ပန်းဖျော့အသွေးရောင်ဆာကူရာတို့လွှမ်းခြုံရာ Ohanami ပန်းကြည့်ပွဲတော်

ပန်းဖျော့အသွေးရောင်ဆာကူရာတို့လွှမ်းခြုံရာ Ohanami ပန်းကြည့်ပွဲတော် - Property News in Myanmar from iMyanmarHouse.com
28 Mar 2023 10:42 am တွင် တင်ခဲ့သည်
2579 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

မြန်မာလူမျိုးတွေအတွက် တစ်နှစ်မှာတစ်ခါသာ‌ပွင့်ဖူးဝေဆာတတ်တဲ့ ရွှေရောင်အဆင်းရှိပိတောက်ပန်းလေးတွေဟာ အမြတ်တနိုးတန်ဖိုးထားဖွယ်ရာဖြစ်သလို ဂျပန်လူမျိုးတွေအတွက်လည်း ပန်းသွေးရောင်ဖျော့ဖျော့လိမ်းခြယ်ထားတဲ့ ဆာကူရာပန်းလေးတွေဟာ အလွန်အရေးပါလှပါတယ်။

နူးညံ့အိစက်တဲ့ပွင့်ဖတ်လေးတွေနဲ့အတူ အလွန်တရာလှပလွန်းတဲ့ချယ်ရီပန်းလေးတွေကို ဂျပန်လို “ဆာကူရာ” လို့မှည့်ခေါ်ပြီး သူတို့လေးတွေရဲ့အလှကို တကူးတကခံစားဖို့အတွက် ဂျပန်နိုင်ငံမှာ Ohanami (ပန်းကြည့်ပွဲတော်) ကို နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပါတယ်။

“တမေ့တမောရှုစားဖွယ်ရာ ပန်းနုရောင်ဆာကူရာ’’

 

 

ဂျပန်မှာ ဆာကူရာပန်းမျိုးစိတ်ပေါင်းရာကျော်ရှိပေမဲ့ ပန်းနုရောင်ဖျော့ဖျော့ အရောင်အသွေးဆင်မြန်းထားတဲ့ ဆာကူရာပန်းလေးတွေကတော့ အတွေ့ရအများဆုံးမျိုးစိတ်တစ်ခုပါ။

 

နွေဦးရာသီဖြစ်တဲ့ မတ်လကနေ ဧပြီလအတွင်းအချိန်ကာလဟာ ဂျပန်နိုင်ငံရဲ့နေရာအနှံ့အပြားမှာ ဆာကူရာပန်းလေးတွေ ဝေဝေဆာဆာ အဆုပ်လိုက် အခဲလိုက်ပွင့်တတ်တဲ့ရာသီဖြစ်ပြီး Ohanami (ပန်းကြည့်ပွဲတော်) ကို သိုက်သိုက်မြိုက်မြိုက်ကျင်းပတဲ့အချိန်အခါလည်းဖြစ်ပါတယ်။

 

 

တိုကျို၊ ကျိုတို၊ အိုဆာကာ စတဲ့မြို့ကြီးတွေမှာဆိုရင် မတ်လလယ်လောက်မှာ ဆာကူရာပန်းတွေစတင်ပွင့်တတ်ပြီး မတ်လကုန်ခါနီးလောက်မှာတော့ ပင်လုံးကျွတ်မြိုင်မြိုင်ဆိုင်ဆိုင် အစွမ်းကုန်ပွင့်ဖူးတတ်ကြပါတယ်။

 

 

“တမေ့တမောရှုစားဖွယ်ရာ ပန်းနုရောင်ဆာကူရာ’’

 

ပန်းကြည့်ပွဲတော်ကာလအတွင်းမှာဆိုရင် နူးနူးညံ့ညံ့ဆာကူရာပန်းလေးတွေအုပ်မိုးထားတဲ့ ပန်းခြံလမ်းတစ်လျှောက်နဲ့ ဆာကူရာပင်တွေအောက်မှာ မိသားစုလိုက်ပျော်ပွဲစားထွက်သူ၊ လမ်းလျှောက်ကြသူတွေနဲ့ပြည့်နှက်နေပြီး မျက်စိတစ်ဆုံးရှုမငြီးအောင်လှပနေတဲ့ ဆာကူရာပန်းလေးတွေရဲ့အလှကို တမေ့တမောအချိန်ပေးခံစားနေတဲ့မြင်ကွင်းဟာ တွေးကြည့်ရုံနဲ့တင် ကြည်နူးစရာကောင်းလှပါတယ်။

 

 

နေ့ခင်းဘက်တင်မဟုတ်ဘဲ ညအချိန်မှာလည်း ပန်းခြံနဲ့ဥယျဉ်‌တွေမှာ စက္ကူမီးအိမ်လေးတွေနေရာအနှံ့ချိတ်ဆွဲထားပြီး ထိန်ထိန်ညီးမီးအလင်းရောင်ထဲမှာ တောက်ပနေတဲ့ဆာကူရာအလှကိုတော့ “ယိုဇာကုရ’’ လို့ခေါ်ပါတယ်။

 

 

ဂျပန်ရိုးရာအရ ပန်းကြည့်ပွဲတော်ကျင်းပတဲ့အချိန်အတွင်းမှာ ဂျပန်ရိုးရာအရက် “ဆာကေး’’ ကိုဝိုင်းဖွဲ့သောက်လေ့ရှိကြပြီး ပန်းရောင်၊ အဖြူရောင်၊ အစိမ်းရောင်ရှိတဲ့ “မိုချီ’’ ခေါ် ဆန်မုန့်လုံးလေးတွေကိုလည်း စားလေ့ရှိကြပါတယ်။ပန်းရောင်နဲ့ အဖြူရောင်က ဆာကူရာပန်းရဲ့ပန်းရောင်ဝတ်ဆံလေးနဲ့ အပွင့်တို့ကိုကိုယ်စားပြုပြီး အစိမ်းရောင်ကတော့ ကြွေကျပြီးသွားတဲ့နောက် ကျန်ခဲ့တဲ့ ရိုးတံကိုကိုယ်စားပြုပါတယ်။

 

 

နေရောင်ခြည်ခြည်နုနုအောက်မှာ ရှက်သွေးဖြာနေတဲ့မိန်းမငယ်လေးရဲ့ပန်းသွေးရောင်ပါးပြင်လေးလို နူးညံ့လှပနေတဲ့ဆာကူရာကောင်းကင်ကိုမော့ကြည့်ရင်း သဘာဝရဲ့အလှတရားကို အသိအမှတ်ပြုခံစားဖို့အတွက်ရာ ဂျပန်နိုင်ငံက Ohanami (ပန်းကြည့်ပွဲတော်) ကို တစ်ကြိမ်တစ်ခါမျှကြုံဖူးဖို့ မျှော်လင့်မိပါတယ်။

 

 

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref : kanpai-japan.com

 

 

 

 

“တမေ့တမောရှုစားဖွယ်ရာ ပန်းနုရောင်ဆာကူရာ’’

 

 

[Zawgyi]

ပန္းေဖ်ာ့အေသြးေရာင္ဆာကူရာတို႔လႊမ္းျခဳံရာ Ohanami ပန္းၾကည့္ပြဲေတာ္

 

ျမန္မာလူမ်ိဳးေတြအတြက္ တစ္ႏွစ္မွာတစ္ခါသာ‌ပြင့္ဖူးေဝဆာတတ္တဲ့ ေ႐ႊေရာင္အဆင္း႐ွိပိေတာက္ပန္းေလးေတြဟာ အျမတ္တႏိုးတန္ဖိုးထားဖြယ္ရာျဖစ္သလို ဂ်ပန္လူမ်ိဳးေတြအတြက္လည္း ပန္းေသြးေရာင္ေဖ်ာ့ေဖ်ာ့လိမ္းျခယ္ထားတဲ့ ဆာကူရာပန္းေလးေတြဟာ အလြန္အေရးပါလွပါတယ္။

ႏူးညံ့အိစက္တဲ့ပြင့္ဖတ္ေလးေတြနဲ႔အတူ အလြန္တရာလွပလြန္းတဲ့ခ်ယ္ရီပန္းေလးေတြကို ဂ်ပန္လို “ဆာကူရာ” လို႔မွည့္ေခၚၿပီး သူတို႔ေလးေတြရဲ႕အလွကို တကူးတကခံစားဖို႔အတြက္ ဂ်ပန္ႏိုင္ငံမွာ Ohanami (ပန္းၾကည့္ပြဲေတာ္) ကို ႏွစ္စဥ္ႏွစ္တိုင္းက်င္းပေလ့႐ွိပါတယ္။

ဂ်ပန္မွာ ဆာကူရာပန္းမ်ိဳးစိတ္ေပါင္းရာေက်ာ္႐ွိေပမဲ့ ပန္းႏုေရာင္ေဖ်ာ့ေဖ်ာ့ အေရာင္အေသြးဆင္ျမန္းထားတဲ့ ဆာကူရာပန္းေလးေတြကေတာ့ အေတြ႕ရအမ်ားဆုံးမ်ိဳးစိတ္တစ္ခုပါ။

ေႏြဦးရာသီျဖစ္တဲ့ မတ္လကေန ဧၿပီလအတြင္းအခ်ိန္ကာလဟာ ဂ်ပန္ႏိုင္ငံရဲ႕ေနရာအႏွံ႔အျပားမွာ ဆာကူရာပန္းေလးေတြ ေဝေဝဆာဆာ အဆုပ္လိုက္ အခဲလိုက္ပြင့္တတ္တဲ့ရာသီျဖစ္ၿပီး Ohanami (ပန္းၾကည့္ပြဲေတာ္) ကို သိုက္သိုက္ၿမိဳက္ၿမိဳက္က်င္းပတဲ့အခ်ိန္အခါလည္းျဖစ္ပါတယ္။

တိုက်ိဳ၊ က်ိဳတို၊ အိုဆာကာ စတဲ့ၿမိဳ႕ႀကီးေတြမွာဆိုရင္ မတ္လလယ္ေလာက္မွာ ဆာကူရာပန္းေတြစတင္ပြင့္တတ္ၿပီး မတ္လကုန္ခါနီးေလာက္မွာေတာ့ ပင္လုံးကြၽတ္ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ အစြမ္းကုန္ပြင့္ဖူးတတ္ၾကပါတယ္။

ပန္းၾကည့္ပြဲေတာ္ကာလအတြင္းမွာဆိုရင္ ႏူးႏူးညံ့ညံ့ဆာကူရာပန္းေလးေတြအုပ္မိုးထားတဲ့ ပန္းျခံလမ္းတစ္ေလွ်ာက္နဲ႔ ဆာကူရာပင္ေတြေအာက္မွာ မိသားစုလိုက္ေပ်ာ္ပြဲစားထြက္သူ၊ လမ္းေလွ်ာက္ၾကသူေတြနဲ႔ျပည့္ႏွက္ေနၿပီး မ်က္စိတစ္ဆုံး႐ႈမၿငီးေအာင္လွပေနတဲ့ ဆာကူရာပန္းေလးေတြရဲ႕အလွကို တေမ့တေမာအခ်ိန္ေပးခံစားေနတဲ့ျမင္ကြင္းဟာ ေတြးၾကည့္႐ုံနဲ႔တင္ ၾကည္ႏူးစရာေကာင္းလွပါတယ္။

ေန႔ခင္းဘက္တင္မဟုတ္ဘဲ ညအခ်ိန္မွာလည္း ပန္းျခံနဲ႔ဥယ်ဥ္‌ေတြမွာ စကၠဴမီးအိမ္ေလးေတြေနရာအႏွံ႔ခ်ိတ္ဆြဲထားၿပီး ထိန္ထိန္ညီးမီးအလင္းေရာင္ထဲမွာ ေတာက္ပေနတဲ့ဆာကူရာအလွကိုေတာ့ “ယိုဇာကုရ’’ လို႔ေခၚပါတယ္။

ဂ်ပန္႐ိုးရာအရ ပန္းၾကည့္ပြဲေတာ္က်င္းပတဲ့အခ်ိန္အတြင္းမွာ ဂ်ပန္႐ိုးရာအရက္ “ဆာေကး’’ ကိုဝိုင္းဖြဲ႕ေသာက္ေလ့႐ွိၾကၿပီး ပန္းေရာင္၊ အျဖဴေရာင္၊ အစိမ္းေရာင္႐ွိတဲ့ “မိုခ်ီ’’ ေခၚ ဆန္မုန္႔လုံးေလးေတြကိုလည္း စားေလ့႐ွိၾကပါတယ္။ပန္းေရာင္နဲ႔ အျဖဴေရာင္က ဆာကူရာပန္းရဲ႕ပန္းေရာင္ဝတ္ဆံေလးနဲ႔ အပြင့္တို႔ကိုကိုယ္စားျပဳၿပီး အစိမ္းေရာင္ကေတာ့ ေႂကြက်ၿပီးသြားတဲ့ေနာက္ က်န္ခဲ့တဲ့ ႐ိုးတံကိုကိုယ္စားျပဳပါတယ္။

ေနေရာင္ျခည္ျခည္ႏုႏုေအာက္မွာ ႐ွက္ေသြးျဖာေနတဲ့မိန္းမငယ္ေလးရဲ႕ပန္းေသြးေရာင္ပါးျပင္ေလးလို ႏူးညံ့လွပေနတဲ့ဆာကူရာေကာင္းကင္ကိုေမာ့ၾကည့္ရင္း သဘာဝရဲ႕အလွတရားကို အသိအမွတ္ျပဳခံစားဖို႔အတြက္ရာ ဂ်ပန္ႏိုင္ငံက Ohanami (ပန္းၾကည့္ပြဲေတာ္) ကို တစ္ႀကိမ္တစ္ခါမွ်ၾကဳံဖူးဖို႔ ေမွ်ာ္လင့္မိပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref : kanpai-japan.com

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
42 Mini Condo
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service