အက်ရှင်ဂန္ထဝင်ကြယ်ပွင့် အာနိုး ရှဝါဇနက်ဂါက ချစ်သူ Heather Milligan ၊ ခွေး၊ မြင်း၊ မြည်း၊ ဝက်တို့နှင့်အတူ အေးချမ်းပျော်ရွှင်စွာ ဘဝဖြတ်သန်းလျက်ရှိသော လော့စ်အိန်ဂျလိမြို့၊ Pacific Palisades အရပ် စံအိမ်

အက်ရှင်ဂန္ထဝင်ကြယ်ပွင့် အာနိုး ရှဝါဇနက်ဂါက ချစ်သူ Heather Milligan ၊ ခွေး၊ မြင်း၊ မြည်း၊ ဝက်တို့နှင့်အတူ အေးချမ်းပျော်ရွှင်စွာ ဘဝဖြတ်သန်းလျက်ရှိသော လော့စ်အိန်ဂျလိမြို့၊ Pacific Palisades အရပ် စံအိမ် - Property News in Myanmar from iMyanmarHouse.com
3 May 2023 2:30 pm တွင် တင်ခဲ့သည်
759 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောလိဝုဒ် အက်ရှင် ဂန္ထဝင်ကြယ်ပွင့်ကြီး အာနိုး ရှဝါဇနက်ဂါသည် လက်ရှိအချိန်တွင် သူ၏ ချစ်သူ Heather Milligan နှင့်အတူ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ Pacific Palisades အရပ်ရှိ လွန်စွာခမ်းနားလှသော စတုရန်းပေ ၄၁၀၀ ကျယ်ဝန်းသည့် စံအိမ်ကြီးတွင် အေးချမ်းစွာ ဘဝဖြတ်သန်းလျက်ရှိသည်။

ကျယ်ဝန်းသော ခြံဝန်းက ဝန်းပတ်ထားကာ ရေကန်တစ်ခုရှိသော သူ၏ စံအိမ်သည် အိမ်မွေးတိရစ္ဆာန်များနှင့် သဘာဝတရားကို ချစ်မြတ်နိုးသူတိုင်းအတွက် မြေကမ္ဘာ၏ နိဗ္ဗာန်ဘုံကလေးတစ်ခုလည်း ဖြစ်သည်။

သူ၏ ကလေးအားလုံးမှာ အရွယ်ရောက်ကြီးပြင်းလာခဲ့ပြီးနောက် မိဘရင်ခွင်မှ ထွက်ခွာသွားကြပြီဖြစ်သော်လည်း အာနိုး၏ ဘဝမှာ အထီးမကျန်ချေ။

အာနိုးသည် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ တူမ မာရီယာရှရိုင်ဗာနှင့် ၁၉၈၆ ခုနှစ်တွင် လက်ထပ်ခဲ့သည်။

၁၉၉၇ ခုနှစ်တွင် အာနိုးသည် အိမ်ဖော်နှင့် ကလေးတစ်ယောက်ရခဲ့ကြောင်း ဇနီးအား ဝန်ခံခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး ၂၀၁၁ ခုနှစ်တွင် လမ်းခွဲခဲ့ကြကာ ၂၀၂၁ ခုနှစ်တွင် အပြီးသတ်ကွာရှင်း ပြတ်စဲခဲ့ကြသည်။

အာနိုးသည် အိမ်ဖော်အမျိုးသမီး Patricia Patty Baena နှင့် ကလေးအား ၂၀၁၀ ပြည့်နှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ် ၊ Bakersfield မြို့တွင် အိပ်ခန်း ၄ ခန်းပါ အိမ်သစ်တစ်လုံး ဝယ်ပေးခဲ့သည်။

အာနိုးသည် မာရီယာ ရှရိုင်ဗာနှင့် သားသမီး ၄ ဦး ထွန်းကားခဲ့သည်။

အာနိုးသည် လက်ရှိတွဲနေသော ချစ်သူအမျိုးသမီး Heather Milligan နှင့် ၂၀၁၃ ခုနှစ်ကတည်းက ချစ်ကြိုက်နေခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အာနိုးမှာ ယခုအခါ အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး Heather Milligan မှာ အသက် ၄၈ နှစ်ရှိပြီ ဖြစ်သည်။

အာနိုးသည် ယခုအိမ်တွင် ချစ်သူ Heather Milligan ၊ အိမ်မွေးတိရိ စ္ဆာန်ကလေးများနှင့်အတူ နေထိုင်သည်။

အာနိုး၏ အိမ်တွင် ခွေးများ ၊ ဝီစကီဟု အမည်ပေးထားသော မြင်းပုကလေးတစ်ကောင် ၊ လုလုဟု အမည်ပေးထားသော မြည်းတစ်ကောင်တို့အပြင် နောက်ဆုံးအနေဖြင့် ဝက်ကလေးတစ်ကောင် ထပ်မံရောက်ရှိလာသည်။

ထိုဝက်ကလေးကို ရှနယ်လီဟု အမည်ပေးထားသည်။

 

ရှနယ်လီဟု အမည်ပေးရခြင်းအကြောင်းရင်းကို အာနိုးက ပြောပြရာတွင် “ကျွန်တော် ရှနယ်လီလို့ အမည်ပေးထားတဲ့ ဝက်ကလေးတစ်ကောင် မွေးလိုက်ပါတယ်။ ရှနယ်လီဆိုတဲ့ စကားလုံးက ဂျာမန်ဘာသာမှာ မြန်တယ်လို့ အဓိပ္ပာယ်ရပါတယ်”ဟု ဆိုသည်။

“ကျွန်တော်တို့ သူ့ကို အိမ်ခေါ်လာတဲ့ အချိန်မှာ အိမ်ထဲကနေ ပြေးထွက်ပြီး ခြံဝန်းတစ်ခုလုံး ပတ်ပြေးနေတယ်။ သူ့ကို ကျွန်တော်တို့ ဖမ်းလို့မရဘူး။ အဲဒါကြောင့် ကျွန်တော်က ကျွန်တော့်ချစ်သူမိန်းကလေးကို ပြောလိုက်တယ်။ သူက သိပ်ပြီးမြန်တာပဲ။ ငါတို့သူကို ရှနယ်လီလို့ နာမည်ပေးရမယ်။”

ရှနယ်လီသည် နောက်ပိုင်းတွင် ခြံဝန်းထဲ ပတ်မပြေးတော့ကြောင်း ၊ အိမ်ရှိ အခြားအိမ်မွေးတိရိ စ္ဆာန်များနှင့် ကောင်းစွာ သဟဇာတဖြစ်သွားကြောင်း အာနိုးက ပြောသည်။

အသက် ၇၆ နှစ်ရှိပြီဖြစ်သော အာနိုးက လူမှုကွန်ရက်တွင် သူ၏ အိမ်မွေးတိရိ စ္ဆာန်များ၏ ဓာတ်ပုံများကို တင်လေ့ရှိသည်။

 

အင်စတာဂရမ်တွင် တင်ခဲ့သော ဓာတ်ပုံတစ်ပုံ၌ တွေ့ရပုံမှာ အာနိုးက ထိုင်ခုံတစ်လုံးပေါ်တွင် သူ၏ ညာဘက်ပေါင်ပေါ်တွင် ခွေးမကလေးချယ်ရီကို တွေ့ရသည်။

ချယ်ရီ၏ ဘယ်ဘက်တွင် အားနိုးအိမ်သို့ အသစ်ရောက်လာသော အိမ်မွေးတိရိ စ္ဆာန်ကလေးကို တွေ့ရမည်ဖြစ်ပြီး ဝက်ကလေးရှနယ်လီဖြစ်သည်။

အဆိုပါ ဓာတ်ပုံနှင့်အတူ အာနိုးက Caption ရေးထားသည်မှာ “မိသားစုက ကြီးထွားလာပြီ။ ရှနယ်လီနဲ့ တွေ့ပါဦး”ဟု ရေးထားသည်။

အဆိုပါ ဓာတ်ပုံသည် ၁၀ နာရီအတွင်း Like ၂၀၀၀၀၀ ကျော် ရရှိခဲ့သည်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: “We Couldn’t Catch Her”: Arnold Schwarzenegger Reveals Girlfriend’s Part in Peculiar Name for New Family Member (essentiallysports)

 

 

 

[Zawgyi]

အက္ရွင္ဂႏၳဝင္ၾကယ္ပြင့္ အာႏိုး ရွဝါဇနက္ဂါက ခ်စ္သူ Heather Milligan ၊ ေခြး၊ ျမင္း၊ ျမည္း၊ ဝက္တို႔ႏွင့္အတူ ေအးခ်မ္းေပ်ာ္ရႊင္စြာ ဘဝျဖတ္သန္းလ်က္ရွိေသာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Pacific Palisades အရပ္ စံအိမ္

ေဟာလိဝုဒ္ အက္ရွင္ ဂႏၳဝင္ၾကယ္ပြင့္ၾကီး အာႏိုး ရွဝါဇနက္ဂါသည္ လက္ရွိအခ်ိန္တြင္ သူ၏ ခ်စ္သူ Heather Milligan ႏွင့္အတူ အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Pacific Palisades အရပ္ရွိ လြန္စြာခမ္းနားလွေသာ စတုရန္းေပ ၄၁၀၀ က်ယ္ဝန္းသည့္ စံအိမ္ၾကီးတြင္ ေအးခ်မ္းစြာ ဘဝျဖတ္သန္းလ်က္ ရွိသည္။

က်ယ္ဝန္းေသာ ျခံဝန္းက ဝန္းပတ္ထားကာ ေရကန္တစ္ခုရွိေသာ သူ၏ စံအိမ္သည္ အိမ္ေမြးတိရစၦာန္မ်ားႏွင့္ သဘာဝတရားကို ခ်စ္ျမတ္ႏိုးသူတိုင္းအတြက္ ေျမကမၻာ၏ နိဗၺာန္ဘံုကေလးတစ္ခုလည္း ျဖစ္သည္။

သူ၏ ကေလးအားလံုးမွာ အရြယ္ေရာက္ၾကီးျပင္းလာခဲ့ျပီးေနာက္ မိဘရင္ခြင္မွ ထြက္ခြာသြားၾကျပီျဖစ္ေသာ္လည္း အာႏိုး၏ ဘဝမွာ အထီးမက်န္ေခ်။

အာႏိုးသည္ အေမရိကန္သမၼတ ဂၽြန္အက္ဖ္ကေနဒီ၏ တူမ မာရီယာရွရိုင္ဗာႏွင့္ ၁၉၈၆ ခုႏွစ္တြင္ လက္ထပ္ခဲ့သည္။

၁၉၉၇ ခုႏွစ္တြင္ အာႏိုးသည္ အိမ္ေဖာ္ႏွင့္ ကေလးတစ္ေယာက္ရခဲ့ေၾကာင္း ဇနီးအား ဝန္ခံခဲ့ျပီးေနာက္ ၎တို႔ႏွစ္ဦး ၂၀၁၁ ခုႏွစ္တြင္ လမ္းခြဲခဲ့ၾကကာ ၂၀၂၁ ခုႏွစ္တြင္ အျပီးသတ္ကြာရွင္း ျပတ္စဲခဲ့ၾကသည္။

အာႏိုးသည္ အိမ္ေဖာ္အမ်ဳိးသမီး Patricia Patty Baena ႏွင့္ ကေလးအား ၂၀၁၀ ျပည့္ႏွစ္တြင္ ကယ္လီဖိုးနီးယားျပည္နယ္ ၊ Bakersfield ျမိဳ႕တြင္ အိပ္ခန္း ၄ ခန္းပါ အိမ္သစ္တစ္လံုး ဝယ္ေပးခဲ့သည္။

အာႏိုးသည္ မာရီယာ ရွရိုင္ဗာႏွင့္ သားသမီး ၄ ဦး ထြန္းကားခဲ့သည္။

အာႏိုးသည္ လက္ရွိတြဲေနေသာ ခ်စ္သူအမ်ဳိးသမီး Heather Milligan ႏွင့္ ၂၀၁၃ ခုႏွစ္ကတည္းက ခ်စ္ၾကိဳက္ေနခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

အာႏိုးမွာ ယခုအခါ အသက္ ၇၆ ႏွစ္ရွိျပီျဖစ္ျပီး Heather Milligan မွာ အသက္ ၄၈ ႏွစ္ရွိျပီ ျဖစ္သည္။

အာႏိုးသည္ ယခုအိမ္တြင္ ခ်စ္သူ Heather Milligan ၊ အိမ္ေမြးတိရိ စၦာန္ကေလးမ်ားႏွင့္အတူ ေနထိုင္သည္။

အာႏိုး၏ အိမ္တြင္ ေခြးမ်ား ၊ ဝီစကီဟု အမည္ေပးထားေသာ ျမင္းပုကေလးတစ္ေကာင္ ၊ လုလုဟု အမည္ေပးထားေသာ ျမည္းတစ္ေကာင္တို႔အျပင္ ေနာက္ဆံုးအေနျဖင့္ ဝက္ကေလးတစ္ေကာင္ ထပ္မံေရာက္ရွိလာသည္။

ထိုဝက္ကေလးကို ရွနယ္လီဟု အမည္ေပးထားသည္။

ရွနယ္လီဟု အမည္ေပးရျခင္းအေၾကာင္းရင္းကို အာႏိုးက ေျပာျပရာတြင္ “ကၽြန္ေတာ္ ရွနယ္လီလုိ႔ အမည္ေပးထားတဲ့ ဝက္ကေလးတစ္ေကာင္ ေမြးလိုက္ပါတယ္။ ရွနယ္လီဆိုတဲ့ စကားလံုးက ဂ်ာမန္ဘာသာမွာ ျမန္တယ္လို႔ အဓိပၸာယ္ရပါတယ္”ဟု ဆိုသည္။

“ကၽြန္ေတာ္တို႔ သူ႔ကုိ အိမ္ေခၚလာတဲ့ အခ်ိန္မွာ အိမ္ထဲကေန ေျပးထြက္ျပီး ျခံဝန္းတစ္ခုလံုး ပတ္ေျပးေနတယ္။ သူ႔ကို ကၽြန္ေတာ္တို႔ ဖမ္းလို႔မရဘူး။ အဲဒါေၾကာင့္ ကၽြန္ေတာ္က ကၽြန္ေတာ့္ခ်စ္သူမိန္းကေလးကို ေျပာလိုက္တယ္။ သူက သိပ္ျပီးျမန္တာပဲ။ ငါတို႔သူကို ရွနယ္လီလို႔ နာမည္ေပးရမယ္။”

ရွနယ္လီသည္ ေနာက္ပိုင္းတြင္ ျခံဝန္းထဲ ပတ္မေျပးေတာ့ေၾကာင္း ၊ အိမ္ရွိ အျခားအိမ္ေမြးတိရိ စၦာန္မ်ားႏွင့္ ေကာင္းစြာ သဟဇာတျဖစ္သြားေၾကာင္း အာႏိုးက ေျပာသည္။

အသက္ ၇၆ ႏွစ္ရွိျပီျဖစ္ေသာ အာႏိုးက လူမႈကြန္ရက္တြင္ သူ၏ အိမ္ေမြးတိရိ စၦာန္မ်ား၏ ဓာတ္ပံုမ်ားကို တင္ေလ့ရွိသည္။

အင္စတာဂရမ္တြင္ တင္ခဲ့ေသာ ဓာတ္ပံုတစ္ပံု၌ ေတြ႔ရပံုမွာ အာႏိုးက ထိုင္ခံုတစ္လံုးေပၚတြင္ သူ၏ ညာဘက္ေပါင္ေပၚတြင္ ေခြးမကေလးခ်ယ္ရီကို ေတြ႔ရသည္။

ခ်ယ္ရီ၏ ဘယ္ဘက္တြင္ အားႏိုးအိမ္သို႔ အသစ္ေရာက္လာေသာ အိမ္ေမြးတိရိ စၦာန္ကေလးကို ေတြ႔ရမည္ျဖစ္ျပီး ဝက္ကေလးရွနယ္လီျဖစ္သည္။

အဆိုပါ ဓာတ္ပံုႏွင့္အတူ အာႏိုးက Caption ေရးထားသည္မွာ “မိသားစုက ၾကီးထြားလာျပီ။ ရွနယ္လီနဲ႔ ေတြ႔ပါဦး”ဟု ေရးထားသည္။

အဆိုပါ ဓာတ္ပံုသည္ ၁၀ နာရီအတြင္း Like ၂၀၀၀၀၀ ေက်ာ္ ရရွိခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: “We Couldn’t Catch Her”: Arnold Schwarzenegger Reveals Girlfriend’s Part in Peculiar Name for New Family Member (essentiallysports)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service