ရင့်ကျက်မှု၏ ကြည်နူးနှစ်သက်ဖွယ် သာဓက (သို့မဟုတ်) ချစ်သူ မိန်းကလေးဟောင်း၏ ထိမ်းမြားမင်္ဂလာပွဲသို့ လူကိုယ်တိုင် တက်ရောက်ခဲ့သော နာမည်ကြီး ကိုရီးယားရုပ်ရှင်မင်းသား Choi Woo Shik ၏ ရင့်ကျက်မှုကို ပရိသတ်များ ဝိုင်းဝန်းချီးကျူး ၊ Choi Woo Shik ၏ စံအိမ်

ရင့်ကျက်မှု၏ ကြည်နူးနှစ်သက်ဖွယ် သာဓက (သို့မဟုတ်) ချစ်သူ မိန်းကလေးဟောင်း၏ ထိမ်းမြားမင်္ဂလာပွဲသို့ လူကိုယ်တိုင် တက်ရောက်ခဲ့သော နာမည်ကြီး ကိုရီးယားရုပ်ရှင်မင်းသား Choi Woo Shik ၏ ရင့်ကျက်မှုကို ပရိသတ်များ ဝိုင်းဝန်းချီးကျူး ၊ Choi Woo Shik ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
27 Apr 2023 11:40 am တွင် တင်ခဲ့သည်
2396 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရီးယားရုပ်ရှင်မင်းသား Choi Woo Shik သည် နာမည်ကျော်ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲများ ၊ ရုပ်ရှင်များဖြင့် နာမည်ကြီးသူ ဖြစ်သည်။

မကြာသေးမီက ချစ်သူမိန်းကလေးဟောင်း၏ မင်္ဂလာဆောင်သို့ တက်ရောက်ခဲ့မှုမှာ သတင်းမီဒီယာများနှင့် ပရိသတ်တို့၏ အာရုံစိုက်မှု ခံခဲ့ရသည်။

Choi Woo Shik သည် အဆိုပါ မိန်းကလေးနှင့် ၅ နှစ်တာတွဲခဲ့ပြီးနောက် လမ်းခွဲခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လမ်းခွဲခဲ့သော်လည်း သူ၏ ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရောက်ရှိခဲ့သည့် ဘဝခရီးတွင် ချစ်သူမိန်းကလေးဟောင်း၏ ပါဝင် ပတ်သက်မှု အခန်းကဏ္ဍအပေါ် ကျေးဇူးတင်ကြောင်း Choi Woo Shik က ပြောဖူးသည်။

ရုပ်ရှင်သရုပ်ဆောင်တစ်ဦးလုပ်ရန် မိမိအား ချစ်သူမိန်းကလေးဟောင်းက လှုံဆော်ပေးခဲ့ခြင်းဖြစ်ကြောင်း Choi Woo Shik က ပြောသည်။

Choi Woo Shik သည် ကနေဒါနိုင်ငံတွင် ပညာသင်ယူနေစဉ်အချိန်က ဓာတ်ပုံပညာကို လေ့လာလိုခဲ့သည်။

သို့သော် သူ၏ ချစ်သူမိန်းကလေးက ရုပ်ရှင်သရုပ်ဆောင်ပညာကို လေ့လာရန် တိုက်တွန်းခဲ့ရာ Choi Woo Shik ကလည်း သူမ၏ အကြံဉာဏ်ကို လက်ခံခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်မှာ သူ၏ ဘဝအတွက် အလှည့်အပြောင်း ဖြစ်ခဲ့သည်။

Choi Woo Shik သည် ရုပ်ရှင်သရုပ်ဆောင်ဘဝအပေါ် ရူးသွပ်မှုများရှိကြောင်း သိလာခဲ့ပြီးနောက် နောက်ဆုံးတွင် ရုပ်ရှင်နယ်၌ အောင်မြင်မှုများ ရလာခဲ့သည်။

၎င်းတို့ နှစ်ဦး လမ်းခွဲခဲ့သည့်တိုင် Choi Woo Shik က ချစ်သူမိန်းကလေးမှ သူ့ဘဝတွင် ပံ့ပိုးကူညီမှုများနှင့် သြဇာလွှမ်းခဲ့မှုများအပေါ် ကျေးဇူးတင်နေဆဲ ဖြစ်သည်။

Choi Woo Shik က ဝန်ခံသည်မှာ မိမိတို့ တွဲနေစဉ်ကာလအတွင်း ချစ်သူမိန်းကလေးအတွက် လက်ဆောင်ပေးခဲ့နိုင်မှု များစွာမရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။

ထို့ကြောင့် ချစ်သူမိန်းကလေးအပေါ် ကျေးဇူးတင်ကြောင်း ပြသသည့်အနေဖြင့် အစားအသောက်ကောင်းများ မကြာခဏ ဝယ်ကျွေးခဲ့ကြောင်း Choi Woo Shik က ပြောသည်။

Choi Woo Shik ၏ ရိုးသားကာ ရင်ထဲက လာသည့်စကားများက ပရိသတ်များ၏ နှလုံးသားများကို ကိုင်လှုပ်ခဲ့သည်။

ချစ်သူမိန်းကလေးဟောင်း၏ မင်္ဂလာပွဲတွင်လည်း သူမ၏ဘဝ စာမျက်နှာသစ်အပေါ် အားပေးမှု ပြသရန် Choi Woo Shik က လူကိုယ်တိုင် တက်ရောက်ကာ ဂုဏ်ပြုခဲ့သည်။

အဆိုပါ မင်္ဂလာဆောင်သို့ Choi Woo Shik တက်ရောက်ခဲ့သည့် ဓာတ်ပုံများမှာ လူမှုကွန်ရက်တွင် တဟုန်ထိုး ပျံ့နှံ့သွားပြီး ပရိသတ်များက သူ၏ ရင့်ကျက်မှုအပေါ် ချီးကျူးခဲ့ကြသည်။

(Our Beloved Summer ဇာတ်လမ်းတွဲအတွင်း Choi Woo Shik ၏ စံအိမ် )

Our Beloved Summer ဇာတ်လမ်းတွဲဖြင့် နာမည်ကြီးသူ Choi Woo Shik သည် စိမ်းလန်းစိုပြည်သည့် သစ်ပင်များ ဝန်းပတ်ထားသော ခမ်းနားထည်ဝါသည့် နှစ်ထပ်အိမ်ကြီးတစ်လုံးတွင် နေထိုင်သည်။

Choi Woo Shik က သူ၏ စံအိမ်ဝန်းအတွင်းရှိ ပန်းဥယျာဉ်ထဲတွင် နေထိုင်ရခြင်းကို သဘောကျသည်။

ပန်းပင်များ ရေလောင်းခြင်း (သို့မဟုတ်) အမှိုက်များ တံမြတ်စည်းလှဲခြင်းတို့ အမြဲလုပ်နေလေ့ရှိသည်။

(ဓာတ်ပုံ- YOUTUBE/THE SWOON)

(ဓာတ်ပုံ- INSTAGRAM / SBSDRAMA.OFFICIAL)

(ဓာတ်ပုံ- INSTAGRAM / SBSDRAMA.OFFICIAL)

သူ၏ စတူဒီယိုနှင့် အလုပ်လုပ်သည့် နေရာတို့မှာ မြေအောက်ခန်းတွင် တည်ရှိသည်။

အဆိုပါ အခန်းအတွင်း သူ၏ အနုပညာလက်ရာများဖြင့် ပြည့်နှက်နေသည်။

Choi Woo Shik သည် ထိုအခန်းတွင် အချိန်ကာလအများစု နေထိုင်ဖြတ်သန်းလေ့ရှိသည်။

(ဓာတ်ပုံ- INSTAGRAM / SBSDRAMA.OFFICIAL)

(ဓာတ်ပုံ- INSTAGRAM / SBSDRAMA.OFFICIAL)

Choi Woo Shik သည် ပန်းဥယျာဉ်အတွင် အပင်မစိုက်သည့်အချိန်မျိုးတွင် သူ၏ မန်နေဂျာ EUN HO နှင့် ဧည့်ခန်းထဲတွင် စကားပြောလေ့ရှိသည်။

(ဓာတ်ပုံ- YOUTUBE/THE SWOON)

(ဓာတ်ပုံ- INSTAGRAM / SBSDRAMA.OFFICIAL)

ဤသည်ကား Choi Woo Shik ၏ ရုပ်ရှင်ထဲက စံအိမ်အကြောင်းဖြစ်သည်။

((Choi Woo Shik ၏ အပြင်ဘဝမှ စံအိမ်))

Choi Woo Shik ၏ အပြင်ဘဝမှ တကယ့်နေအိမ်မှာ ကော်ဖီဆိုင်တစ်ခု ဖြစ်သည်။

တည်နေရာမှာ တောင်ကိုရီးယားနိုင်ငံ Suwon-Si မြို့တွင် တည်ရှိပြီး ကော်ဖီဆိုင်၏ အမည်မှာ Haenggeung Party ဖြစ်သည်။

(ဓာတ်ပုံ- INSTAGRAM /HAENGGUNGPARTY)

(ဓာတ်ပုံ- INSTAGRAM /HAENGGUNGPARTY)

(ဓာတ်ပုံ- INSTAGRAM /HAENGGUNGPARTY)

(ဓာတ်ပုံ- INSTAGRAM /HAENGGUNGPARTY)

(ဓာတ်ပုံ- INSTAGRAM /HAENGGUNGPARTY)

(ဓာတ်ပုံ- INSTAGRAM /HAENGGUNGPARTY)

ကော်ဖီဆိုင်၏ အမိုးအပေါ်ထပ်မှ ကြည့်လျှင် ခမ်းနားကြီးကျယ်လှသော Hwaseong ခံတပ်ကြီးအပြင် ဝန်းကျင်ရှိ ရှုမျှော်ခင်းများကို တမျှော်တခေါ်တွေ့မြင်ရမည် ဖြစ်သည်။

Hwaseong ခံတပ်ကြီးသည် ယူနက်စကို၏ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံရသော နေရာလည်း ဖြစ်သည်။

(ဓာတ်ပုံ- INSTAGRAM /HAENGGUNGPARTY)

(ဓာတ်ပုံ- INSTAGRAM /HAENGGUNGPARTY)

(ဓာတ်ပုံ- INSTAGRAM /HAENGGUNGPARTY)

(ဓာတ်ပုံ- INSTAGRAM /HAENGGUNGPARTY)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Actor Choi Woo Shik Spotted Atending His Ex’s Wedding (lovekpop95 , cosmo )

[Zawgyi]

ရင့္က်က္မႈ၏ ၾကည္ႏူးႏွစ္သက္ဖြယ္ သာဓက (သို႔မဟုတ္) ခ်စ္သူ မိန္းကေလးေဟာင္း၏ ထိမ္းျမားမဂၤလာပြဲသို႔ လူကိုယ္တုိင္ တက္ေရာက္ခဲ့ေသာ နာမည္ၾကီး ကိုရီးယားရုပ္ရွင္မင္းသား Choi Woo Shik ၏ ရင့္က်က္မႈကို ပရိသတ္မ်ား ဝိုင္းဝန္းခ်ီးက်ဴး ၊ Choi Woo Shik ၏ စံအိမ္

ကိုရီးယားရုပ္ရွင္မင္းသား Choi Woo Shik သည္ နာမည္ေက်ာ္ကိုရီးယားဒရာမာ ဇာတ္လမ္းတြဲမ်ား ၊ ရုပ္ရွင္မ်ားျဖင့္ နာမည္ၾကီးသူ ျဖစ္သည္။

မၾကာေသးမီက ခ်စ္သူမိန္းကေလးေဟာင္း၏ မဂၤလာေဆာင္သို႔ တက္ေရာက္ခဲ့မႈမွာ သတင္းမီဒီယာမ်ားႏွင့္ ပရိသတ္တို႔၏ အာရံုစိုက္မႈ ခံခဲ့ရသည္။

Choi Woo Shik သည္ အဆိုပါ မိန္းကေလးႏွင့္ ၅ ႏွစ္တာတြဲခဲ့ျပီးေနာက္ လမ္းခြဲခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ လမ္းခြဲခဲ့ေသာ္လည္း သူ၏ ရုပ္ရွင္သရုပ္ေဆာင္အျဖစ္ ေရာက္ရွိခဲ့သည့္ ဘဝခရီးတြင္ ခ်စ္သူမိန္းကေလးေဟာင္း၏ ပါဝင္ ပတ္သက္မႈ အခန္းက႑အေပၚ ေက်းဇူးတင္ေၾကာင္း Choi Woo Shik က ေျပာဖူးသည္။

ရုပ္ရွင္သရုပ္ေဆာင္တစ္ဦးလုပ္ရန္ မိမိအား ခ်စ္သူမိန္းကေလးေဟာင္းက လံႈေဆာ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း Choi Woo Shik က ေျပာသည္။

Choi Woo Shik သည္ ကေနဒါႏိုင္ငံတြင္ ပညာသင္ယူေနစဥ္အခ်ိန္က ဓာတ္ပံုပညာကို ေလ့လာလိုခဲ့သည္။

သို႔ေသာ္ သူ၏ ခ်စ္သူမိန္းကေလးက ရုပ္ရွင္သရုပ္ေဆာင္ပညာကို ေလ့လာရန္ တိုက္တြန္းခဲ့ရာ Choi Woo Shik ကလည္း သူမ၏ အၾကံဥာဏ္ကို လက္ခံခဲ့သည္။

အဆိုပါ ဆံုးျဖတ္ခ်က္မွာ သူ၏ ဘဝအတြက္ အလွည့္အေျပာင္း ျဖစ္ခဲ့သည္။

Choi Woo Shik သည္ ရုပ္ရွင္သရုပ္ေဆာင္ဘဝအေပၚ ရူးသြပ္မႈမ်ားရွိေၾကာင္း သိလာခဲ့ျပီးေနာက္ ေနာက္ဆံုးတြင္ ရုပ္ရွင္နယ္၌ ေအာင္ျမင္မႈမ်ား ရလာခဲ့သည္။

၎တို႔ ႏွစ္ဦး လမ္းခြဲခဲ့သည့္တိုင္ Choi Woo Shik က ခ်စ္သူမိန္းကေလးမွ သူ႔ဘဝတြင္ ပံ့ပိုးကူညီမႈမ်ားႏွင့္ ၾသဇာလႊမ္းခဲ့မႈမ်ားအေပၚ ေက်းဇူးတင္ေနဆဲ ျဖစ္သည္။

Choi Woo Shik က ဝန္ခံသည္မွာ မိမိတို႔ တြဲေနစဥ္ကာလအတြင္း ခ်စ္သူမိန္းကေလးအတြက္ လက္ေဆာင္ေပးခဲ့ႏုိင္မႈ မ်ားစြာမရွိခဲ့ေၾကာင္း ဝန္ခံခဲ့သည္။

ထို႔ေၾကာင့္ ခ်စ္သူမိန္းကေလးအေပၚ ေက်းဇူးတင္ေၾကာင္း ျပသသည့္အေနျဖင့္ အစားအေသာက္ေကာင္းမ်ား မၾကာခဏ ဝယ္ေကၽြးခဲ့ေၾကာင္း Choi Woo Shik က ေျပာသည္။

Choi Woo Shik ၏ ရိုးသားကာ ရင္ထဲက လာသည့္စကားမ်ားက ပရိသတ္မ်ား၏ ႏွလံုးသားမ်ားကို ကိုင္လႈပ္ခဲ့သည္။

ခ်စ္သူမိန္းကေလးေဟာင္း၏ မဂၤလာပြဲတြင္လည္း သူမ၏ဘဝ စာမ်က္ႏွာသစ္အေပၚ အားေပးမႈ ျပသရန္ Choi Woo Shik က လူကိုယ္တိုင္ တက္ေရာက္ကာ ဂုဏ္ျပဳခဲ့သည္။

အဆိုပါ မဂၤလာေဆာင္သို႔ Choi Woo Shik တက္ေရာက္ခဲ့သည့္ ဓာတ္ပံုမ်ားမွာ လူမႈကြန္ရက္တြင္ တဟုန္ထိုး ပ်ံ႕ႏွ႔ံသြားျပီး ပရိသတ္မ်ားက သူ၏ ရင့္က်က္မႈအေပၚ ခ်ီးက်ဴးခဲ့ၾကသည္။

(Our Beloved Summer ဇာတ္လမ္းတြဲအတြင္း Choi Woo Shik ၏ စံအိမ္ )

Our Beloved Summer ဇာတ္လမ္းတြဲျဖင့္ နာမည္ၾကီးသူ Choi Woo Shik သည္ စိမ္းလန္းစိုျပည္သည့္ သစ္ပင္မ်ား ဝန္းပတ္ထားေသာ ခမ္းနားထည္ဝါသည့္ ႏွစ္ထပ္အိမ္ၾကီးတစ္လံုးတြင္ ေနထိုင္သည္။

Choi Woo Shik က သူ၏ စံအိမ္ဝန္းအတြင္းရွိ ပန္းဥယ်ာဥ္ထဲတြင္ ေနထိုင္ရျခင္းကို သေဘာက်သည္။

ပန္းပင္မ်ား ေရေလာင္းျခင္း (သုိ႔မဟုတ္) အမိႈက္မ်ား တံျမတ္စည္းလွဲျခင္းတုိ႔ အျမဲလုပ္ေနေလ့ရွိသည္။

(ဓာတ္ပံု- YOUTUBE/THE SWOON)

(ဓာတ္ပံု- INSTAGRAM / SBSDRAMA.OFFICIAL)

(ဓာတ္ပံု- INSTAGRAM / SBSDRAMA.OFFICIAL)

သူ၏ စတူဒီယိုႏွင့္ အလုပ္လုပ္သည့္ ေနရာတုိ႔မွာ ေျမေအာက္ခန္းတြင္ တည္ရွိသည္။

အဆိုပါ အခန္းအတြင္း သူ၏ အႏုပညာလက္ရာမ်ားျဖင့္ ျပည့္ႏွက္ေနသည္။

Choi Woo Shik သည္ ထုိအခန္းတြင္ အခ်ိန္ကာလအမ်ားစု ေနထုိင္ျဖတ္သန္းေလ့ရွိသည္။

(ဓာတ္ပံု- INSTAGRAM / SBSDRAMA.OFFICIAL)

(ဓာတ္ပံု- INSTAGRAM / SBSDRAMA.OFFICIAL)

Choi Woo Shik သည္ ပန္းဥယ်ာဥ္အတြင္ အပင္မစိုက္သည့္အခ်ိန္မ်ဳိးတြင္ သူ၏ မန္ေနဂ်ာ EUN HO ႏွင့္ ဧည့္ခန္းထဲတြင္ စကားေျပာေလ့ရွိသည္။

(ဓာတ္ပံု- YOUTUBE/THE SWOON)

(ဓာတ္ပံု- INSTAGRAM / SBSDRAMA.OFFICIAL)

ဤသည္ကား Choi Woo Shik ၏ ရုပ္ရွင္ထဲက စံအိမ္အေၾကာင္းျဖစ္သည္။

((Choi Woo Shik ၏ အျပင္ဘဝမွ စံအိမ္))

Choi Woo Shik ၏ အျပင္ဘဝမွ တကယ့္ေနအိမ္မွာ ေကာ္ဖီဆိုင္တစ္ခု ျဖစ္သည္။

တည္ေနရာမွာ ေတာင္ကိုရီးယားႏိုင္ငံ Suwon-Si ျမိဳ႕တြင္ တည္ရွိျပီး ေကာ္ဖီဆိုင္၏ အမည္မွာ Haenggeung Party ျဖစ္သည္။

(ဓာတ္ပံု- INSTAGRAM /HAENGGUNGPARTY)

(ဓာတ္ပံု- INSTAGRAM /HAENGGUNGPARTY)

(ဓာတ္ပံု- INSTAGRAM /HAENGGUNGPARTY)

(ဓာတ္ပံု- INSTAGRAM /HAENGGUNGPARTY)

(ဓာတ္ပံု- INSTAGRAM /HAENGGUNGPARTY)

(ဓာတ္ပံု- INSTAGRAM /HAENGGUNGPARTY)

ေကာ္ဖီဆိုင္၏ အမိုးအေပၚထပ္မွ ၾကည့္လွ်င္ ခမ္းနားၾကီးက်ယ္လွေသာ Hwaseong ခံတပ္ၾကီးအျပင္ ဝန္းက်င္ရွိ ရႈေမွ်ာ္ခင္းမ်ားကို တေမွ်ာ္တေခၚေတြ႔ျမင္ရမည္ ျဖစ္သည္။

Hwaseong ခံတပ္ၾကီးသည္ ယူနက္စကို၏ ယဥ္ေက်းမႈ အေမြအႏွစ္အျဖစ္ သတ္မွတ္ျခင္းခံရေသာ ေနရာလည္း ျဖစ္သည္။

(ဓာတ္ပံု- INSTAGRAM /HAENGGUNGPARTY)

(ဓာတ္ပံု- INSTAGRAM /HAENGGUNGPARTY)

(ဓာတ္ပံု- INSTAGRAM /HAENGGUNGPARTY)

(ဓာတ္ပံု- INSTAGRAM /HAENGGUNGPARTY)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Actor Choi Woo Shik Spotted Atending His Ex’s Wedding (lovekpop95 , cosmo )

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service