နေအိမ်ရောင်းချ အလုပ်များထွက်ကာ ထရပ်ကားတစ်စင်းဖြင့် ကမ္ဘာပတ်နေသော အင်္ဂလန်က စုံတွဲ

နေအိမ်ရောင်းချ အလုပ်များထွက်ကာ ထရပ်ကားတစ်စင်းဖြင့် ကမ္ဘာပတ်နေသော အင်္ဂလန်က စုံတွဲ - Property News in Myanmar from iMyanmarHouse.com
30 Mar 2023 12:29 pm တွင် တင်ခဲ့သည်
1131 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်မှ စုံတွဲတစ်တွဲသည် လမ်းပေါ်တွင် သွားလာခရီးထွက်နေထိုင်မည့် ဘဝမျိုးရရန် အလုပ်ထွက်ကာ နေအိမ်ကို ကျောခိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

အင်္ဂလန်နိုင်ငံ၊ ဘရစ္စတိုးလ်မြို့မှ Craig Saunders နှင့် ဇနီး Kerry Whitelegg တို့သည် စစ်တပ်သုံး DAF T244 ထရပ်ကားဟောင်းတစ်စီးဝယ်ကာ ရွေ့လျားအိမ်တစ်လုံးအဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။

ထိုသို့ မလုပ်ဆောင်မီတွင် ၎င်းတို့စုံတွဲက လက်သမား၊ စက်ပြင်နှင့် ရေပိုက်လိုင်းပညာများ လေ့လာသင်ယူမှုများ ပြုလုပ်ခဲ့သည်။

လွန်ခဲ့သော ၆ လခန့်ကမူ ၎င်းတို့က ရှေ့ဆက်တိုးရန် ဆုံးဖြတ်ခဲ့ပြီး အလုပ်များမှ ထွက်၊ အိမ်ကိုရောင်းကာ အင်္ဂလန်သို့ ပြန်လာရန် အစီအစဉ်အတိအကျမရှိဘဲ ရှေ့ဆက်ရန် ဆုံးဖြတ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးမတိုင်မီက ဇနီးဖြစ်သူမှာ ယောဂသင်တန်းပေးခြင်းပြုလုပ်ခဲ့ပြီး ကိုဗစ် လော့ဒေါင်းကာလများတွင် အွန်လိုင်းမှတဆင့် သင်ကြားမှုများ ပြုလုပ်ခဲ့သည်။ ခင်ပွန်းဖြစ်သူ Craig မှာ အဖျော်ယမကာကုမ္ပဏီတစ်ခုတွင် အောက်ခြေမှဝင်ရင်း ရာထူးများတဖြေးဖြေးတိုးတက်လာချိန်လည်း ဖြစ်သည်။

“ကျွန်မတို့ဘဝတွေ သွားနေရတဲ့လမ်းကြောင်းကို ကျွန်မတို့ မပျော်ရွှင်ကြတော့ပါဘူး။ ဒါကြောင့် ပျော်ရွှင်မှုရဖို့အတွက် ဒါတွေအားလုံးကို ပြောင်းလဲလိုက်တယ်”

 

 

(သူတို့နှစ်ဦး ဘဝခရီးသစ်ကို စတင်ခဲ့ကြသည်။ ဓာတ်ပုံ-BPM Media))

 

 

(သူတို့နှစ်ဦး၏ အိမ်သစ်။ ဓာတ်ပုံ-BPM Media))

 

ခင်ပွန်းဖြစ်သူ Craig က “ကျွန်တော်တို့ရဲ့ ဝင်ငွေလစာတွေကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘဝက ဦးတည်ချက်မရှိသလို ခံစားနေရတယ်”ဟု ပြောသည်။

၎င်းတို့နှစ်ဦးသည် ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ လစ်တင်စတိုင်း၊ အီတလီ၊ ဂရိနှင့် ဆိုက်ပရပ်စ်နိုင်ငံများသို့ ရောက်ရှိခဲ့ပြီးဖြစ်ကာ လက်ရှိအားဖြင့် တူရကီနိုင်ငံတွင် ရောက်ရှိနေသည်။

ဆက်လက်သွားရောက်မည့် နိုင်ငံများမှာ ကာဇက်စတန်နှင့် မော်ရိုကိုတို့ ဖြစ်သည်။

 

(၎င်းတို့၏ ခရီးစဉ်ကို လူမှုကွန်ရက်တွင် မျှဝေခဲ့ကြသည်။ ဓာတ်ပုံ-BPM Media))

 

(ထရပ်ကားအတွင်း….။ ဓာတ်ပုံ-BPM Media))

 

(လမ်းပေါ်ကအိမ်။ ဓာတ်ပုံ- BPM Media))

 

“ကျွန်မတို့မှာ အိပ်ယာတစ်ခု၊ ရေပန်းတစ်ခု၊ အိမ်သာတစ်ခုနဲ့ မီးဖိုဆောင်တစ်ခုပါပါတယ်”

ထိုသို့ ခရီးထွက်ရင်း အိမ်တစ်လုံးတွင် တည်းခိုနေထိုင်ရသည့်အခါ နေအိမ်မှာ အလွန်ကျယ်နေသကဲ့သို့ ခံစားရ ပြီး သူတို့၏ ထရပ်ကားကို လွမ်းနေကြသည်။

သူတို့နှစ်ဦးသည် လစဉ်အသုံးစရိတ်သတ်မှတ်ကာ ချိုးခြံချွေတာသုံးစွဲကြပြီး အင်္ဂလန်သို့ ပြန်ရန် လိုအပ်လာမည့် အချိန်အထိ ငွေချန်ထားနိုင်ရန် စီစဉ်ထားကြသည်။

Kerry က အွန်လိုင်းမှတဆင့် ကိုယ်ရေးလက်ထောက်အရာရှိအဖြစ် တစ်ရက်လျှင် နာရီအနည်းငယ် လုပ်ကိုင်ရာ ခရီးသွားရင်း ဝင်ငွေတစ်ခုရနေသည်။

“ကျွန်မမှာ အလုပ်မရှိရင် တစ်နှစ်လောက်တော့ သွားလာလို့ရမယ်။ အဲ့ဒီအချိန်ကျရင် ပြန်လာပြီး အလုပ်တွေ ပြန်လုပ်ရဦးမှာပေါ့။”ဟု Kerry က ပြောသည်။

အင်္ဂလန်တွင် စီးပွားရေးကျဆင်းမှုများ မဖြစ်မီအချိန်ခန့်တွင် သူတို့၏အိမ်ကို ရောင်းချလိုက်ခြင်း ဖြစ်သည်။

“ကျွန်မတို့ လုပ်နေတာတွေက ရယ်စရာတွေပဲလို့ ထင်တဲ့သူငယ်ချင်းတွေရှိပါတယ်။ ကျွန်မက ဒီလိုကမ္ဘာပတ်ရတဲ့အလုပ်ကို ကျန်းမာသန်စွမ်းနေတုန်း လုပ်ချင်တယ်။ ကျွန်မ အသက် ၆၀ အရွယ်ကို ရောက်ရင်တော့ တစ်နေရာထဲမှာ တစ်နေကုန်ထိုင်ပြီး အလုပ်တစ်ခု လုပ်ပါမယ်”

ခင်ပွန်းဖြစ်သူက “ကုမ္ပဏီတစ်ခု ဒါမှမဟုတ် လူတစ်ယောက်ချမ်းသာစေဖို့အတွက် နှစ်ပေါင်း ၃၀ ၊ ၄၀ လောက် အလုပ်လုပ်ပေးနေရတာမျိုး မဖြစ်ချင်ပါဘူး။ လက်ရှိ ကမ္ဘာ့စီးပွားရေးနဲ့ အနာဂတ်ကို ကြည့်မယ်ဆိုရင် ဘယ်လိုမျိုးဖြစ်နိုင်လဲ။ ဘယ်သူသိနိုင်မှာလဲ။ ဒါကြောင့် ဘာလို့ စောင့်နေမလဲ။ ခုချက်ချင်း ဘာလို့မလုပ်ရမှာလဲ။ စိုးရိမ်ပူပန်စရာရှိတာတွေကို နောက်မှလုပ်ကြတာပေါ့”ဟု ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: We quit our jobs and sold our house to travel the world in an old army truck (metro)

 

 

 

 

[Zawgyi]

ေနအိမ္ေရာင္းခ် အလုပ္မ်ားထြက္ကာ ထရပ္ကားတစ္စင္းျဖင့္ ကမၻာပတ္ေနေသာ အဂၤလန္က စံုတြဲ

 

အဂၤလန္မွ စံုတြဲတစ္တြဲသည္ လမ္းေပၚတြင္ သြားလာခရီးထြက္ေနထိုင္မည့္ ဘဝမ်ဳိးရရန္ အလုပ္ထြက္ကာ ေနအိမ္ကို ေက်ာခိုင္းရန္ ဆံုးျဖတ္ခဲ့ၾကသည္။

အဂၤလန္ႏိုင္ငံ၊ ဘရစၥတိုးလ္ျမိဳ႕မွ Craig Saunders ႏွင့္ ဇနီး Kerry Whitelegg တို႔သည္ စစ္တပ္သံုး DAF T244 ထရပ္ကားေဟာင္းတစ္စီးဝယ္ကာ ေရြ႕လ်ားအိမ္တစ္လံုးအျဖစ္ ေျပာင္းလဲရန္ ဆံုးျဖတ္ခဲ့သည္။

ထိုသို႔ မလုပ္ေဆာင္မီတြင္ ၎တို႔စံုတြဲက လက္သမား၊ စက္ျပင္ႏွင့္ ေရပိုက္လိုင္းပညာမ်ား ေလ့လာသင္ယူမႈမ်ား ျပဳလုပ္ခဲ့သည္။

လြန္ခဲ့ေသာ ၆ လခန္႔ကမူ ၎တို႔က ေရွ႕ဆက္တိုးရန္ ဆံုးျဖတ္ခဲ့ျပီး အလုပ္မ်ားမွ ထြက္၊ အိမ္ကိုေရာင္းကာ အဂၤလန္သို႔ ျပန္လာရန္ အစီအစဥ္အတိအက်မရွိဘဲ ေရွ႕ဆက္ရန္ ဆံုးျဖတ္ခဲ့သည္။

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးမတိုင္မီက ဇနီးျဖစ္သူမွာ ေယာဂသင္တန္းေပးျခင္းျပဳလုပ္ခဲ့ျပီး ကိုဗစ္ ေလာ့ေဒါင္းကာလမ်ားတြင္ အြန္လိုင္းမွတဆင့္ သင္ၾကားမႈမ်ား ျပဳလုပ္ခဲ့သည္။ ခင္ပြန္းျဖစ္သူ Craig မွာ အေဖ်ာ္ယမကာကုမၸဏီတစ္ခုတြင္ ေအာက္ေျခမွဝင္ရင္း ရာထူးမ်ားတေျဖးေျဖးတိုးတက္လာခ်ိန္လည္း ျဖစ္သည္။

“ကၽြန္မတို႔ဘဝေတြ သြားေနရတဲ့လမ္းေၾကာင္းကို ကၽြန္မတို႔ မေပ်ာ္ရႊင္ၾကေတာ့ပါဘူး။ ဒါေၾကာင့္ ေပ်ာ္ရႊင္မႈရဖို႔အတြက္ ဒါေတြအားလံုးကို ေျပာင္းလဲလိုက္တယ္”

(သူတို႔ႏွစ္ဦး ဘဝခရီးသစ္ကို စတင္ခဲ့ၾကသည္။ ဓာတ္ပံု-BPM Media)) (သူတုိ႔ႏွစ္ဦး၏ အိမ္သစ္။ ဓာတ္ပံု-BPM Media))

ခင္ပြန္းျဖစ္သူ Craig က “ကၽြန္ေတာ္တို႔ရဲ႕ ဝင္ေငြလစာေတြေကာင္းပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ဘဝက ဦးတည္ခ်က္မရွိသလို ခံစားေနရတယ္”ဟု ေျပာသည္။

၎တို႔ႏွစ္ဦးသည္ ျပင္သစ္၊ ဘယ္လ္ဂ်ီယံ၊ ဂ်ာမနီ၊ လစ္တင္စတိုင္း၊ အီတလီ၊ ဂရိႏွင့္ ဆိုက္ပရပ္စ္ႏိုင္ငံမ်ားသို႔ ေရာက္ရွိခဲ့ျပီးျဖစ္ကာ လက္ရွိအားျဖင့္ တူရကီႏိုင္ငံတြင္ ေရာက္ရွိေနသည္။

ဆက္လက္သြားေရာက္မည့္ ႏိုင္ငံမ်ားမွာ ကာဇက္စတန္ႏွင့္ ေမာ္ရိုကိုတို႔ ျဖစ္သည္။

(၎တို႔၏ ခရီးစဥ္ကို လူမႈကြန္ရက္တြင္ မွ်ေဝခဲ့ၾကသည္။ ဓာတ္ပံု-BPM Media))

(ထရပ္ကားအတြင္း….။ ဓာတ္ပံု-BPM Media))

(လမ္းေပၚကအိမ္။ ဓာတ္ပံု- BPM Media))

“ကၽြန္မတို႔မွာ အိပ္ယာတစ္ခု၊ ေရပန္းတစ္ခု၊ အိမ္သာတစ္ခုနဲ႔ မီးဖိုေဆာင္တစ္ခုပါပါတယ္”

ထိုသို႔ ခရီးထြက္ရင္း အိမ္တစ္လံုးတြင္ တည္းခိုေနထိုင္ရသည့္အခါ ေနအိမ္မွာ အလြန္က်ယ္ေနသကဲ့သို႔ ခံစားရ ျပီး သူတို႔၏ ထရပ္ကားကို လြမ္းေနၾကသည္။

သူတို႔ႏွစ္ဦးသည္ လစဥ္အသံုးစရိတ္သတ္မွတ္ကာ ခ်ဳိးျခံေခၽြတာသံုးစြဲၾကျပီး အဂၤလန္သို႔ ျပန္ရန္ လိုအပ္လာမည့္ အခ်ိန္အထိ ေငြခ်န္ထားႏိုင္ရန္ စီစဥ္ထားၾကသည္။

Kerry က အြန္လိုင္းမွတဆင့္ ကိုယ္ေရးလက္ေထာက္အရာရွိအျဖစ္ တစ္ရက္လွ်င္ နာရီအနည္းငယ္ လုပ္ကိုင္ရာ ခရီးသြားရင္း ဝင္ေငြတစ္ခုရေနသည္။

“ကၽြန္မမွာ အလုပ္မရွိရင္ တစ္ႏွစ္ေလာက္ေတာ့ သြားလာလို႔ရမယ္။ အဲ့ဒီအခ်ိန္က်ရင္ ျပန္လာျပီး အလုပ္ေတြ ျပန္လုပ္ရဦးမွာေပါ့။”ဟု Kerry က ေျပာသည္။

အဂၤလန္တြင္ စီးပြားေရးက်ဆင္းမႈမ်ား မျဖစ္မီအခ်ိန္ခန္႔တြင္ သူတို႔၏အိမ္ကို ေရာင္းခ်လိုက္ျခင္း ျဖစ္သည္။

“ကၽြန္မတို႔ လုပ္ေနတာေတြက ရယ္စရာေတြပဲလို႔ ထင္တဲ့သူငယ္ခ်င္းေတြရွိပါတယ္။ ကၽြန္မက ဒီလိုကမၻာပတ္ရတဲ့အလုပ္ကို က်န္းမာသန္စြမ္းေနတုန္း လုပ္ခ်င္တယ္။ ကၽြန္မ အသက္ ၆၀ အရြယ္ကို္ ေရာက္ရင္ေတာ့ တစ္ေနရာထဲမွာ တစ္ေနကုန္ထိုင္ျပီး အလုပ္တစ္ခု လုပ္ပါမယ္”

ခင္ပြန္းျဖစ္သူက “ကုမၸဏီတစ္ခု ဒါမွမဟုတ္ လူတစ္ေယာက္ခ်မ္းသာေစဖို႔အတြက္ ႏွစ္ေပါင္း ၃၀ ၊ ၄၀ ေလာက္ အလုပ္လုပ္ေပးေနရတာမ်ဳိး မျဖစ္ခ်င္ပါဘူး။ လက္ရွိ ကမၻာ့စီးပြားေရးနဲ႔ အနာဂတ္ကို ၾကည့္မယ္ဆိုရင္ ဘယ္လိုမ်ဳိးျဖစ္ႏိုင္လဲ။ ဘယ္သူသိႏိုင္မွာလဲ။ ဒါေၾကာင့္ ဘာလို႔ ေစာင့္ေနမလဲ။ ခုခ်က္ခ်င္း ဘာလို႔မလုပ္ရမွာလဲ။ စိုးရိမ္ပူပန္စရာရွိတာေတြကို ေနာက္မွလုပ္ၾကတာေပါ့”ဟု ေျပာသည္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: We quit our jobs and sold our house to travel the world in an old army truck (metro)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service