လော့စ်အိန်ဂျလိ၏ လူကုံထံရပ်ကွက် ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်များ အခြေချနေထိုင်ကြသော Beverly Hills တွင် အိမ်ရာမဲ့ ယာယီတဲများ အလွန်များပြားလာလျက်ရှိ

လော့စ်အိန်ဂျလိ၏ လူကုံထံရပ်ကွက် ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်များ အခြေချနေထိုင်ကြသော Beverly Hills တွင် အိမ်ရာမဲ့ ယာယီတဲများ အလွန်များပြားလာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
24 Apr 2023 10:53 am တွင် တင်ခဲ့သည်
1260 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်ထောင်စု ၊လော့စ်အိန်ဂျလိမြို့ရှိ Beverly Hills အရပ်သည် ဟောလိဝုဒ်ကြယ်ပွင့်တို့၏ အမှတ်တံဆိပ်သဖွယ်နေရာဖြစ်သော်လည်း လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့များ တရိပ်ရိပ်မြင့်တက်လာ နေမှုများကြောင့် ရုပ်ရှင်လောကသားတို့၏ အထွတ်အမြတ်မြေမှာ အိမ်ရာမဲ့တဲများ အလွန်များပြားလာလျက် ရှိသည်။

ပြီးခဲ့သော အင်္ဂါနေ့က ရိုက်ကူးခဲ့သော ဓာတ်ပုံတွင် တွေ့မြင်ရမှုအရ ချမ်းသာကြွယ်ဝသော လူကုံထံရပ်ကွက်၏ လမ်းဘေးပလက်ဖောက်များပေါ် ၊ လူသူရှုပ်ထွေးသော လမ်းဆုံများဘေးတွင် တာပေါ်လင်စများဖြင့် ပြုလုပ် ထားသော ယာယီတဲများ ၊ ဈေးဝယ်တွန်းလှည်းများ ၊ မွေ့ယာများ ၊ အိပ်ရာများကို တွေ့ရသည်။

Beverly Center ဈေးဝယ်စင်တာအနီးရှိ San Vicente Blvd လမ်းတစ်လျောက်တွင် အိမ်ရာမဲ့များစွာ တွေ့လာရသည်။

Beverly Center သည် ဗစ်တိုးရီးယား ဘက်ခမ်း ၊ ပဲရစ် ဟီလ်တန်နှင့် ဟိုင်လေ ဘီဘာတို့ ဈေးဝယ်ထွက်လေ့ ရှိသော နေရာဖြစ်သည်။

 

 

(လော့စ်အိန်ဂျလိ၏ အချမ်းသာဆုံးရပ်ကွက်များတွင် တစ်ခုအပါအဝင်ဖြစ်သော Beverly Hills မှ အိမ်ရာမဲ့များ)

 

 

(Beverly Hills မှ အိမ်ရာမဲ့များကို ၂၀၂၃ ခုနှစ် ၊ ဧပြီလ ၁၁ ရက်က တွေ့ရပုံ)

 

(Beverly Hills အနီးရှိ Beverly Grove ရှိ လူသွားလမ်း ပလက်ဖောင်းပေါ် အိမ်ရာမဲ့တဲများ ပြန့်ကျဲတည်ရှိနေပုံ)

 

လူဦးရေ ၄ သန်းခန့်ရှိသော လော့စ်အိန်ဂျလိမြို့တွင် အိမ်ရာမဲ့ဦးရေမှာ ၄၀၀၀၀ ခန့်ရှိနေသည်ဟု ခန့်မှန်းထားသည်။

လော့စ်အိန်ဂျလိ အိမ်ရာမဲ့ရေးရာ ဝန်ဆောင်မှုအာဏာပိုင်အဖွဲ့၏ ခန့်မှန်းချက်အရ လော့စ်အိန်ဂျလိ ခရိုင်အဆင့် နယ်နမိတ်အတွင်း ၂၀၂၂ ခုနှစ်အချက်အလက်များအရ အိမ်ရာမဲ့ဘဝနှင့် ရင်ဆိုင်နေရသူ ၇၀၀၀၀ ခန့် ရှိကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်ကထက် ၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလအတွင်း Beverly Hills ၏ မြောက်ဘက်ရှိ Sherman Oaks ဟူသော လူကုံထံရပ်ကွက်တွင် တစ်ပတ်တာကာလအတွင်း လမ်းပေါ်၌ လူ ၃ ဦး သေဆုံးခဲ့မှုမှာ ထိပ်တန်းသတင်းတစ်ပုဒ် ဖြစ်ခဲ့ဖူးသည်။

Beverly Hills တွင် အိမ်ရာမဲ့ ဦးရေမည်မျှ ရှိသည်ဟူသော စာရင်းအတိအကျ မရှိချေ။

ဒေသတွင်း သတင်းစာတစ်ခုဖြစ်သော Beverly Hills Courier က ကြည့်ရှုခွင့်ရခဲ့သော အစီရင်ခံစာတစ်စောင် တွင် ဖော်ပြချက်အရ လော့စ်အိန်ဂျလိ အုပ်ချုပ်ရေးလူကြီးတစ်ဦးဖြစ်သူ Nancy Hunt –Coffey က လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့များ တိုးတက်များပြားလာကြောင်း ရေးသားထားသည်ဟု ဆိုသည်။

“ကျွန်မ မိတ်ဆွေအများစုက အိမ်ပြောင်းဖို့ စဉ်းစားနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအခြေအနေက မျှော်လင့်ချက်မဲ့နေပြီလို့ ယူဆလို့ပါ” ဟု ဒေသခံတစ်ဦးဖြစ်သူ Amy Conroy က ပြောသည်။

ကလေးများ အိမ်ပြင်ထွက်ကာ ဆော့ကစားမည်ကို ပူပန်လာရကြောင်း သူမက ပြောသည်။

မကြာသေးမီက ရွေးကောက်ခံခဲ့ရသော လော့စ်အိန်ဂျလိမြို့တော်ဝန် Karen Bass က ပြောသည်မှာ လော့စ်အိန်ဂျလိတွင် ကြီးထွားလာနေသော အိမ်ရာမဲ့ပြဿနာကို ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောသည်။

 

(Beverly Grove အရပ်မှ အိမ်ရာမဲ့တဲများ)

 

(Beverly Grove ၏ လမ်းဆုံတစ်ခုတွင် အိမ်ရာမဲ့တဲများ တွေ့ရပုံ)

 

(Santa Monica Blvd ရှိ ပန်းခြံမှ မြက်ခင်းပေါ်တွင် အိမ်ရာမဲ့တစ်ဦး အိပ်နေပုံ)

 

(Beverly Grove ရှိ ခုံတန်းတစ်ခုပေါ်တွင် အိမ်ရာမဲ့ အမျိုးသားတစ်ဦး ထိုင်နေသည်ကို ၂၀၂၃ ခုနှစ် ၊ ဧပြီ ၁၁ ရက်က တွေ့ရပုံ)

 

(Beverly Hills ရှိ ချမ်းသာ ကြွယ်ဝသော ဒေသခံအချို့က ကလေးများ အိမ်ပြင်ထွက်ကာ ဆော့ကစားရန် ဘေးကင်းလုံခြုံမှုမရှိဟု ခံစားလာရသောကြောင့် အိမ်ပြောင်းရန် စဉ်းစားနေကြသည်)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Rapidly growing' homeless encampments spring up near LA's celebrity-filled Beverly Hills neighborhood - where the median home price is $3.5M (dailymail)

 

 

 

 

[Zawgyi]

ေလာ့စ္အိန္ဂ်လိ၏ လူကံုထံရပ္ကြက္ ၊ ကမၻာေက်ာ္ပုဂၢိဳလ္မ်ား အေျခခ်ေနထိုင္ၾကေသာ Beverly Hills တြင္ အိမ္ရာမဲ့ ယာယီတဲမ်ား အလြန္မ်ားျပားလာလ်က္ရွိ

 

အေမရိကန္ျပည္ေထာင္စု ၊ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိ Beverly Hills အရပ္သည္ ေဟာလိဝုဒ္ၾကယ္ပြင့္တို႔၏ အမွတ္တံဆိပ္သဖြယ္ေနရာျဖစ္ေသာ္လည္း ေလာ့စ္အိန္ဂ်လိတြင္ အိမ္ရာမဲ့မ်ား တရိပ္ရိပ္ျမင့္တက္လာ ေနမႈမ်ားေၾကာင့္ ရုပ္ရွင္ေလာကသားတုိ႔၏ အထြတ္အျမတ္ေျမမွာ အိမ္ရာမဲ့တဲမ်ား အလြန္မ်ားျပားလာလ်က္ ရွိသည္။

ျပီးခဲ့ေသာ အဂၤါေန႔က ရိုက္ကူးခဲ့ေသာ ဓာတ္ပံုတြင္ ေတြ႔ျမင္ရမႈအရ ခ်မ္းသာၾကြယ္ဝေသာ လူကံုထံရပ္ကြက္၏ လမ္းေဘးပလက္ေဖာက္မ်ားေပၚ ၊ လူသူရႈပ္ေထြးေသာ လမ္းဆံုမ်ားေဘးတြင္ တာေပၚလင္စမ်ားျဖင့္ ျပဳလုပ္ ထားေသာ ယာယီတဲမ်ား ၊ ေစ်းဝယ္တြန္းလွည္းမ်ား ၊ ေမြ႔ယာမ်ား ၊ အိပ္ရာမ်ားကို ေတြ႔ရသည္။

Beverly Center ေစ်းဝယ္စင္တာအနီးရွိ San Vicente Blvd လမ္းတစ္ေလ်ာက္တြင္ အိမ္ရာမဲ့မ်ားစြာ ေတြ႔လာရသည္။

Beverly Center သည္ ဗစ္တုိးရီးယား ဘက္ခမ္း ၊ ပဲရစ္ ဟီလ္တန္ႏွင့္ ဟိုင္ေလ ဘီဘာတို႔ ေစ်းဝယ္ထြက္ေလ့ ရွိေသာ ေနရာျဖစ္သည္။

 

(ေလာ့စ္အိန္ဂ်လိ၏ အခ်မ္းသာဆံုးရပ္ကြက္မ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ Beverly Hills မွ အိမ္ရာမဲ့မ်ား)

(Beverly Hills မွ အိမ္ရာမဲ့မ်ားကို ၂၀၂၃ ခုႏွစ္ ၊ ဧျပီလ ၁၁ ရက္က ေတြ႔ရပံု)

(Beverly Hills အနီးရွိ Beverly Grove ရွိ လူသြားလမ္း ပလက္ေဖာင္းေပၚ အိမ္ရာမဲ့တဲမ်ား ျပန္႔က်ဲတည္ရွိေနပံု)

 

လူဦးေရ ၄ သန္းခန္႔ရွိေသာ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ အိမ္ရာမဲ့ဦးေရမွာ ၄၀၀၀၀ ခန္႔ရွိေနသည္ဟု ခန္႔မွန္းထားသည္။

ေလာ့စ္အိန္ဂ်လိ အိမ္ရာမဲ့ေရးရာ ဝန္ေဆာင္မႈအာဏာပိုင္အဖြဲ႔၏ ခန္႔မွန္းခ်က္အရ ေလာ့စ္အိန္ဂ်လိ ခရိုင္အဆင့္ နယ္နမိတ္အတြင္း ၂၀၂၂ ခုႏွစ္အခ်က္အလက္မ်ားအရ အိမ္ရာမဲ့ဘဝႏွင့္ ရင္ဆိုင္ေနရသူ ၇၀၀၀၀ ခန္႔ ရွိေၾကာင္းႏွင့္ ၂၀၂၀ ျပည့္ႏွစ္ကထက္ ၄ ရာခိုင္ႏႈန္း ျမင့္တက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္ ဇန္နဝါရီလအတြင္း Beverly Hills ၏ ေျမာက္ဘက္ရွိ Sherman Oaks ဟူေသာ လူကံုထံရပ္ကြက္တြင္ တစ္ပတ္တာကာလအတြင္း လမ္းေပၚ၌ လူ ၃ ဦး ေသဆံုးခဲ့မႈမွာ ထိပ္တန္းသတင္းတစ္ပုဒ္ ျဖစ္ခဲ့ဖူးသည္။

Beverly Hills တြင္ အိမ္ရာမဲ့ ဦးေရမည္မွ် ရွိသည္ဟူေသာ စာရင္းအတိအက် မရွိေခ်။

ေဒသတြင္း သတင္းစာတစ္ခုျဖစ္ေသာ Beverly Hills Courier က ၾကည့္ရႈခြင့္ရခဲ့ေသာ အစီရင္ခံစာတစ္ေစာင္ တြင္ ေဖာ္ျပခ်က္အရ ေလာ့စ္အိန္ဂ်လိ အုပ္ခ်ဳပ္ေရးလူၾကီးတစ္ဦးျဖစ္သူ Nancy Hunt –Coffey က ေလာ့စ္အိန္ဂ်လိတြင္ အိမ္ရာမဲ့မ်ား တိုးတက္မ်ားျပားလာေၾကာင္း ေရးသားထားသည္ဟု ဆိုသည္။

“ကၽြန္မ မိတ္ေဆြအမ်ားစုက အိမ္ေျပာင္းဖုိ႔ စဥ္းစားေနၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီအေျခအေနက ေမွ်ာ္လင့္ခ်က္မဲ့ေနျပီလို႔ ယူဆလုိ႔ပါ” ဟု ေဒသခံတစ္ဦးျဖစ္သူ Amy Conroy က ေျပာသည္။

ကေလးမ်ား အိမ္ျပင္ထြက္ကာ ေဆာ့ကစားမည္ကို ပူပန္လာရေၾကာင္း သူမက ေျပာသည္။

မၾကာေသးမီက ေရြးေကာက္ခံခဲ့ရေသာ ေလာ့စ္အိန္ဂ်လိျမိဳ႕ေတာ္ဝန္ Karen Bass က ေျပာသည္မွာ ေလာ့စ္အိန္ဂ်လိတြင္ ၾကီးထြားလာေနေသာ အိမ္ရာမဲ့ျပႆနာကို ကိုင္တြယ္ေျဖရွင္းသြားမည္ျဖစ္ေၾကာင္း ေျပာသည္။

 

(Beverly Grove အရပ္မွ အိမ္ရာမဲ့တဲမ်ား)

(Beverly Grove ၏ လမ္းဆံုတစ္ခုတြင္ အိမ္ရာမဲ့တဲမ်ား ေတြ႔ရပံု)

(Santa Monica Blvd ရွိ ပန္းျခံမွ ျမက္ခင္းေပၚတြင္ အိမ္ရာမဲ့တစ္ဦး အိပ္ေနပံု)

(Beverly Grove ရွိ ခံုတန္းတစ္ခုေပၚတြင္ အိမ္ရာမဲ့ အမ်ဳိးသားတစ္ဦး ထိုင္ေနသည္ကို ၂၀၂၃ ခုႏွစ္ ၊ ဧျပီ ၁၁ ရက္က ေတြ႔ရပံု)

(Beverly Hills ရွိ ခ်မ္းသာ ၾကြယ္ဝေသာ ေဒသခံအခ်ဳိ႕က ကေလးမ်ား အိမ္ျပင္ထြက္ကာ ေဆာ့ကစားရန္ ေဘးကင္းလံုျခံဳမႈမရွိဟု ခံစားလာရေသာေၾကာင့္ အိမ္ေျပာင္းရန္ စဥ္းစားေနၾကသည္)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Rapidly growing' homeless encampments spring up near LA's celebrity-filled Beverly Hills neighborhood - where the median home price is $3.5M (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service