တိုက်ဂါးဝုဒ်နှင့် ဂျပ်စတင်ကင်းဘားလိတ်တို့ ပူးပေါင်းကာ အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ဧက ၆၀၀ ကျယ်ဝန်းသော မြို့တစ်မြို့ ဆောက်လုပ်မည်
တိုက်ဂါးဝုဒ်နှင့် ဂျပ်စတင်ကင်းဘားလိတ်တို့ ပူးပေါင်းကာ အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ဧက ၆၀၀ ကျယ်ဝန်းသော မြို့တစ်မြို့ ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
28 Apr 2023 9:46 am တွင် တင်ခဲ့သည်
823 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တိုက်ဂါးဝုဒ်နှင့် ဂျပ်စတင်ကင်းဘားလိတ်တို့ ပူးပေါင်းသော အမေရိကန်ပြည် ၊ ဖလော်ရီဒါပြည်နယ်တွင် ဝယ်လင်တန်မြို့တွင် တန်ဖိုးကြီးလူငယ်အိမ်ရာများ ပါဝင်သော ဧက ၆၀၀ အကျယ် မြို့တစ်မြို့ ဆောက်လုပ်ရန် စီစဉ်နေသည်။
The Wellington ဟု အမည်ပေးမည့် မြို့ကို ဂေါက်ဖ်ကြယ်ပွင့်နှင့် အဆိုတော်တို့က ဘီလျံနာသူဌေးကြီး ဂျိုးလူးဝစ် ၊ လုပ်ငန်းရှင် မာ့ခ် ဘဲလစ်စီမိုတို့နှင့် ပူးပေါင်းကာ ဆောက်လုပ်မည်ဖြစ်သည်။
ထို့အပြင် နိုင်ငံတကာအိမ်ခြံမြေ Developer ကုမ္ပဏီဖြစ်သော The NEXUS Luxury နှင့်လည်း ပူးပေါင်း ဆောက်လုပ်မည်ဖြစ်သော The Wellington မြို့တွင် လူနေအိမ်များနှင့် ကွန်ဒိုများ ပါဝင်မည်ဖြစ်သည်။
ကွန်ဒိုများမှာ အနည်းဆုံး ဒေါ်လာ ၃ သန်းမှ စမည်ဖြစ်ပြီး နေအိမ်များမှာ ဒေါ်လာ ၄ သန်းမှ စမည်ဖြစ်သည်။
(၂၀၂၃ ခုနှစ်က ဧပြီလ ၇ ရက်က Augusta National ဂေါက်ကလပ်တွင် တိုက်ဂါးဝုဒ်ကို တွေ့ရပုံ။ ဓာတ်ပုံ- AP /Mark Baker)
နေအိမ်ဝယ်ယူသည့် မည်သူမဆို မြို့ကို ကျောခိုင်းစွန့်စွာစရာ အကြောင်းမရှိအောင် ဤမြို့တွင် လိုလေသေးမရှိ Amenities များ အားလုံး ဖြည့်ဆည်းပေးထားမည်ဖြစ်သည်။
ဆောက်လုပ်မည့်မြို့တွင် ၁၈ ကျင်းပါ Cypress ဂေါက်ကွင်း ပါဝင်မည် ဖြစ်သည်။
ဂေါက်ကွင်းတွင် Clubhouse တစ်လုံးတည်း ပါဝင်သည်။
ထို့အပြင် ကမ္ဘာ့အဆင့် Racquet ကစားကွင်းတစ်ခု ၊ ပွဲကြည့်စဉ်ပါ တင်းနစ်ကွင်းတစ်ခု ၊ အခြားတင်းနစ်ကွင်း ၁၂ ခု ၊ Padel ကွင်း ၁၀ ခု ၊ Pickleball ကွင်း ၁၂ ခုလည်း ပါဝင်မည် ဖြစ်သည်။
(၂၀၂၂ ခုနှစ် ၊ American Century ချန်ပီယံပြိုင်ပွဲတွင် ဂျပ်စတင်တင်းဘားလိတ် ပါဝင်ကစားခဲ့ပုံ။ ဓာတ်ပုံ- Getty Images)
(ဧက ၆၀၀ မြို့ကို ဝယ်လင်တန်မြို့တွင် ဆောက်လုပ်မည် ဖြစ်သည်။ ဝယ်လင်တန်သည် မြင်းမွေးမြူရေးဖြင့် လူသိများသော မြို့ဖြစ်သည်။ ဓာတ်ပုံ- The NEXUS Luxury)
ရေနှင့်ဆိုင်သော Amenities များအနေဖြင့် လမ်းကြောင်း ၆ ခုပါ အလျား ၂၅ မီတာရှိ ရေကူးကန် ၊ မိသားစု ရေကူးကန် ၊ ကလေးများ ရေကစားရန်နေရာနှင့် လူကြီးသီးသန့် အပန်းဖြေစခန်းအသွင် ရေကူးကန်တို့ ပါဝင်မည် ဖြစ်သည်။
ထို့အပြင် စတုရန်းပေ ၁၂၀၀၀၀ ကျယ်ဝန်းသော ကစားကွင်းဘေးအဆောက်အအုံကြီးတွင် ဘက်စကက်ဘောကွင်း ၂ ခု ၊ တင်းနစ်ကွင်း ၂ ခု ၊ Padel ကွင်း ၂ ခု ၊ Pickleball ကွင်း ၄ ခု ၊ Squash ကွင်း ၄ ခု ၊ အရပ်ဘားတစ်ခုတို့လည်း ပါဝင်ဦးမည် ဖြစ်သည်။
ကစားကွင်းဘေး အဆောက်အအုံကြီးတွင် စတုရန်းပေ ၄၀၀၀၀ ကျယ်ဝန်းသော Fitness စင်တာတစ်ခု ပါဝင်မည် ဖြစ်သည်။
(ဆောက်လုပ်မည့်မြို့၏ ပုံကြမ်း။ ဓာတ်ပုံ- The NEXUS Luxury)
ကလေးများအတွက် Indoor နှင့် Outdoor အားကစားလုပ်ရန် နေရာများ ၊ ဂိမ်းကစားခန်းများ ၊ ကျောက်တောင်တက်သည့် နံရံတစ်ခု ၊ Outdoor အားကစားကွင်း ၂ ခု ပါဝင်မည် ဖြစ်သည်။
ထို့အပြင် ၁၆ ဧကကျယ်သော ပန်းခြံတစ်ခုလည်း ပါဝင်မည် ဖြစ်သည်။
ဈေးဆိုင်များ ၊ ရုံးခန်းများ ၊ စားသောက်ဆိုင်များပါသော ၁၇ ဧက ကျယ်ဝန်းသည့် ကူးသန်းရောင်းဝယ်ရေး စင်တာတစ်ခုလည်း ပါဝင်မည် ဖြစ်သည်။
(The NEXUS Luxury မှ ဆောက်လုပ်သော ဘဟားမားကျွန်းမှ မြို့တစ်မြို့။ ဓာတ်ပုံ- The NEXUS Luxury)
(The NEXUS Luxury မှ ဆောက်လုပ်ခဲ့သော လုံးချင်းအိမ်တစ်လုံး။ ဓာတ်ပုံ- The NEXUS Luxury)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Tiger Woods and Justin Timberlake team up to build 600-acre town in Florida (nypost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service