လော့စ်အိန်ဂျလိတွင် အိမ်ခြံမြေ ရောင်းဝယ်ခွန် ကောက်ခံတော့မည် ဖြစ်ရာ အကျော်အမော်များ၊ သန်းကြွယ် သူဌေးများက နေအိမ်များ အဆောတလျင် ရောင်းထုတ်စိုင်းပြင်းလာကြပြီး ဈေးလျှော့ပေးခြင်းအပြင် တန်ဖိုးကြီး ကားများပါပေးလာကြ

လော့စ်အိန်ဂျလိတွင် အိမ်ခြံမြေ ရောင်းဝယ်ခွန် ကောက်ခံတော့မည် ဖြစ်ရာ အကျော်အမော်များ၊ သန်းကြွယ် သူဌေးများက နေအိမ်များ အဆောတလျင် ရောင်းထုတ်စိုင်းပြင်းလာကြပြီး ဈေးလျှော့ပေးခြင်းအပြင် တန်ဖိုးကြီး ကားများပါပေးလာကြ - Property News in Myanmar from iMyanmarHouse.com
6 Apr 2023 11:05 am တွင် တင်ခဲ့သည်
671 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်တစ်ဝန်းတွင် အိမ်ခြံမြေဈေးကွက် အေးစက်နေဖွယ်ရာရှိသည့်တိုင် လော့စ်အိန်ဂျလိမှ သန်းကြွယ်သူဌေးရပ်ဝန်းတွင်မူ အုတ်အုတ်ကြွက်ကြွက် ဖြစ်နေကြသည်။

၎င်းတို့၏ နေအိမ်များ အမြန်ရောင်းထွက်စေရန် ဈေးလျော့ပေးမည့်အပြင် Bentleys ၊ McLarens တို့ကဲ့သို့ နာမည်ကြီးကားသစ်ကြီးများပါ ပေးမည်ဟု မက်လုံးများစွာ ပေးလာလျက်ရှိသည်။

လော့စ်အိန်ဂျလိတွင် မကြာမီ အသက်ဝင်တော့မည့် အိမ်ခြံမြေရောင်းဝယ်ခွန်ကြောင့် ယခုကဲ့သို့ အဆောတလျင် ရောင်းထုတ်ရန် စီစဉ်လာကြခြင်း ဖြစ်သည်။

အိမ်ခြံမြေရောင်းမည့် ပိုင်ရှင်များကို ကောက်ခံမည်ဖြစ်ပြီး ဒေါ်လာ ၅ သန်းမှ ၁၀ သန်းကြား ရောင်းမည့်အိမ်များ ကို အခွန် ၅ ရာခိုင်နှုန်း ၊ ဒေါ်လာ ၁၀ သန်းအထက် အိမ်ခြံမြေများကို အခွန် ၅ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု ဆိုသည်။

ယခုစည်းမျဉ်းသစ်ကြောင့် နေအိမ်ရောင်းချသူများအနေဖြင့် ဒေါ်လာထောင်ပေါင်းများစွာ ကုန်ကျတော့မည် ဖြစ်သည်။

ယခုစည်းမျဉ်းကို လော့စ်အိန်ဂျလိတွင် ပြီးခဲ့သောနှစ် နိုဝင်ဘာလက စတင်ချမှတ်လိုက်ခြင်းဖြစ်ပြီး ရရှိလာမည့် ငွေများကို အိမ်ရာမဲ့တို့အတွက် နေအိမ်များ ဆောက်လုပ်ရာတွင် အသုံးပြုမည်ဟု ဆိုသည်။

 

(၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့သရုပ်ဆောင်ကြေး အမြင့်ဆုံး ရုပ်ရှင်မင်းသားအဖြစ် ရပ်တည်ခဲ့သူ Mark Wahlberg က သူ၏ လော့စ်အိန်ဂျလိစံအိမ်ကို ဒေါ်လာ၂၂ သန်း ဈေးလျော့ပေးခဲ့ပြီး ရောင်းဝယ်ခွန် အသက်မဝင်မီ ရောင်းထွက်သွားသည်။ ဓာတ်ပုံ- Getty Images)

 

ဂျင်မ်ကာရေးနှင့် Mark Wahlberg တို့အပြင် အခြားထင်ရှားကျော်ကြားခြင်းမရှိသော သန်းကြွယ်သူဌေးများစွာ သည် ပြီးခဲ့သောလပိုင်းအတွင်း ၎င်းတို့၏ နေအိမ်များကို အဆောတလျင် ရောင်းထုတ်ရန် စီစဉ်လာကြသည်။

ဂျင်မ်ကာရေးသည် လော့စ်အိန်ဂျလိမြို့၊ Brentwood အရပ်ရှိ စတုရန်းပေ ၁၂၇၀၀ ကျယ်ဝန်းသောအိမ်ကို နှစ်ပေါင်း ၃၀ ကြာ ပိုင်ဆိုင်ထားခဲ့သူ ဖြစ်သည်။

အဆိုပါအိမ်ကို ဂျင်မ်ကာရေးက ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ ၂၉ သန်းဖြင့် အရောင်းဈေးကွက်တင်ရန် ဆုံးဖြတ်ခဲ့သည်။

ယခုအချိန်ထိမူ ဝယ်လက်မရှိသေး။

 

(မှတ်ချက်။ ဂျင်မ်ကာရေးက Brentwood မှ အိမ်ကို အရောင်းတင်သည့် သတင်းအား iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖေဖော်ဝါရီလအတွင်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ )

 

ထို့အပြင် ဂျနီဖာလိုပက်ဇ်ကလည်း လော့စ်အိန်ဂျလိမြို့ ၊ Bel Air အရပ်ရှိ စံအိမ်ကို ဖေဖော်ဝါရီလအတွင်း အရောင်းဈေးကွက် တင်ခဲ့သည်။

 

(Mark Wahlberg သည် Beverly Park မှ စံအိမ်ကို အလျင်စလို ရောင်းမထုတ်ပါက ယခုရောင်းဈေးထက် ပိုရနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တို့က New York Post သတင်းဌာနသို့ ပြောသည်။ ဓာတ်ပုံ- nobyline @ backgrid.com/BACKGRID)

 

ဗြိတိန်သရုပ်ဆောင် James Corden သည် လော့စ်အိန်ဂျလိမြို့၊ Brentwood Park မှ စံအိမ်ကို အမြန် ရောင်းထွက်ရန် ကြိုးစားနေပြီး မူလခေါ်ဈေး ဒေါ်လာ ၂၂ သန်းမှ ၁၇ ဒသမ ၉၅ သန်းအထိ ဈေးလျော့ပေး လာသည်။

Mark Wahlberg သည် လော့စ်အိန်ဂျလိမြို့ ၊ Beverly Park အရပ်ရှိစံအိမ်ကို မူလက ကန်ဒေါ်လာ ၈၇ ဒသမ ၅ သန်းအထိ ဈေးခေါ်ခဲ့သော်လည်း ဒေါ်လာ ၅၅ သန်းဖြင့် အမြန်ရောင်းထုတ်လိုက်ခြင်းဖြစ်ရာ ၃၇ ရာခိုင်နှုန်း အထိ ဈေးလျော့ပေးခဲ့ခြင်း ဖြစ်သည်။

 

 

(ဗြိတိန်သရုပ်ဆောင် James Corden သည် လော့စ်အိန်ဂျလိမြို့၊ Brentwood Park မှ စံအိမ်ကို မူလခေါ်ဈေး ဒေါ်လာ ၂၂ သန်းမှ ၁၇ ဒသမ ၉၅ သန်းအထိ ဈေးလျော့ပေးလာသည်။ ဓာတ်ပုံ- Splash News.com )

တန်ဖိုးကြီးအိမ်ခြံမြေများ ရောင်းချပေးသည့် Douglas Elliman က ပြောသည်မှာ ပုံမှန်အားဖြင့် တစ်လလျှင် ဒေါ်လာ ၁၀၄ သန်းဖိုးခန့် ရောင်းချရသော်လည်း မတ်လအတွင်းကမူ ဒေါ်လာ ၂၀၅ သန်းဖိုးရောင်းခဲ့ရကာ အမေရိကတွင် ထိပ်တန်းရောင်းအားအကောင်းဆုံးများထဲ၌ ပါဝင်ခဲ့သည်။

နေအိမ်ပိုင်ရှင်တို့သည် အိမ်များ အမြန်ရောင်းထွက်ရန် ကြိုးစားကြရာတွင် ဒေါ်လာ ၃၅၀,၀၀၀ တန်ကြေးရှိ Lamborghini ကားများ ပေးမည်ဟု မက်လုံးပေးလာကြကြောင်း၊ အခွန်ဆောင်ရမည်ဆိုပါက ဒေါ်လာ ၆၀၀,၀၀၀ ခန့်ဆောင်ရမည့် အိမ်များဖြစ်ရာ များစွာ သက်သာသွားစေကြောင်း Josh ကပြောသည်။

 

 

(Josh နှင့် ဇနီးဖြစ်သူ Julia တို့လည်း England သို့ ပြောင်းရွှေ့အခြေချရန် စီစဉ်ထားသည်။ ဓာတ်ပုံ- Getty Images )

 

 

 

(ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ကြာ ပိုင်ဆိုင်ထားသည့် အိမ်ကိုပင် ရောင်းချလာသည်။ ဓာတ်ပုံ- Sotheby International Realty )

 

 

(ဂျင်မ်ကာရေးက သူ၏ စံအိမ်ကို ဒေါ်လာ ၂၉ သန်းသာ ဈေးခေါ်ထားသည်။ ဓာတ်ပုံ- Getty Images For AFI)

 

 

(နာမည်ကြီး အိမ်ခြံမြေ အကျိုးဆောင် Josh Altman ကပြောသည်မှာ အိမ်အရောင်းအဝယ်ခွန်ကြောင့် လော့စ်အိန်ဂျလိတန်ဖိုးကြီး အိမ်ခြံမြေဈေးကွက်မှာ အသည်းအသန် ဝရုန်းသုန်းကား ဖြစ်နေသည်ဟု ဆိုသည်။ ဓာတ်ပုံ- Randy Shropshire)

 

 

(နေအိမ်ရောင်းချသူတစ်ဦးကဆိုလျှင် ၎င်း၏နေအိမ်ဝယ်ယူမည့်သူကို Aston Martin V8 Vantage မော်တော်ကား အပါအဝင် မိမိနှစ်သက်ရာ တန်ဖိုးကြီးကားတစ်စီး ရွေးချယ်နိုင်ခွင့်လည်း ပေးထားသည်။)

 

(ဆက်စပ်သတင်း)

စူပါသူရဲကောင်း ဟာသဇာတ်ကား The Mask ဖြင့် ကမ္ဘာကျော်သူ ဂျင်မ်ကာရေး နှစ်ပေါင်း ၃၀ ကျော် နေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၂၉ သန်းဖြင့် ရောင်းတော့မည်

https://www.imyanmarhouse.com/news/read/1053670

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: LA’s rich and famous in wild scramble to sell homes ahead of mansion tax (nypost)

 

 

 

[Zawgyi]

ေလာ့စ္အိန္ဂ်လိတြင္ အိမ္ျခံေျမ ေရာင္းဝယ္ခြန္ ေကာက္ခံေတာ့မည္ ျဖစ္ရာ အေက်ာ္အေမာ္မ်ား၊ သန္းၾကြယ္ သူေဌးမ်ားက ေနအိမ္မ်ား အေဆာတလ်င္ ေရာင္းထုတ္စိုင္းျပင္းလာၾကျပီး ေစ်းေလွ်ာ့ေပးျခင္းအျပင္ တန္ဖိုးၾကီး ကားမ်ားပါေပးလာၾက

 

အေမရိကန္ျပည္တစ္ဝန္းတြင္ အိမ္ျခံေျမေစ်းကြက္ ေအးစက္ေနဖြယ္ရာရွိသည့္တိုင္ ေလာ့စ္အိန္ဂ်လိမွ သန္းၾကြယ္သူေဌးရပ္ဝန္းတြင္မူ အုတ္အုတ္ၾကြက္ၾကြက္ ျဖစ္ေနၾကသည္။

၎တို႔၏ ေနအိမ္မ်ား အျမန္ေရာင္းထြက္ေစရန္ ေစ်းေလ်ာ့ေပးမည့္အျပင္ Bentleys ၊ McLarens တို႔ကဲ့သို႔ နာမည္ၾကီးကားသစ္ၾကီးမ်ားပါ ေပးမည္ဟု မက္လံုးမ်ားစြာ ေပးလာလ်က္ရွိသည္။

ေလာ့စ္အိန္ဂ်လိတြင္ မၾကာမီ အသက္ဝင္ေတာ့မည့္ အိမ္ျခံေျမေရာင္းဝယ္ခြန္ေၾကာင့္ ယခုကဲ့သို႔ အေဆာတလ်င္ ေရာင္းထုတ္ရန္ စီစဥ္လာၾကျခင္း ျဖစ္သည္။

အိမ္ျခံေျမေရာင္းမည့္ ပိုင္ရွင္မ်ားကို ေကာက္ခံမည္ျဖစ္ျပီး ေဒၚလာ ၅ သန္းမွ ၁၀ သန္းၾကား ေရာင္းမည့္အိမ္မ်ား ကို အခြန္ ၅ ရာခိုင္ႏႈန္း ၊ ေဒၚလာ ၁၀ သန္းအထက္ အိမ္ျခံေျမမ်ားကို အခြန္ ၅ ဒသမ ၅ ရာခုိင္ႏႈန္း ေကာက္ခံမည္ဟု ဆိုသည္။

ယခုစည္းမ်ဥ္းသစ္ေၾကာင့္ ေနအိမ္ေရာင္းခ်သူမ်ားအေနျဖင့္ ေဒၚလာေထာင္ေပါင္းမ်ားစြာ ကုန္က်ေတာ့မည္ ျဖစ္သည္။

ယခုစည္းမ်ဥ္းကို ေလာ့စ္အိန္ဂ်လိတြင္ ျပီးခဲ့ေသာႏွစ္ ႏိုဝင္ဘာလက စတင္ခ်မွတ္လုိက္ျခင္းျဖစ္ျပီး ရရွိလာမည့္ ေငြမ်ားကို အိမ္ရာမဲ့တို႔အတြက္ ေနအိမ္မ်ား ေဆာက္လုပ္ရာတြင္ အသံုးျပဳမည္ဟု ဆိုသည္။

(၂၀၁၇ ခုႏွစ္အတြင္း ကမၻာ့သရုပ္ေဆာင္ေၾကး အျမင့္ဆံုး ရုပ္ရွင္မင္းသားအျဖစ္ ရပ္တည္ခဲ့သူ Mark Wahlberg က သူ၏ ေလာ့စ္အိန္ဂ်လိစံအိမ္ကို ေဒၚလာ၂၂ သန္း ေစ်းေလ်ာ့ေပးခဲ့ျပီး ေရာင္းဝယ္ခြန္ အသက္မဝင္မီ ေရာင္းထြက္သြားသည္။ ဓာတ္ပံု- Getty Images)

ဂ်င္မ္ကာေရးႏွင့္ Mark Wahlberg တို႔အျပင္ အျခားထင္ရွားေက်ာ္ၾကားျခင္းမရွိေသာ သန္းၾကြယ္သူေဌးမ်ားစြာ သည္ ျပီးခဲ့ေသာလပိုင္းအတြင္း ၎တို႔၏ ေနအိမ္မ်ားကို အေဆာတလ်င္ ေရာင္းထုတ္ရန္ စီစဥ္လာၾကသည္။

ဂ်င္မ္ကာေရးသည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Brentwood အရပ္ရွိ စတုရန္းေပ ၁၂၇၀၀ က်ယ္ဝန္းေသာအိမ္ကို ႏွစ္ေပါင္း ၃၀ ၾကာ ပိုင္ဆိုင္ထားခဲ့သူ ျဖစ္သည္။

အဆိုပါအိမ္ကို ဂ်င္မ္ကာေရးက ေဖေဖာ္ဝါရီလအတြင္း ကန္ေဒၚလာ ၂၉ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ရန္ ဆံုးျဖတ္ခဲ့သည္။

ယခုအခ်ိန္ထိမူ ဝယ္လက္မရွိေသး။

(မွတ္ခ်က္။ ဂ်င္မ္ကာေရးက Brentwood မွ အိမ္ကို အေရာင္းတင္သည့္ သတင္းအား iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေဖေဖာ္ဝါရီလအတြင္း ေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။ )

ထို႔အျပင္ ဂ်နီဖာလုိပက္ဇ္ကလည္း ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊ Bel Air အရပ္ရွိ စံအိမ္ကုိ ေဖေဖာ္ဝါရီလအတြင္း အေရာင္းေစ်းကြက္ တင္ခဲ့သည္။

(Mark Wahlberg သည္ Beverly Park မွ စံအိမ္ကို အလ်င္စလို ေရာင္းမထုတ္ပါက ယခုေရာင္းေစ်းထက္ ပိုရႏိုင္ေၾကာင္း အိမ္ျခံေျမအက်ဳိးေဆာင္တို႔က New York Post သတင္းဌာနသို႔ ေျပာသည္။ ဓာတ္ပံု- nobyline @ backgrid.com/BACKGRID)

ျဗိတိန္သရုပ္ေဆာင္ James Corden သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Brentwood Park မွ စံအိမ္ကို အျမန္ ေရာင္းထြက္ရန္ ၾကိဳးစားေနျပီး မူလေခၚေစ်း ေဒၚလာ ၂၂ သန္းမွ ၁၇ ဒသမ ၉၅ သန္းအထိ ေစ်းေလ်ာ့ေပး လာသည္။

Mark Wahlberg သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊ Beverly Park အရပ္ရွိစံအိမ္ကို မူလက ကန္ေဒၚလာ ၈၇ ဒသမ ၅ သန္းအထိ ေစ်းေခၚခဲ့ေသာ္လည္း ေဒၚလာ ၅၅ သန္းျဖင့္ အျမန္ေရာင္းထုတ္လုိက္ျခင္းျဖစ္ရာ ၃၇ ရာခုိင္ႏႈန္း အထိ ေစ်းေလ်ာ့ေပးခဲ့ျခင္း ျဖစ္သည္။

(ျဗိတိန္သရုပ္ေဆာင္ James Corden သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Brentwood Park မွ စံအိမ္ကို မူလေခၚေစ်း ေဒၚလာ ၂၂ သန္းမွ ၁၇ ဒသမ ၉၅ သန္းအထိ ေစ်းေလ်ာ့ေပးလာသည္။ ဓာတ္ပံု- Splash News.com )

တန္ဖုိးၾကီးအိမ္ျခံေျမမ်ား ေရာင္းခ်ေပးသည့္ Douglas Elliman က ေျပာသည္မွာ ပံုမွန္အားျဖင့္ တစ္လလွ်င္ ေဒၚလာ ၁၀၄ သန္းဖိုးခန္႔ ေရာင္းခ်ရေသာ္လည္း မတ္လအတြင္းကမူ ေဒၚလာ ၂၀၅ သန္းဖိုးေရာင္းခဲ့ရကာ အေမရိကတြင္ ထိပ္တန္းေရာင္းအားအေကာင္းဆံုးမ်ားထဲ၌ ပါဝင္ခဲ့သည္။

ေနအိမ္ပိုင္ရွင္တို႔သည္ အိမ္မ်ား အျမန္ေရာင္းထြက္ရန္ ၾကိဳးစားၾကရာတြင္ ေဒၚလာ ၃၅၀,၀၀၀ တန္ေၾကးရွိ Lamborghini ကားမ်ား ေပးမည္ဟု မက္လံုးေပးလာၾကေၾကာင္း၊ အခြန္ေဆာင္ရမည္ဆိုပါက ေဒၚလာ ၆၀၀,၀၀၀ ခန္႔ေဆာင္ရမည့္ အိမ္မ်ားျဖစ္ရာ မ်ားစြာ သက္သာသြားေစေၾကာင္း Josh ကေျပာသည္။

(Josh ႏွင့္ ဇနီးျဖစ္သူ Julia တို႔လည္း England သို႔ ေျပာင္းေရႊ႕အေျခခ်ရန္ စီစဥ္ထားသည္။ ဓာတ္ပံု- Getty Images )

(ဂ်င္မ္ကာေရးက ႏွစ္ေပါင္း ၃၀ ၾကာ ပိုင္ဆိုင္ထားသည့္ အိမ္ကိုပင္ ေရာင္းခ်လာသည္။ ဓာတ္ပံု- Sotheby International Realty )

(ဂ်င္မ္ကာေရးက သူ၏ စံအိမ္ကို ေဒၚလာ ၂၉ သန္းသာ ေစ်းေခၚထားသည္။ ဓာတ္ပံု- Getty Images For AFI)

(နာမည္ၾကီး အိမ္ျခံေျမ အက်ဳိးေဆာင္ Josh Altman ကေျပာသည္မွာ အိမ္အေရာင္းအဝယ္ခြန္ေၾကာင့္ ေလာ့စ္အိန္ဂ်လိတန္ဖိုးၾကီး အိမ္ျခံေျမေစ်းကြက္မွာ အသည္းအသန္ ဝရုန္းသုန္းကား ျဖစ္ေနသည္ဟု ဆိုသည္။ ဓာတ္ပံု- Randy Shropshire)

(ေနအိမ္ေရာင္းခ်သူတစ္ဦးကဆိုလွ်င္ ၎၏ေနအိမ္ဝယ္ယူမည့္သူကို Aston Martin V8 Vantage ေမာ္ေတာ္ကား အပါအဝင္ မိမိႏွစ္သက္ရာ တန္ဖိုးၾကီးကားတစ္စီး ေရြးခ်ယ္ႏိုင္ခြင့္လည္း ေပးထားသည္။)

(ဆက္စပ္သတင္း)

စူပါသူရဲေကာင္း ဟာသဇာတ္ကား The Mask ျဖင့္ ကမၻာေက်ာ္သူ ဂ်င္မ္ကာေရး ႏွစ္ေပါင္း ၃၀ ေက်ာ္ ေနထိုင္ခဲ့ေသာ ေလာ့စ္အိန္ဂ်လိစံအိမ္ကို ကန္ေဒၚလာ ၂၉ သန္းျဖင့္ ေရာင္းေတာ့မည္

https://www.imyanmarhouse.com/news/read/1053670

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: LA’s rich and famous in wild scramble to sell homes ahead of mansion tax (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service