အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် အိမ်ယာမဲ့ဖြစ်ခဲ့ဖူးသော အမျိုးသမီး ခဲခြစ်ထီလက်မှတ်မှ ဒေါ်လာ ၅ သန်း ထီပေါက်

အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် အိမ်ယာမဲ့ဖြစ်ခဲ့ဖူးသော အမျိုးသမီး ခဲခြစ်ထီလက်မှတ်မှ ဒေါ်လာ ၅ သန်း ထီပေါက် - Property News in Myanmar from iMyanmarHouse.com
10 May 2023 12:27 pm တွင် တင်ခဲ့သည်
743 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် အိမ်ယာမဲ့ဖြစ်ခဲ့ဖူးသော အမျိုးသမီးတစ်ဦးသည် Walmart စူပါစင်တာသို့ အင်ဂျင်ဝိုင်လဲရန် သွားခဲ့သည်။

ခဲခြစ်ထီလက်မှတ်တစ်စောင်နှင့်အတူ သူ၏ ဘဝမှာလည်း ပြောင်းလဲသွားခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် ထီရုံး၏ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ကြေညာချက်အရ လူစီယာ ဖော်ဆက် ( Lucia Forseth ) အမည်ရှိ အမျိုးသမီးသည် ဆန်ဖရန်စစ္စကိုမြို့၏ အရှေ့ဘက် မိုင် ၄၀ ခန့်ဝေးကွာသော ပစ္စဘာ့ဂျ် (Pittsburg) မြို့ရှိ စတိုးဆိုင်တစ်ခုတွင် ခဲခြစ်ထီလက်မှတ်တစ်စောင် ဝယ်ယူခဲ့ပြီး ဒေါ်လာ ၅ သန်းပေါက်ခဲ့ကြောင်းဖော်ပြသည်။

လူစီယာက ပြောသည်မှာ မျက်စိမှိတ်ထားလိုက်ပြီး ထီလက်မှတ်တစ်စောင်ကို ရွေးလိုက်ကြောင်း ပြောသည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် ရောင်းချသော Scratchers ဟုခေါ်သောထီသည် ခဲဖြစ်ထီအမျိုးအစား ဖြစ်သည်။

မိမိတို့ ဝယ်ယူလိုက်သော ထီလက်မှတ်ကို ခဲခြစ်ကြည့်လိုက်ယုံသာ ဖြစ်သည်။

ထီလက်မှတ် ဝယ်ယူပြီးနောက် ထီဖွင့်သည့်နေ့အထိ စောင့်ဆိုင်းနေရန် မလိုချေ။

ခဲဖြစ်ကြည့်လိုက်သည်နှင့် မိမိဆုငွေ မည်မျှပေါက်ကြောင်း ချက်ချင်းသိနိုင်သည်။

“ထီပေါက်ဖို့ ကံရှိမရှိဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ ဒါက ကျပန်းသဘောပါပဲ”ဟု လူစီယာက ပြောသည်။

ထီလက်မှတ်ကို စတင်ခဲခြစ်ကြည့်နေချိန်တွင် ဂဏန်းများ ပေါ်လာသော်လည်း ဆုသေးတစ်ခုခုဟုသာ လူစီယာက ထင်ခဲ့သော်လည်း အကုန်ခဲခြစ် ပြီးချိန်တွင် ဒေါ်လာ ၅ သန်းဖြစ်နေသည်ကို တွေ့ခဲ့ရသည်။

၂၀၂၃ ခုနှစ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ်တွင် Scratchers ထီမှ လူစီယာအပါအဝင် ထီပေါက်သူ ၃ ဦးရှိပြီ ဖြစ်သည်။

အဆိုပါ ထီတွင် ဒေါ်လာ ၅ သန်းဆု ၂ ဆုကျန်နေသေးသည်ဟု သိရသည်။

ကယ်လီဖိုးနီးယား ထီရုံး၏ ပြောကြားချက်အရ အဆိုပါ ထီတွင် ထီပေါက်ရန် ဖြစ်နိုင်ချေမှာ အကြိမ် ၃၀၈၈၈၅၄ လျှင် တစ်ကြိမ်သာ ရှိကြောင်း ပြောသည်။

လူစီယာ အတွက်ကား စင်ဒရဲလား၏ ဖြစ်ရပ်သဖွယ် ပုံပြင်ဆန်ဆန် ဘဝအလှည့်အပြောင်းပုံ ဖြစ်သည်။

လူစီယာသည် ၂၀၁၇ ခုနှစ်က ဆိုလျှင် နေစရာပင် မရှိဘဲ အိမ်ရာမဲ့တစ်ဦး ဖြစ်ခဲ့သည်။

“ပြီးခဲ့တဲ့ ၆ နှစ်ကမှ အိမ်ရာမဲ့ ဖြစ်ခဲ့တဲ့ ကျွန်မလို လူတစ်ယောက်အနေနဲ့ ဒီလိုဘဝ ပြောင်းသွားမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။”

လူစီယာက ပြောသည်မှာ ယခုနှစ်အတွင်း အိမ်ထောင်ပြုရန်နှင့် Associate Degree တစ်ခုရယူရန် စီစဉ်ထားကြောင်း ပြောသည်။

(မှတ်ချက်။ Associate Degree ဆိုသည်မှာ အထက်တန်းနှင့် တက္ကသိုလ်ဘွဲ့ကြားတွင် ရှိသော ဘွဲ့တစ်မျိုးဖြစ်ပြီး ကျောင်း ၂ နှစ်တက်ရသည်။

“လူစီယာရဲ့ ဖြစ်ရပ်မျိုး ကြားရတာက ကျွန်တော်တို့ရဲ့ထီဟာ ထီပေါက်သူတွေရဲ့ဘဝကို အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုကို ရှိတယ်ဆိုတာ ပြသနေတာပါပဲ”ဟု ကယ်လီဖိုးနီးယား ထီရုံးမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် Carolyn Becker ကပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: CA woman goes from being homeless to winning $5M in state lottery; plans on getting married ( currently )

 

 

 

 

[Zawgyi]

အေမရိကန္ႏိုင္ငံ ၊ ကယ္လီဖိုးနီးယားျပည္နယ္တြင္ အိမ္ယာမဲ့ျဖစ္ခဲ့ဖူးေသာ အမ်ဳိးသမီး ခဲျခစ္ထီလက္မွတ္မွ ေဒၚလာ ၅ သန္း ထီေပါက္

 

အေမရိကန္ႏိုင္ငံ ၊ ကယ္လီဖိုးနီးယားျပည္နယ္တြင္ အိမ္ယာမဲ့ျဖစ္ခဲ့ဖူးေသာ အမ်ဳိးသမီးတစ္ဦးသည္ Walmart စူပါစင္တာသို႔ အင္ဂ်င္ဝိုုင္လဲရန္ သြားခဲ့သည္။

ခဲျခစ္ထီလက္မွတ္တစ္ေစာင္ႏွင့္အတူ သူ၏ ဘဝမွာလည္း ေျပာင္းလဲသြားခဲ့သည္။

ကယ္လီဖိုးနီးယားျပည္နယ္ ထီရံုး၏ ျပီးခဲ့ေသာ ဗုဒၶဟူးေန႔က ေၾကညာခ်က္အရ လူစီယာ ေဖာ္ဆက္ ( Lucia Forseth ) အမည္ရွိ အမ်ဳိးသမီးသည္ ဆန္ဖရန္စစၥကိုျမိဳ႕၏ အေရွ႕ဘက္ မိုင္ ၄၀ ခန္႔ေဝးကြာေသာ ပစၥဘာ့ဂ်္ (Pittsburg) ျမိဳ႕ရွိ စတုိးဆိုင္တစ္ခုတြင္ ခဲျခစ္ထီလက္မွတ္တစ္ေစာင္ ဝယ္ယူခဲ့ျပီး ေဒၚလာ ၅ သန္းေပါက္ခဲ့ေၾကာင္းေဖာ္ျပသည္။

လူစီယာက ေျပာသည္မွာ မ်က္စိမွိတ္ထားလုိက္ျပီး ထီလက္မွတ္တစ္ေစာင္ကုိ ေရြးလိုက္ေၾကာင္း ေျပာသည္။

ကယ္လီဖိုးနီးယားျပည္နယ္တြင္ ေရာင္းခ်ေသာ Scratchers ဟုေခၚေသာထီသည္ ခဲျဖစ္ထီအမ်ဳိးအစား ျဖစ္သည္။

မိမိတုိ႔ ဝယ္ယူလိုက္ေသာ ထီလက္မွတ္ကို ခဲျခစ္ၾကည့္လိုက္ယံုသာ ျဖစ္သည္။

ထီလက္မွတ္ ဝယ္ယူျပီးေနာက္ ထီဖြင့္သည့္ေန႔အထိ ေစာင့္ဆိုင္းေနရန္ မလိုေခ်။

ခဲျဖစ္ၾကည့္လုိက္သည္ႏွင့္ မိမိဆုေငြ မည္မွ်ေပါက္ေၾကာင္း ခ်က္ခ်င္းသိႏိုင္သည္။

“ထီေပါက္ဖို႔ ကံရွိမရွိဆိုတာ ဘယ္သူမွ ၾကိဳမသိႏိုင္ပါဘူး။ ဒါက က်ပန္းသေဘာပါပဲ”ဟု လူစီယာက ေျပာသည္။

ထီလက္မွတ္ကို စတင္ခဲျခစ္ၾကည့္ေနခ်ိန္တြင္ ဂဏန္းမ်ား ေပၚလာေသာ္လည္း ဆုေသးတစ္ခုခုဟုသာ လူစီယာက ထင္ခဲ့ေသာ္လည္း အကုန္ခဲျခစ္ ျပီးခ်ိန္တြင္ ေဒၚလာ ၅ သန္းျဖစ္ေနသည္ကို ေတြ႔ခဲ့ရသည္။

၂၀၂၃ ခုႏွစ္အတြင္း ကယ္လီဖုိးနီးယားျပည္နယ္တြင္ Scratchers ထီမွ လူစီယာအပါအဝင္ ထီေပါက္သူ ၃ ဦးရွိျပီ ျဖစ္သည္။

အဆိုပါ ထီတြင္ ေဒၚလာ ၅ သန္းဆု ၂ ဆုက်န္ေနေသးသည္ဟု သိရသည္။

ကယ္လီဖိုးနီးယား ထီရံုး၏ ေျပာၾကားခ်က္အရ အဆုိပါ ထီတြင္ ထီေပါက္ရန္ ျဖစ္ႏိုင္ေခ်မွာ အၾကိမ္ ၃၀၈၈၈၅၄ လွ်င္ တစ္ၾကိမ္သာ ရွိေၾကာင္း ေျပာသည္။

လူစီယာ အတြက္ကား စင္ဒရဲလား၏ ျဖစ္ရပ္သဖြယ္ ပံုျပင္ဆန္ဆန္ ဘဝအလွည့္အေျပာင္းပံု ျဖစ္သည္။

လူစီယာသည္ ၂၀၁၇ ခုႏွစ္က ဆိုလွ်င္ ေနစရာပင္ မရွိဘဲ အိမ္ရာမဲ့တစ္ဦး ျဖစ္ခဲ့သည္။

“ျပီးခဲ့တဲ့ ၆ ႏွစ္ကမွ အိမ္ရာမဲ့ ျဖစ္ခဲ့တဲ့ ကၽြန္မလို လူတစ္ေယာက္အေနနဲ႔ ဒီလိုဘဝ ေျပာင္းသြားမယ္လို႔ တစ္ခါမွ မေတြးခဲ့ဖူးပါဘူး။”

လူစီယာက ေျပာသည္မွာ ယခုႏွစ္အတြင္း အိမ္ေထာင္ျပဳရန္ႏွင့္ Associate Degree တစ္ခုရယူရန္ စီစဥ္ထားေၾကာင္း ေျပာသည္။ (မွတ္ခ်က္။ Associate Degree ဆိုသည္မွာ အထက္တန္းႏွင့္ တကၠသိုလ္ဘြဲ႔ၾကားတြင္ ရွိေသာ ဘြဲ႔တစ္မ်ဳိးျဖစ္ျပီး ေက်ာင္း ၂ ႏွစ္တက္ရသည္။

“လူစီယာရဲ႕ ျဖစ္ရပ္မ်ဳိး ၾကားရတာက ကၽြန္ေတာ္တို႔ရဲ႕ထီဟာ ထီေပါက္သူေတြရဲ႕ဘဝကို အျပဳသေဘာေဆာင္တဲ့ အက်ဳိးသက္ေရာက္မႈကို ရွိတယ္ဆိုတာ ျပသေနတာပါပဲ”ဟု ကယ္လီဖိုးနီးယား ထီရံုးမွ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္ Carolyn Becker ကေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: CA woman goes from being homeless to winning $5M in state lottery; plans on getting married ( currently )

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service