ဝေလမင်းသမီး ဒိုင်ယာနာနှင့် ချစ်ကြိုက်ဖူးသော ဆားဗီးယား တင်းနစ်ကြယ်ပွင့် မိုင်အမ်မီစံအိမ်ကို ဒေါ်လာ ၁၆ ဒသမ ၉ သန်းဖြင့် ရောင်းမည်

ဝေလမင်းသမီး ဒိုင်ယာနာနှင့် ချစ်ကြိုက်ဖူးသော ဆားဗီးယား တင်းနစ်ကြယ်ပွင့် မိုင်အမ်မီစံအိမ်ကို ဒေါ်လာ ၁၆ ဒသမ ၉ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
27 Apr 2023 10:53 am တွင် တင်ခဲ့သည်
743 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဆားဗီးယားတင်းနစ်ကြယ်ပွင့် ဆလိုဘိုဒန် ဇီဗိုအိ နိုဗစ်ချ် (Slobodan Zivojinovic) နှင့် သူ၏ ဇနီး ဂီတပညာရှင် လီပါ ဘရီနာတို့သည် အမေရိကန်ပြည် ၊ မိုင်အမ်မီကမ်းခြေရှိ စံအိမ်ကို ကန်ဒေါ်လာ ၁၆ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက် တင်လာသည်။

ဆလိုဘိုဒန်သည် ဝေလမင်းသမီးဒိုင်ယာနာနှင့် ၁၉၈၀ ပြည့်လွန်နှောင်းပိုင်းကာလများတွင် ချစ်ကြိုက်ခဲ့ဖူးသည်ဟု ဆိုသည်။

ထိုအချိန်က ဒိုင်ယာနာသည် ချားလ်စ်မင်းသားနှင့် လက်ထပ်ပေါင်းသင်းနေဆဲ ကာလလည်းဖြစ်သည်။

ဝင်ဘယ်ဒန် ကစားပွဲတွင် ဒိုင်ယာနာက မိမိကစားသည်ကို လာရောက်ကြည့်ရှုခဲ့ပြီးနောက်ပိုင်း မိမိတို့၏ အချစ်ရေး စတင်ခဲ့ခြင်းဖြစ်ကြောင်း အသက် ၅၉ နှစ်ရှိပြီဖြစ်သော ဆလိုဘိုဒန်က ထုတ်ဖော်ပြောကြားသည်။

ဆားဘီးယားသတင်းစာ တစ်စောင်ဖြစ်သော Kure နှင့် ၂၀၁၆ ခုနှစ်အတွင်းက တွေ့ဆုံမေးမြန်းခန်းတွင် ဆလိုဘိုဒန် ပြောခဲ့သည်မှာ ဒိုင်ယာနာသည် ကစားပွဲကို VIP ခုံမှ မကြည့်ဘဲ သာမာန် ရှေ့တန်းခုံများမှ ကြည့်ရှုခဲ့ခြင်းကြောင့် မိမိအား ပိုမိုနီးကပ်စွာ ကြည့်ရှုနိုင်ခဲ့ကြောင်း ပြောသည်။

“သူက သိပ်အံ့သြဖို့ကောင်းတဲ့ မိန်းမတစ်ယောက်ပဲ။ သူနဲ့ဆိုရင် ဘယ်အကြောင်းအရာကိုမဆို ဆွေးနွေးလို့ရတယ်။ သာမာန်ကိစ္စလေးတွေတောင်မှ စိတ်ဝင်စားစရာ ကောင်းလာတယ်။ ”

ဆလိုဘိုဒန်နှင့် ဇနီးဖြစ်သူ အဆိုတော်ဘရီနာတို့သည် ယခုစံအိမ်ကို ၂၀၁၂ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်း နေအိမ်သစ်တစ်လုံး ဆောက်လုပ်ခဲ့ကြပြီး ယခုနှစ်အတွင်း ပြီးစီးခဲ့သည်။

 

(ဆလိုဘိုဒန်၏ ကစားပွဲသို့ ၁၉၈၇ ခုနှစ်အတွင်း မင်းသမီးဒိုင်ယာနာ လာရောက်ကြည့်ရှုခဲ့ပုံ။ ဓာတ်ပုံ- Getty Images)

 

စံအိမ်အကျယ်အဝန်း စတုရန်းပေ ၆၀၀၀ ကျော်ရှိပြီး အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၆ ခန်း ပါဝင်ကာ ခေတ်ပေါ်နှင့် အီတလီဗိသုကာဟန်များ အသုံးပြုထားသည်။

ခမ်းနားသော ဧည့်ခန်း ၊ စားဖိုမှူးအဆင့် ကိုင်တွယ်အသုံးပြုနိုင်သော မီးဖိုဆောင် ၊ အမိုးအပေါ်ထပ်ထိ ပေါက်သည့် ဓာတ်လှေကားတစ်စင်းတို့ ပါဝင်သည်။

 

(စံအိမ်အကျယ်အဝန်း စတုရန်းပေ ၆၀၀၀ ရှိသည်။ ဓာတ်ပုံ- One Sotheby’s International Realty)

 

(ဧည့်ခန်း။ ဓာတ်ပုံ- One Sotheby’s International Realty)

 

(အိပ်ခန်း ၆ ခန်းအနက်မှ တစ်ခု။ ဓာတ်ပုံ- One Sotheby’s International Realty)

 

 

ခြံဝန်းအတွင်း ရေကူးကန် ၊ ရေစိမ်ကန် ၊ ကောင်းစွာထိန်းသိမ်းထားသည့် မြက်ခင်းများ ဝန်းပတ်ထားသော နွေရာသီ မီးဖိုဆောင်တို့ ရှိပြီး ပင်လယ်ရေပြင်နှင့် ထိစပ်မှု ၇၅ ပေ ရှိသည်။

အရောင်းဈေးကွက်တင်ပေးသူမှာ One Sotheby’s International Realty အိမ်ခြံမြေကုမ္ပဏီမှ အဲလ်ဘတ်ဂျတ်စတိုနှင့် မာ့စ်ကာကိုစကီးတို့ ဖြစ်ကြသည်။

 

(ပင်မရေချိုးခန်း။ ဓာတ်ပုံ- One Sotheby’s International Realty)

 

(ရေချိုးခန်း ၆ ခန်းအနက်မှ တစ်ခု။ ဓာတ်ပုံ- One Sotheby’s International Realty)

 

(အခန်းဖွဲ့စည်းပုံ။ ဓာတ်ပုံ- One Sotheby’s International Realty)

 

အဆိုပါ ဒေသတွင် အလယ်အလတ်ဈေးနှုန်းရှိ နေအိမ်များ၏ ပေါက်ဈေးမှာ ကန်ဒေါ်လာ ၃ ဒသမ ၇သန်း ရှိပြီး ကမ်းခြေနေအိမ်ဆိုလျှင် ဈေးပိုကြီးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Serbian tennis star who dated Princess Diana lists Miami home for $16.9M (nypost)

 

 

 

[Zawgyi]

ေဝလမင္းသမီး ဒိုင္ယာနာႏွင့္ ခ်စ္ၾကိဳက္ဖူးေသာ ဆားဗီးယား တင္းနစ္ၾကယ္ပြင့္ မိုင္အမ္မီစံအိမ္ကုိ ေဒၚလာ ၁၆ ဒသမ ၉ သန္းျဖင့္ ေရာင္းမည္

 

ဆားဗီးယားတင္းနစ္ၾကယ္ပြင့္ ဆလိုဘိုဒန္ ဇီဗိုအိ ႏိုဗစ္ခ်္ (Slobodan Zivojinovic) ႏွင့္ သူ၏ ဇနီး ဂီတပညာရွင္ လီပါ ဘရီနာတုိ႔သည္ အေမရိကန္ျပည္ ၊ မိုင္အမ္မီကမ္းေျခရွိ စံအိမ္ကို ကန္ေဒၚလာ ၁၆ ဒသမ ၉ သန္းျဖင့္ အေရာင္းေစ်းကြက္ တင္လာသည္။

ဆလိုဘိုဒန္သည္ ေဝလမင္းသမီးဒိုင္ယာနာႏွင့္ ၁၉၈၀ ျပည့္လြန္ေႏွာင္းပိုင္းကာလမ်ားတြင္ ခ်စ္ၾကိဳက္ခဲ့ဖူးသည္ဟု ဆိုသည္။ ထိုအခ်ိန္က ဒိုင္ယာနာသည္ ခ်ားလ္စ္မင္းသားႏွင့္ လက္ထပ္ေပါင္းသင္းေနဆဲ ကာလလည္းျဖစ္သည္။

ဝင္ဘယ္ဒန္ ကစားပြဲတြင္ ဒိုင္ယာနာက မိမိကစားသည္ကို လာေရာက္ၾကည့္ရႈခဲ့ျပီးေနာက္ပိုင္း မိမိတို႔၏ အခ်စ္ေရး စတင္ခဲ့ျခင္းျဖစ္ေၾကာင္း အသက္ ၅၉ ႏွစ္ရွိျပီျဖစ္ေသာ ဆလိုဘိုဒန္က ထုတ္ေဖာ္ေျပာၾကားသည္။

ဆားဘီးယားသတင္းစာ တစ္ေစာင္ျဖစ္ေသာ Kure ႏွင့္ ၂၀၁၆ ခုႏွစ္အတြင္းက ေတြ႔ဆံုေမးျမန္းခန္းတြင္ ဆလိုဘိုဒန္ ေျပာခဲ့သည္မွာ ဒိုင္ယာနာသည္ ကစားပြဲကို VIP ခံုမွ မၾကည့္ဘဲ သာမာန္ ေရွ႕တန္းခံုမ်ားမွ ၾကည့္ရႈခဲ့ျခင္းေၾကာင့္ မိမိအား ပိုမိုနီးကပ္စြာ ၾကည့္ရႈႏိုင္ခဲ့ေၾကာင္း ေျပာသည္။

“သူက သိပ္အံ့ၾသဖို႔ေကာင္းတဲ့ မိန္းမတစ္ေယာက္ပဲ။ သူနဲ႔ဆိုရင္ ဘယ္အေၾကာင္းအရာကိုမဆို ေဆြးေႏြးလို႔ရတယ္။ သာမာန္ကိစၥေလးေတြေတာင္မွ စိတ္ဝင္စားစရာ ေကာင္းလာတယ္။ ”

ဆလိုဘုိဒန္ႏွင့္ ဇနီးျဖစ္သူ အဆိုေတာ္ဘရီနာတုိ႔သည္ ယခုစံအိမ္ကို ၂၀၁၂ ခုႏွစ္အတြင္းက ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယင္းေနာက္ပုိင္း ေနအိမ္သစ္တစ္လံုး ေဆာက္လုပ္ခဲ့ၾကျပီး ယခုႏွစ္အတြင္း ျပီးစီးခဲ့သည္။

(ဆလိုဘိုဒန္၏ ကစားပြဲသို႔ ၁၉၈၇ ခုႏွစ္အတြင္း မင္းသမီးဒိုင္ယာနာ လာေရာက္ၾကည့္ရႈခဲ့ပံု။ ဓာတ္ပံု- Getty Images)

စံအိမ္အက်ယ္အဝန္း စတုရန္းေပ ၆၀၀၀ ေက်ာ္ရွိျပီး အိပ္ခန္း ၆ ခန္းႏွင့္ ေရခ်ဳိးခန္း ၆ ခန္း ပါဝင္ကာ ေခတ္ေပၚႏွင့္ အီတလီဗိသုကာဟန္မ်ား အသံုးျပဳထားသည္။

ခမ္းနားေသာ ဧည့္ခန္း ၊ စားဖုိမွဴးအဆင့္ ကိုင္တြယ္အသံုးျပဳႏိုင္ေသာ မီးဖိုေဆာင္ ၊ အမိုးအေပၚထပ္ထိ ေပါက္သည့္ ဓာတ္ေလွကားတစ္စင္းတို႔ ပါဝင္သည္။

(စံအိမ္အက်ယ္အဝန္း စတုရန္းေပ ၆၀၀၀ ရွိသည္။ ဓာတ္ပံု- One Sotheby’s International Realty)

(ဧည့္ခန္း။ ဓာတ္ပံု- One Sotheby’s International Realty)

(အိပ္ခန္း ၆ ခန္းအနက္မွ တစ္ခု။ ဓာတ္ပံု- One Sotheby’s International Realty)

ျခံဝန္းအတြင္း ေရကူးကန္ ၊ ေရစိမ္ကန္ ၊ ေကာင္းစြာထိန္းသိမ္းထားသည့္ ျမက္ခင္းမ်ား ဝန္းပတ္ထားေသာ ေႏြရာသီ မီးဖိုေဆာင္တို႔ ရွိျပီး ပင္လယ္ေရျပင္ႏွင့္ ထိစပ္မႈ ၇၅ ေပ ရွိသည္။

အေရာင္းေစ်းကြက္တင္ေပးသူမွာ One Sotheby’s International Realty အိမ္ျခံေျမကုမၸဏီမွ အဲလ္ဘတ္ဂ်တ္စတိုႏွင့္ မာ့စ္ကာကိုစကီးတို႔ ျဖစ္ၾကသည္။

(ပင္မေရခ်ဳိးခန္း။ ဓာတ္ပံု- One Sotheby’s International Realty)

(ေရခ်ဳိးခန္း ၆ ခန္းအနက္မွ တစ္ခု။ ဓာတ္ပံု- One Sotheby’s International Realty)

(အခန္းဖြဲ႔စည္းပံု။ ဓာတ္ပံု- One Sotheby’s International Realty)

အဆိုပါ ေဒသတြင္ အလယ္အလတ္ေစ်းႏႈန္းရွိ ေနအိမ္မ်ား၏ ေပါက္ေစ်းမွာ ကန္ေဒၚလာ ၃ ဒသမ ၇သန္း ရွိျပီး ကမ္းေျခေနအိမ္ဆိုလွ်င္ ေစ်းပိုၾကီးသည္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Serbian tennis star who dated Princess Diana lists Miami home for $16.9M (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service