အမေရိကန်စစ်ဘက်လေယာဉ်တင်သင်္ဘောကြီးပေါ်တွင် Mission: Impossible 8 ဇာတ်ကားရိုက်ကူးလျက်ရှိသော ဟောလိဝုဒ်ကြယ်ပွင့် တွမ်ခရုစ်နှင့် သူ၏ စံအိမ်များ

အမေရိကန်စစ်ဘက်လေယာဉ်တင်သင်္ဘောကြီးပေါ်တွင် Mission: Impossible 8 ဇာတ်ကားရိုက်ကူးလျက်ရှိသော ဟောလိဝုဒ်ကြယ်ပွင့် တွမ်ခရုစ်နှင့် သူ၏ စံအိမ်များ - Property News in Myanmar from iMyanmarHouse.com
8 Mar 2023 11:46 am တွင် တင်ခဲ့သည်
884 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဟောလိဝုဒ်အက်ရှင်ကြယ်ပွင့် တွမ်ခရုစ်နှင့် ဒါရိုက်တာ ခရစ္စတိုဖာ မက်ကာရီတို့သည် Mission: Impossible- Dead Reckoning Part Two ဇာတ်ကားကို အေဒရီယဲတစ် ပင်လယ်အတွင်းရှိ အမေရိကန်စစ်ဘက်ပိုင် လေယာဉ်တင်သင်္ဘောကြီးတစ်စင်းပေါ်တွင် ရိုက်ကူးလျက်ရှိသည်။

တွမ်ခရုစ်သည် လေယာဉ်တင်သင်္ဘောကြီးရှိရာသို့ အီတလီနိုင်ငံ ကမ်းရိုးတန်းမြို့ Bari မှတဆင့် ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

တွမ်ခရုစ်သည် Apulia ပြည်နယ်၏ မြို့တော် Bari သို့ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ရောက်ရှိလာပြီး Bari မြို့ရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးဖြစ်သော Delle Nazioni တွင် တည်းခိုအိပ်စက်ခဲ့ကြောင်း၊ ထို့နောက် Mission: Impossible ဇာတ်ကားရိုက်ကူးရန်အတွက် Bari လေဆိပ်ရှိ သီးသန့်ရဟတ်ယာဉ်တစ်စင်းဖြင့် အမေရိကန်လေယာဉ်တင်သင်္ဘောကြီးရှိရာသို့ သွားခဲ့ကြောင်း၊ လေယာဉ်တင်သင်္ဘောကြီး၏ အမည်မှာ U.S.S. George H.W.Bush ဖြစ်နိုင်ကြောင်း Apulia ပြည်နယ်ရုပ်ရှင်ကော်မရှင်အကြီးအကဲ အန်တိုနီယို ပါရန်တီက အီတလီသတင်းမီဒီယာများသို့ ပြောသည်။

 

ပါရန်တီက ဖြည့်စွက်ပြောကြားသည်မှာ တွမ်ခရုစ်သွားခဲ့ချိန်က အမေရိကန်ရေတပ်၏ လေယာဉ်တင် သင်္ဘော ကြီးမှာ အီတလီကမ်းရိုးတန်းတွင် ရှိနေခဲ့ပြီး လက်ရှိ အချိန်တွင်မူ အီတလီနှင့် ခရိုအေးရှားနိုင်ငံ တို့ကြားတွင် ရှိနိုင်ကြောင်း ပြောသည်။

တွမ်ခရုစ်သည် ယခုရက်သတ္တပတ်အကုန်တွင် ရုပ်ရှင်ရိုက်ကူးပြီးစီးကာ Bari မှတဆင့် ပြန်ဖွယ်ရှိကြောင်းလည်း ပါရန်တီက ခန့်မှန်းပြောကြားသည်။

Mission: Impossible ဇာတ်ကားကို Apulia ပြည်နယ်တွင် လာရောက်ရိုက်ကူးရန် ရွေးချယ်ခြင်းခံရမှုအတွက် ဂုဏ်ယူမိကြောင်း ပါရန်တီက ပြောသည်။

 

တွမ်ခရုစ်သည် ယခင်ကလည်း Mission: Impossible 7 ဇာတ်ကားကို အီတလီနိုင်ငံ၊ ဗင်းနစ်နှင့် ရောမမြို့တို့တွင် ရိုက်ကူးခဲ့ဖူးသည်။

ယခုရိုက်ကူးနေသော Mission: Impossible- Dead Reckoning Part Two ဇာတ်ကားကို ၂၀၂၄ ခုနှစ်တွင် ပြသနိုင်ရန် စီစဉ်ထားသည်။

 

(တွမ်ခရုစ်ပိုင် စံအိမ်ကြီးများ)

တွမ်ခရုစ်သည် ၎င်းပါဝင်သရုပ်ဆောင်သော ဇာတ်ကားတိုင်းနီးပါး အောင်မြင်မှုရစေသူအဖြစ် နာမည်ကြီးပြီး အထူးသဖြင့် Mission Impossible ဇာတ်လမ်းတွဲ ဇာတ်ကားများဖြင့် နာမည်ကြီးသည်။

၂၀၂၃ ခုနှစ် အော်စကာဆုပေးပွဲတွင် အကောင်းဆုံးရုပ်ရှင်အဖြစ် အော်စကာဆုရရန် နာမည်ကြီးနေသော Top Gun: Maverick ဇာတ်ကားတွင်လည်း တွမ်ခရုစ် ပါဝင်သရုပ်ဆောင်ထားသည်။

တွမ်ခရုစ်သည် အိမ်ခြံမြေနယ်ဘက်တွင်ဆိုလျှင် တစ်ကိုယ်ရေလုံခြုံမှုကောင်းသည့် အိမ်ခြံမြေများစွာ ဝယ်ယူပိုင်ဆိုင်ထားသည်။

 

 

(ဖလော်ရီဒါပြည်နယ်မှ ကွန်ဒိုခန်းများ)

 

တွမ်ခရုစ်သည် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ Clearwater ရှိ အထပ် ၂ ထပ်ပါသော penthouse ခန်းတစ်ခန်းကို ကန်ဒေါ်လာ ၉၅၈၀၅၀၀ ဖြင့် ဝယ်ယူပိုင်ဆိုင်ထားသည်။

တွမ်ခရုစ်သည် စတုရန်းပေ ၂၀၈၂၆ ကျယ်ဝန်းသော အဆိုပါအခန်းကို ၂၀၁၇ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

Skyview တာဝါတွင် တည်ရှိပြီး အိပ်ခန်း ၄ ခန်း၊ အားကစားလေ့ကျင့်ခန်းမ၊ ဂိမ်းကစားခန်း၊ အိမ်တွင်း ရုပ်ရှင်ရုံ၊ အမိုးပေါ် ရေကူးကန်၊ ရေပူစိမ်ကန်၊ ပန်းဥယျာဉ်များနှင့် အရက်ဘားတစ်ခုတို့ ပါဝင်သည်။

 

(ဖလော်ရီဒါပြည်နယ်၊ Clearwater မြို့ရှိ Skyview တာဝါ။ ဓာတ်ပုံ-realtor)

 

 

 

((ကော်လိုရာဒိုပြည်နယ် တောင်ပေါ်မြို့ကလေးက မွေးမြူရေးခြံ))

တွမ်ခရုစ်သည် အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ Telluride တောင်ပေါ်မြို့လေးတွင် ဧကပေါင်း ၃၂၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီးတစ်ခု ပိုင်ဆိုင်ထားသည်။

တွမ်ခရုစ်သည် အဆိုပါခြံကြီးကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅၉ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ သော်လည်း ရောင်းမထွက်ခဲ့။

၂၀၂၁ ခုနှစ်၊ မတ်လတွင် ကန်ဒေါ်လာ ၃၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ပြန်တင်ခဲ့ရာ လျင်မြန်စွာပင် ရောင်းထွက်သွားသည်။

တွမ်ခရုစ်က အဆိုပါခြံကြီးအတွင်း ၁၉၉၄ ခုနှစ်တွင် စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၉ ခန်းပါသော နေအိမ်တစ်လုံး ဆောက်လုပ်ခဲ့သေးသည်။

တွမ်ခရုစ်သည် အဆိုပါယာတောအိမ်တွင် Vanity Fair မဂ္ဂဇင်းအတွက် သမီးဖြစ်သူ ဆူရီ၊ ဇနီး (ဟောင်း) ကေတီဟုမ်းစ်တို့နှင့်အတူ ဓာတ်ပုံရိုက်ခဲ့ဖူးသည်။

အော်ပရာဝင်းဖရေးကလည်း တွမ်ခရုစ်ကို အဆိုပါအိမ်တွင် ၂၀၀၈ ခုနှစ်အတွင်း တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ဖူးသည်။

 

(Telluride တောင်ပေါ်မြို့လေးမှ မွေးမြူရေးခြံ။ ဓာတ်ပုံ-realtor)

 

 

 

((လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်စံအိမ်))

တွမ်ခရုစ်သည် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်တွင် ခြံအကျယ် ၁ ဒသမ ၂ ဧကရှိသော စံအိမ်တစ်လုံးပိုင်ဆိုင်ထားပြီး ဇနီးဟောင်း ကေတီဟုမ်းစ်နှင့်အတူ နေိုင်ခဲ့သောအိမ်ဖြစ်သည်။

တွမ်ခရုစ်က အဆိုပါအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃၈ သန်းဖြင့် ရောင်းချခဲ့သည်။

ထိုအိမ်ကို ၂၀၀၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃၀ ဒသမ ၅ သန်းဖြင့် ဝယ်ခဲ့ခြင်း ဖြစ်သည်။

စံအိမ်အကျယ်မှာ စတုရန်းပေ ၁၀၀၀၀ ရှိပြီး အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၉ ခန်း၊ တင်းနစ်ကွင်းတစ်ခု၊ ရေကူးကန်တစ်ခုနှင့် ဧည့်ဂေဟာအိမ် ၂ လုံးပါဝင်သည်။

 

(ဟောလိဝုဒ်ဟေးလ်စံအိမ်။ ဓာတ်ပုံ-realtor)

 

 

 

((ဘီဗာလီဟေးစ်မှ အငှားချထားသောအိမ်))

တွမ်ခရုစ်နှင့် ဇနီး (ဟောင်း) ကေတီဟုမ်းစ်တို့သည် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးစ်အရပ်တွင် အခြားအိမ်တစ်လုံးပိုင်ဆိုင်ထားသေးပြီး တစ်လလျှင် ကန်ဒေါ်လာ ၅၅၀၀၀ ဖြင့် ၂၀၀၁ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အငှားချထားခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်းကမူ အိမ်ငှားခ တစ်လလျှင်ကန်ဒေါ်လာ ၁၀၀၀၀၀ အထိ မြှင့်တင်ခဲ့သည်။

ခြံအကျယ် ၃ ဧကရှိပြီး ပင်မစံအိမ်တွင် အိပ်ခန်း ၉ ခန်းပါဝင်ကာ ဧည့်ဂေဟာအိမ်၊ ရေကူးကန်၊ spa နှင့် တင်းနစ်ကွင်းတို့ပါသည်။

 

(ဘီဗာလီဟေးစ်မှ အငှားချထားသောအိမ်။ ဓာတ်ပုံ-realtor)

 

 

 

((နယူးယောက်မြို့မှ ဒေါ်လာ ၃ သန်းတန် တိုက်ခန်း))

 

တွမ်ခရုစ်သည် နယူးယောက်မြို့၊ American Felt အဆောက်အအုံ ၁၀ ထပ်မှ ၁၂ ထပ်အထိ ဖြန့်ကျက်တည်ရှိသော အခန်းတွင် သူ၏ ဇနီး (ဟောင်း) ၃ ဦးနှင့် အတူနေထိုင်ခဲ့ဖူးသည်။

အခန်းအကျယ် စတုရန်းပေ ၂၂၀၀ ရှိပြီး အိပ်ခန်း ၂ ခန်းနှင့် အဆင့်မြင့် အားကစားလေ့ကျင့်ခန်းမတို့ ပါဝင်သည်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: After Flying Super Hornets, Tom Cruise ‘Cruises’ On US Navy Aircraft Carrier To Shoot For Mission: Impossible 8 (eurasiantimes, realtor)

 

 

 

 

[Zawgyi]

အေမရိကန္စစ္ဘက္ေလယာဥ္တင္သေဘၤာၾကီးေပၚတြင္ Mission: Impossible 8 ဇာတ္ကားရိုက္ကူးလ်က္ရွိေသာ ေဟာလိဝုဒ္ၾကယ္ပြင့္ တြမ္ခရုစ္ႏွင့္ သူ၏ စံအိမ္မ်ား

 

ေဟာလိဝုဒ္အက္ရွင္ၾကယ္ပြင့္ တြမ္ခရုစ္ႏွင့္ ဒါရိုက္တာ ခရစၥတိုဖာ မက္ကာရီတို႔သည္ Mission: Impossible- Dead Reckoning Part Two ဇာတ္ကားကို ေအဒရီယဲတစ္ ပင္လယ္အတြင္းရွိ အေမရိကန္စစ္ဘက္ပိုင္ ေလယာဥ္တင္သေဘၤာၾကီးတစ္စင္းေပၚတြင္ ရိုက္ကူးလ်က္ရွိသည္။

တြမ္ခရုစ္သည္ ေလယာဥ္တင္သေဘၤာၾကီးရွိရာသို႔ အီတလီႏိုင္ငံ ကမ္းရိုးတန္းျမိဳ႕ Bari မွတဆင့္ ရဟတ္ယာဥ္ျဖင့္ သြားေရာက္ခဲ့ျခင္း ျဖစ္သည္။

တြမ္ခရုစ္သည္ Apulia ျပည္နယ္၏ ျမိဳ႕ေတာ္ Bari သို႔ ေဖေဖာ္ဝါရီလ ၂၅ ရက္တြင္ ေရာက္ရွိလာျပီး Bari ျမိဳ႕ရွိ ၾကယ္ငါးပြင့္အဆင့္ ဟိုတယ္ၾကီးျဖစ္ေသာ Delle Nazioni တြင္ တည္းခိုအိပ္စက္ခဲ့ေၾကာင္း၊ ထို႔ေနာက္ Mission: Impossible ဇာတ္ကားရိုက္ကူးရန္အတြက္ Bari ေလဆိပ္ရွိ သီးသန္႔ရဟတ္ယာဥ္တစ္စင္းျဖင့္ အေမရိကန္ေလယာဥ္တင္သေဘၤာၾကီးရွိရာသို႔ သြားခဲ့ေၾကာင္း၊ ေလယာဥ္တင္သေဘၤာၾကီး၏ အမည္မွာ U.S.S. George H.W.Bush ျဖစ္ႏိုင္ေၾကာင္း Apulia ျပည္နယ္ရုပ္ရွင္ေကာ္မရွင္အၾကီးအကဲ အန္တိုနီယို ပါရန္တီက အီတလီသတင္းမီဒီယာမ်ားသို႔ ေျပာသည္။

ပါရန္တီက ျဖည့္စြက္ေျပာၾကားသည္မွာ တြမ္ခရုစ္သြားခဲ့ခ်ိန္က အေမရိကန္ေရတပ္၏ ေလယာဥ္တင္ သေဘၤာ ၾကီးမွာ အီတလီကမ္းရိုးတန္းတြင္ ရွိေနခဲ့ျပီး လက္ရွိ အခ်ိန္တြင္မူ အီတလီႏွင့္ ခရိုေအးရွားႏိုင္ငံ တို႔ၾကားတြင္ ရွိႏိုင္ေၾကာင္း ေျပာသည္။

တြမ္ခရုစ္သည္ ယခုရက္သတၱပတ္အကုန္တြင္ ရုပ္ရွင္ရိုက္ကူးျပီးစီးကာ Bari မွတဆင့္ ျပန္ဖြယ္ရွိေၾကာင္းလည္း ပါရန္တီက ခန္႔မွန္းေျပာၾကားသည္။

Mission: Impossible ဇာတ္ကားကို Apulia ျပည္နယ္တြင္ လာေရာက္ရိုက္ကူးရန္ ေရြးခ်ယ္ျခင္းခံရမႈအတြက္ ဂုဏ္ယူမိေၾကာင္း ပါရန္တီက ေျပာသည္။ တြမ္ခရုစ္သည္ ယခင္ကလည္း Mission: Impossible 7 ဇာတ္ကားကို အီတလီႏိုင္ငံ၊ ဗင္းနစ္ႏွင့္ ေရာမျမိဳ႕တို႔တြင္ ရိုက္ကူးခဲ့ဖူးသည္။

ယခုရိုက္ကူးေနေသာ Mission: Impossible- Dead Reckoning Part Two ဇာတ္ကားကို ၂၀၂၄ ခုႏွစ္တြင္ ျပသႏိုင္ရန္ စီစဥ္ထားသည္။

(တြမ္ခရုစ္ပိုင္ စံအိမ္ၾကီးမ်ား)

တြမ္ခရုစ္သည္ ၎ပါဝင္သရုပ္ေဆာင္ေသာ ဇာတ္ကားတိုင္းနီးပါး ေအာင္ျမင္မႈရေစသူအျဖစ္ နာမည္ၾကီးျပီး အထူးသျဖင့္ Mission Impossible ဇာတ္လမ္းတြဲ ဇာတ္ကားမ်ားျဖင့္ နာမည္ၾကီးသည္။

၂၀၂၃ ခုႏွစ္ ေအာ္စကာဆုေပးပြဲတြင္ အေကာင္းဆံုးရုပ္ရွင္အျဖစ္ ေအာ္စကာဆုရရန္ နာမည္ၾကီးေနေသာ Top Gun: Maverick ဇာတ္ကားတြင္လည္း တြမ္ခရုစ္ ပါဝင္သရုပ္ေဆာင္ထားသည္။

တြမ္ခရုစ္သည္ အိမ္ျခံေျမနယ္ဘက္တြင္ဆိုလွ်င္ တစ္ကိုယ္ေရလံုျခံဳမႈေကာင္းသည့္ အိမ္ျခံေျမမ်ားစြာ ဝယ္ယူပိုင္ဆိုင္ထားသည္။

(ဖေလာ္ရီဒါျပည္နယ္မွ ကြန္ဒိုခန္းမ်ား)

တြမ္ခရုစ္သည္ အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ Clearwater ရွိ အထပ္ ၂ ထပ္ပါေသာ penthouse ခန္းတစ္ခန္းကို ကန္ေဒၚလာ ၉၅၈၀၅၀၀ ျဖင့္ ဝယ္ယူပိုင္ဆိုင္ထားသည္။

တြမ္ခရုစ္သည္ စတုရန္းေပ ၂၀၈၂၆ က်ယ္ဝန္းေသာ အဆိုပါအခန္းကို ၂၀၁၇ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္းျဖစ္သည္။

Skyview တာဝါတြင္ တည္ရွိျပီး အိပ္ခန္း ၄ ခန္း၊ အားကစားေလ့က်င့္ခန္းမ၊ ဂိမ္းကစားခန္း၊ အိမ္တြင္း ရုပ္ရွင္ရံု၊ အမိုးေပၚ ေရကူးကန္၊ ေရပူစိမ္ကန္၊ ပန္းဥယ်ာဥ္မ်ားႏွင့္ အရက္ဘားတစ္ခုတို႔ ပါဝင္သည္။

(ဖေလာ္ရီဒါျပည္နယ္၊ Clearwater ျမိဳ႕ရွိ Skyview တာဝါ။ ဓာတ္ပံု-realtor)

((ေကာ္လိုရာဒိုျပည္နယ္ ေတာင္ေပၚျမိဳ႕ကေလးက ေမြးျမဴေရးျခံ))

တြမ္ခရုစ္သည္ အေမရိကန္ျပည္ေထာင္စု၊ ေကာ္လိုရာဒိုျပည္နယ္၊ Telluride ေတာင္ေပၚျမိဳ႕ေလးတြင္ ဧကေပါင္း ၃၂၀ က်ယ္ဝန္းေသာ ေမြးျမဴေရးျခံၾကီးတစ္ခု ပိုင္ဆိုင္ထားသည္။

တြမ္ခရုစ္သည္ အဆိုပါျခံၾကီးကို ၂၀၁၄ ခုႏွစ္အတြင္း ကန္ေဒၚလာ ၅၉ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ ေသာ္လည္း ေရာင္းမထြက္ခဲ့။

၂၀၂၁ ခုႏွစ္၊ မတ္လတြင္ ကန္ေဒၚလာ ၃၉ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္ျပန္တင္ခဲ့ရာ လ်င္ျမန္စြာပင္ ေရာင္းထြက္သြားသည္။

တြမ္ခရုစ္က အဆိုပါျခံၾကီးအတြင္း ၁၉၉၄ ခုႏွစ္တြင္ စတုရန္းေပ ၁၀၀၀၀ က်ယ္ဝန္းျပီး အိပ္ခန္း ၇ ခန္း၊ ေရခ်ဳိးခန္း ၉ ခန္းပါေသာ ေနအိမ္တစ္လံုး ေဆာက္လုပ္ခဲ့ေသးသည္။

တြမ္ခရုစ္သည္ အဆိုပါယာေတာအိမ္တြင္ Vanity Fair မဂၢဇင္းအတြက္ သမီးျဖစ္သူ ဆူရီ၊ ဇနီး (ေဟာင္း) ေကတီဟုမ္းစ္တို႔ႏွင့္အတူ ဓာတ္ပံုရိုက္ခဲ့ဖူးသည္။

ေအာ္ပရာဝင္းဖေရးကလည္း တြမ္ခရုစ္ကို အဆိုပါအိမ္တြင္ ၂၀၀၈ ခုႏွစ္အတြင္း ေတြ႔ဆံုေမးျမန္းခန္း ျပဳလုပ္ခဲ့ဖူးသည္။

(Telluride ေတာင္ေပၚျမိဳ႕ေလးမွ ေမြးျမဴေရးျခံ။ ဓာတ္ပံု-realtor)

((ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္အရပ္စံအိမ္))

တြမ္ခရုစ္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္အရပ္တြင္ ျခံအက်ယ္ ၁ ဒသမ ၂ ဧကရွိေသာ စံအိမ္တစ္လံုးပိုင္ဆိုင္ထားျပီး ဇနီးေဟာင္း ေကတီဟုမ္းစ္ႏွင့္အတူ ေနိုင္ခဲ့ေသာအိမ္ျဖစ္သည္။

တြမ္ခရုစ္က အဆိုပါအိမ္ကို ၂၀၁၆ ခုႏွစ္အတြင္း ကန္ေဒၚလာ ၃၈ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။

ထိုအိမ္ကို ၂၀၀၇ ခုႏွစ္အတြင္း ကန္ေဒၚလာ ၃၀ ဒသမ ၅ သန္းျဖင့္ ဝယ္ခဲ့ျခင္း ျဖစ္သည္။

စံအိမ္အက်ယ္မွာ စတုရန္းေပ ၁၀၀၀၀ ရွိျပီး အိပ္ခန္း ၇ ခန္း၊ ေရခ်ဳိးခန္း ၉ ခန္း၊ တင္းနစ္ကြင္းတစ္ခု၊ ေရကူးကန္တစ္ခုႏွင့္ ဧည့္ေဂဟာအိမ္ ၂ လံုးပါဝင္သည္။

(ေဟာလိဝုဒ္ေဟးလ္စံအိမ္။ ဓာတ္ပံု-realtor)

((ဘီဗာလီေဟးစ္မွ အငွားခ်ထားေသာအိမ္))

တြမ္ခရုစ္ႏွင့္ ဇနီး (ေဟာင္း) ေကတီဟုမ္းစ္တို႔သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးစ္အရပ္တြင္ အျခားအိမ္တစ္လံုးပိုင္ဆိုင္ထားေသးျပီး တစ္လလွ်င္ ကန္ေဒၚလာ ၅၅၀၀၀ ျဖင့္ ၂၀၀၁ ခုႏွစ္မွ ၂၀၀၈ ခုႏွစ္အထိ အငွားခ်ထားခဲ့သည္။

၂၀၁၆ ခုႏွစ္အတြင္းကမူ အိမ္ငွားခ တစ္လလွ်င္ကန္ေဒၚလာ ၁၀၀၀၀၀ အထိ ျမွင့္တင္ခဲ့သည္။

ျခံအက်ယ္ ၃ ဧကရွိျပီး ပင္မစံအိမ္တြင္ အိပ္ခန္း ၉ ခန္းပါဝင္ကာ ဧည့္ေဂဟာအိမ္၊ ေရကူးကန္၊ spa ႏွင့္ တင္းနစ္ကြင္းတို႔ပါသည္။

(ဘီဗာလီေဟးစ္မွ အငွားခ်ထားေသာအိမ္။ ဓာတ္ပံု-realtor)

((နယူးေယာက္ျမိဳ႕မွ ေဒၚလာ ၃ သန္းတန္ တိုက္ခန္း))

တြမ္ခရုစ္သည္ နယူးေယာက္ျမိဳ႕၊ American Felt အေဆာက္အအံု ၁၀ ထပ္မွ ၁၂ ထပ္အထိ ျဖန္႔က်က္တည္ရွိေသာ အခန္းတြင္ သူ၏ ဇနီး (ေဟာင္း) ၃ ဦးႏွင့္ အတူေနထိုင္ခဲ့ဖူးသည္။

အခန္းအက်ယ္ စတုရန္းေပ ၂၂၀၀ ရွိျပီး အိပ္ခန္း ၂ ခန္းႏွင့္ အဆင့္ျမင့္ အားကစားေလ့က်င့္ခန္းမတို႔ ပါဝင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: After Flying Super Hornets, Tom Cruise ‘Cruises’ On US Navy Aircraft Carrier To Shoot For Mission: Impossible 8 (eurasiantimes, realtor)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service