ရှားပါးကြံ့ဖြူ ၁၉၉၃ ကောင်နှင့် ဧက ၂၁၀၀၀ ကျယ်ဝန်းသော ခြံကြီးကို လေလံတင်ရောင်းချ

ရှားပါးကြံ့ဖြူ ၁၉၉၃ ကောင်နှင့် ဧက ၂၁၀၀၀ ကျယ်ဝန်းသော ခြံကြီးကို လေလံတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
5 May 2023 10:18 am တွင် တင်ခဲ့သည်
1557 ကြိမ် ကြည့်ရှု့ပြီး

[Unicode] တောင်အာဖရိကနိုင်ငံမှ လုပ်ငန်းရှင်တစ်ဦးသည် ရှားပါးကြံ့ဖြူများ ၁၉၉၃ ကောင် မွေးမြူထိန်းသိမ်းထားသော ခြံကြီးကို လေလံတင်ရောင်းချခဲ့ရာ ဇိမ်ခံရွက်လှေဝယ်မည့်အစား ၎င်း၏ ခြံကို ဝယ်ယူမည့် ဘီလျံနာသူဌေးတစ်ဦး ပေါ်ပေါက်လာရန် မျှော်လင့်ခဲ့သည်။

ဂျွန်ဟျူး (john Hume) အမည်ရှိ တောင်အာဖရိကမှ သူဌေးတစ်ဦးသည် ကြံ့အကောင်ရေ ၂၀၀ ခန့်ဖြင့် သားဖောက်မွေးမြူရေးစီမံကိန်းကို လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က စတင်ခဲ့သည်။

ယခုအခါ ၎င်းက ကြံ့အားလုံးနှင့် ဟက်တာ ၈၅၀၀ (ဧက ၂၁၀၀၀) ကျယ်ဝန်းသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မွေးမြူရေးခြံကြီးကို ရောင်းထုတ်လာခြင်းလည်း ဖြစ်သည်။ ယခုလေလံမှာ အထူးခြားဆုံး အွန်လိုင်းလေလံများတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

တောင်အာဖရိက၏ အကြီးဆုံးမြို့ ဂျိုဟန် နက်စ်ဘာ့ဂျ်၏ အရှေ့တောင်ဘက် မိုင် ၁၀၀ ခန့်အကွာတွင် တည်ရှိပြီး ကြမ်းခင်းဈေး ဒေါ်လာ ၁၀ သန်း သတ်မှတ်ခဲ့ကာ မေလ ၁ ရက်နေ့က လေလံပိတ်ခဲ့သည်။

မေလ ၁ ရက်သည် နိုင်ငံတကာ ကြံ့ကာကွယ်ရေးနေ့လည်း ဖြစ်သည်။

ဤခြံကြီးတွင် ရှိသော ကြံ့ကောင်ရေ ပမာဏမှာ ကမ္ဘာပေါ်ရှိ စုစုပေါင်း ကြံ့ကောင်ရေ ပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်။

ဤခြံကြီးတွင် ကြံ့များအပြင် ကျွဲ ၂၁၃ ကောင် ၊ ရေမြင်း ၅ ကောင် ၊ မြင်းကျား ၇ ကောင် နှင့် သစ်ကုလားအုတ် ၁၁ ကောင်တို့လည်း ရှိသည်။

အသက် ၈၁ နှစ်ရှိပြီဖြစ်သော ဂျွန်သည် အပန်းဖြေစခန်းများ ဆောက်လုပ်ခြင်းဖြင့် ချမ်းသာကြွယ်ဝခဲ့သူ တစ်ဦးဖြစ်သည်။

ကြံ့များ မွေးမြူထိန်းသိမ်းမှု စံမံကိန်းအတွက် ဒေါ်လာ သန်း ၁၅၀ ခန့် ကုန်ကျထားပြီးဖြစ်ကြောင်း မိမိအနေဖြင့် ကြံ့များကို ဆက်လက်ပံ့ပိုးမပေးတော့သောကြောင့် ဤခြံကြီးကို ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဂျွန်က ပြောသည်။

 

(ဂျွန်သည် Platinum Rhino Project ဟုအမည်ပေးထားသော ခြံကြီး၏ ပိုင်ရှင်ဖြစ်သည်။ ဓာတ်ပုံ- Bloomberg)

“ကျွန်တော် တစ်သက်လုံး စုဆောင်းလာတဲ့ငွေတွေကို ကြံ့တွေအတွက် နှစ်ပေါင်း ၃၀ သုံးစွဲခဲ့ရပါတယ်။ နောက်ဆုံးတော့ ကျွန်တော့မှာ ငွေမရှိတော့ပါဘူး။ ဇိမ်ခံရွက်လှေကြီးတွေ ဝယ်ယူမယ့်အစား ကြံ့တွေကို ထိန်းသိမ်းကယ်တင်ပေးမယ့် ဘီလျံနာသူဌေးတစ်ယောက်ရှိမယ်လို့ မျှော်လင့်ပါတယ်။”

သူ၏ ချွေးမ Tammy Hume က ပြောသည်မှာ ပြီးခဲ့သောနှစ်အတွင်း ဂျွန်က မိသားစုအရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ၊ ကြံ့များကို ကျွေးမွေးထိန်းသိမ်းမှုစရိတ် တစ်ရက်လျှင် ပေါင် ၈၀၀၀ ခန့် (မြန်မာငွေ ၂၀၉ သိန်းခန့်) ကုန်ကျနေမှုကို မကြာမီတွင် စရိတ်တတ်နိုင်တော့မည် မဟုတ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

သူ၏ ခြံကြီးတွင် တိရိ စ္ဆာန်ဆေးကုဆရာဝန်များ ၊ တောခေါင်းများနှင့် ကြံ့ခိုးမည့်သူများရန်မှ ကာကွယ်ရန်အတွက် လုံခြုံရေးဝန်ထမ်းများအပါအဝင် ဝန်ထမ်းပေါင်း ၁၀၀ ခန့် ခန့်ထားရသည်။

ဧကပေါင်း ၂၀၀၀၀ ကျော်ကျယ်သော ခြံကြီးကို ကောင်းကင်မှ စောင့်ကြပ်ကြည့်ရှုရန်အတွက် ရဟတ်ယာဉ်တစ်စီးလည်း ဝယ်ယူထားရသည်။

ဤခြံကြီး ကုန်ကျစရိတ်အတွက် ဝင်ငွေရှာရန် ကြံ့ချိုရောင်းချရန်မှာလည်း တကမ္ဘာလုံးတွင် ကြံ့ချိုရောင်းချမှု ပိတ်ပင်ထားရာ ဤခြံကို ရောင်းထုတ်ရန်သာ ရွေးချယ်စရာ ရှိတော့သည်။ ကြံ့ချိုကို တရုတ်တိုင်းရင်းဆေးများတွင် ထည့်သွင်းအသုံးပြုလေ့ရှိပြီး ဆင်စွယ် ၊ ကိုကင်းနှင့် ရွှေတို့ထက်ပင် ပိုမိုတန်ကြေးရှိသည်။

 

(ဂျွန်၏ ခြံကြီးအတွင်း ကြံ့တစ်ကောင်ကို စိတ်ငြိမ်ဆေးပေးကာ မျက်လုံးများ အုပ်ထားပြီး ကြံ့ချိုဖြတ်နေသော တိရိ စ္ဆာန်ဆေးကု ဆရာဝန်မှ မီရှဲအော့တိုကို တွေ့ရပုံ။ ဓာတ်ပုံ- Leon nean)

 

ဂျွန်၏ ခြံမှာ ကြံ့ချိုများ ဖြတ်ရန် လိုင်စင်ရထားသည်။

ကြံ့ချိုလိုချင်သောကြောင့် ကြံ့ခိုးကာ သတ်ဖြတ်မည့်သူများ၏ ရန်မှ ကာကွယ်ရန်အတွက် ဦးချိုများကို ဖြတ်ထားရခြင်း ဖြစ်သည်။

ဖြတ်ယူလိုက်သော ကြံ့ချိုများကို DNA စစ်ဆေးခြင်း ၊ မိုက္ကရိုချစ်ပ် ထည့်သွင်းခြင်းတို့ ပြုလုပ်ကာ လုံခြုံသည့်နေရာတွင် သိမ်းဆည်းထားသည်။

၎င်းတို့ကို ရောင်းချခြင်းမပြုချေ။

 

(၃ လအရွယ် ကြံ့ကလေးတစ်ကောင် အစာစားရန် မျှော်နေပုံ။ဓာတ်ပုံ- luca Sola )

 

ဧပြီလကုန်အထိမူ လေလံဆွဲသူမရှိသေးချေ။

သို့သော် လေလံဆွဲရန် မှတ်ပုံတင်ကြေး တောင်အာဖရိကငွေ ၉၀၀၀၀ (ပေါင် ၄၀၀၀) ပေးသွင်းကာ စာရင်းသွင်းသူ များစွာရှိခဲ့ကြောင်း ဂျွန်က ပြောသည်။

ယခုခြံကြီးအား လေလံပိတ်သိမ်းသော မေလ ၁ ရက်အထိ လေလံဆွဲခဲ့သူ ရှိမရှိကိုမူ မသိရသေးချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: White rhinos for sale, one careful owner: tycoon looks for a billionaire to buy his conservation ranch (theguardian)

 

 

[Zawgyi]

ရွားပါးၾကံ႕ျဖဴ ၁၉၉၃ ေကာင္ႏွင့္ ဧက ၂၁၀၀၀ က်ယ္ဝန္းေသာ ျခံၾကီးကို ေလလံတင္ေရာင္းခ်

ေတာင္အာဖရိကႏိုင္ငံမွ လုပ္ငန္းရွင္တစ္ဦးသည္ ရွားပါးၾကံ႕ျဖဴမ်ား ၁၉၉၃ ေကာင္ ေမြးျမဴထိန္းသိမ္းထားေသာ ျခံၾကီးကို ေလလံတင္ေရာင္းခ်ခဲ့ရာ ဇိမ္ခံရြက္ေလွဝယ္မည့္အစား ၎၏ ျခံကို ဝယ္ယူမည့္ ဘီလ်ံနာသူေဌးတစ္ဦး ေပၚေပါက္လာရန္ ေမွ်ာ္လင့္ခဲ့သည္။

ဂၽြန္ဟ်ဴး (john Hume) အမည္ရွိ ေတာင္အာဖရိကမွ သူေဌးတစ္ဦးသည္ ၾကံ႕အေကာင္ေရ ၂၀၀ ခန္႔ျဖင့္ သားေဖာက္ေမြးျမဴေရးစီမံကိန္းကို လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀ ခန္႔က စတင္ခဲ့သည္။

ယခုအခါ ၎က ၾကံ႕အားလံုးႏွင့္ ဟက္တာ ၈၅၀၀ (ဧက ၂၁၀၀၀) က်ယ္ဝန္းေသာ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ေမြးျမဴေရးျခံၾကီးကို ေရာင္းထုတ္လာျခင္းလည္း ျဖစ္သည္။ ယခုေလလံမွာ အထူးျခားဆံုး အြန္လိုင္းေလလံမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္ခဲ့သည္။

ေတာင္အာဖရိက၏ အၾကီးဆံုးျမိဳ႕ ဂ်ဳိဟန္ နက္စ္ဘာ့ဂ်္၏ အေရွ႕ေတာင္ဘက္ မိုင္ ၁၀၀ ခန္႔အကြာတြင္ တည္ရွိျပီး ၾကမ္းခင္းေစ်း ေဒၚလာ ၁၀ သန္း သတ္မွတ္ခဲ့ကာ ေမလ ၁ ရက္ေန႔က ေလလံပိတ္ခဲ့သည္။

ေမလ ၁ ရက္သည္ ႏိုင္ငံတကာ ၾကံ႕ကာကြယ္ေရးေန႔လည္း ျဖစ္သည္။

ဤျခံၾကီးတြင္ ရွိေသာ ၾကံ႕ေကာင္ေရ ပမာဏမွာ ကမၻာေပၚရွိ စုစုေပါင္း ၾကံ႕ေကာင္ေရ ပမာဏ၏ ၁၀ ရာခုိင္ႏႈန္းခန္႔ရွိသည္။ ဤျခံၾကီးတြင္ ၾကံ႕မ်ားအျပင္ ကၽြဲ ၂၁၃ ေကာင္ ၊ ေရျမင္း ၅ ေကာင္ ၊ ျမင္းက်ား ၇ ေကာင္ ႏွင့္ သစ္ကုလားအုတ္ ၁၁ ေကာင္တို႔လည္း ရွိသည္။

အသက္ ၈၁ ႏွစ္ရွိျပီျဖစ္ေသာ ဂၽြန္သည္ အပန္းေျဖစခန္းမ်ား ေဆာက္လုပ္ျခင္းျဖင့္ ခ်မ္းသာၾကြယ္ဝခဲ့သူ တစ္ဦးျဖစ္သည္။ ၾကံ႕မ်ား ေမြးျမဴထိန္းသိမ္းမႈ စံမံကိန္းအတြက္ ေဒၚလာ သန္း ၁၅၀ ခန္႔ ကုန္က်ထားျပီးျဖစ္ေၾကာင္း မိမိအေနျဖင့္ ၾကံ႕မ်ားကို ဆက္လက္ပံ့ပိုးမေပးေတာ့ေသာေၾကာင့္ ဤျခံၾကီးကို ေရာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္း ဂၽြန္က ေျပာသည္။

(ဂၽြန္သည္ Platinum Rhino Project ဟုအမည္ေပးထားေသာ ျခံၾကီး၏ ပိုင္ရွင္ျဖစ္သည္။ ဓာတ္ပံု- Bloomberg)

“ကၽြန္ေတာ္ တစ္သက္လံုး စုေဆာင္းလာတဲ့ေငြေတြကို ၾကံ႕ေတြအတြက္ ႏွစ္ေပါင္း ၃၀ သံုးစြဲခဲ့ရပါတယ္။ ေနာက္ဆံုးေတာ့ ကၽြန္ေတာ့မွာ ေငြမရွိေတာ့ပါဘူး။ ဇိမ္ခံရြက္ေလွၾကီးေတြ ဝယ္ယူမယ့္အစား ၾကံ႕ေတြကို ထိန္းသိမ္းကယ္တင္ေပးမယ့္ ဘီလ်ံနာသူေဌးတစ္ေယာက္ရွိမယ္လို႔ ေမွ်ာ္လင့္ပါတယ္။”

သူ၏ ေခၽြးမ Tammy Hume က ေျပာသည္မွာ ျပီးခဲ့ေသာႏွစ္အတြင္း ဂၽြန္က မိသားစုအေရးေပၚ အစည္းအေဝးျပဳလုပ္ခဲ့ေၾကာင္း ၊ ၾကံ႕မ်ားကို ေကၽြးေမြးထိန္းသိမ္းမႈစရိတ္ တစ္ရက္လွ်င္ ေပါင္ ၈၀၀၀ ခန္႔ (ျမန္မာေငြ ၂၀၉ သိန္းခန္႔) ကုန္က်ေနမႈကို မၾကာမီတြင္ စရိတ္တတ္ႏိုင္ေတာ့မည္ မဟုတ္ေၾကာင္း ေျပာခဲ့သည္ဟု ဆိုသည္။

သူ၏ ျခံၾကီးတြင္ တိရိ စၦာန္ေဆးကုဆရာဝန္မ်ား ၊ ေတာေခါင္းမ်ားႏွင့္ ၾကံ႕ခိုးမည့္သူမ်ားရန္မွ ကာကြယ္ရန္အတြက္ လံုျခံဳေရးဝန္ထမ္းမ်ားအပါအဝင္ ဝန္ထမ္းေပါင္း ၁၀၀ ခန္႔ ခန္႔ထားရသည္။

ဧကေပါင္း ၂၀၀၀၀ ေက်ာ္က်ယ္ေသာ ျခံၾကီးကို ေကာင္းကင္မွ ေစာင့္ၾကပ္ၾကည့္ရႈရန္အတြက္ ရဟတ္ယာဥ္တစ္စီးလည္း ဝယ္ယူထားရသည္။

ဤျခံၾကီး ကုန္က်စရိတ္အတြက္ ဝင္ေငြရွာရန္ ၾကံ႕ခ်ဳိေရာင္းခ်ရန္မွာလည္း တကမၻာလံုးတြင္ ၾကံ႕ခ်ဳိေရာင္းခ်မႈ ပိတ္ပင္ထားရာ ဤျခံကို ေရာင္းထုတ္ရန္သာ ေရြးခ်ယ္စရာ ရွိေတာ့သည္။ ၾကံ႕ခ်ဳိကုိ တရုတ္တိုင္းရင္းေဆးမ်ားတြင္ ထည့္သြင္းအသံုးျပဳေလ့ရွိျပီး ဆင္စြယ္ ၊ ကိုကင္းႏွင့္ ေရႊတို႔ထက္ပင္ ပိုမိုတန္ေၾကးရွိသည္။

(ဂၽြန္၏ ျခံၾကီးအတြင္း ၾကံ႕တစ္ေကာင္ကို စိတ္ျငိမ္ေဆးေပးကာ မ်က္လံုးမ်ား အုပ္ထားျပီး ၾကံ႕ခ်ဳိျဖတ္ေနေသာ တိရိ စၦာန္ေဆးကု ဆရာဝန္မွ မီရွဲေအာ့တိုကို ေတြ႔ရပံု။ ဓာတ္ပံု- Leon nean)

ဂၽြန္၏ ျခံမွာ ၾကံ႕ခ်ိဳမ်ား ျဖတ္ရန္ လုိင္စင္ရထားသည္။ ၾကံ႕ခ်ဳိလိုခ်င္ေသာေၾကာင့္ ၾကံ႕ခိုးကာ သတ္ျဖတ္မည့္သူမ်ား၏ ရန္မွ ကာကြယ္ရန္အတြက္ ဦးခ်ဳိမ်ားကို ျဖတ္ထားရျခင္း ျဖစ္သည္။

ျဖတ္ယူလိုက္ေသာ ၾကံ႕ခ်ဳိမ်ားကို DNA စစ္ေဆးျခင္း ၊ မိုကၠရိုခ်စ္ပ္ ထည့္သြင္းျခင္းတုိ႔ ျပဳလုပ္ကာ လံုျခံဳသည့္ေနရာတြင္ သိမ္းဆည္းထားသည္။

၎တို႔ကို ေရာင္းခ်ျခင္းမျပဳေခ်။

(၃ လအရြယ္ ၾကံ႕ကေလးတစ္ေကာင္ အစာစားရန္ ေမွ်ာ္ေနပံု။ဓာတ္ပံု- luca Sola )

ဧျပီလကုန္အထိမူ ေလလံဆြဲသူမရွိေသးေခ်။

သို႔ေသာ္ ေလလံဆြဲရန္ မွတ္ပံုတင္ေၾကး ေတာင္အာဖရိကေငြ ၉၀၀၀၀ (ေပါင္ ၄၀၀၀) ေပးသြင္းကာ စာရင္းသြင္းသူ မ်ားစြာရွိခဲ့ေၾကာင္း ဂၽြန္က ေျပာသည္။

ယခုျခံၾကီးအား ေလလံပိတ္သိမ္းေသာ ေမလ ၁ ရက္အထိ ေလလံဆြဲခဲ့သူ ရွိမရွိကုိမူ မသိရေသးေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: White rhinos for sale, one careful owner: tycoon looks for a billionaire to buy his conservation ranch (theguardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service