ရုပ်ရှင်ရိုက်ကူးနေစဉ် ပင်ပန်းလွန်းသောကြောင့် အမေရိကန်သို့ ထွက်ပြေးသွားသော ကိုရီးယားရုပ်ရှင်မင်းသမီး ဟန်ယီဆူးနှင့် သူ၏ စံအိမ်
ရုပ်ရှင်ရိုက်ကူးနေစဉ် ပင်ပန်းလွန်းသောကြောင့် အမေရိကန်သို့ ထွက်ပြေးသွားသော ကိုရီးယားရုပ်ရှင်မင်းသမီး ဟန်ယီဆူးနှင့် သူ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
14 Apr 2023 2:55 pm တွင် တင်ခဲ့သည်
3930 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဟန်ယီဆူးသည် (Han Ye Seul) သည် အမေရိကန်ဖွား ကိုရီးယားရုပ်ရှင်မင်းသမီးဖြစ်ပြီး SBS Super မော်ဒယ်ပြိုင်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့သည်။
ယင်းနောက်ပိုင်း Nonstop 4 တွင် စတင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်လောကတွင် နေရာတစ်ခုရရန် ကြိုးစားခဲ့သည်။
ထို့နောက် Couple or Trouble တွင် ပါဝင်သရုပ်ဆောင်ခဲ့မှုအပေါ် များစွာ ချီးကျူးခံခဲ့ရသည်။
ထိုသို့ ကြိုးစားအားထုတ်မှုnများကြောင့် ၂၀၁၁ ခုနှစ်တွင် Spy Myungwol အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။
သူလျှို Myungwol သည် အထက်အမိန့်အရ နာမည်ကြီးမင်းသားတစ်ဦးကို ပြန်ပေးဆွဲရမည် ဖြစ်သော်လည်း မင်းသားနှင့် ချစ်ကြိုက်သွားခဲ့ပုံကို ရိုက်ကူးထားခြင်းဖြစ်သည်။
ထိုဇာတ်လမ်းတွဲ စတင်ရိုက်ကူးထုတ်လွှင့်နေရင်း တစ်လခန့်အကြာတွင် ဟန်ယီဆူးသည် ရိုက်ကွင်းသို့ မလာတော့ချေ။
ဟန်ယီဆူးသည် ကိုရီးယားမှ ထွက်ပြေးခဲ့ခြင်းဖြစ်ကာ လော့စ်အိန်ဂျလိမြို့တွင် ၎င်းအား မြင်တွေ့သူများ ရှိခဲ့သည်။
ထို့ကြောင့် ထိုဇာတ်လမ်းတွဲမှာလည်း ထုတ်လွှင့်ပြသမှု ရပ်ဆိုင်းလိုက်ရသည်။
ဟန်ယီဆူးသည် အလွန်တရာ ပင်ပန်းလှသောကြောင့် အရာအားလုံးကို လက်လျော့လိုက်ခြင်း ဖြစ်ကြောင်း ပြောသည်ဟု Korea Times သတင်းဌာနက ဖော်ပြသည်။
ကိုရီးယားဇာတ်လမ်းတွဲ အများစုသည် ရိုက်ကူးနေရင်း ထုတ်လွှင့်ပြသခြင်းဖြစ်ကာ အများအားဖြင့် လာမည့် ရက်သတ္တပတ်တွင် ပြသတော့မည့် ဇာတ်လမ်းအပိုင်းတွဲကို ယခုရက်သတ္တပတ်တွင် ရိုက်ကူးခြင်းဖြစ်သည်။
ကိုရီးယား သရုပ်ဆောင်များသည် ရုပ်ရှင်ဇာတ်လမ်းတွဲများ ရိုက်ကူးနေစဉ်ကာလအတွင်း တစ်ခါတစ်ရံ တစ်ရက်လျှင် ၂ နာရီမျှသာ အိပ်ချိန်ရကြသည်။
ဟန်ယီဆူးသည်၂ ရက်အကြာတွင်မူ ကိုရီးယားသို့ ပြန်လာခဲ့ပြီး သူ၏ လုပ်ရပ်များအပေါ် တောင်းပန်ခဲ့သည်။
((ဟန်ယီဆူးက သူ၏ ခမ်းနားသော နေအိမ်ကို You Tube တွင် ဗွီဒီယိုတင်ကာ ပြသခဲ့))
ဟန်ယီဆူးသည် သူ၏ You Tube ချန်နယ်တွင် Welcome to my house ဟူသော ခေါင်းစဉ်ဖြင့် ဗွီဒီယိုဖိုင်တစ်ခု လွှင့်တင်ထားသည်။
ဗွီဒီယိုတွင် ဟန်ယီဆူးက ပြောသည်မှာ “ဒီနေ့ ပရိသတ်တွေကို ကျွန်မရဲ့အိမ်ကို လိုက်ပြပေးပါမယ်။ ဒီလိုပြသ ပေးဖို့အတွက် အိမ်ကို ၃ ရက်လောက် အချိန်ယူပြီး သန့်ရှင်းရေးတွေ လုပ်ခဲ့ရပါတယ်”ဟု ရယ်မောရင်း ပြောသည်။
ထို့နောက် ဧည့်ခန်းနှင့် မီးဖိုဆောင်ကို ပြသသည်။
အဆိုပါ ၂ ခန်းရှိ ပရိဘောဂများမှာ အဖြူရောင်များဖြစ်ရာ နေအိမ်ကို ခေတ်မီဟန်ပန်ဖြစ်စေသည်။
ထို့နောက် ဟန်ယီဆူးက အဝတ်အစား ထားသိုခန်းများကို ပြသသည်။
ဟန်ယီဆူးက ရှင်းပြသည်မှာ သူ့တွင် အဝတ်အစားထားသိုခန်း ၂ ခုရှိကြောင်း ၊ တစ်ခန်းတွင် အဝတ်အစားများ ၊ ဖိနပ်များ ၊ လက်ကိုင်အိတ်များနှင့် Accessories များ ထားရှိပြီး နေ့စဉ် အသုံးပြုဖြစ်ကြောင်း ၊ အခြားတစ်ခန်း တွင်ရှိသော အရာများကိုမူ တစ်နှစ်လျှင် တစ်ကြိမ်သာ ဝတ်ဖြစ်ကြောင်း ပြောသည်။
ထိုအခန်း ၂ ခုလုံးမှာ အလွန်ကြီးမားလှပြီး ဖက်ရှင်ကျသော ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။
ထို့နောက် ဟန်ယီဆူးက သူ၏ အိပ်ခန်းကို ပြသသည်။ အိပ်ခန်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဟန်ယီဆူးက မွေ့ယာပေါ်သို့ ပစ်လှဲချလိုက်ပြီး “ဒါကတော့ ကျွန်မရဲ့ အိပ်ခန်းပါ ပရိသတ်ကြီးတို့ရေ..” ဟု အော်ဟစ်ပြောကြားလိုက်သည်။
ထို့နောက် ဟန်ယီဆူးက Welcome to my house part 2 ကို စောင့်မျှော်ကြည့်ရှုကြရန် ဗွီဒီယိုဖိုင်ထဲတွင် ပြောကြားထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Where Is She Now? The Popular Actress Who Fled Korea In The Middle Of Filming A K-Drama (Koreaboo, sbs )
  [Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service