ဘာလီကျွန်းဝယ် လည်ပတ်ဖွယ် တီရာတာ အန်လ်ပူလ် ရေစင်ဘုရားကျောင်း
ဘာလီကျွန်းဝယ် လည်ပတ်ဖွယ် တီရာတာ အန်လ်ပူလ် ရေစင်ဘုရားကျောင်း - Property News in Myanmar from iMyanmarHouse.com
22 Apr 2023 11:54 am တွင် တင်ခဲ့သည်
1715 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဘာလီကျွန်းမှ ဟိန္ဒူဘာသာကိုးကွယ်သူများ အထွတ်အမြတ်ထားကြည်ညိုရတဲ့ တီရာတာ အန်လ်ပူလ် ဘုရားကျောင်းဟာ ခန္ဓာကိုယ်တွင်းမကောင်းတဲ့ ဓာတ်၊ မသန့်စင်မှု၊ ရောဂါများကို ဆေးကြောပျောက်ကင်းစေနိုင်သော ရေစင်ကန်ကြောင့် နာမည်ကြီးပါတယ်။
တီရာတာ အန်လ်ပူလ် ရေစင်တော်ဘုရားကျောင်းဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၊ တန်ပတ်စီးရင်း မြို့အနီး မာနာခါရာ ရွာငယ်လေးမှာတည်ရှိပါတယ်။ အူးဘုဒ် မြို့မှ မိနစ်သုံးဆယ်ဝန်းကျင် ကားလမ်းခရီးဖြင့် သွားရောက်နိုင်ပြီး တီရာတာ အန်လ်ပူလ် ရေစင်တော်ဘုရားကျောင်းကြီး အတွင်း သီဝ၊ ဗိဿနိုး၊ ဗြဟ္မာစတဲ့တန်ခိုးကြီးဘုရားကျောင်းဆောင်များရှိကာ ဘုရားကျောင်းတစ်ခုလုံးကို စေ့စေ့ငုံငုံလည်ပတ်နိုင်ဖို့အတွက် အနည်းဆုံးမိနစ် ၃၀ ကနေ ၁ နာရီကြားအချိန်ပေးလည်ပတ်ရပါတယ်။
တီရာတာ အန်လ်ပူလ် ရေစင်တော်ဘုရားကျောင်းကြီးထဲကို ကန်ဒီ ဘက်ထာ လို့ခေါ်တဲ့ ကျောက်ဂိတ်ကြီးမှ တစ်ဆင့်ဝင်ရောက်နိုင်ပြီး ထိုနေရာဟာဘုရားကျောင်းရဲ့ အပြင်ဘက်ဝန်းဖြစ်ပါတယ်။ ဘုရားကျောင်းထဲဆက်လှမ်းဝင်လာတဲ့အခါ နောက်ထပ် ကျောက်ဂိတ်တစ်ခုကို ထပ်မံတွေ့ရမှာဖြစ်ပြီး ကျောက်ဂိတ်ကြီးရှေ့မှာ ဒွါရပါလရုပ်ထုကြီးနှစ်ခုကို အစောင့်အရှောက်ပုံစံဖြင့် တွေ့မြင်ရပါမယ်။ ထိုဂိတ်ကနေ ဆက်ဝင်သွားရင်တော့ တီရာတာ အန်လ်ပူလ် ဘုရားကျောင်းရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ ရေစင်တော်ခံယူရာ ဂျာဘာတန်းဂတ် ရေကန် သို့ရောက်ရှိမှာဖြစ်ပါတယ်။
ဂျာဘာတန်းဂတ် ရေကန်ဟာ သန့်စင်ရေကန်နှစ်ပိုင်းပါဝင်ပြီး စုစုပေါင်းရေစင်ပြွန်ပေါက် ၃၀ မှ ထွက်ရှိတဲ့ ရေစင်တော်ဟာ ကိုယ်ခန္ဓာအတွင်းမကောင်းတဲ့ ဓာတ်ကို သန့်စင်ပေးနိုင်တဲ့ မှော်အစွမ်းရှိတယ်လို့ ဒေသခံများက ယုံကြည်ကြပါတယ်။ လေ့လာလည်ပတ်သူများနဲ့ ရေစင်အစွမ်းကို ယုံကြည်ကြတဲ့ ဟိန္ဒူဘာသာကိုးကွယ်သူများဟာ ပြွန်ထဲမှ ကျဆင်းလာတဲ့ရေစင်တော်ကို ခေါင်းငုံ့ပြီးခံယူကာ ကိုယ်တွင်းရဲ့အညံ့ဓာတ်နဲ့ ကျန်းမာရေးကောင်းမွန်ဖို့ရာ သက်ဝင်ခံယူကြပါတယ်။ ရေစင်တော်ခံယူတဲ့နေရာမှာ ရေစင်တော်ပြွန်တစ်ခုချင်းစီအလိုက် ခံယူကြရတာဖြစ်ပါတယ်။
ရေစင်ကန်ကို ဖြတ်သန်းပြီး နောက်ဆုံးအပိုင်းကတော့ ရှုမြင်ဖွယ်ကြီးမားလှတဲ့​ ရွှေရောင်ငါးကြင်းကန်ကြီးပဲဖြစ်ပါတယ်။ ဝဖြိုးလှပတဲ့ရွှေငါးကြင်းများဟာ သူတို့ကိုပစ်ချကျွေးလာမယ့် အစာကို ရေကန်အတွင်းပျင်းရိစွာ ကူးခတ်စောင့်မျှော်နေကြပါတယ်။ ရေကန်ကနေဖြတ်တိုက်လာတဲ့ တည်ငြိမ်လန်းဆန်းစေမယ့် လေထုကို ထိတွေ့ခံစားပြီး ရွှေရောင်ငါးလေးများကို အပန်းဖြေကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် ဘုရားကျောင်းရောက်အမှတ်တရပစ္စည်းလေးများကိုလည်း ဘုရားကျောင်းတွင်းဖွင့်လှစ်ထားတဲ့ အမှတ်တရဈေးဆိုင်တန်းလေးမှာဝယ်ယူသွားနိုင်ပါသေးတယ်။
အင်ဒိုနီးရှား ပိုလာဘာလီကျွန်းလေးဝယ် သူလေးနဲ့တွေ့လို့ချစ်ကြိုးသွယ်.... ဆိုသလိုပဲ ဘာလီကျွန်းသို့ ဟန်နီးမွန်းပဲဖြစ်ဖြစ် မိသားစုသူငယ်ချင်းများနဲ့ပဲဖြစ်ဖြစ်ခရီးထွက်တဲ့အခါ တီရာတာ အန်လ်ပူလ် ဘုရားကျောင်းအတွင်းသို့ အနည်းဆုံးတစ်ခေါက်လောက်ဖြစ်ဖြစ် လည်ပတ် ရေစင်တော်ခံယူသန့်စင်ရင်း ခရီးသွားအတွေ့အကြုံများဖွေရှာသင့်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service