နယူးယောက်မြို့တွင် ဖခင်ပိုင်ဆိုင်သည့် အိမ်ခြံမြေများစွာကို ပိုင်ဆိုင်လိုသောကြောင့် ဖခင်နှင့် ညီဖြစ်သူတို့ကို ကြေးစားလူသတ်သမားငှားကာ သတ်ဖြတ်သည့် သားအရင်း။ ဖခင်နှင့် ညီတို့၏ စုစုပေါင်း အသက်အတိုင်း ထောင်ဒဏ်ချမှတ်ခံရ

နယူးယောက်မြို့တွင် ဖခင်ပိုင်ဆိုင်သည့် အိမ်ခြံမြေများစွာကို ပိုင်ဆိုင်လိုသောကြောင့် ဖခင်နှင့် ညီဖြစ်သူတို့ကို ကြေးစားလူသတ်သမားငှားကာ သတ်ဖြတ်သည့် သားအရင်း။ ဖခင်နှင့် ညီတို့၏ စုစုပေါင်း အသက်အတိုင်း ထောင်ဒဏ်ချမှတ်ခံရ - Property News in Myanmar from iMyanmarHouse.com
27 Apr 2023 11:08 am တွင် တင်ခဲ့သည်
1039 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စုတွင် Anthony Zottola Sr ဆိုသူသည် ဖခင်ကြီး၏ အိမ်ခြံမြေများကို ပိုင်ဆိုင်လို သောကြောင့် အသက် ၇၁ နှစ်အရွယ်ရှိ ဖခင်ကြီး Sylvester Zottola အား လူသတ်သမားငှားကာ သတ်ဖြတ်ခဲ့သောကြောင့် ပြည်ထောင်စုတရားရုံးက ထောင်ဒဏ်တစ်သက်အပြင် ထောင်ဒဏ် ၁၁၂ နှစ် ချမှတ်ခံလိုက်ရသည်။

ဖခင်၏ အသက်မှာ ၇၁ နှစ်ဖြစ်ပြီး ညီဖြစ်သူ၏ အသက်မှာ ၄၁ နှစ်ဖြစ်ကာ ၎င်းတို့၏ စုစုပေါင်းအသက် ၁၁၂ နှစ်ကို ထောင်ဒဏ်အဖြစ် ချမှတ်ခံရခြင်းဖြစ်သည်။

တရားရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ အသက် ၄၅ နှစ်အရွယ်ရှိ သားဖြစ်သူ Zottola သည် အသက် ၃၇ နှစ်အရွယ်ရှိ ကြေးစားလူသတ်သမား Himen Ross ကိုငှားရမ်းခဲ့ခြင်းဖြစ်သည်။

နယူးယောက်မြို့ ၊ Bronx အရပ်ရှိ မိသားစုပိုင် ဒေါ်လာ ၄၅ သန်းတန်ကြေးရှိ အငှားလူနေအိမ်နှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများစွာကို ပိုင်ဆိုင်လိုသောကြောင့် ဖခင်နှင့် ညီကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

သူ၏ ဖခင်မှာ မာဖီးယားလူဆိုးဂိုဏ်းဝင်တစ်ဦး ဖြစ်သည်။ လူဆိုးဂိုဏ်းဝင် Sylvester သည် ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလ ၄ ရက်တွင် နယူးယောက်မြို့၊ Bronx အရပ်ရှိ မက်ဒေါ်နယ်ဆိုင်တွင် ကော်ဖီတစ်ခွက် မှာနေစဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဆီဗက်စတာသည် ဦးခေါင်းအပြင် ရင်ဘတ်ကို သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခံခဲ့ရပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့သည်။

အထက်ပါ ဖြစ်ရပ်မတိုင်မီ ၃ လအလိုကလည်း ဆီဗက်စတာ၏ အငယ်ဆုံးသား Salvatore သည် နယူးယောက်မြို့ ၊ Bronx အရပ်ရှိ နေအိမ်အပြင်ဘက်တွင် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရပြီး ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

(တရားရုံးတွင် တရားရင်ဆိုင်နေသော Anthony Zottola Sr ကို ပုံကြမ်းရေးဆွဲထားပုံ။)

(ဖခင်ဖြစ်သူ သတ်ဖြတ်ခံခဲ့ရသော မက်ဒေါ်နယ်ဆိုင်။ ဓာတ်ပုံ- Christopher Sadowski)

တရားရုံးတွင် အငယ်ဆုံးသား Salvatore က ထွက်ဆိုသည်မှာ မိသားစုပိုင် အိမ်ခြံမြေများမှ အိမ်ငှားခ ဝင်ငွေမှာ တစ်နှစ်လျှင် ဒေါ်လာ ၁ သန်းကျော်ရှိကြောင်း ထွက်ဆိုသည်။

ယခင်ကလည်း ဖခင်ဖြစ်သူမှာ သတ်ဖြတ်လုပ်ကြံခံရမှု ၆ ကြိမ်တိုင် ခံခဲ့ရပြီး အသက်မသေခဲ့။

၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလတွင် မျက်နှာဖုံးစွပ် လူတစ်ဦးက သေနတ်ဖြင့်ထောက်ကာ ခြိမ်းခြောက်ခံခဲ့ရသည်။

နောက်တစ်လအကြာတွင် သူ၏ အိမ်အတွင်းသို့ လူ ၃ ဦးဝင်ရောက်လာကာ အကြိမ်ပေါင်းများစွာ ထိုးနှက်ခံရသည့်အပြင် လည်းပင်းတွင်လည်း ပြတ်ရှဒဏ်ရာ ရရှိခဲ့သည်။

နောက်ဆုံးတွင်မူ ဖခင်၏ အသက်ကို သားအရင်းဖြစ်သူကိုယ်တိုင်က နှုတ်ယူသွားခဲ့သည်။

ဖခင်အား မသတ်မီအချိန်ကာလအထိ အဆိုပါ အိမ်ခြံမြေအားလုံးကို ညီဖြစ်သူ Salvatore နှင့်အတူ စီမံခန့်ခွဲနေခဲ့ရခြင်းလည်း ဖြစ်သည်။

(အငယ်ဆုံးသား Salvatore ပစ်ခတ်လုပ်ကြံခံခဲ့ရပုံကို လုံခြုံရေးကင်မရာက မှတ်တမ်းတင်ထားပုံ။ ဓာတ်ပုံ- DCPI)

(နယူးယောက်မြို့ ၊ ဘရွတ်ကလင်းအရပ်ရှိ ပြည်ထောင်စုတရားရုံးသို့ အငယ်ဆုံးသား Salvatore ရောက်ရှိလာပုံ။ ဓာတ်ပုံ-Gregory P.Mango)

တရားရုံးတွင် Salvatore က ပြောခဲ့သည်မှာ “ဘာဖြစ်လို့လဲ။ အစ်ကိုကြီး ဘာကြောင့်လဲ။ ဘာကြောင့် ဒီလိုလုပ်တာလဲ။ အဖေက မင်းလိုချင်သမျှ အားလုံးဖြည်းဆည်းပေးခဲ့တယ်လေ။ ငါနဲ့ အဖေကို မင်းလုပ်ခဲ့တာတွေက မတွေးရဲလောက်အောင်ပါပဲဟု ပြောသည်။”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Son gets life in prison for hiring hitman to kill dad over real estate empire (nypost)

[Zawgyi]

နယူးေယာက္ျမိဳ႕တြင္ ဖခင္ပိုင္ဆိုင္သည့္ အိမ္ျခံေျမမ်ားစြာကို ပိုင္ဆိုင္လုိေသာေၾကာင့္ ဖခင္ႏွင့္ ညီျဖစ္သူတို႔ကို ေၾကးစားလူသတ္သမားငွားကာ သတ္ျဖတ္သည့္ သားအရင္း။ ဖခင္ႏွင့္ ညီတုိ႔၏ စုစုေပါင္း အသက္အတုိင္း ေထာင္ဒဏ္ခ်မွတ္ခံရ

အေမရိကန္ျပည္ေထာင္စုတြင္ Anthony Zottola Sr ဆိုသူသည္ ဖခင္ၾကီး၏ အိမ္ျခံေျမမ်ားကို ပိုင္ဆိုင္လို ေသာေၾကာင့္ အသက္ ၇၁ ႏွစ္အရြယ္ရွိ ဖခင္ၾကီး Sylvester Zottola အား လူသတ္သမားငွားကာ သတ္ျဖတ္ခဲ့ေသာေၾကာင့္ ျပည္ေထာင္စုတရားရံုးက ေထာင္ဒဏ္တစ္သက္အျပင္ ေထာင္ဒဏ္ ၁၁၂ ႏွစ္ ခ်မွတ္ခံလိုက္ရသည္။

ဖခင္၏ အသက္မွာ ၇၁ ႏွစ္ျဖစ္ျပီး ညီျဖစ္သူ၏ အသက္မွာ ၄၁ ႏွစ္ျဖစ္ကာ ၎တို႔၏ စုစုေပါင္းအသက္ ၁၁၂ ႏွစ္ကို ေထာင္ဒဏ္အျဖစ္ ခ်မွတ္ခံရျခင္းျဖစ္သည္။

တရားေရးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ အသက္ ၄၅ ႏွစ္အရြယ္ရွိ သားျဖစ္သူ Zottola သည္ အသက္ ၃၇ ႏွစ္အရြယ္ရွိ ေၾကးစားလူသတ္သမား Himen Ross ကိုငွားရမ္းခဲ့ျခင္းျဖစ္သည္။

နယူးေယာက္ျမိဳ႕ ၊ Bronx အရပ္ရွိ မိသားစုပိုင္ ေဒၚလာ ၄၅ သန္းတန္ေၾကးရွိ အငွားလူေနအိမ္ႏွင့္ ကူးသန္းေရာင္းဝယ္ေရး အေဆာက္အအံုမ်ားစြာကို ပိုင္ဆိုင္လိုေသာေၾကာင့္ ဖခင္ႏွင့္ ညီကို သတ္ျဖတ္ခဲ့ျခင္း ျဖစ္သည္။

သူ၏ ဖခင္မွာ မာဖီးယားလူဆုိးဂိုဏ္းဝင္တစ္ဦး ျဖစ္သည္။ လူဆိုးဂိုဏ္းဝင္ Sylvester သည္ ၂၀၁၈ ခုႏွစ္ ၊ ေအာက္တိုဘာလ ၄ ရက္တြင္ နယူးေယာက္ျမိဳ႕၊ Bronx အရပ္ရွိ မက္ေဒၚနယ္ဆိုင္တြင္ ေကာ္ဖီတစ္ခြက္ မွာေနစဥ္ လုပ္ၾကံသတ္ျဖတ္ခံခဲ့ရျခင္း ျဖစ္သည္။

ဆီဗက္စတာသည္ ဦးေခါင္းအျပင္ ရင္ဘတ္ကို ေသနတ္ျဖင့္ ၄ ခ်က္ ပစ္ခတ္ခံခဲ့ရျပီး အခင္းျဖစ္ေနရာတြင္ပင္ ေသဆံုးခဲ့သည္။

အထက္ပါ ျဖစ္ရပ္မတိုင္မီ ၃ လအလိုကလည္း ဆီဗက္စတာ၏ အငယ္ဆံုးသား Salvatore သည္ နယူးေယာက္ျမိဳ႕ ၊ Bronx အရပ္ရွိ ေနအိမ္အျပင္ဘက္တြင္ ေသနတ္ျဖင့္ အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ခံခဲ့ရျပီး ကံေကာင္းေထာက္မစြာျဖင့္ အသက္ေဘးမွ လြတ္ေျမာက္ခဲ့သည္။

(တရားရံုးတြင္ တရားရင္ဆိုင္ေနေသာ Anthony Zottola Sr ကုိ ပံုၾကမ္းေရးဆြဲထားပံု။)

(ဖခင္ျဖစ္သူ သတ္ျဖတ္ခံခဲ့ရေသာ မက္ေဒၚနယ္ဆိုင္။ ဓာတ္ပံု- Christopher Sadowski)

တရားရံုးတြင္ အငယ္ဆံုးသား Salvatore က ထြက္ဆိုသည္မွာ မိသားစုပိုင္ အိမ္ျခံေျမမ်ားမွ အိမ္ငွားခ ဝင္ေငြမွာ တစ္ႏွစ္လွ်င္ ေဒၚလာ ၁ သန္းေက်ာ္ရွိေၾကာင္း ထြက္ဆိုသည္။

ယခင္ကလည္း ဖခင္ျဖစ္သူမွာ သတ္ျဖတ္လုပ္ၾကံခံရမႈ ၆ ၾကိမ္တိုင္ ခံခဲ့ရျပီး အသက္မေသခဲ့။

၂၀၁၇ ခုႏွစ္ ၊ ႏိုဝင္ဘာလတြင္ မ်က္ႏွာဖံုးစြပ္ လူတစ္ဦးက ေသနတ္ျဖင့္ေထာက္ကာ ျခိမ္းေျခာက္ခံခဲ့ရသည္။

ေနာက္တစ္လအၾကာတြင္ သူ၏ အိမ္အတြင္းသို႔ လူ ၃ ဦးဝင္ေရာက္လာကာ အၾကိမ္ေပါင္းမ်ားစြာ ထိုးႏွက္ခံရသည့္အျပင္ လည္းပင္းတြင္လည္း ျပတ္ရွဒဏ္ရာ ရရွိခဲ့သည္။

ေနာက္ဆံုးတြင္မူ ဖခင္၏ အသက္ကို သားအရင္းျဖစ္သူကိုယ္တိုင္က ႏႈတ္ယူသြားခဲ့သည္။

ဖခင္အား မသတ္မီအခ်ိန္ကာလအထိ အဆိုပါ အိမ္ျခံေျမအားလံုးကို ညီျဖစ္သူ Salvatore ႏွင့္အတူ စီမံခန္႔ခြဲေနခဲ့ရျခင္းလည္း ျဖစ္သည္။

(အငယ္ဆံုးသား Salvatore ပစ္ခတ္လုပ္ၾကံခံခဲ့ရပံုကို လံုျခံဳေရးကင္မရာက မွတ္တမ္းတင္ထားပံု။ ဓာတ္ပံု- DCPI)

(နယူးေယာက္ျမိဳ႕ ၊ ဘရြတ္ကလင္းအရပ္ရွိ ျပည္ေထာင္စုတရားရံုးသို႔ အငယ္ဆံုးသား Salvatore ေရာက္ရွိလာပံု။ ဓာတ္ပံု-Gregory P.Mango)

တရားရံုးတြင္ Salvatore က ေျပာခဲ့သည္မွာ “ဘာျဖစ္လို႔လဲ။ အစ္ကိုၾကီး ဘာေၾကာင့္လဲ။ ဘာေၾကာင့္ ဒီလိုလုပ္တာလဲ။ အေဖက မင္းလိုခ်င္သမွ် အားလံုးျဖည္းဆည္းေပးခဲ့တယ္ေလ။ ငါနဲ႔ အေဖကို မင္းလုပ္ခဲ့တာေတြက မေတြးရဲေလာက္ေအာင္ပါပဲဟု ေျပာသည္။”

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Son gets life in prison for hiring hitman to kill dad over real estate empire (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service