အိမ်မငှားတော့ဘဲ လှေတစ်စင်းဝယ်ကာ လှေပေါ်တွင် နေထိုင်သော စုံတွဲ တစ်လလျှင် ပေါင် ၃၀၀၀ (မြန်မာငွေ ၇၈ သိန်း) ငွေစုမိ

အိမ်မငှားတော့ဘဲ လှေတစ်စင်းဝယ်ကာ လှေပေါ်တွင် နေထိုင်သော စုံတွဲ တစ်လလျှင် ပေါင် ၃၀၀၀ (မြန်မာငွေ ၇၈ သိန်း) ငွေစုမိ - Property News in Myanmar from iMyanmarHouse.com
26 Apr 2023 10:51 am တွင် တင်ခဲ့သည်
3075 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

 

ဂျာမနီနိုင်ငံသူ မိန်းကလေးနှင့် သူမ၏ ချစ်သူတို့သည် လှေကလေးတစ်စင်းကို အမြဲနေထိုင်မည့် နေအိမ်အဖြစ် အသုံးပြုခဲ့ပြီးနောက်ပိုင်း လစဉ်အသုံးစရိတ် ကြီးမားစွာ လျော့ချနိုင်ခဲ့သည်။

ဂျာမနီနိုင်ငံသူ မိန်းကလေး လူစီ ဂေးစီရာရိုက်ရှ် (Lucy Gesierich) (၂၂ နှစ်) သည် သူ၏ ချစ်သူ တင်မ် (၂၅ နှစ်) နှင့် ၂၀၂၁ ခုနှစ်တွင် စတင်ဆုံးစည်းခဲ့ကြခြင်း ဖြစ်သည်။

နှစ်ယောက်လုံးမှာ ခရီးသွားရခြင်းကို နှစ်သက်ခုံမင်ကြသူများ ဖြစ်သည်။

၎င်းတို့နှစ်ဦး တွဲခဲ့ပြီး မကြာမီပင်တွင်ပင် လှေတစ်စင်းကို ပြန်လည်မွမ်းမံကာ ထိုလှေပေါ်တွင် အမြဲနေထိုင်ပြီး ပင်လယ်များတွင် ရွက်လွှင့်သွားလာရန် ဆုံးဖြတ်ခဲ့သည်။

ထို့နောက် အလျား ၄၂ ပေ ရှိသော လှေတစ်စင်းကို ဝယ်ယူပြီး မည်သို့မောင်းနှင်ရမည်ကို လေ့လာခဲ့ကြသည်။

၎င်းတို့စုံတွဲသည် ယခင်က ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် နေအိမ်ငှားရမ်းနေထိုင်ခဲ့ရာ အိမ်လခနှင့် အထွေထွေ အခွန်အခများပေါင်းပါက တစ်လလျှင် ပေါင် ၄၄၀၀ (မြန်မာငွေ ၁၁၅ သိန်း) ကျသင့်ခဲ့သည်။

ယခုအခါတွင်မူ တစ်လလျှင် ပေါင် ၉၇၀ (မြန်မာငွေ ၂၅ သိန်း) ခန့်သာ ကုန်ကျတော့သည်။

ပိုမို၍ကောင်းမွန်လာသည့် အချက်မှာ ယခုအခါ အိမ်နှင့်အတူ ကမ္ဘာပတ်နိုင်ခြင်း ဖြစ်သည်။

 

 

(လူစီတို့ စုံတွဲကို ၎င်းတို့၏ လှေပေါ်တွင် တွေ့ရပုံ။ ဓာတ်ပုံ- Jam Press /@setsailwithus)

 

 

၎င်းတို့စုံတွဲသည် ခရိုအေးရှားနိုင်ငံ စပလစ်မြို့ ၊ ဇာဒါမြို့နှင့် ပူလာမြို့များသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဖြစ်ကာ လက်ရှိအချိန်တွင် မြေထဲပင်လယ်အတွင်း ရောက်ရှိနေသည်။

“ကိုယ့်အပေါ် နားလည်တဲ့သူ ၊ ခရီးတွေထွက်ဖို့ စိတ်သဘောထားတိုက်ဆိုင်တဲ့သူ ရှိတာ သိပ်ကောင်းပါတယ်။ ကျွန်မတို့တွဲပြီး ချက်ချင်းဆိုသလိုပဲ စပိန်နိုင်ငံကို တစ်ပတ်တာ ခရီးထွက်တယ်။ ပြီးတော့ ထိုင်းနိုင်ငံမှာ တစ်လလောက် လည်ပတ်ခဲ့တယ်။”

 

(လှေ၏ တန်ကြေးမှာ ပေါင် ၃၅၀၀၀ ပေးရသည်။ ဓာတ်ပုံ- Jam Press /@setsailwithus)

 

 

“လှေပေါ်မှာ နေရတာဟာ လူကြိုက်များတဲ့ ကားအိမ်နဲ့ ခရီးသွားရသလိုမျိုးပါပဲ။ ကျွန်မတို့ နှစ်ယောက်လုံးက ကမ္ဘာပတ်ချင်တယ်။ ဒါပေမဲ့ အခြေစိုက် နေရာတစ်ခုလည်း လိုချင်တယ်။ ဗန်ကားက သေးငယ်ကျဉ်းမြောင်းပြီး အတော်ဈေးကြီးတယ်။ လှေကတော့ ဈေးသက်သာပြီး အိမ်လိုခံစားချက်မျိုးရပါတယ်။”

 

(၎င်းတို့ စုံတွဲသည် မွန်တီနီဂရိုးနှင့် ခရိုအေးရှားနိုင်ငံများသို့ လည်ပတ်ခဲ့ပြီး ဖြစ်သည်။ ဓာတ်ပုံ- Jam Press /@setsailwithus)

 

လူစီက အဆိုပါလှေကို အွန်လိုင်းတွင် ရှာဖွေခဲ့ခြင်း ဖြစ်သည်။ “ဒီလှေက အရွယ်အစားကော အနေအထားပါ တော်တော်လေးကောင်းပါတယ်။”

အလျား ၄၂ ပေရှိသော လှေကို ဂျာမနီနိုင်ငံ ၊ ဘာဗေးရီးယားပြည်နယ်တွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး လူ ၁၀ ဦးခန့် အိပ်စက်နိုင်သော မြင်းကောင်ရေ ၇၅ ကောင်အား အင်ဂျင်တပ်ဆင်ထားသည်။

လှေပေါ်တွင် အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၂ ခန်းပါသည်။

 

(အိပ်ခန်းကို မပြုပြင်မီနှင့် ပြုပြင်မွမ်းမံပြီးပုံ။ ဓာတ်ပုံ- Jam Press /@setsailwithus)

“ဆေးသုတ်တာ ၊ ပိုကျယ်သလိုထင်ရအောင် နံရံတွေ ဖြုတ်ပစ်တာ အလှဆင်မွမ်းမံတာတွေ လုပ်ခဲ့ပြီး နောက်ဆုံးမှာ အိမ်လိုမျိုး ခံစားချက် ရလာခဲ့ပါတယ်။ ဆိုလာပြားနဲ့ ကျောက်ဆူးလိုမျိုး လှေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို တစ်ခြားသင်္ဘောသားတွေဆီကနေ တစ်ပတ်ရစ် သုံးပြီးသားတွေ ဝယ်ပါတယ်။”

“ကျွန်မတို့ ပထမဦးဆုံး ဂျာမနီမှာရှိတဲ ရေကန်တစ်ခုထဲမှာ လှေငယ်လေးတွေနဲ့ စတင်လေ့ကျင့်ပါတယ်။ နောက်ပိုင်းမှာ မာလိန်မှူးတစ်ယောက်ရဲ့ အကူအညီနဲ့ ကျွန်မတို့ရဲ့ လှေပေါ်မှာ ရက်သတ္တ ၂ ပတ် လေ့ကျင့်ပါတယ်။”

 

(လူစီကို လှေပေါ်တွင် တွေ့ရပုံ။ ဓာတ်ပုံ- Jam Press /@setsailwithus)

 

 

(ညစာစားခန်း။ ပြုပြင်မွမ်းမံပြီးပုံ။ဓာတ်ပုံ- Jam Press /@setsailwithus)

 

(မပြုပြင်ရသေးမီ တွေ့ရပုံ။ ဓာတ်ပုံ- Jam Press /@setsailwithus)

 

“လှေပေါ်မှာ နေရတဲ့ဘဝက မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ဘယ်တော့မှ နောင်တမရပါဘူး။”

“ကျွန်မတို့တစ်နှစ်မှာ နှစ်တစ်ဝက်လောက်ပဲ ဆိပ်ကမ်းမှာ ရပ်နားပါတယ်။ ကျန်တဲ့အချိန်က ကျောက်ချပြီး ရပ်ပါတယ်။”

 

(လှေပေါ်တွင် နေထိုင်ခဲ့ပြီးနောက် ငွေများစုမိလာသည်။ ဓာတ်ပုံ- Jam Press /@setsailwithus)

 

၎င်းတို့စုံတွဲသည် လှေပေါ်တွင် နေထိုင်ရန်အတွက် စုဆောင်းထားသည့်ငွေများကို အသုံးပြုနေခြင်းဖြစ်သည်။

လူစီမှာလည်း လူမှုကွန်ရက်စီမံခန့်ခွဲမှုဆိုင်ရာ အချိန်ပိုင်းအလုပ် လုပ်ကိုင်သည်။

 

(ကုန်ကျစရိတ်များ)

ရေချိုးခန်းများ (ဆေးသုတ်ခြင်း ၊ ရေစိမ်ကန်အသစ် ၊ မီးလုံးများ ၊ မှန် ) - ၄၄၁ ပေါင်

လှေတစ်စင်းလုံးအတွက် LED မီးများ - ၁၇၆ ပေါင်

အိပ်ခန်း (မွေ့ယာ ၊ ဆေးသုတ်ခြင်း ၊ အလှဆင်ခြင်းများ ) - ၁၀၅၉ ပေါင်

မီးဖိုဆောင် (လက်ဆေးကန်အသစ် ၊ ဆေးသုတ်ခြင်း ) - ၁၇၆ ပေါင် လှေအလှဆင်ခြင်းများ - ၂၆၄ ပေါင်

လှေအဆင့်မြင့်တင်ခြင်းများ - ၉၇၀၈ ပေါင်

စုစုပေါင်း ပြုပြင်မွမ်းမံမှု ကုန်ကျစရိတ် -၁၁၈၂၇ ပေါင်

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Couple save over £3,000 a month after transforming boat into dream home (metro)

 

 

[Zawgyi]

အိမ္မငွားေတာ့ဘဲ ေလွတစ္စင္းဝယ္ကာ ေလွေပၚတြင္ ေနထိုင္ေသာ စံုတြဲ တစ္လလွ်င္ ေပါင္ ၃၀၀၀ (ျမန္မာေငြ ၇၈ သိန္း) ေငြစုမိ

 

ဂ်ာမနီႏိုင္ငံသူ မိန္းကေလးႏွင့္ သူမ၏ ခ်စ္သူတို႔သည္ ေလွကေလးတစ္စင္းကို အျမဲေနထိုင္မည့္ ေနအိမ္အျဖစ္ အသံုးျပဳခဲ့ျပီးေနာက္ပိုင္း လစဥ္အသံုးစရိတ္ ၾကီးမားစြာ ေလ်ာ့ခ်ႏိုင္ခဲ့သည္။

ဂ်ာမနီႏုိင္ငံသူ မိန္းကေလး လူစီ ေဂးစီရာရိုက္ရွ္ (Lucy Gesierich) (၂၂ ႏွစ္) သည္ သူ၏ ခ်စ္သူ တင္မ္ (၂၅ ႏွစ္) ႏွင့္ ၂၀၂၁ ခုႏွစ္တြင္ စတင္ဆံုးစည္းခဲ့ၾကျခင္း ျဖစ္သည္။

ႏွစ္ေယာက္လံုးမွာ ခရီးသြားရျခင္းကို ႏွစ္သက္ခံုမင္ၾကသူမ်ား ျဖစ္သည္။

၎တို႔ႏွစ္ဦး တြဲခဲ့ျပီး မၾကာမီပင္တြင္ပင္ ေလွတစ္စင္းကို ျပန္လည္မြမ္းမံကာ ထိုေလွေပၚတြင္ အျမဲေနထိုင္ျပီး ပင္လယ္မ်ားတြင္ ရြက္လႊင့္သြားလာရန္ ဆံုးျဖတ္ခဲ့သည္။

ထို႔ေနာက္ အလ်ား ၄၂ ေပ ရွိေသာ ေလွတစ္စင္းကို ဝယ္ယူျပီး မည္သို႔ေမာင္းႏွင္ရမည္ကို ေလ့လာခဲ့ၾကသည္။

၎တုိ႔စံုတြဲသည္ ယခင္က ဂ်ာမနီႏိုင္ငံ ဘာလင္ျမိဳ႕တြင္ ေနအိမ္ငွားရမ္းေနထိုင္ခဲ့ရာ အိမ္လခႏွင့္ အေထြေထြ အခြန္အခမ်ားေပါင္းပါက တစ္လလွ်င္ ေပါင္ ၄၄၀၀ (ျမန္မာေငြ ၁၁၅ သိန္း) က်သင့္ခ့ဲသည္။

ယခုအခါတြင္မူ တစ္လလွ်င္ ေပါင္ ၉၇၀ (ျမန္မာေငြ ၂၅ သိန္း) ခန္႔သာ ကုန္က်ေတာ့သည္။

ပိုမုိ၍ေကာင္းမြန္လာသည့္ အခ်က္မွာ ယခုအခါ အိမ္ႏွင့္အတူ ကမၻာပတ္ႏိုင္ျခင္း ျဖစ္သည္။

(လူစီတုိ႔ စံုတြဲကို ၎တို႔၏ ေလွေပၚတြင္ ေတြ႔ရပံု။ ဓာတ္ပံု- Jam Press /@setsailwithus)

၎တို႔စံုတြဲသည္ ခရိုေအးရွားႏိုင္ငံ စပလစ္ျမိဳ႕ ၊ ဇာဒါျမိဳ႕ႏွင့္ ပူလာျမိဳ႕မ်ားသို႔ သြားေရာက္လည္ပတ္ခဲ့ျပီး ျဖစ္ကာ လက္ရွိအခ်ိန္တြင္ ေျမထဲပင္လယ္အတြင္း ေရာက္ရွိေနသည္။

“ကိုယ့္အေပၚ နားလည္တဲ့သူ ၊ ခရီးေတြထြက္ဖို႔ စိတ္သေဘာထားတိုက္ဆိုင္တဲ့သူ ရွိတာ သိပ္ေကာင္းပါတယ္။ ကၽြန္မတို႔တြဲျပီး ခ်က္ခ်င္းဆိုသလိုပဲ စပိန္ႏုိင္ငံကို တစ္ပတ္တာ ခရီးထြက္တယ္။ ျပီးေတာ့ ထိုင္းႏိုင္ငံမွာ တစ္လေလာက္ လည္ပတ္ခဲ့တယ္။”

(ေလွ၏ တန္ေၾကးမွာ ေပါင္ ၃၅၀၀၀ ေပးရသည္။ ဓာတ္ပံု- Jam Press /@setsailwithus)

“ေလွေပၚမွာ ေနရတာဟာ လူၾကိဳက္မ်ားတဲ့ ကားအိမ္နဲ႔ ခရီးသြားရသလုိမ်ဳိးပါပဲ။ ကၽြန္မတို႔ ႏွစ္ေယာက္လံုးက ကမၻာပတ္ခ်င္တယ္။ ဒါေပမဲ့ အေျခစိုက္ ေနရာတစ္ခုလည္း လိုခ်င္တယ္။ ဗန္ကားက ေသးငယ္က်ဥ္းေျမာင္းျပီး အေတာ္ေစ်းၾကီးတယ္။ ေလွကေတာ့ ေစ်းသက္သာျပီး အိမ္လိုခံစားခ်က္မ်ဳိးရပါတယ္။”

(၎တို႔ စုံတြဲသည္ မြန္တီနီဂရိုးႏွင့္ ခရိုေအးရွားႏိုင္ငံမ်ားသုိ႔ လည္ပတ္ခဲ့ျပီး ျဖစ္သည္။ ဓာတ္ပံု- Jam Press /@setsailwithus)

လူစီက အဆိုပါေလွကို အြန္လုိင္းတြင္ ရွာေဖြခဲ့ျခင္း ျဖစ္သည္။ “ဒီေလွက အရြယ္အစားေကာ အေနအထားပါ ေတာ္ေတာ္ေလးေကာင္းပါတယ္။”

အလ်ား ၄၂ ေပရွိေသာ ေလွကို ဂ်ာမနီႏိုင္ငံ ၊ ဘာေဗးရီးယားျပည္နယ္တြင္ ထုတ္လုပ္ခဲ့ျခင္းျဖစ္ျပီး လူ ၁၀ ဦးခန္႔ အိပ္စက္ႏိုင္ေသာ ျမင္းေကာင္ေရ ၇၅ ေကာင္အား အင္ဂ်င္တပ္ဆင္ထားသည္။

ေလွေပၚတြင္ အိပ္ခန္း ၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၂ ခန္းပါသည္။

(အိပ္ခန္းကို မျပဳျပင္မီႏွင့္ ျပဳျပင္မြမ္းမံျပီးပံု။ ဓာတ္ပံု- Jam Press /@setsailwithus)

“ေဆးသုတ္တာ ၊ ပိုက်ယ္သလိုထင္ရေအာင္ နံရံေတြ ျဖဳတ္ပစ္တာ အလွဆင္မြမ္းမံတာေတြ လုပ္ခဲ့ျပီး ေနာက္ဆံုးမွာ အိမ္လိုမ်ဳိး ခံစားခ်က္ ရလာခဲ့ပါတယ္။ ဆုိလာျပားနဲ႔ ေက်ာက္ဆူးလိုမ်ဳိး ေလွအတြက္ လုိအပ္တဲ့ပစၥည္းေတြကို တစ္ျခားသေဘၤာသားေတြဆီကေန တစ္ပတ္ရစ္ သံုးျပီးသားေတြ ဝယ္ပါတယ္။”

“ကၽြန္မတို႔ ပထမဦးဆံုး ဂ်ာမနီမွာရွိတဲ ေရကန္တစ္ခုထဲမွာ ေလွငယ္ေလးေတြနဲ႔ စတင္ေလ့က်င့္ပါတယ္။ ေနာက္ပိုင္းမွာ မာလိန္မွဴးတစ္ေယာက္ရဲ႕ အကူအညီနဲ႔ ကၽြန္မတို႔ရဲ႕ ေလွေပၚမွာ ရက္သတၱ ၂ ပတ္ ေလ့က်င့္ပါတယ္။”

(လူစီကို ေလွေပၚတြင္ ေတြ႔ရပံု။ ဓာတ္ပံု- Jam Press /@setsailwithus)

(ညစာစားခန္း။ ျပဳျပင္မြမ္းမံျပီးပံု။ဓာတ္ပံု- Jam Press /@setsailwithus)

(မျပဳျပင္ရေသးမီ ေတြ႔ရပံု။ ဓာတ္ပံု- Jam Press /@setsailwithus)

“ေလွေပၚမွာ ေနရတဲ့ဘဝက မလြယ္ပါဘူး။ ဒါေပမဲ့ ကၽြန္မတို႔ ဘယ္ေတာ့မွ ေနာင္တမရပါဘူး။”

“ကၽြန္မတို႔တစ္ႏွစ္မွာ ႏွစ္တစ္ဝက္ေလာက္ပဲ ဆိပ္ကမ္းမွာ ရပ္နားပါတယ္။ က်န္တဲ့အခ်ိန္က ေက်ာက္ခ်ျပီး ရပ္ပါတယ္။”

(ေလွေပၚတြင္ ေနထိုင္ခဲ့ျပီးေနာက္ ေငြမ်ားစုမိလာသည္။ ဓာတ္ပံု- Jam Press /@setsailwithus)

၎တို႔စံုတြဲသည္ ေလွေပၚတြင္ ေနထိုင္ရန္အတြက္ စုေဆာင္းထားသည့္ေငြမ်ားကို အသံုးျပဳေနျခင္းျဖစ္သည္။

လူစီမွာလည္း လူမႈကြန္ရက္စီမံခန္႔ခြဲမႈဆိုင္ရာ အခ်ိန္ပိုင္းအလုပ္ လုပ္ကိုင္သည္။

(ကုန္က်စရိတ္မ်ား)

ေရခ်ဳိးခန္းမ်ား (ေဆးသုတ္ျခင္း ၊ ေရစိမ္ကန္အသစ္ ၊ မီးလံုးမ်ား ၊ မွန္ ) - ၄၄၁ ေပါင္

ေလွတစ္စင္းလံုးအတြက္ LED မီးမ်ား - ၁၇၆ ေပါင္

အိပ္ခန္း (ေမြ႔ယာ ၊ ေဆးသုတ္ျခင္း ၊ အလွဆင္ျခင္းမ်ား ) - ၁၀၅၉ ေပါင္

မီးဖိုေဆာင္ (လက္ေဆးကန္အသစ္ ၊ ေဆးသုတ္ျခင္း ) - ၁၇၆ ေပါင္ ေလွအလွဆင္ျခင္းမ်ား - ၂၆၄ ေပါင္

ေလွအဆင့္ျမင့္တင္ျခင္းမ်ား - ၉၇၀၈ ေပါင္

စုစုေပါင္း ျပဳျပင္မြမ္းမံမႈ ကုန္က်စရိတ္ -၁၁၈၂၇ ေပါင္

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Couple save over £3,000 a month after transforming boat into dream home (metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service