ရုရှားသူဌေးကြီး စွန့်ပစ်ထားခဲ့သော ဒေါ်လာ ၈၁ သန်းတန် ရွက်လှေကြီးကို ရွက်လှေဆိုက်ကပ်ထားသည့် နိုင်ငံက လေလံတင်ရောင်းချမည်

ရုရှားသူဌေးကြီး စွန့်ပစ်ထားခဲ့သော ဒေါ်လာ ၈၁ သန်းတန် ရွက်လှေကြီးကို ရွက်လှေဆိုက်ကပ်ထားသည့် နိုင်ငံက လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
12 Apr 2023 1:32 pm တွင် တင်ခဲ့သည်
896 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရုရှားဘီလျံနာသူဌေးကြီး Andrey Guryev ပိုင်ဆိုင်သည်ဟု ယူဆရသော Alfa Nero အမည်ရှိ ရွက်လှေကြီး တစ်စင်းကို ကာရစ်ဘီယံ ပင်လယ်အတွင်းရှိ ကျွန်းနိုင်ငံတစ်ခုဖြစ်သော Antigua and Barbuda မှ အစိုးရက ဒေါ်လာ ၈၁ သန်းဖြင့် ရောင်းချလိုလျက်ရှိသည်။

Antigua and Barbuda သည် ဗြိတိသျှဓန သဟာယအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး Antigua နှင့် Barbuda ဟူသော အဓိကကျွန်း ၂ ခု ၊ အခြားကျွန်းငယ်များဖြင့် ဖွဲ့စည်းထားသည်။

မြောက်အတ္တလန္တိတ်သမုဒ္ဒရာနှင့် ကာရစ်ဘီယံပင်လယ်တို့ ဆုံသောနေရာ ၊ ဗင်နီဇွဲလားနိုင်ငံ၏ မြောက်ဘက် တွင် တည်ရှိသည်။

Antigua and Barbuda အစိုးရက ပြီးခဲ့သော အင်္ဂါနေ့တွင် ယင်းရွက်လှေကြီးမှာ စွန့်ပစ်ခံ ရွက်လှေကြီး ဖြစ်ကြောင်း ကြေညာခဲ့ပြီး ရောင်းချသွားမည်ဟု ထုတ်ပြန်သည်။

ရွက်လှေကို လာမယူပါက ရွက်လှေကြီးမှ အစားအစာနှင့် လောင်စာအတွက် တင်နေသော ကြွေးမြီကို ရယူရန် လေလံတင်ရောင်းချသွားမည် ဖြစ်သည်။

Antigua and Barbuda ၏ ဝန်ကြီးချုပ် Gaston Browne က ပြောသည်မှာ ၂၆၇ ပေရှည်သော ရွက်လှေကို ဒေါ်လာ သန်း ၅၀ ကျော်ဖြင့် ဝယ်ယူရန် အစိုးရ အဖွဲ့ထံသို့ ကမ်းလှမ်းမှုတစ်ခုရှိကြောင်း ပြောသည်ဟု ဒေသတွင်း သတင်းမီဒီယာဖြစ်သော Daily Observer ကဖော်ပြသည်။

ရွက်လှေပေါ်တွင် အားကစားလေ့ကျင့်ခန်းမ ၊ အလှပြင်ဆိုင် ၊ ရေကူးကန်နှင့် အခြား amenities များပါဝင်သည်။

ရုရှားသူဌေးကြီး၏ ဥပဒေအကျိုးဆောင်က Bloomberg သတင်းဌာနသို့ ပြောသည်မှာမူ ဤရွက်လှေမှာ သူဌေးကြီးပိုင်သည့် ရွက်လှေမဟုတ်ကြောင်းပြောသည်။

“Antigua and Barbuda နိုင်ငံက အာဏာပိုင်တွေကို ကျွန်တော်တို့ အကြောင်းကြားခဲ့သလိုပါပဲ။ မစ္စတာ Guryev ဟာ Alfa Nero ရဲ့ ပိုင်ရှင်မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်ကတည်းက စင်းလုံးငှားထားတာပါ” ဟု ပြောသည်။

ထိုရွက်လှေကြီးသည် ကုန်ကျစရိတ်အလွန်မြင့်တက်နေသောကြောင့် Antigua and Barbuda အာဏာပိုင် များက မတ်လ ၃၁ ရက်နေ့အထိ ပိုင်ရှင်မဆက်သွယ်လျှင် ရောင်းချရန် စီစဉ်နေကြောင်း Bloomberg သတင်းဌာနက ဖော်ပြသည်။

အာဏာပိုင်တို့က ရောင်းရငွေမှ ဒေါ်လာ ၅ သိန်းကို Antigua Yacht Club Marina ထံ ရွက်လှေကြီးက တင်ရှိနေသည့် လောင်စာဆီအကြွေးအတွက် အကြွေးဆပ်သွားမည်ဖြစ်သည်။

ကျန်သည့်ငွေကို Antigua and Barbuda ဖွံ့ဖြိုးမှုအတွက် အသုံးပြုမည်ဖြစ်သည်။

ဝန်ကြီးချုပ်က ဖေ့စ်ဘုတ်တွင် ရေးသားခဲ့သည်မှာ ရွက်လှေကြီးသည် မိမိတို့နိုင်ငံတွင် ဆိုက်ကပ်ထားသည်မှာ ၁၈ လကျော်ရှိပြီဖြစ်ကြောင်း ရေးသားခဲ့သည်။

ရွက်လှေကြီးသည် ဆိပ်ကမ်းအတွက် အန္တရာယ်တစ်ခုဖြစ်လာနိုင်ကြောင်း ဝန်ကြီးချုပ်က Daily Observer သို့ပြောသည်။

ဆိပ်ကမ်းတွင်း ဤရွက်လှေကြီးမီးလောင်ပါက မည်သို့ဖြစ်လာမည်ကို မှန်းဆနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

ရွက်လှေကြီး ဆိုက်ကပ်ထားသော Falmouth ဆိပ်ကမ်းသည် ဇိမ်ခံရွက်လှေကြီးများစွာ ဆိုက်ကပ်သည့် နေရာဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင်မူ Alfa Nero ရွက်လှေကြီးသည် ရုရှားသူဌေးကြီး Guryev နှင့် ဆက်နွှယ်မှုရှိပြီး Guryev သည် ရုရှားသမ္မတပူတင်၏ အနီးကပ်မိတ်ဆွေဖြစ်ကြောင်း ထုတ်ပြန်သည်။

Guryev ကို အမေရိကန် ၊ ဗြိတိန် နှင့် ဥရောပ သမဂ္ဂတို့က ပိတ်ဆို့အရေးယူထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A Russian oligarch's 267-foot super yacht — outfitted with a hair salon and infinity pool — has been 'abandoned' in the Caribbean and could be sold off (businessinsider)

 

 

 

[Zawgyi]

ရုရွားသူေဌးၾကီး စြန္႔ပစ္ထားခဲ့ေသာ ေဒၚလာ ၈၁ သန္းတန္ ရြက္ေလွၾကီးကို ရြက္ေလွဆိုက္ကပ္ထားသည့္ ႏိုင္ငံက ေလလံတင္ေရာင္းခ်မည္

 

ရုရွားဘီလ်ံနာသူေဌးၾကီး Andrey Guryev ပိုင္ဆိုင္သည္ဟု ယူဆရေသာ Alfa Nero အမည္ရွိ ရြက္ေလွၾကီး တစ္စင္းကို ကာရစ္ဘီယံ ပင္လယ္အတြင္းရွိ ကၽြန္းႏိုင္ငံတစ္ခုျဖစ္ေသာ Antigua and Barbuda မွ အစိုးရက ေဒၚလာ ၈၁ သန္းျဖင့္ ေရာင္းခ်လိုလ်က္ရွိသည္။

Antigua and Barbuda သည္ ျဗိတိသွ်ဓန သဟာယအဖြဲ႔ဝင္ႏိုင္ငံျဖစ္ျပီး Antigua ႏွင့္ Barbuda ဟူေသာ အဓိကကၽြန္း ၂ ခု ၊ အျခားကၽြန္းငယ္မ်ားျဖင့္ ဖြဲ႔စည္းထားသည္။

ေျမာက္အတၱလႏိၱတ္သမုဒၵရာႏွင့္ ကာရစ္ဘီယံပင္လယ္တို႔ ဆံုေသာေနရာ ၊ ဗင္နီဇြဲလားႏိုင္ငံ၏ ေျမာက္ဘက္ တြင္ တည္ရွိသည္။

Antigua and Barbuda အစိုးရက ျပီးခဲ့ေသာ အဂၤါေန႔တြင္ ယင္းရြက္ေလွၾကီးမွာ စြန္႔ပစ္ခံ ရြက္ေလွၾကီး ျဖစ္ေၾကာင္း ေၾကညာခဲ့ျပီး ေရာင္းခ်သြားမည္ဟု ထုတ္ျပန္သည္။

ရြက္ေလွကုိ လာမယူပါက ရြက္ေလွၾကီးမွ အစားအစာႏွင့္ ေလာင္စာအတြက္ တင္ေနေသာ ေၾကြးျမီကို ရယူရန္ ေလလံတင္ေရာင္းခ်သြားမည္ ျဖစ္သည္။

Antigua and Barbuda ၏ ဝန္ၾကီးခ်ဳပ္ Gaston Browne က ေျပာသည္မွာ ၂၆၇ ေပရွည္ေသာ ရြက္ေလွကို ေဒၚလာ သန္း ၅၀ ေက်ာ္ျဖင့္ ဝယ္ယူရန္ အစိုးရ အဖြဲ႔ထံသို႔ ကမ္းလွမ္းမႈတစ္ခုရွိေၾကာင္း ေျပာသည္ဟု ေဒသတြင္း သတင္းမီဒီယာျဖစ္ေသာ Daily Observer ကေဖာ္ျပသည္။

ရြက္ေလွေပၚတြင္ အားကစားေလ့က်င့္ခန္းမ ၊ အလွျပင္ဆိုင္ ၊ ေရကူးကန္ႏွင့္ အျခား amenities မ်ားပါဝင္သည္။ ရုရွားသူေဌးၾကီး၏ ဥပေဒအက်ဳိးေဆာင္က Bloomberg သတင္းဌာနသို႔ ေျပာသည္မွာမူ ဤရြက္ေလွမွာ သူေဌးၾကီးပိုင္သည့္ ရြက္ေလွမဟုတ္ေၾကာင္းေျပာသည္။

“Antigua and Barbuda ႏိုင္ငံက အာဏာပိုင္ေတြကို ကၽြန္ေတာ္တို႔ အေၾကာင္းၾကားခဲ့သလိုပါပဲ။ မစၥတာ Guryev ဟာ Alfa Nero ရဲ႕ ပိုင္ရွင္မဟုတ္ပါဘူး။ ၂၀၁၄ ခုႏွစ္ကတည္းက စင္းလံုးငွားထားတာပါ” ဟု ေျပာသည္။

ထုိရြက္ေလွၾကီးသည္ ကုန္က်စရိတ္အလြန္ျမင့္တက္ေနေသာေၾကာင့္ Antigua and Barbuda အာဏာပိုင္ မ်ားက မတ္လ ၃၁ ရက္ေန႔အထိ ပုိင္ရွင္မဆက္သြယ္လွ်င္ ေရာင္းခ်ရန္ စီစဥ္ေနေၾကာင္း Bloomberg သတင္းဌာနက ေဖာ္ျပသည္။

အာဏာပိုင္တို႔က ေရာင္းရေငြမွ ေဒၚလာ ၅ သိန္းကို Antigua Yacht Club Marina ထံ ရြက္ေလွၾကီးက တင္ရွိေနသည့္ ေလာင္စာဆီအေၾကြးအတြက္ အေၾကြးဆပ္သြားမည္ျဖစ္သည္။ က်န္သည့္ေငြကို Antigua and Barbuda ဖြံ႕ျဖိဳးမႈအတြက္ အသံုးျပဳမည္ျဖစ္သည္။

ဝန္ၾကီးခ်ဳပ္က ေဖ့စ္ဘုတ္တြင္ ေရးသားခဲ့သည္မွာ ရြက္ေလွၾကီးသည္ မိမိတို႔ႏိုင္ငံတြင္ ဆိုက္ကပ္ထားသည္မွာ ၁၈ လေက်ာ္ရွိျပီျဖစ္ေၾကာင္း ေရးသားခဲ့သည္။

ရြက္ေလွၾကီးသည္ ဆိပ္ကမ္းအတြက္ အႏၱရာယ္တစ္ခုျဖစ္လာႏိုင္ေၾကာင္း ဝန္ၾကီးခ်ဳပ္က Daily Observer သုိ႔ေျပာသည္။

ဆိပ္ကမ္းတြင္း ဤရြက္ေလွၾကီးမီးေလာင္ပါက မည္သို႔ျဖစ္လာမည္ကုိ မွန္းဆႏိုင္ေၾကာင္းလည္း ၎က ေျပာသည္။

ရြက္ေလွၾကီး ဆိုက္ကပ္ထားေသာ Falmouth ဆိပ္ကမ္းသည္ ဇိမ္ခံရြက္ေလွၾကီးမ်ားစြာ ဆိုက္ကပ္သည့္ ေနရာျဖစ္သည္။

အေမရိကန္ ဘ႑ာေရးဝန္ၾကီးဌာနက ထုတ္ျပန္ရာတြင္မူ Alfa Nero ရြက္ေလွၾကီးသည္ ရုရွားသူေဌးၾကီး Guryev ႏွင့္ ဆက္ႏႊယ္မႈရွိျပီး Guryev သည္ ရုရွားသမၼတပူတင္၏ အနီးကပ္မိတ္ေဆြျဖစ္ေၾကာင္း ထုတ္ျပန္သည္။

Guryev ကို အေမရိကန္ ၊ ျဗိတိန္ ႏွင့္ ဥေရာပ သမဂၢတို႔က ပိတ္ဆို႔အေရးယူထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A Russian oligarch's 267-foot super yacht — outfitted with a hair salon and infinity pool — has been 'abandoned' in the Caribbean and could be sold off (businessinsider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service