ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗင်နီဇွဲလား သံအမတ်ကြီးဟောင်း နယူးယောက်မြို့ လူနေခန်းကို အရောင်းဈေးကွက်တင်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗင်နီဇွဲလား သံအမတ်ကြီးဟောင်း နယူးယောက်မြို့ လူနေခန်းကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
8 May 2023 9:50 am တွင် တင်ခဲ့သည်
452 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒီယေဂို အင်းနရစ် အာရီယာ ဆာလီဆက်တီ -Diego Enrique Arria Salicetti (မွေး ၁၉၃၈ ၊ ဗင်နီဇွဲလားနိုင်ငံ ၊ ကရာကက်စ်မြို့) သည် ဗင်နီဇွဲလား နိုင်ငံရေးသမား ၊ သံတမန်တစ်ဦးဖြစ်ပြီး ၁၉၉၁ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ကုလသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလား အမြဲတမ်းကိုယ်စားလှယ်အဖြစ်လည်းကောင်း ၁၉၉၂ ခုနှစ် မတ်လတွင် လုံခြုံရေးကောင်စီ၏ ဥက္ကဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

နောက်ပိုင်းတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်၏ အထူးအကြံပေးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

ဆာလီဆက်တီသည် ၁၉၉၇ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် ဗင်နီဇွဲလား သတင်းအချက်အလက်နှင့် ကမ္ဘာလှည့်ခရီးသွား ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၈ ခုနှစ်တွင်မူ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရာထူးမှ နှုတ်ထွက်ခဲ့သည်။

လက်ရှိအားဖြင့် ဆာလီဆက်တီသည် ဘော်လ်ကန် စစ်ရာဇဝတ်မှုများအကြောင်းနှင့် ၁၉၉၀ ပြည့်လွန်ကာလ များအတွင်း အယ်လ်ဆာဗေဒေါနှင့် ဟေတီနိုင်ငံများအကြား ငြိမ်းချမ်းရေး ဆွေးနွေးပေးခဲ့မှုများအကြောင်း စာအုပ်တစ်အုပ်ရေးသားလျက်ရှိသည်။

ဆာလီဆက်တီသည် နယူးယောက်မြို့ ၊ Upper East Side အရပ်ရှိ duplex အခန်းတစ်ခန်းကို ကန်ဒေါ်လာ ၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

အိမ်ခြံမြေမှတ်တမ်းများအရ ဆာလီဆက်တီသည် အဆိုပါအခန်းကို ၂၀၁၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

တည်နေရာမှာ ပဉ္စမရိပ်သာလမ်းနှင့် မက်ဒီဆင်ရိပ်သာလမ်းတို့ကြားရှိ အရှေ့ ၆၃ လမ်း ၊ အမှတ် ၁၇ ရှိ အဆောက်အအုံတွင် တည်ရှိသည်။

၁၉၀၁ ခုနှစ်က ဆောက်လုပ်ခဲ့သည့် ထုံးကျောက်အဆောက်အအုံဖြစ်ကာ အထပ် ၅ ထပ်ဖြင့် ဖွဲ့စည်းထားသည်။

ဆာလီဆက်တီ၏ အခန်းမှာ ပထမ ၂ ထပ်တွင် ဖြန့်ကျက်တည်ရှိသည်။

ဆာလီဆက်တီ၏ အခန်းတွင် အိပ်ခန်း ၂ ခန်း ၊ ရေချိုးခန်း ၂ ခန်း ၊ ၂၁ ပေမြင့်မားသော မျက်နှာကြက်နှင့် ပန်းဥယျာဉ်ကို စီးမိုးတွေ့မြင်နေရသော ပြတင်းပေါက်များ ပါဝင်သည်။

မြင့်မားသည့် မျက်နှာကြက်များ ရှိသော ဧည့်ခန်း ၊ မီးလင်းဖိုကြီးတစ်ခု ၊ အခန်းဖွင့် ခင်းကျင်းထားသော ညစာစားနေရာနှင့် ပန်းဥယျာဉ်ဆီသို့ ပေါက်သော ပြင်သစ်တံခါးများ ရှိသည်။

 

 

(အရှေ့ ၆၃ လမ်း ၊ အမှတ် ၁၇ အဆောက်အအုံ၏ ပြင်ပမျက်နှာစာ။ ဓာတ်ပုံ-MW Studio)

 

(မီးလင်းဖိုပါသော ဧည့်ခန်း။ ဓာတ်ပုံ-MW Studio)

 

(မီးဖိုဆောင်။ ဓာတ်ပုံ-MW Studio)

 

(အနုပညာလက်ရာများ ချိတ်ဆွဲထားသော ညစာစားခန်း။ ဓာတ်ပုံ-MW Studio)

 

(အိပ်ခန်း ၂ ခန်းအနက်မှ တစ်ခု။ ဓာတ်ပုံ-MW Studio)

 

(အခန်းပြင်ပနေရာ။ ဓာတ်ပုံ-MW Studio)

 

အထက် ၂ ထပ်စာ မြင့်မားသော ပြတင်းပေါက်များ ၊ အောက်ထပ်တွင် အိမ်တွင်းရုံးခန်းနေရာ ၊ ဝိုင်အခန်းငယ် ၊ မီးဖိုဆောင်နှင့် ပစ္စည်းသိုလှောင်ရန် နေရာများ ပါဝင်သည်။

ဆာလီဆက်တီ၏ အခန်းမှာ ၂ ခန်းတွဲဖြစ်ရာ ပထမထပ်အခန်းကို အရောင်းဈေးကွက်တင်ပေးသည်မှာ Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်လင်မယားဖြစ်သော ဂျိမ်းစ်နှင့် အင်နာတို့ဖြစ်ကြသည်။

ဒုတိယထပ်အခန်းမှာ အကျယ်အဝန်း ၂၁၃၆ စတုရန်းပေရှိပြီး ကန်ဒေါ်လာ ၄ ဒသမ ၂၅ သန်း ဈေးခေါ်ထားသည်။

ဒုတိယထပ်အခန်းကို ဈေးကွက်တင်ပေးသည်မှာ Corcoran ကုမ္ပဏီမှ အကျိုးဆောင် Paul Kolbusz ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Former UN ambassador Diego Arria lists chic Upper East Side pad (nypost)

 

 

 

 

[Zawgyi]

 

ကုလသမဂၢလံုျခံဳေရးေကာင္စီ၏ ဥကၠဌအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေသာ ဗင္နီဇြဲလား သံအမတ္ၾကီးေဟာင္း နယူးေယာက္ျမိဳ႕ လူေနခန္းကို အေရာင္းေစ်းကြက္တင္

 

ဒီေယဂို အင္းနရစ္ အာရီယာ ဆာလီဆက္တီ -Diego Enrique Arria Salicetti (ေမြး ၁၉၃၈ ၊ ဗင္နီဇြဲလားႏိုင္ငံ ၊ ကရာကက္စ္ျမိဳ႕) သည္ ဗင္နီဇြဲလား ႏိုင္ငံေရးသမား ၊ သံတမန္တစ္ဦးျဖစ္ျပီး ၁၉၉၁ ခုႏွစ္မွ ၁၉၉၃ ခုႏွစ္အထိ ကုလသမဂၢဆိုင္ရာ ဗင္နီဇြဲလား အျမဲတမ္းကိုယ္စားလွယ္အျဖစ္လည္းေကာင္း ၁၉၉၂ ခုႏွစ္ မတ္လတြင္ လံုျခံဳေရးေကာင္စီ၏ ဥကၠဌအျဖစ္လည္းေကာင္း တာဝန္ထမ္းေဆာင္ခဲ့သည္။

ေနာက္ပိုင္းတြင္ ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္ ကိုဖီအာနန္၏ အထူးအၾကံေပးပုဂၢိဳလ္ ျဖစ္လာခဲ့သည္။

ဆာလီဆက္တီသည္ ၁၉၉၇ ခုႏွစ္ ၊ ေဖေဖာ္ဝါရီလတြင္ ဗင္နီဇြဲလား သတင္းအခ်က္အလက္ႏွင့္ ကမၻာလွည့္ခရီးသြား ဝန္ၾကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။

၁၉၉၈ ခုႏွစ္တြင္မူ သမၼတေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ျပိဳင္ရန္အတြက္ ရာထူးမွ ႏႈတ္ထြက္ခဲ့သည္။

လက္ရွိအားျဖင့္ ဆာလီဆက္တီသည္ ေဘာ္လ္ကန္ စစ္ရာဇဝတ္မႈမ်ားအေၾကာင္းႏွင့္ ၁၉၉၀ ျပည့္လြန္ကာလ မ်ားအတြင္း အယ္လ္ဆာေဗေဒါႏွင့္ ေဟတီႏိုင္ငံမ်ားအၾကား ျငိမ္းခ်မ္းေရး ေဆြးေႏြးေပးခဲ့မႈမ်ားအေၾကာင္း စာအုပ္တစ္အုပ္ေရးသားလ်က္ရွိသည္။

ဆာလီဆက္တီသည္ နယူးေယာက္ျမိဳ႕ ၊ Upper East Side အရပ္ရွိ duplex အခန္းတစ္ခန္းကို ကန္ေဒၚလာ ၄ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာသည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ ဆာလီဆက္တီသည္ အဆိုပါအခန္းကို ၂၀၁၃ ခုႏွစ္အတြင္း ကန္ေဒၚလာ ၃ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္ဟု ဆုိသည္။

တည္ေနရာမွာ ပဥၥမရိပ္သာလမ္းႏွင့္ မက္ဒီဆင္ရိပ္သာလမ္းတုိ႔ၾကားရွိ အေရွ႕ ၆၃ လမ္း ၊ အမွတ္ ၁၇ ရွိ အေဆာက္အအံုတြင္ တည္ရွိသည္။

၁၉၀၁ ခုႏွစ္က ေဆာက္လုပ္ခဲ့သည့္ ထံုးေက်ာက္အေဆာက္အအံုျဖစ္ကာ အထပ္ ၅ ထပ္ျဖင့္ ဖြဲ႔စည္းထားသည္။

ဆာလီဆက္တီ၏ အခန္းမွာ ပထမ ၂ ထပ္တြင္ ျဖန္႔က်က္တည္ရွိသည္။

ဆာလီဆက္တီ၏ အခန္းတြင္ အိပ္ခန္း ၂ ခန္း ၊ ေရခ်ဳိးခန္း ၂ ခန္း ၊ ၂၁ ေပျမင့္မားေသာ မ်က္ႏွာၾကက္ႏွင့္ ပန္းဥယ်ာဥ္ကို စီးမိုးေတြ႔ျမင္ေနရေသာ ျပတင္းေပါက္မ်ား ပါဝင္သည္။

ျမင့္မားသည့္ မ်က္ႏွာၾကက္မ်ား ရွိေသာ ဧည့္ခန္း ၊ မီးလင္းဖိုၾကီးတစ္ခု ၊ အခန္းဖြင့္ ခင္းက်င္းထားေသာ ညစာစားေနရာႏွင့္ ပန္းဥယ်ာဥ္ဆီသို႔ ေပါက္ေသာ ျပင္သစ္တံခါးမ်ား ရွိသည္။

(အေရွ႕ ၆၃ လမ္း ၊ အမွတ္ ၁၇ အေဆာက္အအံု၏ ျပင္ပမ်က္ႏွာစာ။ ဓာတ္ပံု-MW Studio)

(မီးလင္းဖိုပါေသာ ဧည့္ခန္း။ ဓာတ္ပံု-MW Studio)

(မီးဖိုေဆာင္။ ဓာတ္ပံု-MW Studio)

(အႏုပညာလက္ရာမ်ား ခ်ိတ္ဆြဲထားေသာ ညစာစားခန္း။ ဓာတ္ပံု-MW Studio)

(အိပ္ခန္း ၂ ခန္းအနက္မွ တစ္ခု။ ဓာတ္ပံု-MW Studio)

(အခန္းျပင္ပေနရာ။ ဓာတ္ပံု-MW Studio)

အထက္ ၂ ထပ္စာ ျမင့္မားေသာ ျပတင္းေပါက္မ်ား ၊ ေအာက္ထပ္တြင္ အိမ္တြင္းရံုးခန္းေနရာ ၊ ဝုိင္အခန္းငယ္ ၊ မီးဖိုေဆာင္ႏွင့္ ပစၥည္းသိုေလွာင္ရန္ ေနရာမ်ား ပါဝင္သည္။

ဆာလီဆက္တီ၏ အခန္းမွာ ၂ ခန္းတြဲျဖစ္ရာ ပထမထပ္အခန္းကို အေရာင္းေစ်းကြက္တင္ေပးသည္မွာ Compass အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္လင္မယားျဖစ္ေသာ ဂ်ိမ္းစ္ႏွင့္ အင္နာတို႔ျဖစ္ၾကသည္။

ဒုတိယထပ္အခန္းမွာ အက်ယ္အဝန္း ၂၁၃၆ စတုရန္းေပရွိျပီး ကန္ေဒၚလာ ၄ ဒသမ ၂၅ သန္း ေစ်းေခၚထားသည္။

ဒုတိယထပ္အခန္းကို ေစ်းကြက္တင္ေပးသည္မွာ Corcoran ကုမၸဏီမွ အက်ဳိးေဆာင္ Paul Kolbusz ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Former UN ambassador Diego Arria lists chic Upper East Side pad (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service