အမေရိကန်တွင် အမျိုးသားတစ်ဦး ထီနံပါတ်တစ်ခုတည်းဖြင့် တစ်နှစ်တာအတွင်း (၃) ဆု ထီပေါက်

အမေရိကန်တွင် အမျိုးသားတစ်ဦး ထီနံပါတ်တစ်ခုတည်းဖြင့် တစ်နှစ်တာအတွင်း (၃) ဆု ထီပေါက် - Property News in Myanmar from iMyanmarHouse.com
25 Apr 2023 10:53 am တွင် တင်ခဲ့သည်
824 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ၊ မေရီလန်းပြည်နယ်တွင် ပြီးခဲ့သော ရက်သတ္တပတ် အတွင်းက ထီပေါက်ခဲ့သည့် အမျိုးသားတစ်ဦး ရှိသည်။

ထိုအမျိုးသားသည် ထီနံပါတ်တစ်မျိုးတည်းဖြင့် တစ်နှစ်တာအတွင်း ဒေါ်လာ ၅၀၀၀၀ ဆု (မြန်မာငွေ ၁၀၄၇ သိန်း) ၃ ဆု ထီပေါက်ခဲ့ခြင်း ဖြစ်သည်။

အသက် ၅၂ နှစ်အရွယ်ရှိ ထိုအမျိုးသားသည် ယခုရက်သတ္တပတ်အတွင်း ထီရုံးချုပ်သို့ လာရောက်ကာ သူ၏ တတိယ ထီဆုကို ထုတ်ယူခဲ့သည်။

သူသည် ထီနံပါတ် ၄၈၅၄၈ ကို ၁ ဒေါ်လာဖြင့် ကံစမ်းခဲ့ခြင်း ဖြစ်သည်။

သူသည် ၂၀၂၂ ခုနှစ် ၊ မေလ ၁၈ ရက်ကလည်း ထိုနံပါတ်ဖြင့်ပင် ထီလက်မှတ် ၂ စောင် ဝယ်ခဲ့ရာ တစ်စောင်လျှင် ဒေါ်လာ ၅၀၀၀၀ စီ ထီပေါက်ခဲ့ရာ ထိုစဉ်က ဒေါ်လာ ၁၀၀၀၀၀ ရရှိခဲ့သည်။

“ပြီးခဲ့တဲ့နှစ်က ဒီနံပါတ်နဲ့ ထီပေါက်ခဲ့တယ်။ အခုလည်း ပေါက်ပြန်ပြီ။ ကျွန်တော့်ဇနီးက ပြောတယ်။ တို့တွေ ဒီနံပါတ်နဲ့ ဆက်ပြီး ကံစမ်းကြည့်ရအောင်လို့ ပြောပါတယ်” ဟု ၎င်းက မေရီလန်းပြည်နယ် ထီရုံးအရာရှိများကို ပြောသည်။

ထိုအမျိုးသားသည် မေရီလန်းပြည်နယ် Waldorf အရပ်၊ Crain အဝေးပြေးလမ်းမပေါ်ရှိ Big Mouth အရက်ဆိုင်တွင် ယခင်နှစ်က ထီနံပါတ်များဖြင့် ကံစမ်းခဲ့သည်။

မေရီလန်းပြည်နယ် ၊ ချားလ်စ်ခရိုင်တွင် နေထိုင်သော ထိုအမျိုးသားက ထီရုံးအရာရှိများကို ပြောသည်မှာ ထီပေါက်သူ အများစုသည် မိမိတို့ ထီပေါက်ခဲ့သည့် နံပါတ်ကို ထပ်မံကံစမ်းလေ့ မရှိကြောင်း ၊ ထိုနံပါတ် ထပ်မံထွက်ရှိလိမ့်မည် မဟုတ်ဟု ယူဆကြသည်မှာ မှားယွင်းကြောင်း ပြောသည်။

မေရီလန်းပြည်နယ် ထီရုံးအရာရှိများထံ ၎င်း၏ အဖြစ်အပျက်ကို ပြောပြခဲ့သော ထိုအမျိုးသားက နာမည် လျှို့ဝှက်ပေးရန် တောင်းဆိုခဲ့ပြီး ‘ထီပေါက်သူကြီး’ဟူ၍သာ အမည်ပေးထားခဲ့သည်။

ထီပေါက်သူကြီးသည် ပထမအကြိမ် ထီပေါက်ပြီးကတည်းက ထိုဂဏန်းဖြင့် အဆက်မပြတ်ကံစမ်းနေခဲ့ပြီး နောင်တွင်လည်း ယခုနံပါတ်ဖြင့်ပင် ဆက်လက်ကံစမ်းဦးမည် ပြောသည်။

“ကျွန်တော် အမြဲ ထီထိုးပါတယ်။ ခင်ဗျားတို့ အနေနဲ့ ထီမထိုးရင် ထီပေါက်မှာ မဟုတ်ပါဘူး”ဟု ၎င်းကပြောသည်။

ထီပေါက်သူကြီးသည် ကုန်ကားမောင်းသူတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ပြီး နောက်ဆုံးထီပေါက်ခဲ့သည့် ဆုငွေကို အပန်းဖြေခရီးထွက်ရန် အသုံးပြုမည်ဖြစ်ကြောင်း ပြောသည်။

ထီပေါက်သည့် လက်မှတ်ကို ရောင်းချပေးသူသည်လည်း ဆုရရှိမည် ဖြစ်သည်။

Pick 5 အမည်ရှိ ထီမှ ဒေါ်လာ ၅၀၀၀၀ ဆု ပေါက်သော လက်မှတ် ရောင်းချပေးခဲ့သည့် Big Mouth အရက်ဆိုင်မှာ ဆုငွေ ဒေါ်လာ ၅၀၀ ရရှိမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man wins $50K jackpot for the third time in a year — using the same numbers (nypost)

 

 

[Zawgyi]

အေမရိကန္တြင္ အမ်ဳိးသားတစ္ဦး ထီနံပါတ္တစ္ခုတည္းျဖင့္ တစ္ႏွစ္တာအတြင္း (၃) ဆု ထီေပါက္

 

အေမရိကန္ျပည္ေထာင္စု ၊ ေမရီလန္းျပည္နယ္တြင္ ျပီးခဲ့ေသာ ရက္သတၱပတ္ အတြင္းက ထီေပါက္ခဲ့သည့္ အမ်ဳိးသားတစ္ဦး ရွိသည္။

ထုိအမ်ဳိးသားသည္ ထီနံပါတ္တစ္မ်ဳိးတည္းျဖင့္ တစ္ႏွစ္တာအတြင္း ေဒၚလာ ၅၀၀၀၀ ဆု (ျမန္မာေငြ ၁၀၄၇ သိန္း) ၃ ဆု ထီေပါက္ခဲ့ျခင္း ျဖစ္သည္။

အသက္ ၅၂ ႏွစ္အရြယ္ရွိ ထိုအမ်ဳိးသားသည္ ယခုရက္သတၱပတ္အတြင္း ထီရံုးခ်ဳပ္သုိ႔ လာေရာက္ကာ သူ၏ တတိယ ထီဆုကို ထုတ္ယူခဲ့သည္။

သူသည္ ထီနံပါတ္ ၄၈၅၄၈ ကို ၁ ေဒၚလာျဖင့္ ကံစမ္းခဲ့ျခင္း ျဖစ္သည္။

သူသည္ ၂၀၂၂ ခုႏွစ္ ၊ ေမလ ၁၈ ရက္ကလည္း ထုိနံပါတ္ျဖင့္ပင္ ထီလက္မွတ္ ၂ ေစာင္ ဝယ္ခဲ့ရာ တစ္ေစာင္လွ်င္ ေဒၚလာ ၅၀၀၀၀ စီ ထီေပါက္ခဲ့ရာ ထုိစဥ္က ေဒၚလာ ၁၀၀၀၀၀ ရရွိခဲ့သည္။

“ျပီးခဲ့တဲ့ႏွစ္က ဒီနံပါတ္နဲ႔ ထီေပါက္ခဲ့တယ္။ အခုလည္း ေပါက္ျပန္ျပီ။ ကၽြန္ေတာ့္ဇနီးက ေျပာတယ္။ တို႔ေတြ ဒီနံပါတ္နဲ႔ ဆက္ျပီး ကံစမ္းၾကည့္ရေအာင္လုိ႔ ေျပာပါတယ္” ဟု ၎က ေမရီလန္းျပည္နယ္ ထီရံုးအရာရွိမ်ားကို ေျပာသည္။

ထိုအမ်ဳိးသားသည္ ေမရီလန္းျပည္နယ္ Waldorf အရပ္၊ Crain အေဝးေျပးလမ္းမေပၚရွိ Big Mouth အရက္ဆိုင္တြင္ ယခင္ႏွစ္က ထီနံပါတ္မ်ားျဖင့္ ကံစမ္းခဲ့သည္။

ေမရီလန္းျပည္နယ္ ၊ ခ်ားလ္စ္ခရုိင္တြင္ ေနထုိင္ေသာ ထိုအမ်ဳိးသားက ထီရံုးအရာရွိမ်ားကို ေျပာသည္မွာ ထီေပါက္သူ အမ်ားစုသည္ မိမိတို႔ ထီေပါက္ခဲ့သည့္ နံပါတ္ကို ထပ္မံကံစမ္းေလ့ မရွိေၾကာင္း ၊ ထုိနံပါတ္ ထပ္မံထြက္ရွိလိမ့္မည္ မဟုတ္ဟု ယူဆၾကသည္မွာ မွားယြင္းေၾကာင္း ေျပာသည္။

ေမရီလန္းျပည္နယ္ ထီရံုးအရာရွိမ်ားထံ ၎၏ အျဖစ္အပ်က္ကို ေျပာျပခဲ့ေသာ ထုိအမ်ဳိးသားက နာမည္ လွ်ိဳ႕ဝွက္ေပးရန္ ေတာင္းဆိုခဲ့ျပီး ‘ထီေပါက္သူၾကီး’ဟူ၍သာ အမည္ေပးထားခဲ့သည္။

ထီေပါက္သူၾကီးသည္ ပထမအၾကိမ္ ထီေပါက္ျပီးကတည္းက ထုိဂဏန္းျဖင့္ အဆက္မျပတ္ကံစမ္းေနခဲ့ျပီး ေနာင္တြင္လည္း ယခုနံပါတ္ျဖင့္ပင္ ဆက္လက္ကံစမ္းဦးမည္ ေျပာသည္။

“ကၽြန္ေတာ္ အျမဲ ထီထုိးပါတယ္။ ခင္ဗ်ားတို႔ အေနနဲ႔ ထီမထုိးရင္ ထီေပါက္မွာ မဟုတ္ပါဘူး”ဟု ၎ကေျပာသည္။

ထီေပါက္သူၾကီးသည္ ကုန္ကားေမာင္းသူတစ္ဦးအျဖစ္ အလုပ္လုပ္ကိုင္ျပီး ေနာက္ဆံုးထီေပါက္ခဲ့သည့္ ဆုေငြကို အပန္းေျဖခရီးထြက္ရန္ အသံုးျပဳမည္ျဖစ္ေၾကာင္း ေျပာသည္။

ထီေပါက္သည့္ လက္မွတ္ကို ေရာင္းခ်ေပးသူသည္လည္း ဆုရရွိမည္ ျဖစ္သည္။

Pick 5 အမည္ရွိ ထီမွ ေဒၚလာ ၅၀၀၀၀ ဆု ေပါက္ေသာ လက္မွတ္ ေရာင္းခ်ေပးခဲ့သည့္ Big Mouth အရက္ဆုိင္မွာ ဆုေငြ ေဒၚလာ ၅၀၀ ရရွိမည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man wins $50K jackpot for the third time in a year — using the same numbers (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service