ကင်မ် ကာဒါရှီယန်နှင့် ကွာရှင်းပြီးနောက် Bianca Censori နှင့် လျှို့ဝှက်လက်ထပ်လိုက်သော Kanye West က လော့စ်အိန်ဂျလိမြို့ မာလီဘူးအရပ်တွင် စံအိမ်ကြီးတစ်လုံးကို ဒေါ်လာ ၇၈ သန်းဖြင့် ဝယ်ယူ

ကင်မ် ကာဒါရှီယန်နှင့် ကွာရှင်းပြီးနောက် Bianca Censori နှင့် လျှို့ဝှက်လက်ထပ်လိုက်သော Kanye West က လော့စ်အိန်ဂျလိမြို့ မာလီဘူးအရပ်တွင် စံအိမ်ကြီးတစ်လုံးကို ဒေါ်လာ ၇၈ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
31 Mar 2023 10:17 am တွင် တင်ခဲ့သည်
786 ကြိမ် ကြည့်ရှု့ပြီး

[Unicode] ကင်ညေးဝက်စ်သည် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးအရပ်တွင် သူ၏ ဖက်ရှင်ကုမ္ပဏီဖြစ်သော Yeezy မှ ဒီဇိုင်နာ Bianca Censori နှင့် လျှို့ဝှက်လက်ထပ်ခဲ့ရာ သူ၏ ပရိသတ်များ များစွာ အံ့အားသင့်ခဲ့ကြသည်။

၎င်းတို့နှစ်ဦး လက်ထပ်လက်စွပ်များ လဲလှယ်ကာ ကျမ်းသစ္စာကြိမ်ဆိုခဲ့ကြသော်လည်း တရားဝင်လက်ထပ် စာချုပ် မချုပ်ဆိုခဲ့ကြချေ။

ယခုကဲ့သို့ လျှို့ဝှက်လက်မထပ်မီ ၂ လအလိုကမှ ဇနီးဟောင်း ကင်မ်ကာဒါရှီယန်နှင့် ကွာရှင်းပြတ်စဲမှု အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။

 

 

 

(ကင်ညေးဝက်စ် ဝယ်ယူခဲ့သော ဒေါ်လာ ၅၇ ဒသမ ၂၅ သန်းတန် စံအိမ်)

 

ဒေါ်လာ ဘီလီယံနှင့် ချီကာ ချမ်းသာကြွယ်ဝသော ကင်ညေးဝက်စ်သည် ကင်မ်ကာဒါရှီယန်နှင့် ကွာရှင်းပြတ်စဲမှုများ လုပ်ဆောင်နေချိန်တွင် လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်ရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၅၇ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

အကျယ်အဝန်း ၃၄၀ စတုရန်းမီတာရှိသော စံအိမ်ကို ဆုရ နာမည်ကြီးဗိသုကာပညာရှင် Tadao Ando က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

 

 

(ကင်ညေးဝက်စ်၏ စံအိမ်သစ်။ ဓာတ်ပုံ- Google Maps/Getty)

ကင်ညေးဝက်စ်၏ အိမ်မှာ မြေအောက်ဗုံးခိုကျင်းကြီးတစ်ခုနှင့်တူကြောင်း ဝေဖန်မှုများရှိသည်။

 

အဆိုပါ အိမ်၏ တန်ကြေးမှာ ယခင်က ကန်ဒေါ်လာ ၇၅ သန်းအထိ ဈေးပေါက်ခဲ့ဖူးသည်။

နောက်ပိုင်းတွင် များစွာ ဈေးလျော့ရောင်းချခဲ့ခြင်းဖြစ်သော်လည်း စံချိန်တင် ဈေးနှုန်းဖြစ်နေဆဲပင်။

ထိုဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဈေးနှုန်းအမြင့်မားဆုံးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ဒေါ်လာ ၁၁ ဒသမ ၇ သန်းဖြစ်သည်။

၃ ထပ်အိမ်ဖြစ်ပြီး Puerco ကမ်းခြေတွင် တည်ရှိကာ ၂၀၁၃ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ကမ်းခြေကို မျက်နှာမူသည့် ကြီးမားသော ပင်မမှန်တံခါး ၊ ဂိုဒေါင်တစ်လုံး ၊ အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၅ ခန်းရှိသည်။

 

 

(ကင်ညေးဝက်စ်၏ စံအိမ်သစ်။ ဓာတ်ပုံ- Google Maps)

 

ယခင်က ပိုင်ဆိုင်ခဲ့သူမှာ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် Ashley Olsen ၏ ချစ်သူအမျိုးသား Richard Sachs ဖြစ်သည်။

ကင်ညေးဝက်စ်၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိသည်ဟု ခန့်မှန်းရပြီး ဝိုင်ယောမင်းပြည်နယ်တွင် မွေးမြူရေးခြံကြီးတစ်ခြံနှင့် ချီကာဂိုမြို့တွင် ကလေးဘဝက နေထိုင်ခဲ့သော နေအိမ်တစ်လုံးတို့လည်း ပိုင်ဆိုင် ထားသည်။

ကင်မ်ကာဒါရှီယန်နှင့် မကွာရှင်းမီက လော့စ်အိန်ဂျလိမြို့ ၊ Hidden Hills အရပ်တွင် စံအိမ်တစ်လုံးကို နှစ်ဦးပူးတွဲ ပိုင်ဆိုင်ခဲ့ပြီး ကွာရှင်းပြတ်စဲချိန်တွင် ထိုအိမ်ကို ကင်မ်ကာဒါရှီယန်က ရခဲ့သည်။

ကင်ညေးဝက်စ်နှင့် ကင်မ်ကာဒါရှီယမ်တို့တွင် North ၊ Saint ၊ Chicago နှင့် Psalm ဟူသော သားသမီး ၄ ဦးရှိပြီး ပူးတွဲ အုပ်ထိန်းလျက်ရှိသည်။

 

(ကင်မ်ကာဒါရှီယန်နှင့် ကင်ညေးဝက်စ်။ ဓာတ်ပုံ- Supplied)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kanye West marries longtime yeezy designer in private ceremony (pagesix)

 

 

[Zawgyi]

 

ကင္မ္ ကာဒါရွီယန္ႏွင့္ ကြာရွင္းျပီးေနာက္ Bianca Censori ႏွင့္ လွ်ိဳ႕ဝွက္လက္ထပ္လုိက္ေသာ Kanye West က ေလာ့စ္အိန္ဂ်လိျမိဳ႕ မာလီဘူးအရပ္တြင္ စံအိမ္ၾကီးတစ္လံုးကို ေဒၚလာ ၇၈ သန္းျဖင့္ ဝယ္ယူ

 

ကင္ေညးဝက္စ္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးအရပ္တြင္ သူ၏ ဖက္ရွင္ကုမၸဏီျဖစ္ေသာ Yeezy မွ ဒီဇိုင္နာ Bianca Censori ႏွင့္ လွ်ိဳ႕ဝွက္လက္ထပ္ခဲ့ရာ သူ၏ ပရိသတ္မ်ား မ်ားစြာ အံ့အားသင့္ခဲ့ၾကသည္။

၎တို႔ႏွစ္ဦး လက္ထပ္လက္စြပ္မ်ား လဲလွယ္ကာ က်မ္းသစၥာၾကိမ္ဆိုခဲ့ၾကေသာ္လည္း တရားဝင္လက္ထပ္ စာခ်ဳပ္ မခ်ဳပ္ဆိုခဲ့ၾကေခ်။

ယခုကဲ့သို႔ လွ်ိဳ႕ဝွက္လက္မထပ္မီ ၂ လအလိုကမွ ဇနီးေဟာင္း ကင္မ္ကာဒါရွီယန္ႏွင့္ ကြာရွင္းျပတ္စဲမႈ အျပီးသတ္ခဲ့ျခင္း ျဖစ္သည္။

(ကင္ေညးဝက္စ္ ဝယ္ယူခဲ့ေသာ ေဒၚလာ ၅၇ ဒသမ ၂၅ သန္းတန္ စံအိမ္)

ေဒၚလာ ဘီလီယံႏွင့္ ခ်ီကာ ခ်မ္းသာၾကြယ္ဝေသာ ကင္ေညးဝက္စ္သည္ ကင္မ္ကာဒါရွီယန္ႏွင့္ ကြာရွင္းျပတ္စဲမႈမ်ား လုပ္ေဆာင္ေနခ်ိန္တြင္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ မာလီဘူးအရပ္ရွိ စံအိမ္တစ္လံုးကုိ ကန္ေဒၚလာ ၅၇ ဒသမ ၂၅ သန္းျဖင့္ ဝယ္ယူခဲ့သည္။

အက်ယ္အဝန္း ၃၄၀ စတုရန္းမီတာရွိေသာ စံအိမ္ကို ဆုရ နာမည္ၾကီးဗိသုကာပညာရွင္ Tadao Ando က ဒီဇိုင္းေရးဆြဲေပးခဲ့ျခင္း ျဖစ္သည္။

(ကင္ေညးဝက္စ္၏ စံအိမ္သစ္။ ဓာတ္ပံု- Google Maps/Getty)

ကင္ေညးဝက္စ္၏ အိမ္မွာ ေျမေအာက္ဗံုးခုိက်င္းၾကီးတစ္ခုႏွင့္တူေၾကာင္း ေဝဖန္မႈမ်ားရွိသည္။

(လွပေသာ ရႈခင္း။ ဓာတ္ပံု- Realtor)

အဆိုပါ အိမ္၏ တန္ေၾကးမွာ ယခင္က ကန္ေဒၚလာ ၇၅ သန္းအထိ ေစ်းေပါက္ခဲ့ဖူးသည္။

ေနာက္ပုိင္းတြင္ မ်ားစြာ ေစ်းေလ်ာ့ေရာင္းခ်ခဲ့ျခင္းျဖစ္ေသာ္လည္း စံခ်ိန္တင္ ေစ်းႏႈန္းျဖစ္ေနဆဲပင္။

ထိုေဒသတြင္ ကိုရိုနာဗိုင္းရပ္စ္ကာလအတြင္း ေစ်းႏႈန္းအျမင့္မားဆံုုးျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့သည္မွာ ေဒၚလာ ၁၁ ဒသမ ၇ သန္းျဖစ္သည္။ ၃ ထပ္အိမ္ျဖစ္ျပီး Puerco ကမ္းေျခတြင္ တည္ရွိကာ ၂၀၁၃ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ကမ္းေျခကို မ်က္ႏွာမူသည့္ ၾကီးမားေသာ ပင္မမွန္တံခါး ၊ ဂိုေဒါင္တစ္လံုး ၊ အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၅ ခန္းရွိသည္။

(ကင္ေညးဝက္စ္၏ စံအိမ္သစ္။ ဓာတ္ပံု- Google Maps)

ယခင္က ပိုင္ဆိုင္ခဲ့သူမွာ အေမရိကန္ စီးပြားေရးလုပ္ငန္းရွင္ Ashley Olsen ၏ ခ်စ္သူအမ်ဳိးသား Richard Sachs ျဖစ္သည္။

ကင္ေညးဝက္စ္၏ ၾကြယ္ဝမႈမွာ ေဒၚလာ ၁ ဒသမ ၈ ဘီလီယံရွိသည္ဟု ခန္႔မွန္းရျပီး ဝိုင္ေယာမင္းျပည္နယ္တြင္ ေမြးျမဴေရးျခံၾကီးတစ္ျခံႏွင့္ ခ်ီကာဂိုျမိဳ႕တြင္ ကေလးဘဝက ေနထုိင္ခဲ့ေသာ ေနအိမ္တစ္လံုးတို႔လည္း ပိုင္ဆိုင္ ထားသည္။

ကင္မ္ကာဒါရွီယန္ႏွင့္ မကြာရွင္းမီက ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊ Hidden Hills အရပ္တြင္ စံအိမ္တစ္လံုးကို ႏွစ္ဦးပူးတြဲ ပိုင္ဆိုင္ခဲ့ျပီး ကြာရွင္းျပတ္စဲခ်ိန္တြင္ ထိုအိမ္ကို ကင္မ္ကာဒါရွီယန္က ရခဲ့သည္။

ကင္ေညးဝက္စ္ႏွင့္ ကင္မ္ကာဒါရွီယမ္တို႔တြင္ North ၊ Saint ၊ Chicago ႏွင့္ Psalm ဟူေသာ သားသမီး ၄ ဦးရွိျပီး ပူးတြဲ အုပ္ထိန္းလ်က္ရွိသည္။

(ကင္မ္ကာဒါရွီယန္ႏွင့္ ကင္ေညးဝက္စ္။ ဓာတ္ပံု- Supplied)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kanye West marries longtime yeezy designer in private ceremony (pagesix)

 

 

 

ကင်မ် ကာဒါရှီယန်နှင့် ကွာရှင်းပြီးနောက် Bianca Censori နှင့် လျှို့ဝှက်လက်ထပ်လိုက်သော Kanye West က လော့စ်အိန်ဂျလိမြို့ မာလီဘူးအရပ်တွင် စံအိမ်ကြီးတစ်လုံးကို ဒေါ်လာ ၇၈ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service