ချားလ်စ်ဘုရင်က ညီတော်အင်ဒရူးမင်းသားကြီးကို ဝင်ဆာရဲတိုက်ဝန်းအတွင်းရှိ ဒေါ်လာ ၃၇ သန်းတန် Royal Lodge အိမ်တော်မှ နှင်ထုတ်သော်လည်း ညီတော်က ဆင်းမပေးသောကြောင့် ချားလ်စ်ဘုရင် ပြင်းစွာ မျက်မာန်ရှ

ချားလ်စ်ဘုရင်က ညီတော်အင်ဒရူးမင်းသားကြီးကို ဝင်ဆာရဲတိုက်ဝန်းအတွင်းရှိ ဒေါ်လာ ၃၇ သန်းတန် Royal Lodge အိမ်တော်မှ နှင်ထုတ်သော်လည်း ညီတော်က ဆင်းမပေးသောကြောင့် ချားလ်စ်ဘုရင် ပြင်းစွာ မျက်မာန်ရှ - Property News in Myanmar from iMyanmarHouse.com
18 Apr 2023 11:47 am တွင် တင်ခဲ့သည်
1150 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရှေးယခင်ကာလများကဆိုလျှင် ရှင်ဘုရင်သည် သက်ဦးဆံပိုင်ဖြစ်ရာ မိမိအား အာခံပါက ဆွေတော်မျိုးတော် များကိုပင်လျှင် ခေါင်းဖြတ်ကာ ကွပ်မျက်လေ့ရှိသည်။

သို့သော် မျက်မှောက်ခေတ် ၂၀၂၃ တွင်ကား အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်သည် တော်ဝင်မိသားစုများက သူ့အပေါ် အမိန့်မနာခံမှုများ ဆက်တိုက်ပြုလုပ်လာမှုအပေါ် မျက်မာန်ရှ စိတ်ပျက်ခြင်းမျှသာ တတ်နိုင်တော့သည်။

လာမည့်မေလ ၆ ရက်တွင် ချားလ်စ်ဘုရင်သည် ဖိဖုရားကြီး Camilla နှင့်အတူ နန်းတက်ပွဲကျင်းပရန် စီစဉ်ထားရာ နန်းတက်ပွဲမတိုင်မီ မိမိအပေါ် အာခံမှု ၂ ခု ဖြစ်ပေါ်နေခြင်းအပေါ် မျက်မာန်ရှလျက်ရှိသည်။

ပထမဖြစ်ရပ်မှာ သားတော်ဟယ်ရီက Spare အမည်ရှိ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် ထုတ်ဝေခဲ့ရာ စာအုပ်ထဲ၌ တော်ဝင်မိသားစု၏ အတွင်းရေးများကို ဝေဖန်ချပြထားခဲ့ခြင်းဖြစ်ပြီး ဖိဖုရားကြီး Camilla ကို ကောက်ကျစ်စဉ်းလဲသော မိထွေးဟု ရေးသားခဲ့သည်။

မင်းသားဟယ်ရီနှင့် ကြင်ယာတော်မီဂန်မာကယ်တို့သည် ချားလ်စ်ဘုရင်၏ နန်းတက်ပွဲသို့ တက်ရောက်ရေး အတွက် ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်သည်။

ဒုတိယဖြစ်ရပ်မှာ သက်တော် ၇၄ နှစ်ရှိပြီဖြစ်သော ချားလ်စ်ဘုရင်နှင့် ညီတော်မင်းသားကြီး အင်ဒရူးတို့အကြား ဖြစ်ပွားနေသော Royal Lodge အိမ်တော်ကိစ္စဖြစ်သည်။

အမေရိကန်တွင် လိင်ကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရကာ ထောင်အတွင်း သေဆုံးသွားခဲ့သော Jeffery Epstein ဆိုသူရှိသည်။

Virginia Giuffre အမည်ရှိ အမျိုးသမီးသည် Jeffery Epstein ၏ လူကုန်ကူးဂိုဏ်းမှတဆင့် မင်းသားကြီး အင်ဒရူးထံ လူကုန်ကူးခံခဲ့ရသည်ဟူသော စွပ်စွဲချက်များ ရှိခဲ့သည်။

မင်းသားကြီးအင်ဒရူးက ထိုစွပ်စွဲချက်များကို ငြင်းပယ်ထားသည်။

ထိုဖြစ်ရပ် ပေါ်ပေါက်ပြီးနောက်ပိုင်း အဲလစ်ဇဘက် ဘုရင်မကြီးက အင်ဒရူးမင်းသားကြီးကို ဂုဏ်ထူးဆောင် စစ်ဘက်ရာထူးများနှင့် တော်ဝင်အရိုက်အရာများ ၂၀၂၂ ခုနှစ်အတွင်း ရုပ်သိမ်းခဲ့သည်။

ယခင်က အင်ဒရူးမင်းသားကြီးသည် ဝေလမင်းသမီး ဒိုင်ယာနာက သားကြီးဝီလျံကို မမွေးဖွားမီအထိ အင်္ဂလန်ထီးနန်းအရိုက်အရာ ဆက်ခံရန် ဒုတိယနေရာတွင် ရှိခဲ့သူဖြစ်သည်။

(အင်ဒရူးမင်းသားကြီး (ဝဲ) ချားလ်စ်ဘုရင် (ယာ) ။ ဓာတ်ပုံ- Getty Images)

ယခုအခါ ချားလ်စ်ဘုရင်က ညီတော်အင်ဒရူးမင်းသားကြီးကို ဝင်ဆာရဲတိုက်ဝန်းအတွင်းရှိ ဒေါ်လာ ၃၇ သန်းတန် စံအိမ်တော်မှ ဆင်းပေးရန် ပြောထားသော်လည်း ညီတော်မင်းသားကြီးက ငြင်းဆန်နေခြင်း ဖြစ်သည်။

မင်းသားကြီး အင်ဒရူးကို မနှင်ထုတ်မီက ချားလ်စ်ဘုရင်က သားတော်ဟယ်ရီနှင့် မီဂန်တို့စုံတွဲကို Frogmore အိမ်တော်မှ နှင်ထုတ်ခဲ့သည်။

ယင်းနောက် အင်ဒရူးမင်းသားကြီးကို ခမ်းနားကြီးကျယ်သော Royal Lodge အိမ်တော်မှ ဆင်းကာ ဟယ်ရီ၏ Frogmore အိမ်တော်တွင် နေခိုင်းခဲ့သည်။

(လိင်အရှုပ်တော်ပုံ ဖြစ်ရပ်နောက်ပိုင်း တော်ဝင်မိသားစုတွင် အင်ဒရူးမင်းသားကြီး၏ အခန်းကဏ္ဍ မှေးမှိန် ပျောက်ကွယ်သွားသည်။ ဓာတ်ပုံ- Samir Hussein)

Frogmore အိမ်တော်နှင့် ယှဉ်လျှင် Royal Lodge အိမ်တော်မှာ ပိုမိုကြီးကျယ်ခမ်းနားရာ အသက် ၆၃ နှစ်ရှိပြီဖြစ်သော မင်းသားကြီးအင်ဒရူးက ၂၀၀၃ ခုနှစ်ကတည်းက နေထိုင်ခဲ့သော Lodge အိမ်တော်မှ ထွက်ခွာပေးရန် ငြင်းဆန်နေခြင်းလည်း ဖြစ်သည်။

“အင်ဒရူးက ထွက်ခွာမပေးလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအိမ်တော်ကြီးဟာ တော်ဝင်မိသားစုရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး မိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ အရေးကြီးတဲ့ အိမ်တော်ဖြစ်လို့ပါပဲ။ ဒါပေမဲ့ ထီးနန်း အရိုက်အရာ ဆက်ခံမယ့် အိမ်ရှေ့စံဝီလျံက ဒီအိမ်တော်ကို မျက်စိကျနေပါတယ်”ဟု တော်ဝင်မိသားစု သတင်းရင်းမြစ်တစ်ခုက ပြောသည်။

(အိမ်ရှေ့မင်းသားဝီလျံနှင့် မိသားစုနေထိုင်ရန်အတွက် မင်းသားကြီး အင်ဒရူးအား ဒေါ်လာ ၃၇ သန်းတန် Royal Lodge အိမ်တော်မှ ဖယ်ရှားခိုင်းထားသည်။ ဓာတ်ပုံ- Roland Hoskins)

အိမ်ရှေ့မင်းသားဝီလျံနှင့် ကြင်ယာတော် Kate ၊ ရင်သွေးတော်များဖြစ်သော George ၊ Charlotte နှင့် Louis တို့သည် အင်ဒရူးမင်းသားကြီး၏ Royal Lodge အိမ်တော်အနီးရှိ Adelaide အိမ်တော်သို့ ပြောင်းရွှေ့နေထိုင် ခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေး။

Adelaide အိမ်တော်မှာ အိပ်ခန်း ၄ ခန်းသာ ပါဝင်ပြီး ဝီလျံတို့ မိသားစုအတွက် ကျဉ်းမြောင်းနေသည်။

အထူးသဖြင့် အိမ်ရှေ့စံဖြစ်လာသော မင်းသားဝီလျံအတွက် ရုံးခန်းနေရာလည်း လိုအပ်နေသည်။

မင်းသားဝီလျံ လက်ရှိနေထိုင်သော အိမ်တော်မှာ ယခင်က တော်ဝင်မိသားစုထံ အမှုတော်ထမ်းခဲ့သူများ နေထိုင်ခဲ့သည့် နေရာဖြစ်သည်။

(ချားလ်စ်ဘုရင်က မင်းသားကြီးအင်ဒရူးကို Royal Lodge အိမ်တော်အောက်သေးငယ်သော Frogmore အိမ်တော်သို့ ပြောင်းရွှေ့နေထိုင်စေလိုသည်။ ဓာတ်ပုံ- BACKGRID)

(အဲလစ်ဇဘက် ဘုရင်မကြီး ငယ်ရွယ်စဉ်က သားတော်အင်ဒရူးမင်းသားလေးကို ပွေ့ချီထားပုံ။ ဘုရင်မကြီး၏ ဝဲဘက်တွင် ရပ်နေသူမှာ Anne မင်းသမီးဖြစ်ပြီး ယာဘက်တွင် ရပ်နေသူမှာ သားတော်ကြီး မင်းသားဝီလျံ ဖြစ်သည်။ ဓာတ်ပုံ- Getty Images)

(အိမ်ရှေ့မင်းသား ဝီလျံ လက်ရှိနေထိုင်သော Adelaide အိမ်တော်။ ဓာတ်ပုံ- Royal Collection)

(အိမ်ရှေ့မင်းသားဝီလျံနှင့် ကြင်ယာတော်။ ဓာတ်ပုံ- Samir Hussein)

(၁၉၉၆ ခုနှစ်အတွင်း ဇနီးမောင်နှံ ကွာရှင်းထားသော်လည်း အင်ဒရူးမင်းသားကြီးနှင့် Sara Ferguson တို့သည် Royal Lodge အိမ်တော်တွင် ဆက်လက်နေထိုင်လျက်ရှိသည်။ ဓာတ်ပုံ- Getty Images)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: King Charles ‘furious’ with disgraced Prince Andrew, who refuses to leave $37M home (pagesix)

[Zawgyi]

ခ်ားလ္စ္ဘုရင္က ညီေတာ္အင္ဒရူးမင္းသားၾကီးကို ဝင္ဆာရဲတိုက္ဝန္းအတြင္းရွိ ေဒၚလာ ၃၇ သန္းတန္ Royal Lodge အိမ္ေတာ္မွ ႏွင္ထုတ္ေသာ္လည္း ညီေတာ္က ဆင္းမေပးေသာေၾကာင့္ ခ်ားလ္စ္ဘုရင္ ျပင္းစြာ မ်က္မာန္ရွ

ေရွးယခင္ကာလမ်ားကဆိုလွ်င္ ရွင္ဘုရင္သည္ သက္ဦးဆံပုိင္ျဖစ္ရာ မိမိအား အာခံပါက ေဆြေတာ္မ်ဳိးေတာ္ မ်ားကိုပင္လွ်င္ ေခါင္းျဖတ္ကာ ကြပ္မ်က္ေလ့ရွိသည္။

သို႔ေသာ္ မ်က္ေမွာက္ေခတ္ ၂၀၂၃ တြင္ကား အဂၤလန္ျပည့္ရွင္ ခ်ားလ္စ္ဘုရင္သည္ ေတာ္ဝင္မိသားစုမ်ားက သူ႔အေပၚ အမိန္႔မနာခံမႈမ်ား ဆက္တုိက္ျပဳလုပ္လာမႈအေပၚ မ်က္မာန္ရွ စိတ္ပ်က္ျခင္းမွ်သာ တတ္ႏိုင္ေတာ့သည္။

လာမည့္ေမလ ၆ ရက္တြင္ ခ်ားလ္စ္ဘုရင္သည္ ဖိဖုရားၾကီး Camilla ႏွင့္အတူ နန္းတက္ပြဲက်င္းပရန္ စီစဥ္ထားရာ နန္းတက္ပြဲမတိုင္မီ မိမိအေပၚ အာခံမႈ ၂ ခု ျဖစ္ေပၚေနျခင္းအေပၚ မ်က္မာန္ရွလ်က္ရွိသည္။

ပထမျဖစ္ရပ္မွာ သားေတာ္ဟယ္ရီက Spare အမည္ရွိ ကိုယ္တိုင္ေရးအတၳဳပၸတၱိစာအုပ္ ထုတ္ေဝခဲ့ရာ စာအုပ္ထဲ၌ ေတာ္ဝင္မိသားစု၏ အတြင္းေရးမ်ားကို ေဝဖန္ခ်ျပထားခဲ့ျခင္းျဖစ္ျပီး ဖိဖုရားၾကီး Camilla ကို ေကာက္က်စ္စဥ္းလဲေသာ မိေထြးဟု ေရးသားခဲ့သည္။

မင္းသားဟယ္ရီႏွင့္ ၾကင္ယာေတာ္မီဂန္မာကယ္တို႔သည္ ခ်ားလ္စ္ဘုရင္၏ နန္းတက္ပြဲသို႔ တက္ေရာက္ေရး အတြက္ ေဆြးေႏြးညွိႏႈိင္းေနဆဲ ျဖစ္သည္။

ဒုတိယျဖစ္ရပ္မွာ သက္ေတာ္ ၇၄ ႏွစ္ရွိျပီျဖစ္ေသာ ခ်ားလ္စ္ဘုရင္ႏွင့္ ညီေတာ္မင္းသားၾကီး အင္ဒရူးတို႔အၾကား ျဖစ္ပြားေနေသာ Royal Lodge အိမ္ေတာ္ကိစၥျဖစ္သည္။

အေမရိကန္တြင္ လိင္ကုန္ကူးမႈျဖင့္ ေထာင္ဒဏ္ခ်မွတ္ခံရကာ ေထာင္အတြင္း ေသဆံုးသြားခဲ့ေသာ Jeffery Epstein ဆိုသူရွိသည္။

Virginia Giuffre အမည္ရွိ အမ်ဳိးသမီးသည္ Jeffery Epstein ၏ လူကုန္ကူးဂိုဏ္းမွတဆင့္ မင္းသားၾကီး အင္ဒရူးထံ လူကုန္ကူးခံခဲ့ရသည္ဟူေသာ စြပ္စြဲခ်က္မ်ား ရွိခဲ့သည္။

မင္းသားၾကီးအင္ဒရူးက ထိုစြပ္စြဲခ်က္မ်ားကို ျငင္းပယ္ထားသည္။

ထိုျဖစ္ရပ္ ေပၚေပါက္ျပီးေနာက္ပုိင္း အဲလစ္ဇဘက္ ဘုရင္မၾကီးက အင္ဒရူးမင္းသားၾကီးကုိ ဂုဏ္ထူးေဆာင္ စစ္ဘက္ရာထူးမ်ားႏွင့္ ေတာ္ဝင္အရုိက္အရာမ်ား ၂၀၂၂ ခုႏွစ္အတြင္း ရုပ္သိမ္းခဲ့သည္။

ယခင္က အင္ဒရူးမင္းသားၾကီးသည္ ေဝလမင္းသမီး ဒိုင္ယာနာက သားၾကီးဝီလ်ံကို မေမြးဖြားမီအထိ အဂၤလန္ထီးနန္းအရုိက္အရာ ဆက္ခံရန္ ဒုတိယေနရာတြင္ ရွိခဲ့သူျဖစ္သည္။

(အင္ဒရူးမင္းသားၾကီး (ဝဲ) ခ်ားလ္စ္ဘုရင္ (ယာ) ။ ဓာတ္ပံု- Getty Images)

ယခုအခါ ခ်ားလ္စ္ဘုရင္က ညီေတာ္အင္ဒရူးမင္းသားၾကီးကို ဝင္ဆာရဲတိုက္ဝန္းအတြင္းရွိ ေဒၚလာ ၃၇ သန္းတန္ စံအိမ္ေတာ္မွ ဆင္းေပးရန္ ေျပာထားေသာ္လည္း ညီေတာ္မင္းသားၾကီးက ျငင္းဆန္ေနျခင္း ျဖစ္သည္။

မင္းသားၾကီး အင္ဒရူးကို မႏွင္ထုတ္မီက ခ်ားလ္စ္ဘုရင္က သားေတာ္ဟယ္ရီႏွင့္ မီဂန္တို႔စံုတြဲကို Frogmore အိမ္ေတာ္မွ ႏွင္ထုတ္ခဲ့သည္။

ယင္းေနာက္ အင္ဒရူးမင္းသားၾကီးကို ခမ္းနားၾကီးက်ယ္ေသာ Royal Lodge အိမ္ေတာ္မွ ဆင္းကာ ဟယ္ရီ၏ Frogmore အိမ္ေတာ္တြင္ ေနခိုင္းခဲ့သည္။

(လိင္အရႈပ္ေတာ္ပံု ျဖစ္ရပ္ေနာက္ပိုင္း ေတာ္ဝင္မိသားစုတြင္ အင္ဒရူးမင္းသားၾကီး၏ အခန္းက႑ ေမွးမိွန္ ေပ်ာက္ကြယ္သြားသည္။ ဓာတ္ပံု- Samir Hussein)

Frogmore အိမ္ေတာ္ႏွင့္ ယွဥ္လွ်င္ Royal Lodge အိမ္ေတာ္မွာ ပုိမိုၾကီးက်ယ္ခမ္းနားရာ အသက္ ၆၃ ႏွစ္ရွိျပီျဖစ္ေသာ မင္းသားၾကီးအင္ဒရူးက ၂၀၀၃ ခုႏွစ္ကတည္းက ေနထိုင္ခဲ့ေသာ Lodge အိမ္ေတာ္မွ ထြက္ခြာေပးရန္ ျငင္းဆန္ေနျခင္းလည္း ျဖစ္သည္။

“အင္ဒရူးက ထြက္ခြာမေပးလုိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒီအိမ္ေတာ္ၾကီးဟာ ေတာ္ဝင္မိသားစုရဲ႕ ျပယုဂ္တစ္ခုျဖစ္ျပီး မိသားစုရဲ႕ ပိုင္ဆိုင္မႈေတြထဲမွာ အေရးၾကီးတဲ့ အိမ္ေတာ္ျဖစ္လို႔ပါပဲ။ ဒါေပမဲ့ ထီးနန္း အရုိက္အရာ ဆက္ခံမယ့္ အိမ္ေရွ႕စံဝီလ်ံက ဒီအိမ္ေတာ္ကို မ်က္စိက်ေနပါတယ္”ဟု ေတာ္ဝင္မိသားစု သတင္းရင္းျမစ္တစ္ခုက ေျပာသည္။

(အိမ္ေရွ႕မင္းသားဝီလ်ံႏွင့္ မိသားစုေနထိုင္ရန္အတြက္ မင္းသားၾကီး အင္ဒရူးအား ေဒၚလာ ၃၇ သန္းတန္ Royal Lodge အိမ္ေတာ္မွ ဖယ္ရွားခိုင္းထားသည္။ ဓာတ္ပံု- Roland Hoskins)

အိမ္ေရွ႕မင္းသားဝီလ်ံႏွင့္ ၾကင္ယာေတာ္ Kate ၊ ရင္ေသြးေတာ္မ်ားျဖစ္ေသာ George ၊ Charlotte ႏွင့္ Louis တို႔သည္ အင္ဒရူးမင္းသားၾကီး၏ Royal Lodge အိမ္ေတာ္အနီးရွိ Adelaide အိမ္ေတာ္သို႔ ေျပာင္းေရႊ႕ေနထိုင္ ခဲ့သည္မွာ တစ္ႏွစ္ပင္ မျပည့္ေသး။

Adelaide အိမ္ေတာ္မွာ အိပ္ခန္း ၄ ခန္းသာ ပါဝင္ျပီး ဝီလ်ံတို႔ မိသားစုအတြက္ က်ဥ္းေျမာင္းေနသည္။

အထူးသျဖင့္ အိမ္ေရွ႕စံျဖစ္လာေသာ မင္းသားဝီလ်ံအတြက္ ရံုးခန္းေနရာလည္း လိုအပ္ေနသည္။

မင္းသားဝီလ်ံ လက္ရွိေနထိုင္ေသာ အိမ္ေတာ္မွာ ယခင္က ေတာ္ဝင္မိသားစုထံ အမႈေတာ္ထမ္းခဲ့သူမ်ား ေနထိုင္ခဲ့သည့္ ေနရာျဖစ္သည္။

(ခ်ားလ္စ္ဘုရင္က မင္းသားၾကီးအင္ဒရူးကုိ Royal Lodge အိမ္ေတာ္ေအာက္ေသးငယ္ေသာ Frogmore အိမ္ေတာ္သို႔ ေျပာင္းေရႊ႕ေနထိုင္ေစလိုသည္။ ဓာတ္ပံု- BACKGRID)

(အဲလစ္ဇဘက္ ဘုရင္မၾကီး ငယ္ရြယ္စဥ္က သားေတာ္အင္ဒရူးမင္းသားေလးကို ေပြ႔ခ်ီထားပံု။ ဘုရင္မၾကီး၏ ဝဲဘက္တြင္ ရပ္ေနသူမွာ Anne မင္းသမီးျဖစ္ျပီး ယာဘက္တြင္ ရပ္ေနသူမွာ သားေတာ္ၾကီး မင္းသားဝီလ်ံ ျဖစ္သည္။ ဓာတ္ပံု- Getty Images)

(အိမ္ေရွ႕မင္းသား ဝီလ်ံ လက္ရွိေနထိုင္ေသာ Adelaide အိမ္ေတာ္။ ဓာတ္ပံု- Royal Collection)

(အိမ္ေရွ႕မင္းသားဝီလ်ံႏွင့္ ၾကင္ယာေတာ္။ ဓာတ္ပံု- Samir Hussein)

(၁၉၉၆ ခုႏွစ္အတြင္း ဇနီးေမာင္ႏွံ ကြာရွင္းထားေသာ္လည္း အင္ဒရူးမင္းသားၾကီးႏွင့္ Sara Ferguson တို႔သည္ Royal Lodge အိမ္ေတာ္တြင္ ဆက္လက္ေနထိုင္လ်က္ရွိသည္။ ဓာတ္ပံု- Getty Images)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: King Charles ‘furious’ with disgraced Prince Andrew, who refuses to leave $37M home (pagesix)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
CarsDB
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service