တရုတ်ပြည်ဟူဘေးပြည်နယ်က ကမ္ဘာ့အမြင့်ဆုံးတံတား၏ အံ့ဖွယ်အချက်အလက်များ၊ တံတားဆောက်လုပ်ချိန်တွင် ဒုံးကျည်ကိုပါ အသုံးပြုကာ ဆောက်လုပ်ခဲ့ရ

တရုတ်ပြည်ဟူဘေးပြည်နယ်က ကမ္ဘာ့အမြင့်ဆုံးတံတား၏ အံ့ဖွယ်အချက်အလက်များ၊ တံတားဆောက်လုပ်ချိန်တွင် ဒုံးကျည်ကိုပါ အသုံးပြုကာ ဆောက်လုပ်ခဲ့ရ - Property News in Myanmar from iMyanmarHouse.com
16 Mar 2023 11:17 am တွင် တင်ခဲ့သည်
3013 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

တည်နေရာ ကိုသြဒိနိတ်- 30.6212, 110.3951

တရုတ်ပြည်မှ အင်ဂျင်နီယာများသည် မှန်ကြမ်းခင်းလျှောက်လမ်းပါ တံတားကြီးများသာမက အလွန်တရာ မြင့်မားလှသော တံတားများ ဆောက်လုပ်ရာတွင်လည်းကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။

တရုတ်ပြည်သူ့နေစဉ်သတင်းစာ၏ အွန်လိုင်းသတင်းဌာနက တရုတ်ပြည် အလယ်ပိုင်း ဟူဘေးပြည်နယ်တွင် တည်ရှိသော ဆီဒူ မြစ်တံတားကြီး၏ ဓာတ်ပုံများကို ဖော်ပြခဲ့ပြီး ဆောက်လုပ်ခဲ့ချိန်က ကမ္ဘာ့အမြင့်ဆုံး ကြိုးတံတားအဖြစ် စံချိန်တင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး အောက်ခြေ ချိုင့်ဝှမ်းထက်မှ အမြင့် ၁၆၂၇ ပေ တွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

 

(မယုံနိုင်ဖွယ်မြင်ကွင်း။ ဆီဒူးမြစ် ကြိုးတံတားကြီးသည် တရုတ်ပြည်အလယ်ပိုင်း ဘာဒေါင်ခရိုင်၊ ယီဆန်းကွမ်းမြို့တွင် တည်ရှိသည်)

 

 

(ရင်သပ်ရှုမောဖွယ်ဖြစ်သော်လည်း ခြောက်ခြားဖွယ်ကောင်းသောနေရာ)

 

(အံ့အားသင့်ဖွယ် အမြင့်ရှိသည့်အပြင် ၄ လမ်းသွားဖောက်လုပ်ထားသည့် တံတား၏ အလျားမှာ ပေ ၃၀၀၀ နီးပါး ရှိသည်)

Enshi Tujia and Miao ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ ၊ Badong ခရိုင် ၊ ယိဆန်ကွမ်းမြို့(Yesanguan) ရှိ ဆီဒူးမြစ်ပေါ်တွင် တည်ရှိသည်။

တံတားကိုယ်တိုင်၏ အမြင့်မှာ ပေ ၃၀၀ ခန့်ရှိပြီး ကျောက်တောင်များက ဝန်းပတ်ထားသည်။

ထိုဒေသတွင် လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး အခြားသော အနီးဆုံးလမ်းမှာ ၂ မိုင်ခန့်အကွာအဝေးတွင် ရှိသည်။

ဆီဒူးမြစ်တံတားသည် ရှန်ဟိုင်း - ချန်ဒူး အဝေးပြေးလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

တံတားဆောက်လုပ်မှုကို ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့ပြီး ၅ နှစ်ကြာ ဆောက်လုပ်ခဲ့ရသည်။

ဆီဒူးမြစ်တံတားကို အများပြည်သူသို့ ၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်ပေးခဲ့သည်။

ဆီဒူးမြစ်တံတားသည် ယခင်က ကမ္ဘာ့အမြင့်ဆုံး တံတားအဖြစ် ရပ်တည်ခဲ့သော ပါပူအာ နယူးဂီနီနိုင်ငံမှ Hegigio Gorge Pipeline အမည်ရှိ တံတား (အမြင့်ပေ ၁၃၀၀ ) ကို ဖြတ်ကျော်ကာ ကမ္ဘာ့အမြင့်ဆုံးတံတား ဖြစ်လာခဲ့သည်။

အဆိုပါ တံတားကြီး ဆောက်လုပ်ခဲ့စဉ်က ကမ္ဘာ့သတင်းမီဒီယာတို့၏ အာရုံစိုက်မှု များစွာ ခံခဲ့ရသည်။

ထိုတံတားကြီးကို ကေဘယ်ကြိုးများ သွယ်တန်းရာတွင် တောင်တစ်လုံးထိပ်မှ အခြားတောင်တစ်လုံးထိပ်သို့ ဒုံးကျည်ဖြင့် ပစ်လွှတ်ကာ ကြိုးတန်းခဲ့ခြင်း ဖြစ်သည်။

highestbridges.com ၏ ဖော်ပြချက်အရ ကမ္ဘာ့အမြင့်ဆုံးတံတား ၁၀ စင်းအနက် ၈ စင်းမှာ တရုတ်ပြည်တွင် တည်ရှိနေသည်။

 

 

(ကမ္ဘာ့အမြင့်ဆုံးများထဲမှ တစ်စင်း။ ဤတံတားကို ၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံးတံတားအဖြစ် ရပ်တည်ခဲ့သည်)

 

(ဤတံတားဆောက်လုပ်ရာတွင် ကေဘယ်ကြိုးများကို ဒုံးကျည်ဖြင့် ပစ်ကာ သွယ်တန်းခဲ့ခြင်း ဖြစ်သည်)

 

(တရုတ်ပြည်အလယ်ပိုင်း ဘာဒေါင်ခရိုင်၊ ယိစန်ကွမ်းမြို့တွင် တည်ရှိသည်)

 

 

((စိတ်ဝင်စားဖွယ် အချက်အလက်များ))

 

• တံတားကြီးဆောက်လုပ်ပြီးချိန်တွင် ကမ္ဘာ့အမြင့်ဆုံးတံတားအဖြစ် စံချိန်တင်ခဲ့ပြီး အမြင့်ပေ ၁၆၂၇ ပေ (၄၉၆ မီတာ) ရှိသည်။

•တံတား၏ အလျားမှာ ၂၉၅၂ ပေ (၉၀၀ မီတာ) ရှိသည်။

•တံတား၏ ယာဉ်မောင်းလမ်းနှင့် တံတားအောက်ခြေကြား အကွာအဝေးမှာ ၁၅၅၀ ပေရှိသည်။

•တံတား ဆောက်လုပ်မှု ကုန်ကျစရိတ်မှာ ယွမ်ငွေ သန်း ၇၂၀ (ကန်ဒေါ်လာ သန်း ၁၀၀ ခန့်) ကုန်ကျခဲ့သည်။

•အကယ်၍ လူတစ်ဦးသည် ဆန်ဒူးတံတားပေါ်မှ ပြုတ်ကျမည်ဆိုပါက အရှိန်မြန်ခြင်း၊ နှေးခြင်းမရှိဘဲ ကိန်းသေအလျင်ဖြင့် ကျဆင်းမည်ဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးဖြစ်နိုင်သည့် ကမ္ဘာ့တစ်ခုတည်းသော နေရာလည်းဖြစ်သည်ဟု ဆိုသည်။

• အများပြည်သူသို့ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်တွင် ဖွင့်လှစ်ပေးခဲ့သည်။

• တံတားတွင် အသုံးပြုထားသည့် ပင်မ ကေဘယ်ကြိုးများမှာ အလေးချိန် တန်ချိန်၄၃ သန်းကျော် ထမ်းထားနိုင်ပြီး ကားအစင်းရေမည်မျှမဆို ဖြတ်သန်းနိုင်သည်။

 

((ကမ္ဘာ့အမြင့်ဆုံး တံတား ၁၀ စင်း))

 

၁။ Beipanjiang တံတား (တရုတ်ပြည်၊ ၁၈၅၄ ပေ၊ ၂၀၁၆ ခုနှစ်ဖွင့်လှစ်)

၂။ Jinshajiang တံတား (တရုတ်ပြည်၊ ၁၆၈၀ ပေ၊ ၂၀၂၁ ဖွင့်လှစ်)

၃။ ဆီဒူးမြစ်တံတား (တရုတ်ပြည်၊ ၁၆၂၇ ပေ၊ ၂၀၀၉ ခုနှစ် ဖွင့်လှစ်)

၄။ Puli တံတား (တရုတ်ပြည်၊ ၁၅၉၁ ပေ၊ ၂၀၁၅ ခုနှစ် ဖွင့်လှစ်)

၅။ Yachi တံတား (တရုတ်ပြည်၊ ၁၄၄၄ ပေ၊ ၂၀၁၆ ခုနှစ် ဖွင့်လှစ်)

၆။ Qingshuihe တံတား (တရုတ်ပြည်၊ ၁၃၃၂ ပေ၊ ၂၀၁၆ ခုနှစ် ဖွင့်လှစ်)

၇။ Hegigio Gorge Pipeline တံတား (ပါပူအာ နယူးဂီနီ၊ ၁၅၄၂ ပေ၊ ၂၀၀၅ ခုနှစ် ဖွင့်လှစ်)

၈။ Baluarte တံတား ( မက္ကဆီကိုနိုင်ငံ၊ ၁၂၈၀ ပေ၊ ၂၀၁၃ ခုနှစ်ဖွင့်လှစ်)

၉။ Balinghe တံတား (တရုတ်ပြည်၊ ၁၂၁၄ ပေ၊ ၂၀၀၉ ခုနှစ် ဖွင့်လှစ်)

၁၀။ Beipanjiang တံတား (တရုတ်ပြည်၊ ၁၂၀၀ ပေ၊ ၂၀၀၃ ခုနှစ်ဖွင့်လှစ်) Source: Highest bridges

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Now THAT'S a high-way! Spectacular aerial images show China's impressive mountain overpass built over a 1,630ft valley (dailymail)

 

 

 

[Zawgyi]

တရုတ္ျပည္ဟူေဘးျပည္နယ္က ကမၻာ့အျမင့္ဆံုးတံတား၏ အံ့ဖြယ္အခ်က္အလက္မ်ား၊ တံတားေဆာက္လုပ္ခ်ိန္ တြင္ ဒံုးက်ည္ကိုပါ အသံုးျပဳကာ ေဆာက္လုပ္ခဲ့ရ

 

တည္ေနရာ ကိုၾသဒိနိတ္- 30.6212, 110.3951

တရုတ္ျပည္မွ အင္ဂ်င္နီယာမ်ားသည္ မွန္ၾကမ္းခင္းေလွ်ာက္လမ္းပါ တံတားၾကီးမ်ားသာမက အလြန္တရာ ျမင့္မားလွေသာ တံတားမ်ား ေဆာက္လုပ္ရာတြင္လည္းကၽြမ္းက်င္ပညာရွင္မ်ား ျဖစ္ၾကသည္။

တရုတ္ျပည္သူ႔ေနစဥ္သတင္းစာ၏ အြန္လိုင္းသတင္းဌာနက တရုတ္ျပည္ အလယ္ပိုင္း ဟူေဘးျပည္နယ္တြင္ တည္ရွိေသာ ဆီဒူ ျမစ္တံတားၾကီး၏ ဓာတ္ပံုမ်ားကို ေဖာ္ျပခဲ့ျပီး ေဆာက္လုပ္ခဲ့ခ်ိန္က ကမၻာ့အျမင့္ဆံုး ၾကိဳးတံတားအျဖစ္ စံခ်ိန္တင္ခဲ့သည္။

၂၀၀၉ ခုႏွစ္တြင္ ေဆာက္လုပ္ျပီးစီးခဲ့ျပီး ေအာက္ေျခ ခ်ဳိင့္ဝွမ္းထက္မွ အျမင့္ ၁၆၂၇ ေပ တြင္ ေဆာက္လုပ္ထားျခင္း ျဖစ္သည္။

(မယံုႏိုင္ဖြယ္ျမင္ကြင္း။ ဆီဒူးျမစ္ ၾကိဳးတံတားၾကီးသည္ တရုတ္ျပည္အလယ္ပိုင္း ဘာေဒါင္ခရိုင္၊ ယီဆန္းကြမ္းျမိဳ႕တြင္ တည္ရွိသည္)

(ရင္သပ္ရႈေမာဖြယ္ျဖစ္ေသာ္လည္း ေျခာက္ျခားဖြယ္ေကာင္းေသာေနရာ)

(အံ့အားသင့္ဖြယ္ အျမင့္ရွိသည့္အျပင္ ၄ လမ္းသြားေဖာက္လုပ္ထားသည့္ တံတား၏ အလ်ားမွာ ေပ ၃၀၀၀ နီးပါး ရွိသည္)

Enshi Tujia and Miao ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ နယ္ေျမ ၊ Badong ခရိုင္ ၊ ယိဆန္ကြမ္းျမိဳ႕(Yesanguan) ရွိ ဆီဒူးျမစ္ေပၚတြင္ တည္ရွိသည္။

တံတားကိုယ္တိုင္၏ အျမင့္မွာ ေပ ၃၀၀ ခန္႔ရွိျပီး ေက်ာက္ေတာင္မ်ားက ဝန္းပတ္ထားသည္။

ထိုေဒသတြင္ လမ္းပန္းဆက္သြယ္မႈခက္ခဲျပီး အျခားေသာ အနီးဆံုးလမ္းမွာ ၂ မိုင္ခန္႔အကြာအေဝးတြင္ ရွိသည္။

ဆီဒူးျမစ္တံတားသည္ ရွန္ဟိုင္း - ခ်န္ဒူး အေဝးေျပးလမ္းမၾကီး၏ အစိတ္အပုိင္းတစ္ခုျဖစ္သည္။

တံတားေဆာက္လုပ္မႈကို ၂၀၀၄ ခုႏွစ္တြင္ စတင္ခဲ့ျပီး ၅ ႏွစ္ၾကာ ေဆာက္လုပ္ခဲ့ရသည္။

ဆီဒူးျမစ္တံတားကို အမ်ားျပည္သူသို႔ ၂၀၀၉ ခုႏွစ္တြင္ ဖြင့္လွစ္ေပးခဲ့သည္။

ဆီဒူးျမစ္တံတားသည္ ယခင္က ကမၻာ့အျမင့္ဆံုး တံတားအျဖစ္ ရပ္တည္ခဲ့ေသာ ပါပူအာ နယူးဂီနီႏိုင္ငံမွ Hegigio Gorge Pipeline အမည္ရွိ တံတား (အျမင့္ေပ ၁၃၀၀ ) ကို ျဖတ္ေက်ာ္ကာ ကမၻာ့အျမင့္ဆံုးတံတား ျဖစ္လာခဲ့သည္။

အဆုိပါ တံတားၾကီး ေဆာက္လုပ္ခဲ့စဥ္က ကမၻာ့သတင္းမီဒီယာတုိ႔၏ အာရံုစိုက္မႈ မ်ားစြာ ခံခဲ့ရသည္။

ထိုတံတားၾကီးကို ေကဘယ္ၾကိဳးမ်ား သြယ္တန္းရာတြင္ ေတာင္တစ္လံုးထိပ္မွ အျခားေတာင္တစ္လံုးထိပ္သို႔ ဒံုးက်ည္ျဖင့္ ပစ္လႊတ္ကာ ၾကိဳးတန္းခဲ့ျခင္း ျဖစ္သည္။

highestbridges.com ၏ ေဖာ္ျပခ်က္အရ ကမၻာ့အျမင့္ဆံုးတံတား ၁၀ စင္းအနက္ ၈ စင္းမွာ တရုတ္ျပည္တြင္ တည္ရွိေနသည္။

(ကမၻာ့အျမင့္ဆံုးမ်ားထဲမွ တစ္စင္း။ ဤတံတားကို ၂၀၀၉ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့ျပီး ကမၻာ့အျမင့္ဆံုးတံတားအျဖစ္ ရပ္တည္ခဲ့သည္)

(ဤတံတားေဆာက္လုပ္ရာတြင္ ေကဘယ္ၾကိဳးမ်ားကို ဒံုးက်ည္ျဖင့္ ပစ္ကာ သြယ္တန္းခဲ့ျခင္း ျဖစ္သည္)

(တရုတ္ျပည္အလယ္ပိုင္း ဘာေဒါင္ခရိုင္၊ ယိစန္ကြမ္းျမိဳ႕တြင္ တည္ရွိသည္)

 

 

((စိတ္ဝင္စားဖြယ္ အခ်က္အလက္မ်ား))

• တံတားၾကီးေဆာက္လုပ္ျပီးခ်ိန္တြင္ ကမၻာ့အျမင့္ဆံုးတံတားအျဖစ္ စံခ်ိန္တင္ခဲ့ျပီး အျမင့္ေပ ၁၆၂၇ ေပ (၄၉၆ မီတာ) ရွိသည္။

•တံတား၏ အလ်ားမွာ ၂၉၅၂ ေပ (၉၀၀ မီတာ) ရွိသည္။

•တံတား၏ ယာဥ္ေမာင္းလမ္းႏွင့္ တံတားေအာက္ေျခၾကား အကြာအေဝးမွာ ၁၅၅၀ ေပရွိသည္။

•တံတား ေဆာက္လုပ္မႈ ကုန္က်စရိတ္မွာ ယြမ္ေငြ သန္း ၇၂၀ (ကန္ေဒၚလာ သန္း ၁၀၀ ခန္႔) ကုန္က်ခဲ့သည္။

•အကယ္၍ လူတစ္ဦးသည္ ဆန္ဒူးတံတားေပၚမွ ျပဳတ္က်မည္ဆိုပါက အရွိန္ျမန္ျခင္း၊ ေႏွးျခင္းမရွိဘဲ ကိန္းေသအလ်င္ျဖင့္ က်ဆင္းမည္ျဖစ္သည္။

ထိုသို႔ေသာ အေျခအေနမ်ဳိးျဖစ္ႏိုင္သည့္ ကမၻာ့တစ္ခုတည္းေသာ ေနရာလည္းျဖစ္သည္ဟု ဆိုသည္။

• အမ်ားျပည္သူသို႔ ၂၀၀၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၅ ရက္တြင္ ဖြင့္လွစ္ေပးခဲ့သည္။

• တံတားတြင္ အသံုးျပဳထားသည့္ ပင္မ ေကဘယ္ၾကိဳးမ်ားမွာ အေလးခ်ိန္ တန္ခ်ိန္၄၃ သန္းေက်ာ္ ထမ္းထားႏိုင္ျပီး ကားအစင္းေရမည္မွ်မဆို ျဖတ္သန္းႏိုင္သည္။

 

 

((ကမၻာ႕အျမင့္ဆံုး တံတား ၁၀ စင္း))

၁။ Beipanjiang တံတား (တရုတ္ျပည္၊ ၁၈၅၄ ေပ၊ ၂၀၁၆ ခုႏွစ္ဖြင့္လွစ္)

၂။ Jinshajiang တံတား (တရုတ္ျပည္၊ ၁၆၈၀ ေပ၊ ၂၀၂၁ ဖြင့္လွစ္)

၃။ ဆီဒူးျမစ္တံတား (တရုတ္ျပည္၊ ၁၆၂၇ ေပ၊ ၂၀၀၉ ခုႏွစ္ ဖြင့္လွစ္)

၄။ Puli တံတား (တရုတ္ျပည္၊ ၁၅၉၁ ေပ၊ ၂၀၁၅ ခုႏွစ္ ဖြင့္လွစ္)

၅။ Yachi တံတား (တရုတ္ျပည္၊ ၁၄၄၄ ေပ၊ ၂၀၁၆ ခုႏွစ္ ဖြင့္လွစ္)

၆။ Qingshuihe တံတား (တရုတ္ျပည္၊ ၁၃၃၂ ေပ၊ ၂၀၁၆ ခုႏွစ္ ဖြင့္လွစ္)

၇။ Hegigio Gorge Pipeline တံတား (ပါပူအာ နယူးဂီနီ၊ ၁၅၄၂ ေပ၊ ၂၀၀၅ ခုႏွစ္ ဖြင့္လွစ္)

၈။ Baluarte တံတား ( မကၠဆီကိုႏိုင္ငံ၊ ၁၂၈၀ ေပ၊ ၂၀၁၃ ခုႏွစ္ဖြင့္လွစ္)

၉။ Balinghe တံတား (တရုတ္ျပည္၊ ၁၂၁၄ ေပ၊ ၂၀၀၉ ခုႏွစ္ ဖြင့္လွစ္)

၁၀။Beipanjiang တံတား (တရုတ္ျပည္၊ ၁၂၀၀ ေပ၊ ၂၀၀၃ ခုႏွစ္ဖြင့္လွစ္) Source: Highest bridges

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Now THAT'S a high-way! Spectacular aerial images show China's impressive mountain overpass built over a 1,630ft valley (dailymail)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service