The Glory တွင် ဆောင်းဟေကိုအား ချစ်မိနေသော ဆရာဝန်လေးအဖြစ် သရုပ်ဆောင်ခဲ့သူ Lee Do Hyun က ရုပ်ရှင်လောကသို့ ခြေမချနိုင်မီ အိမ်ငယ်လေးတစ်လုံးတွင် နေထိုင်ကာ အချိန်ပိုင်း အလုပ်များ လုပ်ခဲ့ရ
The Glory တွင် ဆောင်းဟေကိုအား ချစ်မိနေသော ဆရာဝန်လေးအဖြစ် သရုပ်ဆောင်ခဲ့သူ Lee Do Hyun က ရုပ်ရှင်လောကသို့ ခြေမချနိုင်မီ အိမ်ငယ်လေးတစ်လုံးတွင် နေထိုင်ကာ အချိန်ပိုင်း အလုပ်များ လုပ်ခဲ့ရ - Property News in Myanmar from iMyanmarHouse.com
10 Apr 2023 2:15 pm တွင် တင်ခဲ့သည်
1059 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
The Glory ဇာတ်လမ်းတွဲဖြင့် လူသိများကျော်ကြားအောင်မြင်လာသူ Lee Do Hyun သည် သူ၏ ကြမ်းတမ်း သော ဘဝခရီးကို ထုတ်ဖော်ပြောကြားလာရာ နေအိမ်သေးသေးတစ်လုံးတွင် နေထိုင်ကာ အချိန်ပိုင်းအလုပ်များ လုပ်ခဲ့ရသည်ဟု ဆိုသည်။
အထက်တန်းကျောင်းတက်စဉ် မိမိအား ဝိုင်းဝန်းညှင်းပန်းနှိပ်စက်ခဲ့သူများအား ပြန်လည်လက်စားချေပုံ ရိုက်ကူး ထားသည့် The Glory တွင် Song Hye Kyo ၊ Lim Ji Yeon ၊ Park Sung Hoon ၊ Jung Sung II တို့ ပါဝင် သရုပ်ဆောင်ထားသည်။
အသက် ၂၇ နှစ်အရွယ်ရှိ Lee Do Hyun သည် ဆောင်းဟေကိုအား ချစ်မိနေသူ ပလတ်စတစ် ဆာဂျရီ ဆရာဝန်လေး ဂျူယောဂျောင် အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် အလွန်ကျော်ကြားသွားကာ နှုတ်ခမ်းနီမလေး များ၏ အသည်းစွဲ ဖြစ်လာခဲ့သည်။
Lee Do Hyun သည် အဓိက ဇာတ်ဆောင်နေရာတွင် ပါဝင်သရုပ်ဆောင်ရန် စွယ်စုံရကြောင်း ပြသနိုင်ခဲ့ကာ ၎င်းထက် သဘာရင့်သူများနှင့် ရင်ဘောင်တန်း သရုပ်ဆောင်နိုင်ကြောင်း ပြသခဲ့သည်။
Lee Do Hyun သည် ယခုဇာတ်ကားဖြင့် မအောင်မြင်သေးမီက ဘဝအနိမ့်အမြင့်များစွာ ဖြတ်သန်းခဲ့ရသည်။
((အချိန်ပိုင်းအလုပ်များ လုပ်ကိုင်ခြင်း))
Lee Do Hyun သည် “You Quiz on the Block”၏ နောက်ဆုံး Episode တွင် ထုတ်ဖော်ပြောကြားခဲ့သည်မှာ ငယ်စဉ်အခါက အချိန်ပိုင်းအလုပ်များ လုပ်ကိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။
Lee Do Hyun ၏ ပထမဆုံး အချိန်ပိုင်းအလုပ်မှာ ဓာတ်ပုံဆရာ အလုပ်ဖြစ်ပြီး မိသားစု ဓာတ်ပုံများ ရိုက်ခဲ့ရ သည်။
ထိုအလုပ်လုပ်ကိုင်နေစဉ်အတွင်း မိခင်ကြီးကို ကူညီကာ သတင်းစာများ လိုက်လံပေးပို့ခဲ့သေးသည်။
အစီအစဉ်တင်ဆက်သူ Yoo Jae Seok က Lee Do Hyun ၏ နေအိမ်အကြောင်း မေးမြန်းခဲ့သည်။
Lee Do Hyun က ထုတ်ဖော်ပြောကြားသည်မှာ မိမိတို့မိသားစုသည် သာမန်အိမ်လေးတစ်လုံးတွင် နေထိုင်ခဲ့ ပြီးနောက်ပိုင်းတွင် ပိုမိုကြီးမားသော အိမ်တစ်လုံးသို့ ပြောင်းခဲ့ကြောင်း ပြောသည်။
(ဓာတ်ပုံ- You Quiz on the Block )
(ဓာတ်ပုံ- You Quiz on the Block )
(ဓာတ်ပုံ- You Quiz on the Block )
ယခင်နေအိမ်လေးမှာ အလွန်ကျဉ်းလှကြောင်း ၊ သို့သော် ကြီးမားသည့် ပြတင်းပေါက်များ ရှိသောကြောင့် လေဝင်လေထွက် ကောင်းမွန်ကြောင်း ပြောသည်။
ယခုနေထိုင်သော မိသားစု နေအိမ်သစ်ကို ဝယ်ယူခဲ့ပုံအကြောင်း Lee Do Hyun က ရိုးသားပွင့်လင်းစွာ ပြောပြသည်မှာ မိမိသည် ငွေအလုံးအရင်းကိုင်တွယ်ရချိန်တွင် စိတ်မသက်သာမှုကို ခံစားရသည်ဟု ဆိုသည်။
နေအိမ်ဝယ်ယူမှု ပထမခြေလှမ်းအကြောင်း Lee Do Hyun က ပြောပြသည်မှာ “တော်တော်တော့ ထူးဆန်းတယ်။ လက်ငင်းပေးချေရမယ့်ငွေ သွင်းတဲ့နေ့ကပေါ့။ ငွေတွေက အများကြီးဆိုတော့ ကျွန်တော့်လက်တွေ တုန်နေခဲ့ပါတယ်”ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Lee Do Hyun Recalls Working Part-Time Jobs & Living in Small House for 20 Years (kdramastars)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
CarsDB
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service