စင်္ကာပူမှ Sheng Siong စူပါမာ့ကက်များ၏ ပိုင်ရှင် ဘီလျံနာကြီးပိုင်ဆိုင်သော ဒေါ်လာ သန်း ၅၀ တန် စံအိမ်ကြီး

စင်္ကာပူမှ Sheng Siong စူပါမာ့ကက်များ၏ ပိုင်ရှင် ဘီလျံနာကြီးပိုင်ဆိုင်သော ဒေါ်လာ သန်း ၅၀ တန် စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
5 Apr 2023 11:02 am တွင် တင်ခဲ့သည်
637 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူ ဘီလျံနာကြီး လင်ဟုတ်လန် (Lim Hock Leng) ၏ စင်္ကာပူမှ ဒေါ်လာ သန်း ၅၀ တန် ဘန်ဂလိုစံအိမ်သည် ခေတ်ပေါ်စံအိမ်တစ်လုံးနှင့် ပေါင်းစပ်ထားသည်။

လင်ဟုတ်လန်သည် စင်္ကာပူ၏ တတိယအကြီးမားဆုံး စူပါမာ့ကက်အုပ်စုကို သူ၏ အစ်ကို ၂ ဦးနှင့်အတူ ပိုင်ဆိုင်ပြီး ၎င်းတို့၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံခန့်ရှိသည်။

လင်ဟုတ်လန်၏ စံအိမ်တွင် အိမ်ထဲမှစတင်ကာ အိမ်ပြင်အထိ ဆန့်ထုတ်ဖောက်လုပ်ထားသော ရေကူးကန်ကြီးတစ်ခု ပါဝင်သည်။

 

 

(စင်္ကာပူမှ တသီးတသန့်ရှိကာ အပင်တို့ဖြင့် အုပ်အုပ်ဆိုင်းဆိုင်းရှိသော လမ်းတစ်ခုတွင် စူပါမာ့ကက် ဘီလျံနာကြီး လင်ဟုတ်လန်၏ ဒေါ်လာ သန်း ၅၀ တန် ဘန်ဂလိုအိမ် တည်ရှိသည်။ ဓာတ်ပုံ-TA.LE Architects)

 

လင်ဟုတ်လန်သည် စင်္ကာပူ၏ တတိယအကြီးမားဆုံး စူပါမာ့ကက်အုပ်စုဖြစ်သော Sheng Siong ၏ ပူးတွဲပိုင်ရှင်၊ မန်နေးဂျင်း ဒါရိုက်တာဖြစ်ပြီး စင်္ကာပူတွင် Sheng Siong စူပါမာ့ကက်ပေါင်း ၆၀ ခန့် ဖွင့်လှစ်ထားသည်။

လင်ဟုတ်လန်၏ အထက် အစ်ကိုဖြစ်သူ လင်ဟုတ်ချီ (Lim Hock Chee) သည် Sheng Siong ၏ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး အစ်ကိုအကြီးဆုံးမှာ အမှုဆောင်ဥက္ကဌ ဖြစ်သည်။

၎င်းတို့ ညီအစ်ကို ၃ ဦးသည် Sheng Siong ၏ ရှယ်ယာအများစုကို ပိုင်ဆိုင်ကြပြီး ၃ ဦးပေါင်း ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံခန့်ရှိကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြသည်။

 

 

(လင်ဟုတ်လန်၏ စံအိမ်မှာ စင်္ကာပူတွင် အရှားပါးဆုံးနှင့် ဈေးအကြီးဆုံးဖြစ်သော GCB ဟုခေါ်သည့် ဘန်ဂလိုအိမ် ဖြစ်သည်။ ဓာတ်ပုံ-TA.LE Architects)

 

စင်္ကာပူတွင် GCB ဘန်ဂလိုမှာ အရေအတွက် အကန့်အသတ်ဖြင့်သာရှိရာ အလွန်ချမ်းသာကြွယ်ဝသူတို့၏ အဆင့်အတန်းကို ဖော်ပြမှုတစ်ရပ်သဖွယ်လည်း ဖြစ်သည်။

လင်ဟုတ်လန်၏ စံအိမ်သည် ရှေးဟောင်းသမိုင်းနှင့် ခေတ်မီဟန်တို့ကို ပေါင်းစပ်ထားသည်။

“ရှေ့ကနေကြည့်ရင် သိပ်မထူးခြားသလိုပဲ။ ဒါပေမယ့် နောက်ကကြည့်ရင်တော့ ဒီဒေသတခွင်ကို အပေါ်စီးကနေ မိုးထားတဲ့ ဧရာမစံအိမ်ကြီးဖြစ်တာ တွေ့ရပါတယ်”ဟု စင်္ကာပူမှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦး က Insider သတင်းဌာနသို့ ပြောသည်။

 

(စံအိမ်နောက်ဘက်တွင် ခေတ်မီမြင်ကွင်းကို တွေ့ရမည်ဖြစ်ပြီး နားနေဆောင်အဆင့်ဆင့်၌ စိမ်းလန်းသော မြက်ခင်းများကို တွေ့ရမည်ဖြစ်သည်။ ဓာတ်ပုံ-TA.LE Architects)

 

ကိုလိုနီခေတ် ဘန်ဂလိုအိမ်ကို ပြန်လည်မွမ်းမံမှုများလုပ်ရာတွင် စင်္ကာပူအခြေစိုက် ဗိသုကာအဖွဲ့ဖြစ်သော Ta.le Architects အဖွဲ့က ကွပ်ကဲခဲ့သည်။

 

 

(လင်ဟုတ်လန်သည် ယခုစံအိမ်နှင့် မြေနေရာကို ၂၀၁၅ ခုနှစ်အတွင်းက ဝယ်ယူခဲ့ရာတွင် စင်္ကာပူဒေါ်လာ ၃၅ သန်း- သို့မဟုတ် ကန်ဒေါ်လာ ၂၆ ဒသမ ၂ သန်းခန့် ပေးခဲ့ရကြောင်း သူ၏ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက Insider သတင်းဌာနသို့ ပြောသည်။ ဓာတ်ပုံ-TA.LE Architects)

လင်ဟုတ်လန်သည် ဝယ်ယူပြီးနောက်ပိုင်း ပြန်လည်မွမ်းမံရန်နှင့် ကပ်လျက် ခေတ်မီဘန်ဂလိုအိမ်တစ်လုံး ဆောက်ရန် စင်္ကာပူဒေါ်လာ သန်း ၃၀ (ကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း) ခန့် သုံးစွဲခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။

ထို့ကြောင့် လန်ဟုတ်လန်က အဆိုပါအိမ်အတွက် စုစုပေါင်း ဒေါ်လာ သန်း ၅၀ နီးပါး ကုန်ကျထားသည်။

 

(Ta.le Architects ဗိသုကာအဖွဲ့က လင်ဟုတ်လန်၏ စံအိမ်ကို Hidden House ဟု အမည်ပေးထားသည်။ ဓာတ်ပုံ-TA.LE Architects)

 

 

(စံအိမ်အတွင်း မြေကွက်လပ်ဝန်း ၃ ခုပါဝင်ရာ တစ်ခုမှာ စိမ်းလန်းသော မြက်ခင်းပြင်ဖြစ်ပြီး ရှေးဟောင်း ဘန်ဂလိုနှင့် ခေတ်မီ ဘန်ဂလိုအိမ်တို့ကြားတွင် တည်ရှိသည်။ ဓာတ်ပုံ-TA.LE Architects)

 

 

(အခြားမြေကွက်လပ်တစ်ခုမှာ ခေတ်မီဘန်ဂလိုအိမ်၏ ဧည့်ခန်းနှင့် ညစာစားခန်းတို့ကြားတွင် တည်ရှိပြီး နေအိမ်အလယ်တွင် တည်ရှိခြင်းဖြစ်ကာ အလင်းနှင့် လေကောင်းလေသန့်များ ဆောင်ကြဉ်းပေးသည်။ ဓာတ်ပုံ-TA.LE Architects)

 

(တတိယကွက်လပ်မှာ နေအိမ်၏ အောက်ဆုံးအထပ်တွင် တည်ရှိပြီး ထိုနေရာတွင် အလျား ၉၈ ပေရှိသော ရေကူးကန်ကို တွေ့ရမည် ဖြစ်သည်။ ရေကူးကန်သည် အိမ်ထဲမှစတင်ကာ အိမ်ပြင်အထိ တူးဖောက်ဆောက်လုပ်ထားသည်။ ဓာတ်ပုံ-TA.LE Architects)

 

ရေကူးကန်အထက်တွင် ညဘက်၌ လင်းလက်နေစေရန် စီစဉ်ထားသော လှေကားတစ်ခုရှိသည်။

 

(စံအိမ်၏ နောက်ဘက်မျက်နှာစာ။ ဓာတ်ပုံ-TA.LE Architects)

 

(ဘန်ဂလို၏ အကျယ်အဝန်းမှာ စတုရန်းပေ ၃၃၇၀၀ ရှိသည်။ ဓာတ်ပုံ-TA.LE Architects)

 

(စံအိမ်ကို minimalism ဟန်ဖြင့် အလှဆင်ထားကြောင်း နေအိမ်ကို မွမ်းမံခဲ့သည့် ဗိသုကာပညာရှင်များက ပြောသည်။ ဓာတ်ပုံ-TA.LE Architects)

 

(ပြီးခဲ့သောလအတွင်း လင်ဟုတ်လန်က South China Morning Post သတင်းဌာနကို သူ၏ စံအိမ်အတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့သည်။ ဓာတ်ပုံ-TA.LE Architects)

 

(ဗိသုကာပညာရှင်များက လင်ဟုတ်လန်၏ သားသမီး ၄ ဦးနှင့် မိဘများအတွက် ကြီးမားသော အိပ်ခန်းကြီးများ ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးခဲ့သည်။ ဓာတ်ပုံ-TA.LE Architects)

 

(စံအိမ်၏ ညစာစားခန်းမှာ အနည်းဆုံး ၁၅ ဦးခန့် စားသောက်နိုင်သည်။ ဓာတ်ပုံ-TA.LE Architects)

 

(စိမ်းလန်းသော မြက်ခင်းများဖြင့် နားနေဆောင်များ။ ဓာတ်ပုံ-TA.LE Architects)

 

(စံအိမ်တွင်းမှ ရေချိုးခန်းများ။ ဓာတ်ပုံ-TA.LE Architects)

 

(ကျယ်ဝန်းသော ရုံးခန်းနေရာမှာ စူပါမာ့ကက်အုပ်စုကြီးတစ်ခု၏ မန်နေးဂျင်းဒါရိုက်တာအတွက် သင့်လျော်သည့် နေရာတစ်ခု ဖြစ်သည်။ ဓာတ်ပုံ-TA.LE Architects)

 

(စံအိမ်အတွင်း အားကစားလေ့ကျင့်ခန်းမ၊ sauna ၊ ဘိလိယက်ခုံနှင့် အိမ်တွင်း ရုပ်ရှင်ရုံတို့ ပါဝင်သည်။ ဓာတ်ပုံ-TA.LE Architects)

 

(စံအိမ်ဆောက်လုပ်ချိန်တွင် လင်ဟုတ်လန်က ဗိသုကာပညာရှင်များကို ပြောခဲ့သည်မှာ ဒီအိမ်ကို လူကြီးမင်းတို့ ဆောက်လုပ်နေကြတာဟာ ကျွန်တော့်အတွက်မဟုတ်ပါဘူး။ အိမ်နီးချင်းတွေအတွက် ဖြစ်ပါတယ်ဟု ပြောခဲ့သည်။ ဓာတ်ပုံ-TA.LE Architects)

“အိမ်တစ်လုံးဆောက်မယ်ဆိုရင် အဲဒီအိမ်ဟာ ကိုယ့််အိမ်နီးချင်းတွေအတွက် မျက်စိပသာဒဖြစ်ရပါမယ်”ဟု လင်ဟုတ်လန်က South China Morning Post သတင်းဌာနကို ပြောခဲ့သည်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Look inside a Singapore supermarket billionaire's $50 million mansion, which combines a historic bungalow with an ultra-modern house and has a 100-foot swimming pool (businessinsider)

 

 

[Zawgyi]

စကၤာပူမွ Sheng Siong စူပါမာ့ကက္မ်ား၏ ပိုင္ရွင္ ဘီလ်ံနာၾကီးပိုင္ဆိုင္ေသာ ေဒၚလာ သန္း ၅၀ တန္ စံအိမ္ၾကီး

စကၤာပူ ဘီလ်ံနာၾကီး လင္ဟုတ္လန္ (Lim Hock Leng) ၏ စကၤာပူမွ ေဒၚလာ သန္း ၅၀ တန္ ဘန္ဂလိုစံအိမ္သည္ ေခတ္ေပၚစံအိမ္တစ္လံုးႏွင့္ ေပါင္းစပ္ထားသည္။

လင္ဟုတ္လန္သည္ စကၤာပူ၏ တတိယအၾကီးမားဆံုး စူပါမာ့ကက္အုပ္စုကို သူ၏ အစ္ကို ၂ ဦးႏွင့္အတူ ပိုင္ဆိုင္ျပီး ၎တို႔၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁ ဒသမ ၂ ဘီလီယံခန္႔ရွိသည္။

လင္ဟုတ္လန္၏ စံအိမ္တြင္ အိမ္ထဲမွစတင္ကာ အိမ္ျပင္အထိ ဆန္႔ထုတ္ေဖာက္လုပ္ထားေသာ ေရကူးကန္ၾကီးတစ္ခု ပါဝင္သည္။

(စကၤာပူမွ တသီးတသန္႔ရွိကာ အပင္တို႔ျဖင့္ အုပ္အုပ္ဆိုင္းဆိုင္းရွိေသာ လမ္းတစ္ခုတြင္ စူပါမာ့ကက္ ဘီလ်ံနာၾကီး လင္ဟုတ္လန္၏ ေဒၚလာ သန္း ၅၀ တန္ ဘန္ဂလိုအိမ္ တည္ရွိသည္။ ဓာတ္ပံု-TA.LE Architects)

လင္ဟုတ္လန္သည္ စကၤာပူ၏ တတိယအၾကီးမားဆံုး စူပါမာ့ကက္အုပ္စုျဖစ္ေသာ Sheng Siong ၏ ပူးတြဲပိုင္ရွင္၊ မန္ေနးဂ်င္း ဒါရိုက္တာျဖစ္ျပီး စကၤာပူတြင္ Sheng Siong စူပါမာ့ကက္ေပါင္း ၆၀ ခန္႔ ဖြင့္လွစ္ထားသည္။

လင္ဟုတ္လန္၏ အထက္ အစ္ကိုျဖစ္သူ လင္ဟုတ္ခ်ီ (Lim Hock Chee) သည္ Sheng Siong ၏ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္ျပီး အစ္ကိုအၾကီးဆံုးမွာ အမႈေဆာင္ဥကၠဌ ျဖစ္သည္။

၎တို႔ ညီအစ္ကို ၃ ဦးသည္ Sheng Siong ၏ ရွယ္ယာအမ်ားစုကို ပိုင္ဆိုင္ၾကျပီး ၃ ဦးေပါင္း ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁ ဒသမ ၂ ဘီလီယံခန္႔ရွိေၾကာင္း Forbes မဂၢဇင္းၾကီးက ေဖာ္ျပသည္။

(လင္ဟုတ္လန္၏ စံအိမ္မွာ စကၤာပူတြင္ အရွားပါးဆံုးႏွင့္ ေစ်းအၾကီးဆံုးျဖစ္ေသာ GCB ဟုေခၚသည့္ ဘန္ဂလိုအိမ္ ျဖစ္သည္။ ဓာတ္ပံု-TA.LE Architects)

စကၤာပူတြင္ GCB ဘန္ဂလိုမွာ အေရအတြက္ အကန္႔အသတ္ျဖင့္သာရွိရာ အလြန္ခ်မ္းသာၾကြယ္ဝသူတို႔၏ အဆင့္အတန္းကို ေဖာ္ျပမႈတစ္ရပ္သဖြယ္လည္း ျဖစ္သည္။

လင္ဟုတ္လန္၏ စံအိမ္သည္ ေရွးေဟာင္းသမိုင္းႏွင့္ ေခတ္မီဟန္တို႔ကို ေပါင္းစပ္ထားသည္။

“ေရွ႕ကေနၾကည့္ရင္ သိပ္မထူးျခားသလိုပဲ။ ဒါေပမယ့္ ေနာက္ကၾကည့္ရင္ေတာ့ ဒီေဒသတခြင္ကို အေပၚစီးကေန မိုးထားတဲ့ ဧရာမစံအိမ္ၾကီးျဖစ္တာ ေတြ႔ရပါတယ္”ဟု စကၤာပူမွ အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦး က Insider သတင္းဌာနသို႔ ေျပာသည္။

(စံအိမ္ေနာက္ဘက္တြင္ ေခတ္မီျမင္ကြင္းကို ေတြ႔ရမည္ျဖစ္ျပီး နားေနေဆာင္အဆင့္ဆင့္၌ စိမ္းလန္းေသာ ျမက္ခင္းမ်ားကို ေတြ႔ရမည္ျဖစ္သည္။ ဓာတ္ပံု-TA.LE Architects)

ကိုလိုနီေခတ္ ဘန္ဂလိုအိမ္ကို ျပန္လည္မြမ္းမံမႈမ်ားလုပ္ရာတြင္ စကၤာပူအေျခစိုက္ ဗိသုကာအဖြဲ႔ျဖစ္ေသာ Ta.le Architects အဖြ႔ဲက ကြပ္ကဲခဲ့သည္။

(လင္ဟုတ္လန္သည္ ယခုစံအိမ္ႏွင့္ ေျမေနရာကို ၂၀၁၅ ခုႏွစ္အတြင္းက ဝယ္ယူခဲ့ရာတြင္ စကၤာပူေဒၚလာ ၃၅ သန္း- သို႔မဟုတ္ ကန္ေဒၚလာ ၂၆ ဒသမ ၂ သန္းခန္႔ ေပးခဲ့ရေၾကာင္း သူ၏ ကုမၸဏီမွ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္တစ္ဦးက Insider သတင္းဌာနသို႔ ေျပာသည္။ ဓာတ္ပံု-TA.LE Architects)

လင္ဟုတ္လန္သည္ ဝယ္ယူျပီးေနာက္ပိုင္း ျပန္လည္မြမ္းမံရန္ႏွင့္ ကပ္လ်က္ ေခတ္မီဘန္ဂလိုအိမ္တစ္လံုး ေဆာက္ရန္ စကၤာပူေဒၚလာ သန္း ၃၀ (ကန္ေဒၚလာ ၂၂ ဒသမ ၄ သန္း) ခန္႔ သံုးစြဲခဲ့ျပီး ၂၀၁၈ ခုႏွစ္တြင္ အျပီးသတ္ခဲ့သည္။

ထို႔ေၾကာင့္ လန္ဟုတ္လန္က အဆိုပါအိမ္အတြက္ စုစုေပါင္း ေဒၚလာ သန္း ၅၀ နီးပါး ကုန္က်ထားသည္။

(Ta.le Architects ဗိသုကာအဖြဲ႔က လင္ဟုတ္လန္၏ စံအိမ္ကို Hidden House ဟု အမည္ေပးထားသည္။ ဓာတ္ပံု-TA.LE Architects)

(စံအိမ္အတြင္း ေျမကြက္လပ္ဝန္း ၃ ခုပါဝင္ရာ တစ္ခုမွာ စိမ္းလန္းေသာ ျမက္ခင္းျပင္ျဖစ္ျပီး ေရွးေဟာင္း ဘန္ဂလိုႏွင့္ ေခတ္မီ ဘန္ဂလိုအိမ္တို႔ၾကားတြင္ တည္ရွိသည္။ ဓာတ္ပံု-TA.LE Architects)

(အျခားေျမကြက္လပ္တစ္ခုမွာ ေခတ္မီဘန္ဂလိုအိမ္၏ ဧည့္ခန္းႏွင့္ ညစာစားခန္းတို႔ၾကားတြင္ တည္ရွိျပီး ေနအိမ္အလယ္တြင္ တည္ရွိျခင္းျဖစ္ကာ အလင္းႏွင့္ ေလေကာင္းေလသန္႔မ်ား ေဆာင္ၾကဥ္းေပးသည္။ ဓာတ္ပံု-TA.LE Architects)

(တတိယကြက္လပ္မွာ ေနအိမ္၏ ေအာက္ဆံုးအထပ္တြင္ တည္ရွိျပီး ထိုေနရာတြင္ အလ်ား ၉၈ ေပရွိေသာ ေရကူးကန္ကို ေတြ႔ရမည္ ျဖစ္သည္။ ေရကူးကန္သည္ အိမ္ထဲမွစတင္ကာ အိမ္ျပင္အထိ တူးေဖာက္ေဆာက္လုပ္ထားသည္။ ဓာတ္ပံု-TA.LE Architects)

ေရကူးကန္အထက္တြင္ ညဘက္၌ လင္းလက္ေနေစရန္ စီစဥ္ထားေသာ ေလွကားတစ္ခုရွိသည္။

(စံအိမ္၏ ေနာက္ဘက္မ်က္ႏွာစာ။ ဓာတ္ပံု-TA.LE Architects)

(ဘန္ဂလို၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၃၃၇၀၀ ရွိသည္။ ဓာတ္ပံု-TA.LE Architects)

(စံအိမ္ကို minimalism ဟန္ျဖင့္ အလွဆင္ထားေၾကာင္း ေနအိမ္ကို မြမ္းမံခဲ့သည့္ ဗိသုကာပညာရွင္မ်ားက ေျပာသည္။ ဓာတ္ပံု-TA.LE Architects)

(ျပီးခဲ့ေသာလအတြင္း လင္ဟုတ္လန္က South China Morning Post သတင္းဌာနကို သူ၏ စံအိမ္အတြင္း ဝင္ေရာက္ၾကည့္ရႈခြင့္ေပးခဲ့သည္။ ဓာတ္ပံု-TA.LE Architects)

(ဗိသုကာပညာရွင္မ်ားက လင္ဟုတ္လန္၏ သားသမီး ၄ ဦးႏွင့္ မိဘမ်ားအတြက္ ၾကီးမားေသာ အိပ္ခန္းၾကီးမ်ား ဒီဇိုင္းေရးဆြဲေဆာက္လုပ္ေပးခဲ့သည္။ ဓာတ္ပံု-TA.LE Architects)

(စံအိမ္၏ ညစာစားခန္းမွာ အနည္းဆံုး ၁၅ ဦးခန္႔ စားေသာက္ႏိုင္သည္။ ဓာတ္ပံု-TA.LE Architects)

(စိမ္းလန္းေသာ ျမက္ခင္းမ်ားျဖင့္ နားေနေဆာင္မ်ား။ ဓာတ္ပံု-TA.LE Architects)

(စံအိမ္တြင္းမွ ေရခ်ဳိးခန္းမ်ား။ ဓာတ္ပံု-TA.LE Architects)

(က်ယ္ဝန္းေသာ ရံုးခန္းေနရာမွာ စူပါမာ့ကက္အုပ္စုၾကီးတစ္ခု၏ မန္ေနးဂ်င္းဒါရိုက္တာအတြက္ သင့္ေလ်ာ္သည့္ ေနရာတစ္ခု ျဖစ္သည္။ ဓာတ္ပံု-TA.LE Architects)

(စံအိမ္အတြင္း အားကစားေလ့က်င့္ခန္းမ၊ sauna ၊ ဘိလိယက္ခံုႏွင့္ အိမ္တြင္း ရုပ္ရွင္ရံုတို႔ ပါဝင္သည္။ ဓာတ္ပံု-TA.LE Architects)

(စံအိမ္ေဆာက္လုပ္ခ်ိန္တြင္ လင္ဟုတ္လန္က ဗိသုကာပညာရွင္မ်ားကို ေျပာခဲ့သည္မွာ ဒီအိမ္ကို လူၾကီးမင္းတို႔ ေဆာက္လုပ္ေနၾကတာဟာ ကၽြန္ေတာ့္အတြက္မဟုတ္ပါဘူး။ အိမ္နီးခ်င္းေတြအတြက္ ျဖစ္ပါတယ္ဟု ေျပာခဲ့သည္။ ဓာတ္ပံု-TA.LE Architects)

“အိမ္တစ္လံုးေဆာက္မယ္ဆိုရင္ အဲဒီအိမ္ဟာ ကိုယ့္္အိမ္နီးခ်င္းေတြအတြက္ မ်က္စိပသာဒျဖစ္ရပါမယ္”ဟု လင္ဟုတ္လန္က South China Morning Post သတင္းဌာနကို ေျပာခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Look inside a Singapore supermarket billionaire's $50 million mansion, which combines a historic bungalow with an ultra-modern house and has a 100-foot swimming pool (businessinsider)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service