ရုရှားသမ္မတ ဗလာဒီမာပူတင်၏ လျှို့ဝှက်ချစ်သူမိန်းကလေးဟု သတင်းထွက်နေသူ သမ္မတပူတင်ဝယ်ယူပေးထားသော ဆွစ်ဇာလန်ရှိစံအိမ်ရှိရာသို့ သွားခွင့်မရှိတော့သောကြောင့် ဆိုက်ဘေးရီးယားတွင် နေထိုင်လျက်ရှိ

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ လျှို့ဝှက်ချစ်သူမိန်းကလေးဟု သတင်းထွက်နေသူ သမ္မတပူတင်ဝယ်ယူပေးထားသော ဆွစ်ဇာလန်ရှိစံအိမ်ရှိရာသို့ သွားခွင့်မရှိတော့သောကြောင့် ဆိုက်ဘေးရီးယားတွင် နေထိုင်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
10 May 2023 11:29 am တွင် တင်ခဲ့သည်
1242 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ချစ်သူဟု ပြောဆိုနေကြသော မိန်းကလေးသည် ရုရှားနိုင်ငံ ၊ ဆိုက်ဘေးရီးယားဒေသတွင် နေထိုင်လျက်ရှိသည်ဟု ဆိုသည်။

အိုလံပစ် ရွှေတံဆိပ်ဆုရ ဂျွမ်းဘားအားကစားမယ်ဟောင်း အသက် ၃၉ နှစ်အရွယ်ရှိ အေလီနာ ကဘားဗာ (Alina Kabaeva) သည် ရုရှားသမ္မတပူတင်နှင့် သားသမီး ၂ ဦးရရှိထားသည်ဟူသော ကောလာဟလသတင်းများ ရှိသည်။

 

(ဗလာဒီမာ ပူတင်နှင့် သူ၏ချစ်သူဟု ကောလာဟလသတင်းများရှိသော အေလီနာ)

 

(အေလီနာကို ယခုရက်သတ္တပတ်အတွင်း ဆိုက်ဘေးရီးယားရှိ ဂျွမ်းဘားပွဲလမ်းတစ်ခုတွင် တွေ့ရပုံ။)

 

(ဂျွမ်းဘားပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးနေသော အေလီနာကို တွေ့ရပုံ။)

 

(အေလီနာသည် ယခင်က ဂျွမ်းဘားဖြင့် ရုရှားအတွက် အိုလံပစ်ရွှေတံဆိပ်ဆု ရယူပေးခဲ့ဖူးသည်။)

 

 

သမ္မတပူတင်၏ ချစ်သူဟု ယူဆရသူ အေလီနာကို အများပြည်သူမြင်ကွင်းတွင် တွေ့မြင်ရမှု ရှားပါးသည်။

အေလီနာနှင့် သူ၏ ကလေးများသည် ဆွစ်ဇာလန်မှ ဂျီနီဗာရေကန်ကြီးကို စီးမိုးတွေ့မြင်နေရသည့် စံအိမ်ကြီးတစ်လုံးတွင် နေထိုင်ခဲ့သည်။

အဆိုပါ စံအိမ်ကြီးသည် သမ္မတပူတင်က ဝယ်ယူပေးထားသည်ဟု ယုံကြည်ရသည်။

သို့သော် ပြီးခဲ့သောနှစ်အတွင်း ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အနောက်နိုင်ငံတို့က ရုရှားအစိုးရနှင့် နီးစပ်သူများအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သောကြောင့် အေလီနာအဖို့ ဆွစ်ဇာလန်သို့ သွားရန် ခက်ခဲသွားသည်။

သမ္မပူတင်သည် ပထမဇနီး Lyudmila Putina နှင့် ပေါင်းသင်းနေဆဲကာလဖြစ်သော ၂၀၀၈ ခုနှစ်အတွင်း အေလီနာနှင့် ချစ်ကြိုက်ခဲ့ခြင်းဖြစ်သည်ဟူသည့် ကောလာဟလများရှိသည်။

ယင်းမတိုင်မီ ၃ နှစ်ခန့်က သမ္မတပူတင်သည် အေလီနာကို ကရင်မလင်နန်းတော်တွင် ဆုတံဆိပ်တစ်ခု ချီးမြှင့်ခဲ့ဖူးသည်။

အေလီနာသည် ၂၀၁၅ ခုနှစ်တွင် ဆွစ်ဇာလန်တွင်လည်းကောင်း ၊ ၂၀၁၉ ခုနှစ်တွင် မော်စကို၌ လည်းကောင်း ကလေးမွေးဖွားခဲ့သည်။

သမ္မပူတင်မှမူ အေလီနာနှင့် အချစ်ရေး ဆက်နွှယ်မှုများရှိကြောင်း ဝန်ခံခြင်း မရှိချေ။

အေလီနာသည် ဆိုက်ဘေးရီးယားရှိ Omsk မြို့သို့ လုံခြုံရေးအစောင့်အကြပ်များစွာဖြင့် ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

အေလီနာသည် ဆိုက်ဘေးရီးယားတွင် အချိန်ကာလမည်မျှ နေထိုင်မည်ကိုမူ မသိရချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Putin’s ‘secret lover’ sent to Siberia after sanctions stop her travelling to Swiss palace bought by Vlad for her & kids (thesun)

 

 

[Zawgyi]

ရုရွားသမၼတ ဗလာဒီမာပူတင္၏ လွ်ိဳ႕ဝွက္ခ်စ္သူမိန္းကေလးဟု သတင္းထြက္ေနသူ သမၼတပူတင္ဝယ္ယူေပးထားေသာ ဆြစ္ဇာလန္ရွိစံအိမ္ရွိရာသို႔ သြားခြင့္မရွိေတာ့ေသာေၾကာင့္ ဆိုက္ေဘးရီးယားတြင္ ေနထုိင္လ်က္ရွိ

 

အေနာက္ႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈမ်ားေၾကာင့္ ရုရွားသမၼတ ဗလာဒီမာပူတင္၏ ခ်စ္သူဟု ေျပာဆိုေနၾကေသာ မိန္းကေလးသည္ ရုရွားႏိုင္ငံ ၊ ဆိုက္ေဘးရီးယားေဒသတြင္ ေနထုိင္လ်က္ရွိသည္ဟု ဆုိသည္။

အိုလံပစ္ ေရႊတံဆိပ္ဆုရ ဂၽြမ္းဘားအားကစားမယ္ေဟာင္း အသက္ ၃၉ ႏွစ္အရြယ္ရွိ ေအလီနာ ကဘားဗာ (Alina Kabaeva) သည္ ရုရွားသမၼတပူတင္ႏွင့္ သားသမီး ၂ ဦးရရွိထားသည္ဟူေသာ ေကာလာဟလသတင္းမ်ား ရွိသည္။

(ဗလာဒီမာ ပူတင္ႏွင့္ သူ၏ခ်စ္သူဟု ေကာလာဟလသတင္းမ်ားရွိေသာ ေအလီနာ)

(ေအလီနာကို ယခုရက္သတၱပတ္အတြင္း ဆုိက္ေဘးရီးယားရွိ ဂၽြမ္းဘားပြဲလမ္းတစ္ခုတြင္ ေတြ႔ရပံု။)

(ဂၽြမ္းဘားျပိဳင္ပြဲတြင္ ဒိုင္လူၾကီးအျဖစ္ ေဆာင္ရြက္ေပးေနေသာ ေအလီနာကို ေတြ႔ရပံု။)

(ေအလီနာသည္ ယခင္က ဂၽြမ္းဘားျဖင့္ ရုရွားအတြက္ အိုလံပစ္ေရႊတံဆိပ္ဆု ရယူေပးခဲ့ဖူးသည္။)

သမၼတပူတင္၏ ခ်စ္သူဟု ယူဆရသူ ေအလီနာကို အမ်ားျပည္သူျမင္ကြင္းတြင္ ေတြ႔ျမင္ရမႈ ရွားပါးသည္။

ေအလီနာႏွင့္ သူ၏ ကေလးမ်ားသည္ ဆြစ္ဇာလန္မွ ဂ်ီနီဗာေရကန္ၾကီးကို စီးမိုးေတြ႔ျမင္ေနရသည့္ စံအိမ္ၾကီးတစ္လံုးတြင္ ေနထိုင္ခဲ့သည္။

အဆိုပါ စံအိမ္ၾကီးသည္ သမၼတပူတင္က ဝယ္ယူေပးထားသည္ဟု ယံုၾကည္ရသည္။

သို႔ေသာ္ ျပီးခဲ့ေသာႏွစ္အတြင္း ရုရွားက ယူကရိန္းႏိုင္ငံကို က်ဴးေက်ာ္တိုက္ခိုက္မႈျပဳလုပ္ခဲ့ရာ အေနာက္ႏိုင္ငံတို႔က ရုရွားအစိုးရႏွင့္ နီးစပ္သူမ်ားအေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ျပဳလုပ္ခဲ့ေသာေၾကာင့္ ေအလီနာအဖို႔ ဆြစ္ဇာလန္သို႔ သြားရန္ ခက္ခဲသြားသည္။

သမၼပူတင္သည္ ပထမဇနီး Lyudmila Putina ႏွင့္ ေပါင္းသင္းေနဆဲကာလျဖစ္ေသာ ၂၀၀၈ ခုႏွစ္အတြင္း ေအလီနာႏွင့္ ခ်စ္ၾကိဳက္ခဲ့ျခင္းျဖစ္သည္ဟူသည့္ ေကာလာဟလမ်ားရွိသည္။

ယင္းမတိုင္မီ ၃ ႏွစ္ခန္႔က သမၼတပူတင္သည္ ေအလီနာကို ကရင္မလင္နန္းေတာ္တြင္ ဆုတံဆိပ္တစ္ခု ခ်ီးျမွင့္ခဲ့ဖူးသည္။

ေအလီနာသည္ ၂၀၁၅ ခုႏွစ္တြင္ ဆြစ္ဇာလန္တြင္လည္းေကာင္း ၊ ၂၀၁၉ ခုႏွစ္တြင္ ေမာ္စကို၌ လည္းေကာင္း ကေလးေမြးဖြားခဲ့သည္။

သမၼပူတင္မွမူ ေအလီနာႏွင့္ အခ်စ္ေရး ဆက္ႏႊယ္မႈမ်ားရွိေၾကာင္း ဝန္ခံျခင္း မရွိေခ်။

ေအလီနာသည္ ဆိုက္ေဘးရီးယားရွိ Omsk ျမိဳ႕သို႔ လံုျခံဳေရးအေစာင့္အၾကပ္မ်ားစြာျဖင့္ ေရာက္ရွိသြားခဲ့ျခင္း ျဖစ္သည္။

ေအလီနာသည္ ဆိုက္ေဘးရီးယားတြင္ အခ်ိန္ကာလမည္မွ် ေနထိုင္မည္ကိုမူ မသိရေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Putin’s ‘secret lover’ sent to Siberia after sanctions stop her travelling to Swiss palace bought by Vlad for her & kids (thesun)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service