ပဉ္စလက်သရုပ်မှန် စာရေးနည်းဖြင့် ကမ္ဘာကျော်သော နိုဘယ်ဆုရ စာရေးဆရာကြီး ဂါစီယာ မားကွတ်ဇ်၏ စပိန်နိုင်ငံမှ နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၃၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ပဉ္စလက်သရုပ်မှန် စာရေးနည်းဖြင့် ကမ္ဘာကျော်သော နိုဘယ်ဆုရ စာရေးဆရာကြီး ဂါစီယာ မားကွတ်ဇ်၏ စပိန်နိုင်ငံမှ နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၃၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
25 Apr 2023 12:16 pm တွင် တင်ခဲ့သည်
594 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
စပိန်နိုင်ငံတွင် ကွယ်လွန်သွားပြီဖြစ်သော နိုဘယ်ဆုရ ကိုလံဘီယာ စာရေးဆရာကြီး ဂါဘရီယယ် ဂါစီယာ မားကွတ်ဇ် နေထိုင်ခဲ့သော အိမ်တစ်လုံး အရောင်းဈေးကွက်ဝင်လာသည်။
(ဂါစီယာ မားကွတ်ဇ် ဘယ်သူလဲ)
ဂါစီယာ မားကွတ်ဇ် (မွေး ၁၉၂၇- ကွယ်လွန် - ၂၀၁၄) သည် ကိုလံဘီယာ စာရေးဆရာ ၊ ဝတ္ထုတိုဆရာ ၊ ဇာတ်ညွှန်းရေးသူ ၊ စာနယ်ဇင်းသမားတစ်ဦးဖြစ်ပြီး လက်တင်အမေရိကတွင် ကာဘိုဟု လူသိများသည်။
ဂါစီယာ မားကွတ်ဇ်သည် ၂၀ ရာစု၏ အထင်ရှားဆုံး စာရေးဆရာများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ၁၉၈၂ ခုနှစ်တွင် စာပေနိုဘယ်ဆုရရှိခဲ့သည်။
ဂါစီယာ မားကွတ်ဇ်သည် ပဉ္စလက်သရုပ်မှန် ရေးနည်းဖြင့် လူသိအများဆုံး ဖြစ်သည်။
ဂါစီယာ မားကွတ်ဇ်၏ ဝတ္ထုတိုများကို မြန်မာနိုင်ငံတွင် စာရေးဆရာကြီး မြသန်းတင့်က သြဂုတ်တစ္ဆေများနှင့် အခြားဝတ္ထုတိုများဟူသော အမည်ဖြင့် မြန်မာပြန်ဆိုခဲ့ဖူးသည်။
(ဂါစီယာ မားကွတ်ဇ်၏ စပိန်မှ နေအိမ်)
စပိန်နိုင်ငံ အရှေ့ပိုင်း ၊ မြေထဲပင်လယ်ကမ်းခြေ မာလော့ကာ ကမ်းရိုးတန်းရှိ Deia ရွာကလေးတွင် ဂါစီယာ မားကွတ်ဇ် နေထိုင်ခဲ့သော အိပ်ခန်း ၃ ခန်းပါ ပုံပြင်ဆန်ဆန် အိမ်ကလေးတစ်လုံးရှိပြီး ဒေါ်လာ ၁ ဒသမ ၃၁ သန်းဖြင့် ရောင်းချရန် ဈေးခေါ်ထားသည်။
Engel & Volkers အိမ်ခြံမြေဝက်ဘ်ဆိုက်မှ တဆင့် ဈေးကွက်တင်လာခြင်း ဖြစ်သည်။
၁၆၀၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့သည့် နေအိမ်ဖြစ်ကာ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိပြီ ဖြစ်သည်။
ဂါစီယာ မားကွတ်ဇ်သည် The Autumn of the Patriarch အမည်ရှိ ဝတ္ထုကို ရေးသားနေချိန် ၁၉၇၃ ခုနှစ် နွေရာသီတွင် ဤစံအိမ်၌ နေထိုင်ခဲ့သည်။
(ဂါစီယာ မားကွတ်ဇ်သည် ၂၀၁၄ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ် ရှိပြီ ဖြစ်သည်။)
(ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြချက်အရ ယခုစံအိမ်သည် ပြန်လည်မွမ်းမံရန်နှင့် ခေတ်မီအဆင့်မြှင့်တင်ရန် လိုကြောင်း ဖော်ပြသည်။ ဓာတ်ပုံ- Engel& Volkers Mallorca West)
(ဤစံအိမ်တွင် အခြားအနုပညာရှင်များလည်း နေထိုင်ခဲ့ဖူးသည်။ ဓာတ်ပုံ- Engel& Volkers Mallorca West)
(စံအိမ်ရှိရာ ရွာကလေးသည် ၁၉၇၀ နှင့် ၈၀ ပြည့်လွန်ကာလများအတွင်း လူတော် ပညာတတ်များစွာ နေထိုင်ခဲ့သည့် နေရာအဖြစ် ထင်ရှားသည်။ ဓာတ်ပုံ- Engel& Volkers Mallorca West)
(ရင်သပ်ရှုမောဖွယ် ရှုခင်း။ ဓာတ်ပုံ- Engel& Volkers Mallorca West)
(ပင်မစံအိမ်အပြင် ဧည့်ဂေဟာတစ်လုံးလည်း ပါဝင်သည်။ ဓာတ်ပုံ- Engel& Volkers Mallorca West)
(စံအိမ်အတွင် အိပ်ခန်း ၃ ခန်းပါသည်။ ဓာတ်ပုံ- Engel& Volkers Mallorca West)
(စံအိမ်အကျယ်အဝန်းမှာ ၁၂၈၀ စတုရန်းပေ ရှိသည်။ ဓာတ်ပုံ- Engel& Volkers Mallorca West)
(ဤစံအိမ်ကို ၁၆၀၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ- Engel& Volkers Mallorca West)
(ပင်မဧည့်ခန်းနှင့် ကပ်လျက်တည်ရှိသော ကျယ်ဝန်းသည့် Study ခန်းမ။ ဓာတ်ပုံ- Engel& Volkers Mallorca West)
(ရေချိုးခန်း ၂ ခန်းပါဝင်သည်။ ဓာတ်ပုံ- Engel& Volkers Mallorca West)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Former home of Gabriel García Márquez lists for $1.31M (nypost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service