အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အိမ်ရာမဲ့ပြဿနာကို တိုက်ဖျက်ရန် ဒေါ်လာ သန်း ၃၀ သုံးကာ နေအိမ်ငယ်ကလေးပေါင်း ၁၂၀၀ ဆောက်လုပ်မည်

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အိမ်ရာမဲ့ပြဿနာကို တိုက်ဖျက်ရန် ဒေါ်လာ သန်း ၃၀ သုံးကာ နေအိမ်ငယ်ကလေးပေါင်း ၁၂၀၀ ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
4 Apr 2023 12:09 pm တွင် တင်ခဲ့သည်
774 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(လော့စ်အိန်ဂျလိမြို့၊ Chandler Street အိမ်ငယ်လေးများ ကျေးရွာကို တွေ့ရပုံ- ဓာတ်ပုံ- Brittany Chang/Insider)

၂၀၂၅ ခုနှစ်အရောက်တွင် အိမ်ရာမဲ့ဦးရေ ၁၅ ရာခိုင်နှုန်း ကျဆင်းစေရန် ရည်မှန်းထားသော ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးအဖွဲ့၏ ရည်မှန်းချက်အရ ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ သန်း ၃၀ သုံးစွဲကာ နေအိမ်ငယ်လေးပေါင်း ၁၂၀၀ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က ထုတ်ဖော်ကြေညာလိုက်သည်။

 

 

(The Alexandria Park အိမ်ငယ်လေးများ ကျေးရွာ။ ဓာတ်ပုံ-Brittany Chang/Insider)

“အိမ်ခြံမြေအကျပ်အတည်းကို ပထမဆုံးမဖြေရှင်းဘဲ အိမ်ရာမဲ့ပြဿနာကို ဘယ်တော့မှ ဖြေရှင်းလို့ မရပါဘူး။ ဒီနှစ်ခုက ဆက်နွှယ်နေပါတယ်။ ကယ်လီဖိုးနီးယားမှာ အိမ်ရာတွေ ပိုမိုဖန်တီးပေးဖို့ လိုအပ်နေတဲ့ ပြဿနာရဲ့ ရင်းမြစ်ကို ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းနေပါတယ်”ဟု အုပ်ချုပ်ရေးမှူး Gavin က ပြောသည်။

 

(The Alexandria Park အိမ်ငယ်လေးများ ကျေးရွာ။ ဓာတ်ပုံ- Brittany Chang/Insider)

 

ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဒေသ ၄ ခုဖြစ်သော Los Angeles, Sacramento, San Jose နှင့် San Diego ခရိုင်တို့တွင် နေအိမ်ငယ်ပေါင်း ၁၂၀၀ ကို ဖြန့်ကျက်ဆောက်လုပ်သွားမည်ဖြစ်ပြီး အိမ်ရာမဲ့စခန်းတွင် လက်ရှိနေထိုင်နေသူများကို ဦးစားပေးသွားမည်ဖြစ်သည်။

 

 

(ဓာတ်ပုံ-Brittany Chang/Insider)

 

လော့စ်အိန်ဂျလိတွင် နေအိမ်ငယ် ၅၀၀ ခန့် ဆောက်လုပ်သွားမည်ဖြစ်ပြီး San Diego တွင်မူ အနည်းဆုံး အိမ်ငယ် ၁၅၀ ခန့် ဆောက်လုပ်မည် ဖြစ်သည်။

 

(ဓာတ်ပုံ-Omerali Senakayli / EyeEm / Getty Images)

 

အိမ်ငယ်လေးများကို မည်သူက ဆောက်လုပ်ပေးမည်ကိုမူ မသိရသေးချေ။

 

(Hope of the Valley Rescue Mission)

 

အေပီသတင်းဌာန၏ ဖော်ပြချက်အရ အိမ်ငယ်လေးများ၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၂၀ ခန့်သာ ရှိမည်ဟု ဆိုသည်။

 

 

(The Alexandria Park အိမ်ငယ်လေးများ ကျေးရွာ။ ဓာတ်ပုံ- Brittany Chang/Insider)

 

ဆောက်လုပ်မည့် နေအိမ်ငယ်လေးများ မည်သို့ပုံသဏ္ဍာန်ရှိနိုင်သည်ကို လော့စ်အိန်ဂျလိတွင် လေ့လာကြည့်နိုင်သည်။

 

 

(The Alexandria Park အိမ်ငယ်လေးများ ကျေးရွာ။ ဓာတ်ပုံ- Brittany Chang/Insider)

 

လော့စ်အိန်ဂျလိသည် အိမ်ငယ်ကလေးများကို ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲကာ ဆောက်လုပ်ထားရှိပြီး ဖြစ်သည်။

 

(ကယ်လီဖိုးနီးယားပြည်နယ် ၊ Highland Park ရှိ The Arroyo Seco အိမ်ငယ်လေးများ ကျေးရွာ။ ဓာတ်ပုံ Hope of the Valley Rescue Mission)

လော့စ်အိန်ဂျလိတွင် နောက်ဆုံးဆောက်လုပ်ခဲ့သော Alexandria Park အိမ်ငယ်လေးများ ကျေးရွာတွင် ကုတင် ၂၀၀ ခန့် ပါဝင်ပြီး နေအိမ်တစ်လုံးစီ၏ တန်ကြေးမှာ ဒေါ်လာ ၄၃၀၀၀ ရှိကာ စုစုပေါင်း ကုန်ကျစရိတ်မှာ ဒေါ်လာ ၈ ဒသမ ၆ သန်းရှိသည်။

 

 

(The Alexandria Park အိမ်ငယ်လေးများ ကျေးရွာ။ ဓာတ်ပုံ-Brittany Chang/Insider)

အဆိုပါ ကျေးရွာကို အကျိုးအမြတ်အတွက်မဟုတ်သည့်အဖွဲ့ဖြစ်သော Hope of the Valley က လည်ပတ်လုပ်ကိုင်ပေးလျက်ရှိခြင်းဖြစ်သည်။

ဝါရှင်တန်အခြေစိုက် Pallet က ဆောက်လုပ်ခဲ့သော အသင့်တပ်ဆင်နိုင်သည့် အိမ်ငယ်လေးများဖြစ်ကာ လော့စ်အိန်ဂျလိတစ်မြို့လုံးတွင် ဖြန့်ကျက်ထားရှိသည်။

 

 

(The Arroyo Seco အိမ်ငယ်လေးများ ကျေးရွာ။ Highland Park ၊ ကယ်လီဖိုးနီးယား။ ဓာတ်ပုံ-Hope of the Valley Rescue Mission)

 

(Chandler Street အိမ်ငယ်လေးများ ကျေးရွာ။ ဓာတ်ပုံ- Brittany Chang/Insider)

 

 

(Chandler Street အိမ်ငယ်လေးများ ကျေးရွာ။ ဓာတ်ပုံ- Brittany Chang/Insider)

 

 

(Chandler Street အိမ်ငယ်လေးများ ကျေးရွာရှိ နေအိမ်တစ်လုံးအတွင်း မြင်ကွင်း။ ဓာတ်ပုံ- Brittany Chang/Insider)

 

(Arroyo Seco အိမ်ငယ်လေးများ ကျေးရွာရှိ နေအိမ်တစ်လုံးအတွင်း မြင်ကွင်း။ ဓာတ်ပုံ-Hope of the Valley Rescue Mission.)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: California will spend $30 million to build 1,200 tiny homes to combat the state's homelessness crisis — here's what they could look like (businessinsider)

 

 

[Zawgyi]

အေမရိကန္ျပည္၊ ကယ္လီဖိုးနီးယားတြင္ အိမ္ရာမဲ့ျပႆနာကို တိုက္ဖ်က္ရန္ ေဒၚလာ သန္း ၃၀ သံုးကာ ေနအိမ္ငယ္ကေလးေပါင္း ၁၂၀၀ ေဆာက္လုပ္မည္

 

(ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Chandler Street အိမ္ငယ္ေလးမ်ား ေက်းရြာကို ေတြ႔ရပံု- ဓာတ္ပံု- Brittany Chang/Insider)

၂၀၂၅ ခုႏွစ္အေရာက္တြင္ အိမ္ရာမဲ့ဦးေရ ၁၅ ရာခုိင္ႏႈန္း က်ဆင္းေစရန္ ရည္မွန္းထားေသာ ကယ္လီဖုိးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႔၏ ရည္မွန္းခ်က္အရ ၂၀၂၃ ခုႏွစ္အတြင္း ေဒၚလာ သန္း ၃၀ သံုးစြဲကာ ေနအိမ္ငယ္ေလးေပါင္း ၁၂၀၀ ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း ကယ္လီဖိုးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Gavin Newsom က ထုတ္ေဖာ္ေၾကညာလိုက္သည္။

(The Alexandria Park အိမ္ငယ္ေလးမ်ား ေက်းရြာ။ ဓာတ္ပံု-Brittany Chang/Insider)

“အိမ္ျခံေျမအက်ပ္အတည္းကို ပထမဆံုးမေျဖရွင္းဘဲ အိမ္ရာမဲ့ျပႆနာကို ဘယ္ေတာ့မွ ေျဖရွင္းလို႔ မရပါဘူး။ ဒီႏွစ္ခုက ဆက္ႏႊယ္ေနပါတယ္။ ကယ္လီဖိုးနီးယားမွာ အိမ္ရာေတြ ပိုမိုဖန္တီးေပးဖို႔ လိုအပ္ေနတဲ့ ျပႆနာရဲ႕ ရင္းျမစ္ကို ကၽြန္ေတာ္တို႔ ကိုင္တြယ္ေျဖရွင္းေနပါတယ္”ဟု အုပ္ခ်ဳပ္ေရးမွဴး Gavin က ေျပာသည္။

(The Alexandria Park အိမ္ငယ္ေလးမ်ား ေက်းရြာ။ ဓာတ္ပံု- Brittany Chang/Insider)

ကယ္လီဖိုးနီးယားျပည္နယ္ရွိ ေဒသ ၄ ခုျဖစ္ေသာ Los Angeles, Sacramento, San Jose ႏွင့္ San Diego ခရိုင္တုိ႔တြင္ ေနအိမ္ငယ္ေပါင္း ၁၂၀၀ ကို ျဖန္႔က်က္ေဆာက္လုပ္သြားမည္ျဖစ္ျပီး အိမ္ရာမဲ့စခန္းတြင္ လက္ရွိေနထိုင္ေနသူမ်ားကို ဦးစားေပးသြားမည္ျဖစ္သည္။

(ဓာတ္ပံု-Brittany Chang/Insider)

ေလာ့စ္အိန္ဂ်လိတြင္ ေနအိမ္ငယ္ ၅၀၀ ခန္႔ ေဆာက္လုပ္သြားမည္ျဖစ္ျပီး San Diego တြင္မူ အနည္းဆံုး အိမ္ငယ္ ၁၅၀ ခန္႔ ေဆာက္လုပ္မည္ ျဖစ္သည္။

(ဓာတ္ပံု-Omerali Senakayli / EyeEm / Getty Images)

အိမ္ငယ္ေလးမ်ားကို မည္သူက ေဆာက္လုပ္ေပးမည္ကိုမူ မသိရေသးေခ်။

(Hope of the Valley Rescue Mission)

ေအပီသတင္းဌာန၏ ေဖာ္ျပခ်က္အရ အိမ္ငယ္ေလးမ်ား၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၁၂၀ ခန္႔သာ ရွိမည္ဟု ဆိုသည္။

(The Alexandria Park အိမ္ငယ္ေလးမ်ား ေက်းရြာ။ ဓာတ္ပံု- Brittany Chang/Insider)

ေဆာက္လုပ္မည့္ ေနအိမ္ငယ္ေလးမ်ား မည္သို႔ပံုသ႑ာန္ရွိႏိုင္သည္ကို ေလာ့စ္အိန္ဂ်လိတြင္ ေလ့လာၾကည့္ႏိုင္သည္။

(The Alexandria Park အိမ္ငယ္ေလးမ်ား ေက်းရြာ။ ဓာတ္ပံု- Brittany Chang/Insider)

ေလာ့စ္အိန္ဂ်လိသည္ အိမ္ငယ္ကေလးမ်ားကို ေဒၚလာ သန္းေပါင္းမ်ားစြာ သံုးစြဲကာ ေဆာက္လုပ္ထားရွိျပီး ျဖစ္သည္။

(ကယ္လီဖိုးနီးယားျပည္နယ္ ၊ Highland Park ရွိ The Arroyo Seco အိမ္ငယ္ေလးမ်ား ေက်းရြာ။ ဓာတ္ပံု Hope of the Valley Rescue Mission)

ေလာ့စ္အိန္ဂ်လိတြင္ ေနာက္ဆံုးေဆာက္လုပ္ခဲ့ေသာ Alexandria Park အိမ္ငယ္ေလးမ်ား ေက်းရြာတြင္ ကုတင္ ၂၀၀ ခန္႔ ပါဝင္ျပီး ေနအိမ္တစ္လံုးစီ၏ တန္ေၾကးမွာ ေဒၚလာ ၄၃၀၀၀ ရွိကာ စုစုေပါင္း ကုန္က်စရိတ္မွာ ေဒၚလာ ၈ ဒသမ ၆ သန္းရွိသည္။

(The Alexandria Park အိမ္ငယ္ေလးမ်ား ေက်းရြာ။ ဓာတ္ပံု-Brittany Chang/Insider)

အဆိုပါ ေက်းရြာကို အက်ဳိးအျမတ္အတြက္မဟုတ္သည့္အဖြဲ႔ျဖစ္ေသာ Hope of the Valley က လည္ပတ္လုပ္ကိုင္ေပးလ်က္ရွိျခင္းျဖစ္သည္။

ဝါရွင္တန္အေျခစိုက္ Pallet က ေဆာက္လုပ္ခဲ့ေသာ အသင့္တပ္ဆင္ႏိုင္သည့္ အိမ္ငယ္ေလးမ်ားျဖစ္ကာ ေလာ့စ္အိန္ဂ်လိတစ္ျမိဳ႕လံုးတြင္ ျဖန္႔က်က္ထားရွိသည္။

(The Arroyo Seco အိမ္ငယ္ေလးမ်ား ေက်းရြာ။ Highland Park ၊ ကယ္လီဖိုးနီးယား။ ဓာတ္ပံု-Hope of the Valley Rescue Mission)

(Chandler Street အိမ္ငယ္ေလးမ်ား ေက်းရြာ။ ဓာတ္ပံု- Brittany Chang/Insider)

(Chandler Street အိမ္ငယ္ေလးမ်ား ေက်းရြာ။ ဓာတ္ပံု- Brittany Chang/Insider)

(Chandler Street အိမ္ငယ္ေလးမ်ား ေက်းရြာရွိ ေနအိမ္တစ္လံုးအတြင္း ျမင္ကြင္း။ ဓာတ္ပံု- Brittany Chang/Insider)

(Arroyo Seco အိမ္ငယ္ေလးမ်ား ေက်းရြာရွိ ေနအိမ္တစ္လံုးအတြင္း ျမင္ကြင္း။ ဓာတ္ပံု-Hope of the Valley Rescue Mission.)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: California will spend $30 million to build 1,200 tiny homes to combat the state's homelessness crisis — here's what they could look like (businessinsider)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service