BTS ကို မွေးထုတ်ပေးသူ ၊ K-pop ကို တစ်ကမ္ဘာလုံး ပျံ့နှံ့အောင် ဆောင်ကြဉ်းပေးနိုင်မှုကြောင့် ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ချီးမြှင့်ခံရသူ ဘီလျံနာသူဌေးကြီး Bang Si-hyuk လော့စ်အိန်ဂျလိမှ စံအိမ်တစ်လုံးကို ရုပ်သံတင်ဆက်သူ Trevor Noah ထံမှ ဒေါ်လာ ၂၆ သန်းဖြင့်ဝယ်ယူ

BTS ကို မွေးထုတ်ပေးသူ ၊ K-pop ကို တစ်ကမ္ဘာလုံး ပျံ့နှံ့အောင် ဆောင်ကြဉ်းပေးနိုင်မှုကြောင့် ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ချီးမြှင့်ခံရသူ ဘီလျံနာသူဌေးကြီး Bang Si-hyuk လော့စ်အိန်ဂျလိမှ စံအိမ်တစ်လုံးကို ရုပ်သံတင်ဆက်သူ Trevor Noah ထံမှ ဒေါ်လာ ၂၆ သန်းဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
21 Apr 2023 11:39 am တွင် တင်ခဲ့သည်
853 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

((Bang Si-hyuk ဘယ်သူလဲ))

Bang Si-hyuk (မွေး - ၁၉၇၂) ကို Hitman Bang ဟူသောအမည်ဖြင့် လူသိများသည်။

Bang Si-hyuk သည် တေးထုတ်လုပ်ရေး ကုမ္ပဏီများဖြစ်သော Big Hit Music နှင့် Hybe Copration တို့ကို တည်ထောင်သူ ဖြစ်သည်။

Forbes Asia က တောင်ကိုရီးယား၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀ ဦး ဖော်ပြခဲ့ရာတွင် ပါဝင်ခဲ့သူ Bang Si-hyuk သည် ဖျော်ဖြေရေးနယ်ပယ်မှ ထိုစာရင်းတွင် ပါဝင်ခဲ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်း ဖြစ်သည်။

Bloomberg ၏ ဘီလျံနာ ညွှန်ကိန်းတွင် ၂၀၂၁ ခုနှစ် ၊ ဇူလိုင်လအထိ အချက်အလက်များကို ကိုးကားဖော်ပြချက်အရ Bang Si-hyuk ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံခန့်ရှိကြောင်း ဖော်ပြသည်။

Bang သည် ကောလိပ်ကျောင်းသား ဘဝကတည်းက တေးရေးတစ်ဦးဖြစ်ခဲ့ပြီး ၁၉၉၀ ပြည့်လွန်ကာလများတွင် Park Jin-young ဆိုသူနှင့် ဆုံစည်းခဲ့သည်။

Park Jin-young က JYP Entertainment တေးထုတ်လုပ်ရေးကုမ္ပဏီကို တည်ထောင်ချိန်တွင် Bang က တေးထုတ်လုပ်သူ ၊ တေးရေးအဖြစ် ပါဝင်ခဲ့သည်။

JYP မှ ထုတ်လုပ်ခဲ့သည့် K-pop ပထမမျိုးဆက်တွင် g.o.d အဖွဲ့လည်း ပါဝင်ခဲ့သည်။

၂၀၀၀ ပြည့်လွန်ကာလများတွင် g.o.d သည် တောင်ကိုရီးယား၏ အရောင်းရဆုံး အကျော်ကြားဆုံး boyband များ ပါဝင်ပြီး Park နှင့် Bang တို့သည် ပေါက်စီးရီးထုတ်လုပ်သူများအဖြစ် နာမည်ကြီးခဲ့သည်။

g.o.d အဖွဲ့အပြင် Bang သည် Im Chang-Jung ၊ Park Jin-young ၊ Rain ၊ Wonder girls ၊ ZAM ၊ Teen Top အဖွဲ့များ ၊ R&B အဆိုတော် ၊ Baek Ji-young တို့ကို တေးရေးပေးခြင်း ၊ တေးထုတ်လုပ်ပေးခြင်းများ ပြုလုပ်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် Bang သည် JYP မှ ထွက်ခွာခဲ့ပြီး Big Hit Entertainment အမည်ဖြင့် ကိုယ်ပိုင်ကုမ္ပဏီ တည်ထောင်ခဲ့သည်။

Big Hit သည် တည်ထောင်ပြီး နောက်ပိုင်း နောင်အခါ BTS ကို ဦးဆောင်မည့် RM နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

Bang သည် ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့သော BTS ၏ တေးအယ်လ်ဘမ် Wings အတွက် သီချင်း ၆ ပုဒ် ပူးတွဲရေးသားပေးခဲ့သည်။

ထိုတေးစီးရီးမှာ အကြီးအကျယ် အောင်မြင်ခဲ့ပြီး Mnet အာရှဂီတ ဆုပေးပွဲတွင် Bang သည် အကောင်းဆုံး တေးထုတ်လုပ်သူဆု ရရှိခဲ့သည့်အပြင် Melon ဂီတဆုပေးပွဲတွင်လည်း တေးရေးဆု ရရှိခဲ့သည်။

BTS ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြောင့် ၂၀၁၈ ခုနှစ် ၊ ဇွန်လတွင် Variety က နိုင်ငံတကာဂီတလောက ရှေ့ဆောင်ရှေ့ရွက်ပုဂ္ဂိုလ်အဖြစ် Bang ကို ဖော်ပြခဲ့သည်။

Bang သည် ၂၀၂၂ ခုနှစ် ၊ ဧပြီလထုတ် တိုင်းမ်မဂ္ဂဇင်းကြီး၏ မျက်နှာဖုံးတွင် BTS အဖွဲ့နှင့်အတူ ဖော်ပြခံခဲ့ရသည်။

ကိုရီးယား ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးနယ်ပယ်ကို ကမ္ဘာတစ်ဝန်းအထိ ပျံ့နှံ့အောင် ဆောင်ကျဉ်းပေးခဲ့မှုများအတွက် ၂၀၂၂ ခုနှစ်အတွင်း ဆိုးလ်အမျိုးသားတက္ကသိုလ်က Bang အား စီးပွားရေးဆိုင်ရာ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ ချီးမြှင့်ခဲ့သည်။

((ဘီလျံနာကြီး Bang Si-hyuk က လော့စ်အိန်ဂျလိတွင် ကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝယ်ယူလိုက်သောစံအိမ် ))

ရောင်းချသူ -Trevor Noah ဝယ်ယူသူ- Bang Si-hyuk တည်နေရာ- ကယ်လီဖိုးနီးယားပြည်နယ် ၊ လော့စ်အိန်ဂျလိမြို့ ၊Bel Air အရပ် ဈေးနှုန်း - ကန်ဒေါ်လာ ၂၆ ဒသမ ၄ သန်း ဆောက်လုပ်သည့်ခုနှစ်- ၂၀၁၄ ဗိသုကာပညာရှင် - Mark Rios အကျယ်အဝန်း - ၁၁၃၇၅ စတုရန်းပေ ၊အိပ်ခန်း ၆ ခန်း ၊ ရေချိုးခန်း ၉ ခန်း ခြံအကျယ်- ၀ ဒသမ ၉၈ ဧက

ကမ္ဘာ့အောင်မြင်မှုအရဆုံး ဖျော်ဖြေရေးလုပ်ငန်းနယ်မှ သူဌေးကြီးများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး တောင်ကိုရီးယား၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ တေးရေးဆရာ ၊ ဘီလျံနာ Bang Si-hyuk သည် အမေရိကန်ပြည် ၊ လော့စ်အိန်ဂျလိမြို့တွင် ဒေါ်လာ ၂၆ သန်းတန် စံအိမ်ကြီးတစ်လုံးကို တောင်အာဖရိက နိုင်ငံဖွား လူရွှင်တော် ၊ စာရေးဆရာ ၊ ရုပ်သံတင်ဆက်သူ Trevor Noah ထံမှ ဝယ်ယူလိုက်သည်။

လာရောက်လည်ပတ်သူတိုင်း လက်ဖျားခါရစေမည့် စံအိမ်ကြီးကို နာမည်ကြီးဒီဇိုင်နာ Mark Rios က ခင်ပွန်းဖြစ်သူ Guy Ringler နှင့် အတူနေရန် ဒီဇိုင်းဆွဲ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၇ နှစ်အတွင်း ထုတ်ဝေခဲ့သော Architectural Digest မဂ္ဂဇင်းတစ်စောင်တွင် ဖော်ပြခဲ့ဖူးသည်။

(မှတ်ချက်။ Mark Rios သည် Guy Ringler နှင့် ယောက်ျားချင်း လက်ထပ်ထားခြင်း ဖြစ်သည်။)

၂၀၂၀ နှစ်ကုန်ပိုင်းတွင် Rios တို့စုံတွဲက ဤစံအိမ်ကို လူရွှင်တော် Noah ထံ ကန်ဒေါ်လာ ၂၇ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့သည်။

လူရွှင်တော် Noah သည် ယခုစံအိမ်တွင် တစ်နှစ်ခန့် နေထိုင်ခဲ့ပြီးနောက် ဘီလျံနာ Bang Si-hyuk ထံ ဒေါ်လာ ၁ ဒသမ ၁ သန်း အရှုံးခံကာ ရောင်းချလိုက်ခြင်းလည်း ဖြစ်သည်။

တောင်ကုန်းစောင်းတွင် တည်ရှိကာ ခြံအကျယ် ၁ ဧက နီးပါးရှိပြီး မြင့်မားသော ခြံစည်းနောက်တွင် စံအိမ်မှ ပျောက်ကွယ်နေသည်။

အိပ်ခန်း ၆ ခန်း ၊ ရေချိုးခန်း ၉ ခန်းပါဝင်ပြီး လူနေကြမ်းခင်း ဧရိယာ ၁၁၀၀၀ စတုရန်းပေရှိကာ ခြံဝန်းအတွင်း ကား ၁၀ စင်း ရပ်နားနိုင်သော နေရာလည်း ပါဝင်သည်။

(ဓာတ်ပုံများအတွက် Credit – Hilton & Hyland)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Billionaire BTS Overlord Paid $26 Million for Trevor Noah’s Bel Air Mansion (dirt)

[Zawgyi]

BTS ကို ေမြးထုတ္ေပးသူ ၊ K-pop ကို တစ္ကမၻာလံုး ပ်ံ႕ႏွံ႔ေအာင္ ေဆာင္ၾကဥ္းေပးႏိုင္မႈေၾကာင့္ ဆိုးလ္အမ်ဳိးသားတကၠသိုလ္မွ ဂုဏ္ထူးေဆာင္ ပါေမာကၡဘြဲ႔ခ်ီးျမွင့္ခံရသူ ဘီလ်ံနာသူေဌးၾကီး Bang Si-hyuk ေလာ့စ္အိန္ဂ်လိမွ စံအိမ္တစ္လံုးကို ရုပ္သံတင္ဆက္သူ Trevor Noah ထံမွ ေဒၚလာ ၂၆ သန္းျဖင့္ဝယ္ယူ

((Bang Si-hyuk ဘယ္သူလဲ))

Bang Si-hyuk (ေမြး - ၁၉၇၂) ကို Hitman Bang ဟူေသာအမည္ျဖင့္ လူသိမ်ားသည္။

Bang Si-hyuk သည္ ေတးထုတ္လုပ္ေရး ကုမၸဏီမ်ားျဖစ္ေသာ Big Hit Music ႏွင့္ Hybe Copration တုိ႔ကို တည္ေထာင္သူ ျဖစ္သည္။

Forbes Asia က ေတာင္ကိုရီးယား၏ အခ်မ္းသာဆံုးပုဂၢိဳလ္ ၅၀ ဦး ေဖာ္ျပခဲ့ရာတြင္ ပါဝင္ခဲ့သူ Bang Si-hyuk သည္ ေဖ်ာ္ေျဖေရးနယ္ပယ္မွ ထုိစာရင္းတြင္ ပါဝင္ခဲ့သည့္ တစ္ဦးတည္းေသာ ပုဂၢိဳလ္လည္း ျဖစ္သည္။

Bloomberg ၏ ဘီလ်ံနာ ညႊန္ကိန္းတြင္ ၂၀၂၁ ခုႏွစ္ ၊ ဇူလိုင္လအထိ အခ်က္အလက္မ်ားကို ကိုးကားေဖာ္ျပခ်က္အရ Bang Si-hyuk ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၃ ဒသမ ၂ ဘီလီယံခန္႔ရွိေၾကာင္း ေဖာ္ျပသည္။

Bang သည္ ေကာလိပ္ေက်ာင္းသား ဘဝကတည္းက ေတးေရးတစ္ဦးျဖစ္ခဲ့ျပီး ၁၉၉၀ ျပည့္လြန္ကာလမ်ားတြင္ Park Jin-young ဆုိသူႏွင့္ ဆံုစည္းခဲ့သည္။

Park Jin-young က JYP Entertainment ေတးထုတ္လုပ္ေရးကုမၸဏီကို တည္ေထာင္ခ်ိန္တြင္ Bang က ေတးထုတ္လုပ္သူ ၊ ေတးေရးအျဖစ္ ပါဝင္ခဲ့သည္။

JYP မွ ထုတ္လုပ္ခဲ့သည့္ K-pop ပထမမ်ဳိးဆက္တြင္ g.o.d အဖြဲ႔လည္း ပါဝင္ခဲ့သည္။

၂၀၀၀ ျပည့္လြန္ကာလမ်ားတြင္ g.o.d သည္ ေတာင္ကိုရီးယား၏ အေရာင္းရဆံုး အေက်ာ္ၾကားဆံုး boyband မ်ား ပါဝင္ျပီး Park ႏွင့္ Bang တို႔သည္ ေပါက္စီးရီးထုတ္လုပ္သူမ်ားအျဖစ္ နာမည္ၾကီးခဲ့သည္။

g.o.d အဖြဲ႔အျပင္ Bang သည္ Im Chang-Jung ၊ Park Jin-young ၊ Rain ၊ Wonder girls ၊ ZAM ၊ Teen Top အဖြဲ႔မ်ား ၊ R&B အဆိုေတာ္ ၊ Baek Ji-young တို႔ကို ေတးေရးေပးျခင္း ၊ ေတးထုတ္လုပ္ေပးျခင္းမ်ား ျပဳလုပ္ခဲ့သည္။

၂၀၁၅ ခုႏွစ္တြင္ Bang သည္ JYP မွ ထြက္ခြာခဲ့ျပီး Big Hit Entertainment အမည္ျဖင့္ ကိုယ္ပုိင္ကုမၸဏီ တည္ေထာင္ခဲ့သည္။

Big Hit သည္ တည္ေထာင္ျပီး ေနာက္ပုိင္း ေနာင္အခါ BTS ကို ဦးေဆာင္မည့္ RM ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သည္။

Bang သည္ ၂၀၁၆ ခုႏွစ္က ထြက္ရွိခဲ့ေသာ BTS ၏ ေတးအယ္လ္ဘမ္ Wings အတြက္ သီခ်င္း ၆ ပုဒ္ ပူးတြဲေရးသားေပးခဲ့သည္။

ထိုေတးစီးရီးမွာ အၾကီးအက်ယ္ ေအာင္ျမင္ခဲ့ျပီး Mnet အာရွဂီတ ဆုေပးပြဲတြင္ Bang သည္ အေကာင္းဆံုး ေတးထုတ္လုပ္သူဆု ရရွိခဲ့သည့္အျပင္ Melon ဂီတဆုေပးပြဲတြင္လည္း ေတးေရးဆု ရရွိခဲ့သည္။

BTS ၏ ဝက္ဝက္ကြဲေအာင္ျမင္မႈေၾကာင့္ ၂၀၁၈ ခုႏွစ္ ၊ ဇြန္လတြင္ Variety က ႏိုင္ငံတကာဂီတေလာက ေရွ႕ေဆာင္ေရွ႕ရြက္ပုဂၢိဳလ္အျဖစ္ Bang ကို ေဖာ္ျပခဲ့သည္။

Bang သည္ ၂၀၂၂ ခုႏွစ္ ၊ ဧျပီလထုတ္ တိုင္းမ္မဂၢဇင္းၾကီး၏ မ်က္ႏွာဖံုးတြင္ BTS အဖြဲ႔ႏွင့္အတူ ေဖာ္ျပခံခဲ့ရသည္။

ကိုရီးယား ယဥ္ေက်းမႈႏွင့္ ေဖ်ာ္ေျဖေရးနယ္ပယ္ကို ကမၻာတစ္ဝန္းအထိ ပ်ံ႕ႏွ႔ံေအာင္ ေဆာင္က်ဥ္းေပးခဲ့မႈမ်ားအတြက္ ၂၀၂၂ ခုႏွစ္အတြင္း ဆိုးလ္အမ်ဳိးသားတကၠသိုလ္က Bang အား စီးပြားေရးဆိုင္ရာ ဂုဏ္ထူးေဆာင္ ပါေမာကၡဘြဲ႔ ခ်ီးျမွင့္ခဲ့သည္။

((ဘီလ်ံနာၾကီး Bang Si-hyuk က ေလာ့စ္အိန္ဂ်လိတြင္ ကန္ေဒၚလာ ၂၆ သန္းျဖင့္ ဝယ္ယူလိုက္္ေသာစံအိမ္ ))

ေရာင္းခ်သူ -Trevor Noah ဝယ္ယူသူ- Bang Si-hyuk တည္ေနရာ- ကယ္လီဖုိးနီးယားျပည္နယ္ ၊ ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊Bel Air အရပ္ ေစ်းႏႈန္း - ကန္ေဒၚလာ ၂၆ ဒသမ ၄ သန္း ေဆာက္လုပ္သည့္ခုႏွစ္- ၂၀၁၄ ဗိသုကာပညာရွင္ - Mark Rios အက်ယ္အဝန္း - ၁၁၃၇၅ စတုရန္းေပ ၊အိပ္ခန္း ၆ ခန္း ၊ ေရခ်ဳိးခန္း ၉ ခန္း ျခံအက်ယ္- ၀ ဒသမ ၉၈ ဧက

ကမၻာ့ေအာင္ျမင္မႈအရဆံုး ေဖ်ာ္ေျဖေရးလုပ္ငန္းနယ္မွ သူေဌးၾကီးမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ျပီး ေတာင္ကိုရီးယား၏ အခ်မ္းသာဆံုး ပုဂၢိဳလ္မ်ားတြင္ ပါဝင္သူ ေတးေရးဆရာ ၊ ဘီလ်ံနာ Bang Si-hyuk သည္ အေမရိကန္ျပည္ ၊ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ ေဒၚလာ ၂၆ သန္းတန္ စံအိမ္ၾကီးတစ္လံုးကုိ ေတာင္အာဖရိက ႏိုင္ငံဖြား လူရႊင္ေတာ္ ၊ စာေရးဆရာ ၊ ရုပ္သံတင္ဆက္သူ Trevor Noah ထံမွ ဝယ္ယူလိုက္သည္။

လာေရာက္လည္ပတ္သူတိုင္း လက္ဖ်ားခါရေစမည့္ စံအိမ္ၾကီးကုိ နာမည္ၾကီးဒီဇိုင္နာ Mark Rios က ခင္ပြန္းျဖစ္သူ Guy Ringler ႏွင့္ အတူေနရန္ ဒီဇိုင္းဆြဲ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္ျပီး ၂၀၁၇ ႏွစ္အတြင္း ထုတ္ေဝခဲ့ေသာ Architectural Digest မဂၢဇင္းတစ္ေစာင္တြင္ ေဖာ္ျပခဲ့ဖူးသည္။

(မွတ္ခ်က္။ Mark Rios သည္Guy Ringler ႏွင့္ ေယာက္်ားခ်င္း လက္ထပ္ထားျခင္း ျဖစ္သည္။)

၂၀၂၀ ႏွစ္ကုန္ပုိင္းတြင္ Rios တို႔စံုတြဲက ဤစံအိမ္ကို လူရႊင္ေတာ္ Noah ထံ ကန္ေဒၚလာ ၂၇ ဒသမ ၅ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။ လူရႊင္ေတာ္ Noah သည္ ယခုစံအိမ္တြင္ တစ္ႏွစ္ခန္႔ ေနထုိင္ခဲ့ျပီးေနာက္ ဘီလ်ံနာ Bang Si-hyuk ထံ ေဒၚလာ ၁ ဒသမ ၁ သန္း အရံႈးခံကာ ေရာင္းခ်လိုက္ျခင္းလည္း ျဖစ္သည္။

ေတာင္ကုန္းေစာင္းတြင္ တည္ရွိကာ ျခံအက်ယ္ ၁ ဧက နီးပါးရွိျပီး ျမင့္မားေသာ ျခံစည္းေနာက္တြင္ စံအိမ္မွ ေပ်ာက္ကြယ္ေနသည္။

အိပ္ခန္း ၆ ခန္း ၊ ေရခ်ဳိးခန္း ၉ ခန္းပါဝင္ျပီး လူေနၾကမ္းခင္း ဧရိယာ ၁၁၀၀၀ စတုရန္းေပရွိကာ ျခံဝန္းအတြင္း ကား ၁၀ စင္း ရပ္နားႏိုင္ေသာ ေနရာလည္း ပါဝင္သည္။

(ဓာတ္ပံုမ်ားအတြက္ Credit – Hilton & Hyland)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Billionaire BTS Overlord Paid $26 Million for Trevor Noah’s Bel Air Mansion (dirt)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
Central Shop House
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service