အင်္ဂလန်တွင် သင်္ချိုင်းကုန်းတစ်ခုပါသော ဘုရားကျောင်းအဆောက်အအုံဟောင်းတစ်ခု ကြမ်းခင်းဈေး ပေါင် ၂၅၀၀၀ ဖြင့် လေလံတင်မည်၊ သတိပြုရမည့် အချက်အချို့ရှိနေ

အင်္ဂလန်တွင် သင်္ချိုင်းကုန်းတစ်ခုပါသော ဘုရားကျောင်းအဆောက်အအုံဟောင်းတစ်ခု ကြမ်းခင်းဈေး ပေါင် ၂၅၀၀၀ ဖြင့် လေလံတင်မည်၊ သတိပြုရမည့် အချက်အချို့ရှိနေ - Property News in Myanmar from iMyanmarHouse.com
19 Apr 2023 10:22 am တွင် တင်ခဲ့သည်
1525 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အကယ်၍ သင်သည် တစ္ဆေသရဲများကို မကြောက်တတ်သူဆိုပါက အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ အနောက်ဘက် Shropshire အရပ်ရှိ ဘုရားကျောင်းအဖြစ် အသုံးပြုခဲ့သော အဆောက်အအုံဟောင်းတစ်ခုကို အလွန်သက်သာသောဈေးဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေသည်။

ယခင်က Baptist ဘုရားကျောင်းအဖြစ် အသုံးပြုခဲ့သော အဆောက်အအုံကို ကြမ်းခင်းဈေး ပေါင် ၂၅၀၀၀ ဖြင့် လေလံတင်ရန် စီစဉ်ထားမှုရှိသည်။

သို့သော် သတိပြုရမည့် အချက်အချို့ရှိနေသည်။

Shropshire အရပ်၊ Bucknell ကျေးရွာတွင် တည်ရှိသော ဘုရားကျောင်း အဆောက်အအုံကို ၁၈၇၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး လူနေကြမ်းခင်းဧရိယာ ၁၀၂၇ စတုရန်းပေ ရှိသည်။

လက်ရှိတွင် ဘုရားကျောင်းနှင့် နောက်ဘက်အခန်းတစ်ခုဟူ၍ စုစုပေါင်း ၂ ခန်းသာ ပါဝင်သော်လည်း ပြန်လည်ပြုပြင်မွမ်းမံ အခန်းဖွဲ့စည်းမှုများ ပြုလုပ်နိုင်သည်။

မူရင်းလက်ရာများဖြစ်သော ကျွန်းတံခါးမကြီး ၂ ချပ်နှင့် ထုတ်တန်းဖော်မျက်နှာကြက်များမှာ ရှေးမူလက်ရာအတိုင်း ရှိသည်။

တီထွင်ဆန်းသစ်မှုများဖြင့် ရင်သပ်ရှုမောဖွယ် လူနေအိမ်အဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သော်လည်း လက်ရှိတွင်မူ ချက်ချင်းတက်နေ၍ ရမည်မဟုတ်သေး။

 

(ဘုရားကျောင်းအဆောက်အအုံဟောင်း၏ ရှေ့နှင့်နောက်တို့တွင်ရှိသော သင်္ချိုင်းနေရာများသို့ သက်ဆိုင်သူ မိသားစုများ လာရောက်ဂါရဝပြုမှုများကို ခွင့်ပြုပေးရမည်ဟု ဆိုသည်။ ဓာတ်ပုံ- Rightmove.co.uk)

 

အဆောက်အအုံတွင် ရေမရှိ၊ လျှပ်စစ်မီးမရှိ၊ ရေဆိုးစွန့်စနစ်လည်းမရှိ။ အဆောက်အအုံရှေ့နှင့် နောက်တို့တွင် သင်္ချိုင်းမှတ်တိုင်များဖြင့် အတိပြီးနေသည်။

၀ ဒသမ ၁၅ ကျယ်ဝန်းသော မြေနေရာကို ဘုရားကျောင်း၏ သုဿာန်အဖြစ် အသုံးပြုထားခြင်း ဖြစ်သည်။

ယခင်ကလည်း ခြံဝန်းအတွင်း သင်္ချိုင်းပါသော နေအိမ်များ အရောင်းဈေးကွက်ဝင်ခဲ့ဖူးသော်လည်း ထိုသင်္ချိုင်းများမှာ နှစ်ပေါင်းရာချီသက်တမ်းရှိပြီဖြစ်သော သင်္ချိုင်းဟောင်းများ ဖြစ်ကြသည်။

ယခု ဘုရားကျောင်းမှ သင်္ချိုင်းနေရာမှာမူ မကြာသေးမီကာလအထိ အသုံးပြုဆဲဖြစ်ရာ ဝယ်ယူမည့်သူအနေဖြင့် လိုက်နာရမည့် စည်းကမ်းအချို့ ရှိနေသည်။

 

(သင်သာ ဝယ်ယူမည်ဆိုပါက ဤနေရာကို မည်သို့ အသုံးပြုမည်နည်း။ ဓာတ်ပုံ- Rightmove.co.uk)

 

ပိုင်ရှင်သစ်အနေဖြင့် သင်္ချိုင်းနေရာများကို ဂါရဝပြုရန် လာရောက်လိုသော မည်သူကိုမဆို ဝင်ရောက်ခွင့်ပြု ရမည့်အပြင် သင်္ချိုင်းသို့ လာရောက်သူများအတွက် ခြံဝန်းအတွင်း မွမ်းမံထိန်းသိမ်းမှုများလည်း လုပ်ဆောင် ရမည် ဖြစ်သည်။

ထို့အပြင် Coxall Baptist ဘုရားကျောင်းအဖွဲ့ဝင်များအတွက် အုတ်ဂူသစ်များ ထားရှိခွင့်လည်း ပေးရမည်ဖြစ်သည့်အပြင် ခြံဝန်းအတွင်း ဈာပနအခမ်းအနားများ ကျင်းပခွင့်ပြုရမည် ဖြစ်သည်။

 

(သင်္ချိုင်းမှတ်တိုင်သစ်များကိုလည်း လက်ခံခွင့်ပြုရမည်ဟုဆိုသည်။ ဓာတ်ပုံ- Rightmove.co.uk)

 

လေလံဆွဲအနိုင်ရသူအနေဖြင့် ခြံဝန်းကို တစ်ဦးတည်းပိုင်ဆိုင်ခွင့်ရမည်မဟုတ်ဘဲ သချိုင်းနေရာများတွင် လာရောက်ပူဆွေးဝမ်းနည်းမည့်သူများနှင့် မျှဝေနေထိုင်ရမည် ဖြစ်သည်။

 

(ပိုင်ရှင်သစ်၏ လက်တွင် အလားအလာများစွာရှိလာနိုင်မည်ဖြစ်သည်။ ဓာတ်ပုံ- Rightmove.co.uk)

 

အချို့သော ဓာတ်ပုံများတွင် တွေ့ရမည့် ဘုရားရှိခိုးကျောင်းသုံး ခုံတန်းရှည်များနှင့် အော်ဂင်တို့မှာမူ ရောင်းချမှုတွင် မပါဝင်ချေ။

အဆိုပါအဆောက်အအုံကို အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ အနောက်မြောက်ဘက် Shrewsbury မြို့၊ Battlefield ကျေးရွာရှိ Halls Holdings House လေလံကုမ္ပဏီတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက် သောကြာနေ့တွင် လေလံတင်ရောင်းချမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Former church with garden graveyard goes on market for £25,000 – but there are conditions to the sale (metro)

 

 

 

 

[Zawgyi]

အဂၤလန္တြင္ သခ်ဳိင္းကုန္းတစ္ခုပါေသာ ဘုရားေက်ာင္းအေဆာက္အအံုေဟာင္းတစ္ခု ၾကမ္းခင္းေစ်း ေပါင္ ၂၅၀၀၀ ျဖင့္ ေလလံတင္မည္၊ သတိျပဳရမည့္ အခ်က္အခ်ဳိ႕ရွိေန

 

အကယ္၍ သင္သည္ တေစၦသရဲမ်ားကို မေၾကာက္တတ္သူဆိုပါက အဂၤလန္ႏိုင္ငံ၊ ဘာမင္ဂမ္ျမိဳ႕ အေနာက္ဘက္ Shropshire အရပ္ရွိ ဘုရားေက်ာင္းအျဖစ္ အသံုးျပဳခဲ့ေသာ အေဆာက္အအံုေဟာင္းတစ္ခုကို အလြန္သက္သာေသာေစ်းျဖင့္ ဝယ္ယူႏိုင္မည့္ အခြင့္အလမ္းတစ္ခု ေပၚေပါက္ေနသည္။

ယခင္က Baptist ဘုရားေက်ာင္းအျဖစ္ အသံုးျပဳခဲ့ေသာ အေဆာက္အအံုကို ၾကမ္းခင္းေစ်း ေပါင္ ၂၅၀၀၀ ျဖင့္ ေလလံတင္ရန္ စီစဥ္ထားမႈရွိသည္။

သို႔ေသာ္ သတိျပဳရမည့္ အခ်က္အခ်ဳိ႕ရွိေနသည္။

Shropshire အရပ္၊ Bucknell ေက်းရြာတြင္ တည္ရွိေသာ ဘုရားေက်ာင္း အေဆာက္အအံုကို ၁၈၇၁ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး လူေနၾကမ္းခင္းဧရိယာ ၁၀၂၇ စတုရန္းေပ ရွိသည္။

လက္ရွိတြင္ ဘုရားေက်ာင္းႏွင့္ ေနာက္ဘက္အခန္းတစ္ခုဟူ၍ စုစုေပါင္း ၂ ခန္းသာ ပါဝင္ေသာ္လည္း ျပန္လည္ျပဳျပင္မြမ္းမံ အခန္းဖြဲ႔စည္းမႈမ်ား ျပဳလုပ္ႏိုင္သည္။

မူရင္းလက္ရာမ်ားျဖစ္ေသာ ကၽြန္းတံခါးမၾကီး ၂ ခ်ပ္ႏွင့္ ထုတ္တန္းေဖာ္မ်က္ႏွာၾကက္မ်ားမွာ ေရွးမူလက္ရာအတိုင္း ရွိသည္။

တီထြင္ဆန္းသစ္မႈမ်ားျဖင့္ ရင္သပ္ရႈေမာဖြယ္ လူေနအိမ္အျဖစ္ ေျပာင္းလဲႏိုင္မည္ျဖစ္ေသာ္လည္း လက္ရွိတြင္မူ ခ်က္ခ်င္းတက္ေန၍ ရမည္မဟုတ္ေသး။

(ဘုရားေက်ာင္းအေဆာက္အအံုေဟာင္း၏ ေရွ႕ႏွင့္ေနာက္တို႔တြင္ရွိေသာ သခ်ဳိင္းေနရာမ်ားသို႔ သက္ဆိုင္သူ မိသားစုမ်ား လာေရာက္ဂါရဝျပဳမႈမ်ားကို ခြင့္ျပဳေပးရမည္ဟု ဆိုသည္။ ဓာတ္ပံု- Rightmove.co.uk)

အေဆာက္အအံုတြင္ ေရမရွိ၊ လွ်ပ္စစ္မီးမရွိ၊ ေရဆိုးစြန္႔စနစ္လည္းမရွိ။ အေဆာက္အအံုေရွ႕ႏွင့္ ေနာက္တို႔တြင္ သခၤ်ဳိင္းမွတ္တိုင္မ်ားျဖင့္ အတိျပီးေနသည္။

၀ ဒသမ ၁၅ က်ယ္ဝန္းေသာ ေျမေနရာကို ဘုရားေက်ာင္း၏ သုႆာန္အျဖစ္ အသံုးျပဳထားျခင္း ျဖစ္သည္။

ယခင္ကလည္း ျခံဝန္းအတြင္း သခၤ်ဳိင္းပါေသာ ေနအိမ္မ်ား အေရာင္းေစ်းကြက္ဝင္ခဲ့ဖူးေသာ္လည္း ထိုသခၤ်ဳိင္းမ်ားမွာ ႏွစ္ေပါင္းရာခ်ီသက္တမ္းရွိျပီျဖစ္ေသာ သခၤ်ဳိင္းေဟာင္းမ်ား ျဖစ္ၾကသည္။

ယခုဘုရားေက်ာင္းမွ သခၤ်ဳိင္းေနရာမွာမူ မၾကာေသးမီကာလအထိ အသံုးျပဳဆဲျဖစ္ရာ ဝယ္ယူမည့္သူအေနျဖင့္ လိုက္နာရမည့္ စည္းကမ္းအခ်ဳိ႕ ရွိေနသည္။

(သင္သာ ဝယ္ယူမည္ဆိုပါက ဤေနရာကို မည္သို႔ အသံုးျပဳမည္နည္း။ ဓာတ္ပံု- Rightmove.co.uk)

ပိုင္ရွင္သစ္အေနျဖင့္ သခၤ်ဳိင္းေနရာမ်ားကို ဂါရဝျပဳရန္ လာေရာက္လိုေသာ မည္သူကိုမဆို ဝင္ေရာက္ခြင့္ျပဳ ရမည့္အျပင္ သခၤ်ဳိင္းသို႔ လာေရာက္သူမ်ားအတြက္ ျခံဝန္းအတြင္း မြမ္းမံထိန္းသိမ္းမႈမ်ားလည္း လုပ္ေဆာင္ ရမည္ ျဖစ္သည္။

ထို႔အျပင္ Coxall Baptist ဘုရားေက်ာင္းအဖြဲ႔ဝင္မ်ားအတြက္ အုတ္ဂူသစ္မ်ား ထားရွိခြင့္လည္း ေပးရမည္ျဖစ္သည့္အျပင္ ျခံဝန္းအတြင္း စ်ာပနအခမ္းအနားမ်ား က်င္းပခြင့္ျပဳရမည္ ျဖစ္သည္။

(သခ်ဳိင္းမွတ္တိုင္သစ္္မ်ားကိုလည္း လက္ခံခြင့္ျပဳရမည္ဟုဆိုသည္။ ဓာတ္ပံု- Rightmove.co.uk)

ေလလံဆြဲအႏိုင္ရသူအေနျဖင့္ ျခံဝန္းကို တစ္ဦးတည္းပိုင္ဆိုင္ခြင့္ရမည္မဟုတ္ဘဲ သခ်ဳိင္းေနရာမ်ားတြင္ လာေရာက္ပူေဆြးဝမ္းနည္းမည့္သူမ်ားႏွင့္ မွ်ေဝေနထိုင္ရမည္ ျဖစ္သည္။

(ပိုင္ရွင္သစ္၏ လက္တြင္ အလားအလာမ်ားစြာရွိလာႏိုင္မည္ျဖစ္သည္။ ဓာတ္ပံု- Rightmove.co.uk)

အခ်ဳိ႕ေသာ ဓာတ္ပံုမ်ားတြင္ ေတြ႔ရမည့္ ဘုရားရွိခိုးေက်ာင္းသံုး ခံုတန္းရွည္မ်ားႏွင့္ ေအာ္ဂင္တို႔မွာမူ ေရာင္းခ်မႈတြင္ မပါဝင္ေခ်။

အဆိုပါအေဆာက္အအံုကို အဂၤလန္ႏိုင္ငံ၊ ဘာမင္ဂမ္ျမိဳ႕ အေနာက္ေျမာက္ဘက္ Shrewsbury ျမိဳ႕၊ Battlefield ေက်းရြာရွိ Halls Holdings House ေလလံကုမၸဏီတြင္ ၂၀၂၃ ခုႏွစ္၊ ဧျပီလ ၂၈ ရက္ ေသာၾကာေန႔တြင္ ေလလံတင္ေရာင္းခ်မည္ ျဖစ္သည္။

 

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Former church with garden graveyard goes on market for £25,000 – but there are conditions to the sale (metro)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service