Britain’s Got Talent ဒိုင်လူကြီး အာမန်ဒါက အင်္ဂလန်မှ ရောင်းမထွက်သေးသော အိမ်ကို ပေါင် ၅ သန်းဖြင့် အရောင်းဈေးကွက်ပြန်တင်လာ
Britain’s Got Talent ဒိုင်လူကြီး အာမန်ဒါက အင်္ဂလန်မှ ရောင်းမထွက်သေးသော အိမ်ကို ပေါင် ၅ သန်းဖြင့် အရောင်းဈေးကွက်ပြန်တင်လာ - Property News in Myanmar from iMyanmarHouse.com
24 Apr 2023 10:06 am တွင် တင်ခဲ့သည်
455 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အာမန်ဒါ ဟိုးဒန်း (Amanda Holden ) (မွေး ၁၉၇၁) ၏ အမည်အပြည့်အစုံမှာ အာမန်ဒါ လူဝီဟိုးလ်ဒန်း ဖြစ်ပြီး အင်္ဂလန် ရုပ်ရှင်မင်းသမီး ၊ အဆိုတော် ၊ စာရေးဆရာမဖြစ်ကာ Britain’s Got Talent (BGT) တွင် ၂၀၀၇ ခုနှစ်ကတည်းက ဒိုင်လူကြီးအဖြစ် ပါဝင်ခဲ့မှုဖြင့် လူသိများသည်။
အာမန်ဒါသည် Itv မှ ထုတ်လွှင့်တင်ဆက်သော BGT , The Sun Military Awards (၂၀၀၉-၂၀၁၄) ၊ Superstar (၂၀၁၂) ၊ This Morning (၂၀၁၄-၂၀၁၅ ၊ ၂၀၁၇) ၊ Text Santa (၂၀၁၅) နှင့် Give a pet a home (၂၀၁၅) ရုပ်သံအစီအစဉ်များတွင် ပါဝင်ခဲ့သည်။
အာမန်ဒါသည် ၂၀၁၃ ခုနှစ်တွင် No Holding Back အမည်ဖြင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် ရေးသားထုတ်ဝေခဲ့ရာ Sunday Times သတင်းစာ၏ အရောင်းရဆုံး စာအုပ်စာရင်းတွင် ဖော်ပြခံခဲ့ရသည်။
၂၀၂၀ ပြည့်နှစ်တွင် အာမန်ဒါသည် သူ၏ ပွဲဦးထွက် တေးအယ်လ်ဘမ် Songs from My Heart ကို သီဆို ထုတ်လုပ်ခဲ့ရာ UK Albums Chart တွင် ထိပ်ဆုံးနံပါတ် ၅ စာရင်းတွင် ရပ်တည်ခဲ့သည်။
အာမန်ဒါသည် လူရွှင်တော် Alan Carr နှင့်အတူ အီတလီနိုင်ငံ ၊ စစ္စလီကျွန်းရှိ လူနေခန်း ၁ ခန်းကို ၁ ယူရိုငွေဖြင့် ဝယ်ယူကာ ၃ လကြာ ပြုပြင်မွမ်းမံပြီးနောက် ပေါင် ၁၂၇၅၀၀ ဖြင့် ရောင်းချကာ ပရဟိတ အဖွဲ့တစ်ခုထံ လှူဒါန်းခဲ့ဖူးသည်။
အာမန်ဒါသည် အင်္ဂလန်နိုင်ငံ ၊ ဆာရေးခရိုင်ရှိ စံအိမ်ကို ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း ပေါင် ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။
အရောင်းဈေးကွက်တင်ပြီး ၁ နှစ်ခန့်ကြာသည်အထိ ရောင်းမထွက်သေးသောကြောင့် အာမန်ဒါက အဆိုပါ စံအိမ်ကို အရောင်းဈေးကွက် တစ်ဖန်ပြန်တင်လာသည်။
အာမန်ဒါသည် အိပ်ခန်း ၅ ခန်းပါသော စံအိမ်ကို ၂၀၁၅ ခုနှစ်အတွင်း ပေါင် ၃ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး သူ၏ စိတ်ကြိုက်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကာ ယခုအခါ အဆိုပါစံအိမ်ရောင်းချမှုမှာ ပေါင် ၁ ဒသမ ၅ သန်းအမြတ်ရလိုနေသည်။
(အာမန်ဒါ ဟိုးလ်ဒန်း ပေါင် ၅ သန်းဖြင့် ဈေးကွက်တင်ထားသော Surrey ခရိုင်မှ စံအိမ်)
(အသက် ၅၂ နှစ်ရှိပြီဖြစ်သော အာမန်ဒါက ယခုအိမ် ရောင်းချမှုမှာ ပေါင် ၁ ဒသမ ၅ သန်း အမြတ်ရလိုနေသည်။)
(အနက်ရောင်ဗီရိုများနှင့် စကျင်ကျောက်ပြား စားပွဲမျက်နှာပြင်များပါသော မီးဖိုဆောင်။)
(ရေစိမ်ကန်ပါသော ရေချိုးခန်း။)
ရေပူစိမ်ကန် ၊ ခြံဝန်းအတွင်းရှိ အိမ်သာ ၊ ပေ ၃၀ × ၂၇ ပေ ရှိ ဧည့်ခန်း ၊ အုန်းပင်များစွာ ၊ နားနေနေရာပါသော ခေတ်မီပန်းဥယျာဉ် ၊ ကျယ်ပြောသော မြက်ခင်းတို့ ပါရှိသည်။
ရေချိုးခန်း ၃ ခုအနက် တစ်ခု၏ နံရံများတွင် ရှေးခေတ်မှန်ဘောင်တပ် ဓာတ်ပုံများ ချိတ်ဆွဲထားသည်။
စံအိမ်အတွင်း အိပ်ခန်း ၅ ခန်း ၊ ရေချိုးခန်း ၃ ခန်း ပါဝင်သည်။ အာမန်ဒါသည် အဆိုပါစံအိမ်ကို ခင်ပွန်းဖြစ်သူ Chris ၊ သမီး ၂ ဦးဖြစ်သော Lexi (၁၇ နှစ်) ၊ Hollie (၁၁ နှစ်) တို့နှင့် အတူနေထိုင်ခဲ့ပြီး လူမှုကွန်ရက်တွင် နေအိမ် ဓာတ်ပုံများ မကြာခဏတင်ခဲ့ဖူးသည်။
(အာမန်ဒါ လူမှုကွန်ရက်တွင် ကြိမ်ဖန်များစွာ ဓာတ်ပုံတင်ခဲ့ဖူးသည့် master bedroom)
(စံအိမ်ရှေ့ဘက်မြင်ကွင်း)
(ရေချိုးခန်း ၃ ခန်းအနက်မှ တစ်ခန်း)
(ဧည့်ခန်း)
(အာမန်ဒါက သူ၏ လှပသောအိမ်ကို လူမှုကွန်ရက်တွင် မကြာခဏ ဓာတ်ပုံတင်ဖူးသည်)
(အာမန်ဒါ လေ့ကျင့်ခန်း လုပ်လေ့ရှိသောနေရာ)
(မီးဖိုဆောင်)
(အာမန်ဒါကို ယခုနေအိမ်အတွင်း တွေ့ခဲ့ရပုံ)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Inside BGT star Amanda Holden's stunning five-bedroom home with a huge bathroom as she tries to sell the £5million property one year after first putting it on the market (dailymail)
[Zawgyi]
(ဧည့်ခန်း)
(မီးဖိုဆောင်)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service