အမေရိကန် ဖလော်ရီဒါပြည်နယ်တွင် နေအိမ်တစ်လုံးကို ကျူးကျော်နေထိုင်သူများက အိမ်ကို ဆိုးရွားစွာ ဖျက်ဆီးခဲ့သည့်အပြင် အိမ်ရှင်ကို မစင်များ၊ အုတ်ခဲများဖြင့် ပစ်ပေါက်

အမေရိကန် ဖလော်ရီဒါပြည်နယ်တွင် နေအိမ်တစ်လုံးကို ကျူးကျော်နေထိုင်သူများက အိမ်ကို ဆိုးရွားစွာ ဖျက်ဆီးခဲ့သည့်အပြင် အိမ်ရှင်ကို မစင်များ၊ အုတ်ခဲများဖြင့် ပစ်ပေါက် - Property News in Myanmar from iMyanmarHouse.com
1 May 2023 1:54 pm တွင် တင်ခဲ့သည်
970 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ နေအိမ်တစ်လုံးကို အမျိုးသမီး ၂ ဦးနှင့် ၎င်းတို့၏ pit bull ခွေးများက တစ်လကျော် ကျူးကျော်နေထိုင်ခဲ့ရာ ဒေါ်လာ ၄၀၀၀၀ ဖိုးခန့် နေအိမ်ပျက်စီးမှုများဖြစ်ခဲ့သည့်အပြင် အိမ်ရှင်များကို အုတ်ခဲ၊ မစင်တို့ဖြင့် ပစ်ပေါက်မှုဖြစ်ပွားခဲ့ကြောင်း New York Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပက်တီ ပီးပဲလ်စ် (Patti Peeples) နှင့် ဒွန်း တူရာ (Dawn Tiura) တို့နှစ်ဦးသည် ဖလော်ရီဒါပြည်နယ်၊ ဂျက်ဆင်ဗီးလ်မြို့တွင် နေအိမ်တစ်လုံးကို ပူးတွဲပိုင်ဆိုင်ထားကြသည်။

ထိုအိမ်ကို ရောင်းချရန်အတွက် လိုအပ်သည့်ပြုပြင်မှုများလုပ်ဆောင်ရန် လက်သမားတစ်ဦးကို စေလွှတ်ခဲ့ရာ နေအိမ်တွင် လူ ၂ ဦး ကျူးကျော်နေထိုင်လျက်ရှိကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပက်တီတို့ စေလွှတ်လိုက်သော အလုပ်သမားက ယင်းနေအိမ်သို့ရောက်ချိန်တွင် pit bull ခွေးတစ်ကောင်နှင့် ခွေးသားပေါက် တစ်ဒါဇင်ခန့် ဆင်ဝင်တွင် နေစာလှုံနေသည်ကို တွေ့ရသောကြောင့် ပက်တီတို့က ၎င်းတို့၏အိမ်သို့ သွားရောက်ခဲ့ကြောင်း News4Jax သတင်းဌာနက ဖော်ပြသည်။

(ကျူးကျော်သူ ၂ ဦးသည် ဂျက်ဆင်ဗီးလ်မြို့ရှိ နေအိမ်တစ်လုံးကို ချိုးဖျက်ဝင်ရောက်ကာ ၁ လခန့် နေထိုင်ခဲ့ပြီး ဒေါ်လာ ၃၈၀၀၀ ဖိုးခန့် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-News4Jax)

အိမ်ရှင်တို့၏ ပြောကြားမှုအရ ထိုအိမ်မှ အိမ်ငှားများ ဆင်းသွားပြီးနောက်ပိုင်း မတ်လအတွင်း ကျူးကျော်နေထိုင်သည့်အမျိုးသမီးများ ရောက်ရှိနေခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

ကျူးကျော်နေထိုင်သည့်အမျိုးသမီး ၂ ဦးသည် အမျိုးသမီးချင်း ချစ်ကြိုက်နေသူများဖြစ်ကြသည်။

ကျူးကျော်နေထိုင်သူ ၂ ဦးက ရဲတပ်ဖွဲ့သို့ ပြောသည်မှာ ၎င်းတို့သည် Zillow အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် တင်ထားသော အိမ်ငှားကြော်ငြာသူတစ်ဦး၏ လိမ်လည်မှု ခံခဲ့ရခြင်းဖြစ်ကြောင်း၊ အိမ်ရှင်အတုနှင့် အိမ်ငှားစာချုပ်တစ်ခု ချုပ်ဆိုခဲ့ပြီး အိမ်ငှားခ ပေးခဲ့ကြောင်း Fox News သတင်းဌာနက ဖော်ပြသည်။

၎င်းတို့နှစ်ဦးက အိမ်ငှားခအပြင် စပေါ်ငွေနှင့် ခွေးများအတွက်ပါ အိမ်ရှင်အတုကို pet deposit ပေးခဲ့ရကြောင်းလည်း ပြောသည်။

(မှတ်ချက်။ pet deposit မှာ အိမ်မွေးတိရ စ္ဆာန်ပါသော အိမ်ငှားများက တိရ စ္ဆာန်ကြောင့် နေအိမ်ထိခိုက်ပျက်စီး လျှင် ပြန်လည်ပေးလျော်စေရန် စပေါ်ငွေတင်ထားရခြင်း ဖြစ်သည်)

သို့သော် ရဲစခန်း မှတ်တမ်းများအရမူ ကျူးကျော်သူ အမျိုးသမီး ၂ ဦးအနက်မှ တစ်ဦးသည် ဖေဖော်ဝါရီလ အလယ်ပိုင်းကလည်း အနီးရှိ အခြားနေအိမ်တစ်လုံးမှ အလားတူလုပ်ဇာတ်ဖြင့် နှင်ထုတ်ခံခဲ့ရဖူးသည်ဟု ဆိုသည်။

ထိုစဉ်က အိမ်ငှားရမ်းရာတွင် လိမ်လည်ခံခဲ့ရပါသည်ဟုဆိုကာ သူမ ပြောသောအိမ်ရှင်အတုဆိုသူ၏ လိပ်စာမှာ ပက်တီ ပီးပဲလ်၏ နေအိမ်ကို ငှားရမ်းရာတွင် အိမ်ရှင်အတုဟု ပြောပြခဲ့သည့် လိပ်စာနှင့် အတူတူပင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြသည်။

(အိမ်ရှင်ဖြစ်သူ ပက်တီ ပီးပဲလ်။ ဓာတ်ပုံ-Fox News)

(ကျူးကျော်နေထိုင်သူ အမျိုးသမီး ၂ ဦး။ ဓာတ်ပုံ-Fox News)

(နေအိမ်ကို စာချုပ်ဖြင့် ငှားရမ်းခြင်းဖြစ်ကာ အိမ်ငှားခ၊ စပေါ်ငွေ၊ pet deposit တို့ ပေးခဲ့ရကြောင်း ကျူးကျော်သူတို့က ပြောသည်။ ဓာတ်ပုံ-Fox News)

တရားရုံးစရိတ် ဒေါ်လာ ၅၀၀၀ ခန့် ကုန်ခဲ့ရပြီးနောက် အိမ်ရှင်များမှာ နေအိမ်ကို ပြန်လည်ရရှိသွားသည်။

နေအိမ်ကို ဖျက်ဆီးဝင်ရောက်ကာ ကျူးကျော်နေထိုင်သူများလက်မှ နေအိမ်ပြန်ရရန် ရက် ၄၀ ခန့် ကြိုးစားခဲ့ရကြောင်း ပက်တီတို့က News4Jax သတင်းဌာနသို့ ပြောသည်။

ယခုနေအိမ်မှာ အလုပ်များမှ အနားယူချိန်တွင် ရပ်တည်နိုင်ရန်အတွက် ဝယ်ယူရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း၊ ကျူးကျော်သူတို့က မိမိနှင့် တူရာတို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း ပက်တီက ပြောသည်။

(နေအိမ်ပြင်ရန်အတွက် လက်သမားလွှတ်လိုက်ချိန်တွင် ဆင်ဝင်၌ pit bull ခွေးတစ်ကောင်နှင့် ခွေးသားပေါက်များ နေစာလှုံနေသည်ကို တွေ့ခဲ့ရသည်။ ဓာတ်ပုံ-Fox News)

(ကျူးကျော်သူများကို နှင်ထုတ်နိုင်ခဲ့ပြီးနောက် နေအိမ်မှာ ကြီးမားစွာ ဖျက်ဆီးခံထားရသည်ကို တွေ့ခဲ့ရသည်။ ဓာတ်ပုံ-Fox News)

“သတင်းကြားတော့ ကျွန်မတို့ ညဘက်မှာ ကားမောင်းပြီး သွားကြည့်ခဲ့တယ်။ သူတို့က ကျွန်မရဲ့ကားကို အုတ်ခဲတစ်လုံးနဲ့ ထုတာကြောင့် ကားပျက်စီးမှု ဖြစ်ခဲ့ရတယ်။ အဲဒီနောက် ကားမှန်ချလိုက်တဲ့အချိန်မှာ ကားထဲကို မစင်တွေနဲ့ ပစ်ပါတယ်”ဟု ပက်တီက Fox News သတင်းဌာနသို့ ပြောသည်။

ကျူးကျော်သူများကို တရားရုံးက နှင်ထုတ်ခဲ့ပြီးနောက် အိမ်ရှင်များက ဝင်ရောက်ကြည့်ရှုရာတွင် ဗီရိုစင်များ ပျက်စီးနေခြင်း၊ နံရံတွင် အပေါက်ကြီးများဖြစ်အောင် ထုနှက်ထားခြင်းများ တွေ့ရသည့်အပြင် အဝတ်လျှော်၊ အခြောက်ခံစက် ပျောက်နေပြီး တစ်အိမ်လုံးတွင်လည်း ခွေးချေးများ ပြန့်ကျဲနေသည်ကို တွေ့ခဲ့ရသည်။

(ကျူးကျော်သူများက အိမ်ရှင်များကို အုတ်ခဲ၊ မစင်တို့ဖြင့် ပစ်ပေါက်ခဲ့သည်ဟု ဆိုသည်။ ဓာတ်ပုံ-Fox News)

(ကျူးကျော်သူတို့က နေအိမ်ကို ဖျက်ဆီးခဲ့ပုံ။ ဓာတ်ပုံ-Fox News)

ပက်တီတို့က ပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis နှင့် နိုင်ငံရေးနယ်မှ ပုဂ္ဂိုလ်များကို တောင်းဆိုခဲ့သည်မှာ အိမ်ရှင်များအနေဖြင့် ကျူးကျော်သူများကို နှင်ထုတ်ရလွယ်ကူစေမည့် ဥပဒေမျိုး ပြင်ဆင်ပေးရန် တောင်းဆို ခဲ့သည်။

“ကျူးကျော်သူတွေဟာ ရာဇဝတ်ကောင်တွေပဲဖြစ်ပါတယ်။ သူတို့ဟာ နေအိမ်ထဲကို ချိုးဖျက်ဝင်ရောက်ကြ တာပါ။ ဒီလိုလူတွေကို တရားမရုံးက မကိုင်တွယ်သင့်ပါဘူး။ သူတို့ကို ရာဇဝတ်မှုနဲ့ တရားစွဲသင့်ပါတယ်”ဟု ပက်တီက Fox News သို့ ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref Squatters throw feces, brick at landlords after causing $38K in damages at Florida rental home: reports (nypost)

[Zawgyi]

အေမရိကန္ ဖေလာ္ရီဒါျပည္နယ္တြင္ ေနအိမ္တစ္လံုးကို က်ဴးေက်ာ္ေနထိုင္သူမ်ားက အိမ္ကို ဆိုးရြားစြာ ဖ်က္ဆီးခဲ့သည့္အျပင္ အိမ္ရွင္ကို မစင္မ်ား၊ အုတ္ခဲမ်ားျဖင့္ ပစ္ေပါက္

အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္ရွိ ေနအိမ္တစ္လံုးကို အမ်ဳိးသမီး ၂ ဦးႏွင့္ ၎တို႔၏ pit bull ေခြးမ်ားက တစ္လေက်ာ္ က်ဴးေက်ာ္ေနထိုင္ခဲ့ရာ ေဒၚလာ ၄၀၀၀၀ ဖိုးခန္႔ ေနအိမ္ပ်က္စီးမႈမ်ားျဖစ္ခဲ့သည့္အျပင္ အိမ္ရွင္မ်ားကို အုတ္ခဲ၊ မစင္တို႔ျဖင့္ ပစ္ေပါက္မႈျဖစ္ပြားခဲ့ေၾကာင္း New York Post သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ပက္တီ ပီးပဲလ္စ္ (Patti Peeples) ႏွင့္ ဒြန္း တူရာ (Dawn Tiura) တို႔ႏွစ္ဦးသည္ ဖေလာ္ရီဒါျပည္နယ္၊ ဂ်က္ဆင္ဗီးလ္ျမိဳ႕တြင္ ေနအိမ္တစ္လံုးကို ပူးတြဲပိုင္ဆိုင္ထားၾကသည္။

ထိုအိမ္ကို ေရာင္းခ်ရန္အတြက္ လိုအပ္သည့္ျပဳျပင္မႈမ်ားလုပ္ေဆာင္ရန္ လက္သမားတစ္ဦးကို ေစလႊတ္ခဲ့ရာ ေနအိမ္တြင္ လူ ၂ ဦး က်ဴးေက်ာ္ေနထိုင္လ်က္ရွိေၾကာင္း ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

ပက္တီတို႔ ေစလႊတ္လိုက္ေသာ အလုပ္သမားက ယင္းေနအိမ္သို႔ေရာက္ခ်ိန္တြင္ pit bull ေခြးတစ္ေကာင္ႏွင့္ ေခြးသားေပါက္ တစ္ဒါဇင္ခန္႔ ဆင္ဝင္တြင္ ေနစာလံႈေနသည္ကို ေတြ႔ရေသာေၾကာင့္ ပက္တီတို႔က ၎တို႔၏အိမ္သို႔ သြားေရာက္ခဲ့ေၾကာင္း News4Jax သတင္းဌာနက ေဖာ္ျပသည္။

(က်ဴးေက်ာ္သူ ၂ ဦးသည္ ဂ်က္ဆင္ဗီးလ္ျမိဳ႕ရွိ ေနအိမ္တစ္လံုးကို ခ်ဳိးဖ်က္ဝင္ေရာက္ကာ ၁ လခန္႔ ေနထိုင္ခဲ့ျပီး ေဒၚလာ ၃၈၀၀၀ ဖိုးခန္႔ ဖ်က္ဆီးမႈမ်ား ျပဳလုပ္ခဲ့သည္။ ဓာတ္ပံု-News4Jax)

အိမ္ရွင္တို႔၏ ေျပာၾကားမႈအရ ထိုအိမ္မွ အိမ္ငွားမ်ား ဆင္းသြားျပီးေနာက္ပိုင္း မတ္လအတြင္း က်ဴးေက်ာ္ေနထိုင္သည့္အမ်ဳိးသမီးမ်ား ေရာက္ရွိေနခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္း ေျပာသည္။

က်ဴးေက်ာ္ေနထုိင္သည့္အမ်ဳိးသမီး ၂ ဦးသည္ အမ်ဳိးသမီးခ်င္း ခ်စ္ၾကိဳက္ေနသူမ်ားျဖစ္ၾကသည္။

က်ဴးေက်ာ္ေနထိုင္သူ ၂ ဦးက ရဲတပ္ဖြဲ႔သို႔ ေျပာသည္မွာ ၎တို႔သည္ Zillow အိမ္ျခံေျမဝက္ဘ္ဆိုက္တြင္ တင္ထားေသာ အိမ္ငွားေၾကာ္ျငာသူတစ္ဦး၏ လိမ္လည္မႈ ခံခဲ့ရျခင္းျဖစ္ေၾကာင္း၊ အိမ္ရွင္အတုႏွင့္ အိမ္ငွားစာခ်ဳပ္တစ္ခု ခ်ဳပ္ဆိုခဲ့ျပီး အိမ္ငွားခ ေပးခဲ့ေၾကာင္း Fox News သတင္းဌာနက ေဖာ္ျပသည္။

၎တို႔ႏွစ္ဦးက အိမ္ငွားခအျပင္ စေပၚေငြႏွင့္ ေခြးမ်ားအတြက္ပါ အိမ္ရွင္အတုကို pet deposit ေပးခဲ့ရေၾကာင္းလည္း ေျပာသည္။

(မွတ္ခ်က္။ pet deposit မွာ အိမ္ေမြးတိရ စၦာန္ပါေသာ အိမ္ငွားမ်ားက တိရ စၦာန္ေၾကာင့္ ေနအိမ္ထိခိုက္ပ်က္စီး လွ်င္ ျပန္လည္ေပးေလ်ာ္ေစရန္ စေပၚေငြတင္ထားရျခင္း ျဖစ္သည္)

သို႔ေသာ္ ရဲစခန္း မွတ္တမ္းမ်ားအရမူ က်ဴးေက်ာ္သူ အမ်ဳိးသမီး ၂ ဦးအနက္မွ တစ္ဦးသည္ ေဖေဖာ္ဝါရီလ အလယ္ပိုင္းကလည္း အနီးရွိ အျခားေနအိမ္တစ္လံုးမွ အလားတူလုပ္ဇာတ္ျဖင့္ ႏွင္ထုတ္ခံခဲ့ရဖူးသည္ဟု ဆိုသည္။

ထိုစဥ္က အိမ္ငွားရမ္းရာတြင္ လိမ္လည္ခံခဲ့ရပါသည္ဟုဆိုကာ သူမ ေျပာေသာအိမ္ရွင္အတုဆိုသူ၏ လိပ္စာမွာ ပက္တီ ပီးပဲလ္၏ ေနအိမ္ကို ငွားရမ္းရာတြင္ အိမ္ရွင္အတုဟု ေျပာျပခဲ့သည့္ လိပ္စာႏွင့္ အတူတူပင္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔မွတ္တမ္းတြင္ ေဖာ္ျပသည္။

(အိမ္ရွင္ျဖစ္သူ ပက္တီ ပီးပဲလ္။ ဓာတ္ပံု-Fox News)

(က်ဴးေက်ာ္ေနထိုင္သူ အမ်ဳိးသမီး ၂ ဦး။ ဓာတ္ပံု-Fox News)

(ေနအိမ္ကို စာခ်ဳပ္ျဖင့္ ငွားရမ္းျခင္းျဖစ္ကာ အိမ္ငွားခ၊ စေပၚေငြ၊ pet deposit တို႔ ေပးခဲ့ရေၾကာင္း က်ဴးေက်ာ္သူတို႔က ေျပာသည္။ ဓာတ္ပံု-Fox News)

တရားရံုးစရိတ္ ေဒၚလာ ၅၀၀၀ ခန္႔ ကုန္ခဲ့ရျပီးေနာက္ အိမ္ရွင္မ်ားမွာ ေနအိမ္ကို ျပန္လည္ရရွိသြားသည္။

ေနအိမ္ကို ဖ်က္ဆီးဝင္ေရာက္ကာ က်ဴးေက်ာ္ေနထိုင္သူမ်ားလက္မွ ေနအိမ္ျပန္ရရန္ ရက္ ၄၀ ခန္႔ ၾကိဳးစားခဲ့ရေၾကာင္း ပက္တီတို႔က News4Jax သတင္းဌာနသို႔ ေျပာသည္။

ယခုေနအိမ္မွာ အလုပ္မ်ားမွ အနားယူခ်ိန္တြင္ ရပ္တည္ႏိုင္ရန္အတြက္ ဝယ္ယူရင္းႏွီးျမွဳပ္ႏွံခဲ့ျခင္းျဖစ္ေၾကာင္း၊ က်ဴးေက်ာ္သူတို႔က မိမိႏွင့္ တူရာတို႔ကို တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းလည္း ပက္တီက ေျပာသည္။

(ေနအိမ္ျပင္ရန္အတြက္ လက္သမားလႊတ္လိုက္ခ်ိန္တြင္ ဆင္ဝင္၌ pit bull ေခြးတစ္ေကာင္ႏွင့္ ေခြးသားေပါက္မ်ား ေနစာလံႈေနသည္ကို ေတြ႔ခဲ့ရသည္။ ဓာတ္ပံု-Fox News)

(က်ဴးေက်ာ္သူမ်ားကို ႏွင္ထုတ္ႏိုင္ခဲ့ျပီးေနာက္ ေနအိမ္မွာ ၾကီးမားစြာ ဖ်က္ဆီးခံထားရသည္ကို ေတြ႔ခဲ့ရသည္။ ဓာတ္ပံု-Fox News)

“သတင္းၾကားေတာ့ ကၽြန္မတို႔ ညဘက္မွာ ကားေမာင္းျပီး သြားၾကည့္ခဲ့တယ္။ သူတို႔က ကၽြန္မရဲ႕ကားကို အုတ္ခဲတစ္လံုးနဲ႔ ထုတာေၾကာင့္ ကားပ်က္စီးမႈ ျဖစ္ခဲ့ရတယ္။ အဲဒီေနာက္ ကားမွန္ခ်လိုက္တဲ့အခ်ိန္မွာ ကားထဲကို မစင္ေတြနဲ႔ ပစ္ပါတယ္”ဟု ပက္တီက Fox News သတင္းဌာနသုိ႔ ေျပာသည္။

က်ဴးေက်ာ္သူမ်ားကို တရားရံုးက ႏွင္ထုတ္ခဲ့ျပီးေနာက္ အိမ္ရွင္မ်ားက ဝင္ေရာက္ၾကည့္ရႈရာတြင္ ဗီရိုစင္မ်ား ပ်က္စီးေနျခင္း၊ နံရံတြင္ အေပါက္ၾကီးမ်ားျဖစ္ေအာင္ ထုႏွက္ထားျခင္းမ်ား ေတြ႔ရသည့္အျပင္ အဝတ္ေလွ်ာ္၊ အေျခာက္ခံစက္ ေပ်ာက္ေနျပီး တစ္အိမ္လံုးတြင္လည္း ေခြးေခ်းမ်ား ျပန္႔က်ဲေနသည္ကို ေတြ႔ခဲ့ရသည္။

(က်ဴးေက်ာ္သူမ်ားက အိမ္ရွင္မ်ားကို အုတ္ခဲ၊ မစင္တို႔ျဖင့္ ပစ္ေပါက္ခဲ့သည္ဟု ဆိုသည္။ ဓာတ္ပံု-Fox News)

(က်ဴးေက်ာ္သူတို႔က ေနအိမ္ကို ဖ်က္ဆီးခဲ့ပံု။ ဓာတ္ပံု-Fox News)

ပက္တီတို႔က ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Ron DeSantis ႏွင့္ ႏိုင္ငံေရးနယ္မွ ပုဂၢိဳလ္မ်ားကို ေတာင္းဆိုခဲ့သည္မွာ အိမ္ရွင္မ်ားအေနျဖင့္ က်ဴးေက်ာ္သူမ်ားကို ႏွင္ထုတ္ရလြယ္ကူေစမည့္ ဥပေဒမ်ဳိး ျပင္ဆင္ေပးရန္ ေတာင္းဆို ခဲ့သည္။

“က်ဴးေက်ာ္သူေတြဟာ ရာဇဝတ္ေကာင္ေတြပဲျဖစ္ပါတယ္။ သူတို႔ဟာ ေနအိမ္ထဲကို ခ်ဳိးဖ်က္ဝင္ေရာက္ၾက တာပါ။ ဒီလိုလူေတြကို တရားမရံုးက မကိုင္တြယ္သင့္ပါဘူး။ သူတို႔ကို ရာဇဝတ္မႈနဲ႔ တရားစြဲသင့္ပါတယ္”ဟု ပက္တီက Fox News သို႔ ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref Squatters throw feces, brick at landlords after causing $38K in damages at Florida rental home: reports (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service