((ကမ္ဘာကျော် ဘီလျံနာ သူဌေးကြီး Mark Cuban က ဘဝတွင် ပထမဆုံးရလာသည့် ငွေများဖြင့် အမေရိကန် လေကြောင်းလိုင်း၏ ပထမတန်းထိုင်ခုံနေရာ တစ်သက်တာ လေယာဉ်စီးခွင့် လက်မှတ်ကို ဒေါ်လာ ၂၅၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ကိုယ်ပိုင်လေယာဉ် ဝယ်ယူနိုင်ချိန်တွင် သူငယ်ချင်းအား တစ်သက်တာလက်မှတ် လက်ဆောင်ပေးခဲ့))
((ကမ္ဘာကျော် ဘီလျံနာ သူဌေးကြီး Mark Cuban က ဘဝတွင် ပထမဆုံးရလာသည့် ငွေများဖြင့် အမေရိကန် လေကြောင်းလိုင်း၏ ပထမတန်းထိုင်ခုံနေရာ တစ်သက်တာ လေယာဉ်စီးခွင့် လက်မှတ်ကို ဒေါ်လာ ၂၅၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ကိုယ်ပိုင်လေယာဉ် ဝယ်ယူနိုင်ချိန်တွင် သူငယ်ချင်းအား တစ်သက်တာလက်မှတ် လက်ဆောင်ပေးခဲ့)) - Property News in Myanmar from iMyanmarHouse.com
28 Apr 2023 10:11 am တွင် တင်ခဲ့သည်
810 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
သင်သာ ဒေါ်လာသန်းကြွယ်သူဌေးဖြစ်လာလျှင် ပထမဆုံး မည်သည့်အရာလုပ်ဆောင်မည်နည်း။
သင့်အနေဖြင့် ထိုငွေကို ရင်းနှီးမြှပ်နှံမှုများ လုပ်ဆောင်ခြင်း (သို့မဟုတ်) အလွန်သွားလိုနေခဲ့သည့် နိုင်ငံတစ်ခုသို့ ခရီးထွက်ခြင်းများ ပြုလုပ်ဖွယ်ရှိသည်။
ဘီလျံနာ သူဌေးကြီး Mark Cuban ကာ သင်မခန့်မှန်းနိုင်ဖွယ်ရာကို လုပ်ဆောင်ခဲ့၏။
အချိန်ကား ၁၉၉၀ ပြည့်နှစ်ဖြစ်သည်။
ထိုစဉ်က Mark Cuban မှာ အသက် ၃၂ နှစ်အရွယ်သာ ရှိသေးသည်။
Mark Cuban က သူ၏ ပထမဆုံးလုပ်ငန်းဖြစ်သော Micro Solutions ကို Compu Serve ထံ ကန်ဒေါ်လာ ၆ သန်းဖြင့် ရောင်းချခဲ့သည်။
ထိုငွေသည် သူ၏ဘဝတွင် ပထမဆုံး ပိုင်ဆိုင်လာခဲ့သော သန်းနှင့်ချီသည့် ငွေပမာဏလည်း ဖြစ်သည်။
ထိုငွေဖြင့် ပထမဆုံး ဝယ်ခဲ့သည်မှာ American Airlines ၏ တစ်သက်တာ လေယာဉ်စီးခွင့်လက်မှတ် Aairpass ကို ဒေါ်လာ ၂၅၀,၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုလက်မှတ် ကိုင်ဆောင်ထားသူသည် American Airlines ၏ ခရီးစဉ်များတွင် ပထမတန်းထိုင်ခုံဖြင့် အမေရိကန်ပြည်တွင်းသာမက ကမ္ဘာတစ်ဝန်းလုံးသို့ အကြိမ်ရေ အကန့်အသတ်မရှိ တစ်သက်တာလုံး စီးနင်းခွင့်ရမည် ဖြစ်သည်။
ဓာတ်ပုံ- Facebook /markcuban)
Mark Cuban က တစ်သက်တာ လေယာဉ်လက်မှတ် ဝယ်ခဲ့သည်မှာ အချိန်မီကလေး ဖြစ်သွားသည်ဟု ဆိုရမည်။
American Airlines က ၁၉၉၄ ခုနှစ်တွင် တစ်သက်တာ လေယာဉ်လက်မှတ် ရောင်းချမှု ရပ်ဆိုင်းခဲ့သည်။
တစ်သက်တာ လေယာဉ်လက်မှတ် ဝယ်ထားသူတို့အတွက် ပွဲတော်တွေ့သည့်ပမာဖြစ်ခဲ့ပြီး အကန့်အသတ်မဲ့ စီးခွင့်ရှိသည်ဟူသောအချက်ကို ကိုင်စွဲပြီး အလွန်အကျွံခရီးသွားကြတော့ရော လေကြောင်းလိုင်းအတွက် နစ်နာဖွယ် ဖြစ်လာသည်။
အမေရိကန် လေကြောင်းလိုင်း၏ တစ်သက်တာ လေယာဉ်စီးခွင့် လက်မှတ် ဝယ်ယူခဲ့သူများအနက် စံချိန်တင် စီးနင်းခဲ့သူ ၂ ဦးမှာ Jacques Vroom နှင့် Steve Rothstein တို့ဖြစ်သည်။
Steve Rothstein သည် အမေရိကန်လေကြောင်းလိုင်း၏ ပထမတန်းတွင် စီးနင်းကာ ခရီးစဉ်ပေါင်း ၁၀,၀၀၀ လိုက်ပါခဲ့ပြီး မိုင်ပေါင်း သန်း ၄၀ ကျော်ခရီးသွားခဲ့သည်။
၂၅ နှစ်တာကာလအတွင်း Steve Rothstein စီးနင်းခဲ့သည့် ခရီးစဉ်အားလုံးအတွက် ကုန်ကျစရိတ်တန်ကြေးမှာ ဒေါ်လာ သန်း ၃၀ ရှိရာ လေကြောင်းလိုင်းအတွက် အလွန်နစ်နာခဲ့သည်။
Mark Cuban သည်ကား ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်း ဝယ်ယူပြီးနောက်ပိုင်း တစ်သက်တာ လေယာဉ်လက်မှတ်ကို သူငယ်ချင်းတစ်ဦးအား လက်ဆောင်ပေးခဲ့သည်။
(အမေရိကန် လေကြောင်းလိုင်းမှ ပထမတန်း ခရီးသည်ထိုင်ခုံနေရာ)
အမေရိကန်လေကြောင်းလိုင်းတွင် ငွေပြတ်နေသည့်ကာလအတွင်း တစ်သက်တာ လေယာဉ်လက်မှတ်များ ရောင်းချကာ ငွေရှာခဲ့ခြင်း ဖြစ်သည်။
သို့သော် အဆိုပါ အကြံဉာဏ်မှာ လေကြောင်းသမိုင်းတွင် ငွေကြေးအရ အထိအနာဆုံး idea ဖြစ်ခဲ့သည်။
(အမေရိကန်လေကြောင်းလိုင်း၏ တစ်သက်တာ လေယာဉ်စီးခွင့် လက်မှတ်)
၁၉၈၀ ပြည့်လွန်ကာလ ငွေတန်ဖိုးအရ ဒေါ်လာ ၂၅၀၀၀၀ မှာ အလွန်များပြားသည့် ငွေပမာဏဖြစ်သည့်တိုင် တစ်သက်တာ လေယာဉ်လက်မှတ်ကို ဝယ်ယူလိုသူ များစွာရှိခဲ့သည်။
ခရီးသည် ၂၈ ဦးအထိ တစ်သက်တာ လေယာဉ်လက်မှတ်ရောင်းချပေးခဲ့ပြီး နောက်ပိုင်းတွင် American Airlines သည် ၎င်းတို့၏ အမှားကို သုံးသပ်ဆင်ခြင်မိကာ ၁၉၉၄ ခုနှစ်တွင် အဆိုပါ လက်မှတ်များ မရောင်းတော့။
Mark Cuban က အမေရိကန်လေကြောင်းလိုင်းထံမှ တစ်သက်တာ လေယာဉ်စီးခွင့်လက်မှတ် ဝယ်ယူခဲ့ခြင်းမှာ သူ့ဘဝတွင် အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ကြောင်း ပြောဖူးသည်။
(Mark Cuban ဝယ်ယူထားသော ဒေါ်လာ ၃၆ သန်းတန်ကြေးရှိ Boeing 757 ဂျက်လေယာဉ်)
(Mark Cuban ၏ Gulfstream G 550 လေယာဉ်မှာ ဒေါ်လာ သန်း ၄၀ တန်ကြေးရှိသည်။)
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Eager to see the world, the first thing that Mark Cuban purchased on earning his first million was the coveted American Airlines AAirpass that granted him unlimited first-class tickets. The big-hearted Dallas Mavericks billionaire gifted the pass to a friend when he got a private jet. (luxurylaunches)
[Zawgyi]
သို့သော် အဆိုပါ အကြံဥာဏ်မှာ လေကြောင်းသမိုင်းတွင် ငွေကြေးအရ အထိအနာဆုံး idea ဖြစ်ခဲ့သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service