ်္ ၊ မိုကၠရိုေဆာ့ဖ္ပိုင္ရွင္ ဘီလ္ဂိတ္ ႏွင့္ ကမၻာေက်ာ္ဖက္ရွင္ဒီဇိုင္နာ Giorgio Armani တို႔လည္း ဝယ္ယူရန္ စိတ္ဝင္စားခ့ဲသည္။

VIP အထူးသီးသန္႔ကလပ္ဟုလည္း အမည္ေပးထားေသာ အပန္းေျဖစခန္းၾကီးတြင္ အိပ္ခန္းေပါင္း ၆၀ ၊ ရဟတ္ယာဥ္ကြင္း ၊ Spa ၊ စူပါရြက္ေလွၾကီးမ်ားအတြက္ သေဘၤာဆိပ္ ၊ ျမင္းေဇာင္းမ်ား ၊ ေဘာလံုးကြင္းတစ္ကြင္းတို႔အျပင္ ပြဲၾကည့္စဥ္ပါ ကစားကြင္းတစ္ခုလည္း ပါဝင္သည္။

Google Earth တြင္ ေဖာ္ျပထားေသာ ျဂိဳလ္တုဓာတ္ပံုမ်ားအရ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ကို ေတြ႔ရသည္။

အပန္းေျဖစခန္းၾကီး ျပီးစီးသြားပါက VIP ဧည့္သည္ေတာ္မ်ားကို တစ္ပတ္ျခင္း ေငြေကာက္ခံသည့္စနစ္ျဖင့္ ငွားရမ္းမည္ျဖစ္ကာ တည္းခိုခမွာ အနည္းဆံုး တစ္ပတ္လွ်င္ ေပါင္ ၈၃၅၀၀၀ မွ ေပါင္ ၁ ဒသမ ၆ သန္းအၾကား က်သင့္မည္ျဖစ္သည္။

ဇိမ္ခံအပန္းေျဖစခန္းၾကီး ေဆာက္လုပ္ေနမႈကို လာမည့္ႏွစ္တြင္ အျပီးသတ္ႏိုင္ရန္ ေမွ်ာ္မွန္းထားသည္။

ရိုင္ဘိုေလာ့ဗ္လက္ဗ္သည္ ၇၄ ဧကက်ယ္ဝန္းေသာ Ionian ကၽြန္းကို ဂရိသူေဌးမၾကီး Athena Onassis ထံမွ ၂၀၁၃ ခုႏွစ္အတြင္း ေပါင္ ၁၂၈ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(ျဂိဳလ္တုဓာတ္ပံုမ်ားအရ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား စတင္ေနသည္ကို ေတြ႔ရသည္။)

(အရစၥတိုတယ္ အိုနာစစ္ႏွင့္ ဂ်က္ကလင္း ကေနဒီတို႔ ဤကၽြန္းေပၚတြင္ ၁၉၆၈ ခုႏွစ္က လက္ထပ္ခဲ့ၾကသည္။ ဓာတ္ပံု- Rex)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Russian billionaire oligarch building £355million ‘James Bond-style’ exclusive private island resort for rich & famous (thesun)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service