စင်္ကာပူက ဖူးစာဖက် ဆုတောင်းပြည့်နတ် (သို့မဟုတ်) ချစ်သူရရန် စင်္ကာပူရှိ Raffles Palace ဘုရားတွင် ဆုတောင်းသည့် ထိုင်းမိန်းကလေး ၂ လအကြာတွင် စင်္ကာပူနိုင်ငံသားနှင့် ဖူးစာဆုံ

စင်္ကာပူက ဖူးစာဖက် ဆုတောင်းပြည့်နတ် (သို့မဟုတ်) ချစ်သူရရန် စင်္ကာပူရှိ Raffles Palace ဘုရားတွင် ဆုတောင်းသည့် ထိုင်းမိန်းကလေး ၂ လအကြာတွင် စင်္ကာပူနိုင်ငံသားနှင့် ဖူးစာဆုံ - Property News in Myanmar from iMyanmarHouse.com
18 Apr 2023 9:48 am တွင် တင်ခဲ့သည်
9878 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

((ယုဟိုင်ချင်း Yuech Hai Ching ဘုရားကျောင်းသို့ ၃ ကြိမ် သွားရောက်ဆုတောင်းပြီးနောက် စင်္ကာပူနိုင်ငံသား နှင့် ဖူးစာဆုံခြင်း))

ကျွန်ုပ်တို့၏ ဘဝတွင် အချစ်ကို ရှာဖွေရသည်မှာ မိမိ၏ ကံတရားပေါ်မူတည်ကာ တိုတောင်းသည့် ခရီးဖြစ်နိုင် သလို ရှည်လျားသည့် ခရီးလည်း ဖြစ်နိုင်ပါသည်။

ထိုင်းနိုင်ငံမှ မိန်းကလေးတစ်ဦးမှာမူ ဘုရားကျောင်းတစ်ခုတွင် ချစ်သူရရန် ဆုတောင်းပြီးနောက် ဖူးစာဖက် ရှာတွေ့သွားသည်။

ထိုမိန်းကလေးသည် စင်္ကာပူမှ ဘဏ္ဍာရေးရပ်ကွက်တွင် တည်ရှိသော Raffles Palace အဆောက်အဦးကြီးရှိ ယုဟိုင်ချင်း ဘုရားကျောင်းတွင် မကြာခဏ သွားရောက် ဆုတောင်းခဲ့သည်။

ယခုအခါတွင်မူ သူ၏ ဆုတောင်းပြည့်သွားခဲ့ပြီ ဖြစ်သည်။

ထိုမိန်းကလေးသည် စင်္ကာပူနိုင်ငံသားတစ်ဦးနှင့် လက်ထပ်နိုင်ခဲ့ပြီဖြစ်ကာ ၎င်းတို့စုံတွဲက ဘုရားကျောင်းကို ကျေးဇူးတင်ကြောင်းပြောကာ ဝတ်ပြုပူဇော်မှုများ ပြုလုပ်ခဲ့သည်။

 

 

 

((ယုဟိုင်ချင်း ဘုရားကျောင်းရှိ ရွဲ့လောင်နတ်ထံ ဆုတောင်းခဲ့။))

 

 

ထိုမိန်းကလေး၏ ခင်ပွန်းဖြစ်လာသူ အသက် ၂၈ နှစ်အရွယ်ရှိ ယန် (Yang Zihao) က Shin Min Daily News သတင်းဌာနသို့ ပြောသည်မှာ သူ၏ ဇနီးဖြစ်လာသူ အသက် ၂၃ နှစ်အရွယ်ရှိ ပင်မဒါ (Pimmada) ဆိုသော ထိုင်းမိန်းကလေးသည် ၂၀၂၂ ခုနှစ် ၊ မေလတွင် ကိုဗစ်ကာလ ကန့်သတ်မှုများ ဖြေလျော့ပေးချိန်၌ စင်္ကာပူသို့ ရက်သတ္တ ၂ ပတ်ကြာ ခရီးစဉ် လာရောက်ခဲ့ကြောင်း ပြောသည်။

 

 

 

စင်္ကာပူသို့ ရောက်ရှိနေချိန်တွင် တရုတ်ရိုးရာကိုးကွယ်ယုံကြည်မှုဖြစ်သော ချစ်ခြင်းမေတ္တာနှင့် အိမ်ထောင်ရေး တို့ကို ကိုယ်စားပြုသည့် ရွဲ့လောင်နတ်ကို ယုဟိုင်ချင်းဘုရားကျောင်းတွင် ပူဇော်ထားရှိကြောင်း ကြားသိလာ ရသောအခါ ပင်မဒါက သွားရောက်ပူဇော်ဆုတောင်းရန် ဆုံးဖြတ်ခဲ့သည်။

 

 

(ဓာတ်ပုံ- Google Maps)

 

ပထမအကြိမ် သွားရောက်ချိန်တွင် ဘုရားကျောင်းမဖွင့်သောကြောင့် အပြင်ဘက်မှ ဆုတောင်းခဲ့သည်။

ပင်မဒါမှာ စိတ်ပျက်သွားသော်လည်း နောက်တစ်ကြိမ် ထပ်မံ သွားရောက်ပြန်သည်။

ထိုတစ်ခေါက်တွင် ပင်မဒါ ဆုတောင်းသည်မှာ မိမိနှင့် မိသားစု ဘေးအန္တရာယ်ကင်းကာ ဘဝအောင်မြင်မှုများ ရစေရန် ဆုတောင်းခဲ့သည်။

ထိုသို့ ဆုတောင်းပြီး မကြာမီတွင် စီးပွားရေး အကျပ်ဆိုက်နေသော မိသားစုဝင်တစ်ဦး ထီပေါက်သွားသည်။

 

 

 

ပင်မဒါကမူ တိုက်ဆိုင်မှုသာဟု ယူဆခဲ့သည်။

ပင်မဒါသည် စင်္ကာပူက မပြန်မီတွင် ရွဲ့လောင်နတ်ထံ နောက်ဆုံးတစ်ခေါက် ထပ်မံသွားရောက် ဆုတောင်းခဲ့သည်။

ဤတစ်ကြိမ်တွင် ပင်မဒါ ဆုတောင်းခဲ့သည်မှာကား ဖူးစာဖက်ကောင်း ရပါစေဟု ဆုတောင်းခဲ့ခြင်း ဖြစ်သည်။

((ဖူးစာဖက် တွေ့ပြီ))

ပင်မဒါသည် ထိုင်းသို့ ပြန်ရောက်ပြီး ၂ လအကြာတွင် တွေ့ဆုံပွဲတစ်ခု၌ ခင်ပွန်းဖြစ်လာမည့် ယန်နှင့် ဆုံစည်းခဲ့သည်။

ယန်သည် ထိုင်းတွင် Marketing ဆိုင်ရာ မာစတာတန်း တက်နေသူဖြစ်သည်။

Shin Min Daily News သတင်းဌာနသို့ ယန်က ပြောသည်မှာ ပင်မဒါကို မြင်မြင်ချင်း ချစ်သွားမိကြောင်း ပြောသည်။

၎င်းတို့နှစ်ဦး စတင်ဆုံစည်းပြီး ၃ လအကြာတွင် ချစ်သူများ ဖြစ်ခဲ့ကြပြီး ၁ နှစ်ခွဲခန့် တွဲခဲ့ပြီးနောက် လက်ထပ် လိုက်ကြခြင်း ဖြစ်သည်။

 

(ပင်မဒါတို့ စုံတွဲ။ ဓာတ်ပုံ- Shin Min Daily News )

 

အချစ်စစ်တို့၏ လမ်းတွင် အခက်အခဲ ၊ အတားအဆီးများရှိကြောင်း ပင်မဒါတို့ စုံတွဲက ပြောသည်။

ယန်နှင့် ပင်မဒါတို့ကြားမှ အတားအဆီးမှာ ဘာသာစကားဖြစ်သည်။ သို့သော် ဘာသာစကားအတားအဆီးက သူတို့၏ အချစ်ကို မဟန့်တားနိုင်ခဲ့။

ပင်မဒါက ထိုင်းစကားသာ ပြောတတ်သည်။

အင်္ဂလိပ်စကားသိပ်မပြောတတ်။

ထို့ကြောင့် သူတို့နှစ်ဦး Google Translate ကို အသုံးပြုကာ ဆက်သွယ်ကြရသည်။

နောက်ပိုင်းတွင် ယန်က ထိုင်းစကားသင်ခဲ့ကာ ပင်မဒါနှင့် အတော်အတန် ပြောဆိုနိုင်လာသည်။

လက်ရှိတွင် ယန်က ထိုင်းစာလေ့လာနေပြီး ပင်မဒါက အင်္ဂလိပ်စာ လေ့လာနေသည်။

 

((ရွဲ့လောင်နတ်ထံ ကျေးဇူးဆပ်ခရီး))

ယန်က ထုတ်ဖော်ပြောကြားသည်မှာ ဖေဖော်ဝါရီလ ၁၃ ရက်တွင် လက်ထပ်ခွင့်တောင်းခံခဲ့ပြီး မတ်လ ၂၈ ရက်တွင် စင်္ကာပူသို့ သွားကာ လက်ထပ်ခဲ့ကြသည်။

ထိုခရီးစဉ်တွင် သူတို့နှစ်ဦး ဆုံစည်းစေခဲ့သည့် ရွဲ့လောင်နတ်ထံ ကျေးဇူးတင်ကြောင်း ပြောကာ ပူဇော်ခဲ့ကြ သည်ဟု ဆိုသည်။

 

 

ယန်က ဖြည့်စွက်ပြောသည်မှာ ထိုင်းနိုင်ငံတွင် နေထိုင်မှု ကုန်ကျစရိတ် နည်းပါးသောကြောင့် မာစတာဘွဲ့ကို ထိုင်းနိုင်ငံတွင် ရယူခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

သို့သော် ယန်တို့ စုံတွဲက ကလေးတစ်ယောက်ယူရန်နှင့် စင်္ကာပူတွင် ပြန်လည် အခြေချရန် ဆုံးဖြတ်ထားသည်။

ယခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် ထိုင်းနိုင်ငံ၌ မင်္ဂလာပွဲကျင်းပရန်လည်း စီစဉ်ထားသည်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thai Woman Visits Raffles Place Temple To Pray For Love, Finds S’porean Partner 2 Months Later (mustsharenews)

 

 

 

 

[Zawgyi]

စကၤာပူက ဖူးစာဖက္ ဆုေတာင္းျပည့္နတ္ (သို႔မဟုတ္) ခ်စ္သူရရန္ စကၤာပူရွိ Raffles Palace ဘုရားတြင္ ဆုေတာင္းသည့္ ထိုင္းမိန္းကေလး ၂ လအၾကာတြင္ စကၤာပူႏိုင္ငံသားႏွင့္ ဖူးစာဆံု

 

((ယုဟိုင္ခ်င္း Yuech Hai Ching ဘုရားေက်ာင္းသို႔ ၃ ၾကိမ္ သြားေရာက္ဆုေတာင္းျပီးေနာက္ စကၤာပူႏိုင္ငံသား ႏွင့္ ဖူးစာဆံုျခင္း))

ကၽြႏု္ပ္တို႔၏ ဘဝတြင္ အခ်စ္ကို ရွာေဖြရသည္မွာ မိမိ၏ ကံတရားေပၚမူတည္ကာ တုိေတာင္းသည့္ ခရီးျဖစ္ႏိုင္ သလို ရွည္လ်ားသည့္ ခရီးလည္း ျဖစ္ႏိုင္ပါသည္။

ထုိင္းႏိုင္ငံမွ မိန္းကေလးတစ္ဦးမွာမူ ဘုရားေက်ာင္းတစ္ခုတြင္ ခ်စ္သူရရန္ ဆုေတာင္းျပီးေနာက္ ဖူးစာဖက္ ရွာေတြ႔သြားသည္။

ထိုမိန္းကေလးသည္ စကၤာပူမွ ဘ႑ာေရးရပ္ကြက္တြင္ တည္ရွိေသာ Raffles Palace အေဆာက္အဦးၾကီးရွိ ယုဟိုင္ခ်င္း ဘုရားေက်ာင္းတြင္ မၾကာခဏ သြားေရာက္ ဆုေတာင္းခဲ့သည္။

ယခုအခါတြင္မူ သူ၏ ဆုေတာင္းျပည့္သြားခဲ့ျပီ ျဖစ္သည္။

ထိုမိန္းကေလးသည္ စကၤာပူႏိုင္ငံသားတစ္ဦးႏွင့္ လက္ထပ္ႏုိင္ခဲ့ျပီျဖစ္ကာ ၎တုိ႔စံုတြဲက ဘုရားေက်ာင္းကို ေက်းဇူးတင္ေၾကာင္းေျပာကာ ဝတ္ျပဳပူေဇာ္မႈမ်ား ျပဳလုပ္ခဲ့သည္။

((ယုဟုိင္ခ်င္း ဘုရားေက်ာင္းရွိ ရြဲ႕ေလာင္နတ္ထံ ဆုေတာင္းခဲ့။))

ထိုမိန္းကေလး၏ ခင္ပြန္းျဖစ္လာသူ အသက္ ၂၈ ႏွစ္အရြယ္ရွိ ယန္ (Yang Zihao) က Shin Min Daily News သတင္းဌာနသုိ႔ ေျပာသည္မွာ သူ၏ ဇနီးျဖစ္လာသူ အသက္ ၂၃ ႏွစ္အရြယ္ရွိ ပင္မဒါ (Pimmada) ဆိုေသာ ထိုင္းမိန္းကေလးသည္ ၂၀၂၂ ခုႏွစ္ ၊ ေမလတြင္ ကိုဗစ္ကာလ ကန္႔သတ္မႈမ်ား ေျဖေလ်ာ့ေပးခ်ိန္၌ စကၤာပူသို႔ ရက္သတၱ ၂ ပတ္ၾကာ ခရီးစဥ္ လာေရာက္ခဲ့ေၾကာင္း ေျပာသည္။

စကၤာပူသို႔ ေရာက္ရွိေနခ်ိန္တြင္ တရုတ္ရုိးရာကိုးကြယ္ယံုၾကည္မႈျဖစ္ေသာ ခ်စ္ျခင္းေမတၱာႏွင့္ အိမ္ေထာင္ေရး တို႔ကို ကိုယ္စားျပဳသည့္ ရြဲ႕ေလာင္နတ္ကို ယုဟုိင္ခ်င္းဘုရားေက်ာင္းတြင္ ပူေဇာ္ထားရွိေၾကာင္း ၾကားသိလာ ရေသာအခါ ပင္မဒါက သြားေရာက္ပူေဇာ္ဆုေတာင္းရန္ ဆံုးျဖတ္ခဲ့သည္။

(ဓာတ္ပံု- Google Maps)

ပထမအၾကိမ္ သြားေရာက္ခ်ိန္တြင္ ဘုရားေက်ာင္းမဖြင့္ေသာေၾကာင့္ အျပင္ဘက္မွ ဆုေတာင္းခဲ့သည္။

ပင္မဒါမွာ စိတ္ပ်က္သြားေသာ္လည္း ေနာက္တစ္ၾကိမ္ ထပ္မံ သြားေရာက္ျပန္သည္။

ထိုတစ္ေခါက္တြင္ ပင္မဒါ ဆုေတာင္းသည္မွာ မိမိႏွင့္ မိသားစု ေဘးအႏၱရာယ္ကင္းကာ ဘဝေအာင္ျမင္မႈမ်ား ရေစရန္ ဆုေတာင္းခဲ့သည္။

ထိုသို႔ ဆုေတာင္းျပီး မၾကာမီတြင္ စီးပြားေရး အက်ပ္ဆိုက္ေနေသာ မိသားစုဝင္တစ္ဦး ထီေပါက္သြားသည္။

ပင္မဒါကမူ တိုက္ဆိုင္မႈသာဟု ယူဆခဲ့သည္။

ပင္မဒါသည္ စကၤာပူက မျပန္မီတြင္ ရြဲ႕ေလာင္နတ္ထံ ေနာက္ဆံုးတစ္ေခါက္ ထပ္မံသြားေရာက္ ဆုေတာင္းခဲ့သည္။

ဤတစ္ၾကိမ္တြင္ ပင္မဒါ ဆုေတာင္းခဲ့သည္မွာကား ဖူးစာဖက္ေကာင္း ရပါေစဟု ဆုေတာင္းခဲ့ျခင္း ျဖစ္သည္။

((ဖူးစာဖက္ ေတြ႔ျပီ))

ပင္မဒါသည္ ထိုင္းသို႔ ျပန္ေရာက္ျပီး ၂ လအၾကာတြင္ ေတြ႔ဆံုပြဲတစ္ခု၌ ခင္ပြန္းျဖစ္လာမည့္ ယန္ႏွင့္ ဆံုစည္းခဲ့သည္။

ယန္သည္ ထိုင္းတြင္ Marketing ဆိုင္ရာ မာစတာတန္း တက္ေနသူျဖစ္သည္။

Shin Min Daily News သတင္းဌာနသို႔ ယန္က ေျပာသည္မွာ ပင္မဒါကုိ ျမင္ျမင္ခ်င္း ခ်စ္သြားမိေၾကာင္း ေျပာသည္။

၎တို႔ႏွစ္ဦး စတင္ဆံုစည္းျပီး ၃ လအၾကာတြင္ ခ်စ္သူမ်ား ျဖစ္ခဲ့ၾကျပီး ၁ ႏွစ္ခြဲခန္႔ တြဲခဲ့ျပီးေနာက္ လက္ထပ္ လိုက္ၾကျခင္း ျဖစ္သည္။

(ပင္မဒါတို႔ စံုတြဲ။ ဓာတ္ပံု- Shin Min Daily News )

အခ်စ္စစ္တို႔၏ လမ္းတြင္ အခက္အခဲ ၊ အတားအဆီးမ်ားရွိေၾကာင္း ပင္မဒါတို႔ စုံတြဲက ေျပာသည္။

ယန္ႏွင့္ ပင္မဒါတို႔ၾကားမွ အတားအဆီးမွာ ဘာသာစကားျဖစ္သည္။ သို႔ေသာ္ ဘာသာစကားအတားအဆီးက သူတို႔၏ အခ်စ္ကုိ မဟန္႔တားႏိုင္ခဲ့။

ပင္မဒါက ထုိင္းစကားသာ ေျပာတတ္သည္။

အဂၤလိပ္စကားသိပ္မေျပာတတ္။

ထို႔ေၾကာင့္ သူတို႔ႏွစ္ဦး Google Translate ကုိ အသံုးျပဳကာ ဆက္သြယ္ၾကရသည္။

ေနာက္ပုိင္းတြင္ ယန္က ထိုင္းစကားသင္ခဲ့ကာ ပင္မဒါႏွင့္ အေတာ္အတန္ ေျပာဆိုႏုိင္လာသည္။

လက္ရွိတြင္ ယန္က ထိုင္းစာေလ့လာေနျပီး ပင္မဒါက အဂၤလိပ္စာ ေလ့လာေနသည္။

((ရြဲ႕ေလာင္နတ္ထံ ေက်းဇူးဆပ္ခရီး))

ယန္က ထုတ္ေဖာ္ေျပာၾကားသည္မွာ ေဖေဖာ္ဝါရီလ ၁၃ ရက္တြင္ လက္ထပ္ခြင့္ေတာင္းခံခဲ့ျပီး မတ္လ ၂၈ ရက္တြင္ စကၤာပူသို႔ သြားကာ လက္ထပ္ခဲ့ၾကသည္။

ထိုခရီးစဥ္တြင္ သူတို႔ႏွစ္ဦး ဆံုစည္းေစခဲ့သည့္ ရြဲ႕ေလာင္နတ္ထံ ေက်းဇူးတင္ေၾကာင္း ေျပာကာ ပူေဇာ္ခဲ့ၾက သည္ဟု ဆိုသည္။

ယန္က ျဖည့္စြက္ေျပာသည္မွာ ထိုင္းႏိုင္ငံတြင္ ေနထိုင္မႈ ကုန္က်စရိတ္ နည္းပါးေသာေၾကာင့္ မာစတာဘြဲ႔ကို ထိုင္းႏိုင္ငံတြင္ ရယူခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။

သို႔ေသာ္ ယန္တို႔ စံုတြဲက ကေလးတစ္ေယာက္ယူရန္ႏွင့္ စကၤာပူတြင္ ျပန္လည္ အေျခခ်ရန္ ဆံုးျဖတ္ထားသည္။

ယခုႏွစ္ ႏိုဝင္ဘာလ ၆ ရက္တြင္ ထုိင္းႏိုင္ငံ၌ မဂၤလာပြဲက်င္းပရန္လည္း စီစဥ္ထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Thai Woman Visits Raffles Place Temple To Pray For Love, Finds S’porean Partner 2 Months Later (mustsharenews)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service