မုဆိုးမသရဲရန်မှ ကင်းဝေးစေရန် အမျိုးသားများ ညအိပ်လျှင် မိန်းကလေးကဲ့သို့ ဝတ်ဆင်ပြီး မိတ်ကပ်လိမ်းကာ အိပ်ရသော ထိုင်းနိုင်ငံက နခွန် ဖနွမ်ကျေးရွာ

မုဆိုးမသရဲရန်မှ ကင်းဝေးစေရန် အမျိုးသားများ ညအိပ်လျှင် မိန်းကလေးကဲ့သို့ ဝတ်ဆင်ပြီး မိတ်ကပ်လိမ်းကာ အိပ်ရသော ထိုင်းနိုင်ငံက နခွန် ဖနွမ်ကျေးရွာ - Property News in Myanmar from iMyanmarHouse.com
6 Mar 2023 11:01 am တွင် တင်ခဲ့သည်
1455 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် နခွန် ဖနွမ်အမည်ရှိ ဝေးလံခေါင်သီလှသော ဇနပုဒ်ရွာငယ်တစ်ခုရှိသည်။

ထိုရွာတွင် အိမ်ထောင်သည်အမျိုးသမီးတို့က မိမိတို့၏ ခင်ပွန်းများကို ညအိပ်ချိန်သို့ ရောက်လျှင် မိတ်ကပ်များ လိမ်းစေပြီး မိန်းကလေးကဲ့သို့ ဝတ်ဆင်ကာ အိပ်စက်စေရသည်။ ထိုသို့လုပ်ဆောင်ရခြင်းမှာ မုဆိုးမ သရဲ၏ သတ်ဖြတ်မှုခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် မိမိတို့ အိမ်ရှေ့တွင်လည်း ကြီးမားသည့် လိင်တံများ တပ်ဆင်ပေးထားသည့် စာခြောက်ရုပ်ကြီးများ ချိတ်ဆွဲထားကြရသည်။

ကျန်းမာရေး ဒေါင်ဒေါင်မြည်ကောင်းမွန်သော ငယ်ငယ်ရွယ်ရွယ်အမျိုးသား ၅ ဦးမှာ အိပ်နေရင်း ရုတ်တရက် သေဆုံးသွားကြပြီးနောက်ပိုင်း လူဦးရေ ၉၀ ခန့်ရှိသော ရွာလေးတွင် တုန်လှုပ်ခြောက်ခြားမှုများ ဖြစ်ပေါ်ခဲ့သည်။

ရွာသားများက ယုံကြည်ကြသည်မှာ မုဆိုးမ သရဲတစ်ကောင်သည် ရွာရှိ အမျိုးသားများကို အိပ်နေချိန်တွင် ဖျားယောင်းသွေးဆောင်မှုလုပ်ကာ ၎င်းတို့၏ ဝိဉာဉ်ကိုနှုတ်ယူပြီး သူမနှင့် ပေါင်းသင်းစေခြင်းဖြစ်ကြောင်း ယူဆကြသည်။

အလွန်အယူသီးလှသော ရွာသားတို့က သရဲမ ရန်မှကာကွယ်ရန်အတွက် မိမိတို့နေအိမ်အပြင်ဘက်တွင် စာခြောက်ရုပ်ကြီးများကို အနီရောင် အဝတ်အစားများ ဝတ်ဆင်ထားရှိပေးပြီး အလျား ၈၀ စင်တီမီတာ (၃၁ လက်မ) ရှည်လျားသော လိင်တံကြီးများလည်း စာခြောက်ရုပ်တွင် တပ်ဆင်ထားသည်။

အချို့ကမူ နေအိမ်အပြင်ဘက်တွင် “ဤအိမ်တွင် ယောက်ျားမရှိ။”ဟူသော ဆိုင်းပုဒ်များ ချိတ်ဆွဲထားကြသည်။

၎င်းတို့၏ ယောက်ျားများကိုလည်း အိပ်ယာဝင်ချိန်တွင် မိန်းကလေး အဝတ်အစားများ ဝတ်ဆင်စေကာ မိတ်ကပ်လိမ်းစေပြီးမှ အိပ်စက်ခိုင်းကြသည်။

ရွာသားတို့၏ လုပ်ဆောင်ချက်များမှာ အလုပ်ဖြစ်ဟန်ပေါ်သည်။ အဆိုပါ အစီအရင်များ လုပ်ပြီးနောက်ပိုင်း ရွာတွင် မည်သည့်အမျိုးသားမှ သေဆုံးခြင်း မရှိတော့ချေ။

Nong Ayu အမည်ရှိ အသက် ၆၈ နှစ်အရွယ် အငြိမ်းစားယူထားသော အမျိုးသမီးကြီးက ပြောသည်မှာ မုဆိုးမသရဲကို လူတိုင်းကြောက်လန့် နေကြကြောင်း ၊ အနီးဝန်ကျင်ကျေးရွာများရှိ အမျိုးသားများလည်း သေဆုံးမှုများ ရှိသည်ဟူသော ကောလာဟလများရှိကြောင်း ပြောသည်။

“နောက်ဆိုရင် ဆယ်ကျော်သက်အရွယ်တွေ သေကြအုံးမယ်။ ရွာမှာ ယောက်ျားတစ်ယောက်မှ ကျန်တော့မှာ မဟုတ်ဘူးလို့ ရွာက လူကြီးသူမတွေက စိုးရိမ်နေကြတယ်။”ဟု သူမက ပြောသည်။

အဆိုပါ ကျေးရွာရှိ ကျန်းကျန်းမာမာ အမျိုးသား ၅ ဦးသည် ရေချိုးကာ အိပ်ရာဝင်ခဲ့ပြီးနောက် အိပ်နေချိန်အတွင်း သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။

 

(ကြီးမားသည့် လိင်တံကြီးများသည် ယောက်ျားပီသမှု၏ လက္ခဏာတစ်ခုဖြစ်ပြီး မုဆိုးမသရဲကို ကာကွယ်ပေးနိုင်သည့် အစွမ်းရှိကြောင်း ရွာသားများက ယုံကြည်ကြသည်။ မိမိတို့၏ ယောက်ျားများကို အန္တရာယ်မပြုနိုင်စေရန် သရဲမကို စာခြောက်ရုပ်ကြီးများဖြင့် ခြောက်လှန့်ခြင်းလည်း ဖြစ်သည်။)

 

 

(အငြိမ်းစား ယူထားသော အသက် ၆၈ နှစ်အရွယ် Nong Ayu )

 

ဇနီးများက ၎င်းတို့၏ ယောက်ျားများကို မိန်းကလေး အဝတ်အစားဝတ်ဆင်ကာ မိတ်ကပ်လိမ်းစေပြီး အိပ်ယာဝင်ခိုင်းခြင်းမှာ သရဲမက မိန်းကလေးဟု ထင်ကာ အန္တရာယ်မပြုဘဲ ရှောင်ကွင်းသွားစေရန်ဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိ Piyatida Wai က ပြောသည်မှာ “သူတို့က ရေချိုးပြီး ပုံမှန်အတိုင်းပဲ အိပ်ယာဝင် ခဲ့ကြတာပါ။ မနက်မိုးလင်းတော့မှ သေနေတာကို သိရတယ်။ အခုကျွန်တော့်သားကလည်း သူ့အဖေ သေလိမ့်မယ်လို့ စိုးရိမ်နေတယ်။ ကျွန်တော်တို့ အိမ်ရှေ့မှာ စာခြောက်ရုပ်ကြီး ထားထားတယ်။ ဤအိမ်မှာ ယောက်ျားမရှိ ဆိုတဲ့ ဆိုင်းပုဒ်တစ်ခုလည်း ချိတ်ထားတယ်။”ဟုဆိုသည်။

 

(သေဆုံးမှုများ စတင်ဖြစ်ပေါ်ခဲ့သည်မှာ အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားနှစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့တွင် မည်သည့်ရောဂါမှ မရှိကြောင်း Piyatida Wai က ပြောသည်။)

 

မိခင် ထိုင်းလူမျိုး ၊ ဖခင်မှာ အမေရိကန်နိုင်ငံသားတို့မှ မွေးဖွားသော အသက် ၅၃ နှစ်အရွယ်ရှိ ဂျွန်နီက ပြောသည်မှာ “မုဆိုးမ သရဲက ကျန်းကျန်းမာမာ ယောက်ျားတွေကို အသေသတ်နေတာလို့ ကျွန်တော် ယုံကြည် တယ်။ ဒီရွာမှာ သေသွားတာ ၅ ယောက်ရှိပြီ။ ကျွန်တော့်ဇနီးနဲ့ ကလေးတွေက ကျွန်တော်သေ လိမ့်မယ်လို့ စိုးရိမ်နေကြတယ်။ စာခြောက်ရုပ်ကြီးနဲ့ ကျွန်တော့်ကို ကာကွယ်ပေးကြတယ်။ အိမ်တိုင်းမှာလည်း ဒီအတိုင်း လုပ်ကြတယ်။ စာခြောက်ရုပ်မှာ တပ်ထားတဲ့ လိင်တံက ၃၁ လက်မလောက်ရှိတယ်။ ဒါက သရဲမကို ခြောက် လှန့်ဖို့ လုပ်တာပါ။ သူရောက်လာရင် ကြောက်ပြီး အိမ်ထဲ မဝင်ရဲဘဲ ထွက်သွားအောင် ရည်ရွယ်ပါတယ်”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Village forces its males to dress up as women after five healthy men die in their sleep, sparking fears the GHOST of an evil widow is taking her revenge (dailymail)

 

 

[Zawgyi]

မုဆိုးမသရဲရန္မွ ကင္းေဝးေစရန္ အမ်ဳိးသားမ်ား ညအိပ္လွ်င္ မိန္းကေလးကဲ့သို႔ ဝတ္ဆင္ျပီး မိတ္ကပ္လိမ္းကာ အိပ္ရေသာ ထိုင္းႏိုင္ငံက နခြန္ ဖႏြမ္ေက်းရြာ

 

ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္းတြင္ နခြန္ ဖႏြမ္အမည္ရွိ ေဝးလံေခါင္သီလွေသာ ဇနပုဒ္ရြာငယ္တစ္ခုရွိသည္။

ထိုရြာတြင္ အိမ္ေထာင္သည္အမ်ဳိးသမီးတို႔က မိမိတို႔၏ ခင္ပြန္းမ်ားကို ညအိပ္ခ်ိန္သို႔ ေရာက္လွ်င္ မိတ္ကပ္မ်ား လိမ္းေစျပီး မိန္းကေလးကဲ့သို႔ ဝတ္ဆင္ကာ အိပ္စက္ေစရသည္။ ထိုသုိ႔လုပ္ေဆာင္ရျခင္းမွာ မုဆိုးမ သရဲ၏ သတ္ျဖတ္မႈခံရမည္ကို စိုးရိမ္ေသာေၾကာင့္ျဖစ္သည္ဟု ဆုိသည္။

ထို႔အျပင္ မိမိတို႔ အိမ္ေရွ႕တြင္လည္း ၾကီးမားသည့္ လိင္တံမ်ား တပ္ဆင္ေပးထားသည့္ စာေျခာက္ရုပ္ၾကီးမ်ား ခ်ိတ္ဆြဲထားၾကရသည္။

က်န္းမာေရး ေဒါင္ေဒါင္ျမည္ေကာင္းမြန္ေသာ ငယ္ငယ္ရြယ္ရြယ္အမ်ဳိးသား ၅ ဦးမွာ အိပ္ေနရင္း ရုတ္တရက္ ေသဆံုးသြားၾကျပီးေနာက္ပိုင္း လူဦးေရ ၉၀ ခန္႔ရွိေသာ ရြာေလးတြင္ တုန္လႈပ္ေျခာက္ျခားမႈမ်ား ျဖစ္ေပၚခဲ့သည္။

ရြာသားမ်ားက ယံုၾကည္ၾကသည္မွာ မုဆိုးမ သရဲတစ္ေကာင္သည္ ရြာရွိ အမ်ဳိးသားမ်ားကို အိပ္ေနခ်ိန္တြင္ ဖ်ားေယာင္းေသြးေဆာင္မႈလုပ္ကာ ၎တို႔၏ ဝိဥာဥ္ကိုႏႈတ္ယူျပီး သူမႏွင့္ ေပါင္းသင္းေစျခင္းျဖစ္ေၾကာင္း ယူဆၾကသည္။

အလြန္အယူသီးလွေသာ ရြာသားတို႔က သရဲမ ရန္မွကာကြယ္ရန္အတြက္ မိမိတို႔ေနအိမ္အျပင္ဘက္တြင္ စာေျခာက္ရုပ္ၾကီးမ်ားကို အနီေရာင္ အဝတ္အစားမ်ား ဝတ္ဆင္ထားရွိေပးျပီး အလ်ား ၈၀ စင္တီမီတာ (၃၁ လက္မ) ရွည္လ်ားေသာ လိင္တံၾကီးမ်ားလည္း စာေျခာက္ရုပ္တြင္ တပ္ဆင္ထားသည္။

အခ်ဳိ႕ကမူ ေနအိမ္အျပင္ဘက္တြင္ “ဤအိမ္တြင္ ေယာက်္ားမရွိ။”ဟူေသာ ဆိုင္းပုဒ္မ်ား ခ်ိတ္ဆြဲထားၾကသည္။

၎တို႔၏ ေယာက္်ားမ်ားကိုလည္း အိပ္ယာဝင္ခ်ိန္တြင္ မိန္းကေလး အဝတ္အစားမ်ား ဝတ္ဆင္ေစကာ မိတ္ကပ္လိမ္းေစျပီးမွ အိပ္စက္ခုိင္းၾကသည္။

ရြာသားတို႔၏ လုပ္ေဆာင္ခ်က္မ်ားမွာ အလုပ္ျဖစ္ဟန္ေပၚသည္။ အဆိုပါ အစီအရင္မ်ား လုပ္ျပီးေနာက္ပိုင္း ရြာတြင္ မည္သည့္အမ်ဳိးသားမွ ေသဆံုးျခင္း မရွိေတာ့ေခ်။

Nong Ayu အမည္ရွိ အသက္ ၆၈ ႏွစ္အရြယ္ အျငိမ္းစားယူထားေသာ အမ်ဳိးသမီးၾကီးက ေျပာသည္မွာ မုဆိုးမသရဲကို လူတိုင္းေၾကာက္လန္႔ ေနၾကေၾကာင္း ၊ အနီးဝန္က်င္ေက်းရြာမ်ားရွိ အမ်ဳိးသားမ်ားလည္း ေသဆံုးမႈမ်ား ရွိသည္ဟူေသာ ေကာလာဟလမ်ားရွိေၾကာင္း ေျပာသည္။

“ေနာက္ဆိုရင္ ဆယ္ေက်ာ္သက္အရြယ္ေတြ ေသၾကအံုးမယ္။ ရြာမွာ ေယာက်္ားတစ္ေယာက္မွ က်န္ေတာ့မွာ မဟုတ္ဘူးလို႔ ရြာက လူၾကီးသူမေတြက စိုုးရိမ္ေနၾကတယ္။”ဟု သူမက ေျပာသည္။

အဆိုပါ ေက်းရြာရွိ က်န္းက်န္းမာမာ အမ်ဳိးသား ၅ ဦးသည္ ေရခ်ဳိးကာ အိပ္ရာဝင္ခဲ့ျပီးေနာက္ အိပ္ေနခ်ိန္အတြင္း ေသဆံုးသြားခဲ့ၾကျခင္း ျဖစ္သည္။

 

(ၾကီးမားသည့္ လိင္တံၾကီးမ်ားသည္ ေယာက်္ားပီသမႈ၏ လကၡဏာတစ္ခုျဖစ္ျပီး မုဆိုးမသရဲကို ကာကြယ္ေပးႏိုင္သည့့္ အစြမ္းရွိေၾကာင္း ရြာသားမ်ားက ယံုၾကည္ၾကသည္။ မိမိတို႔၏ ေယာက်္ားမ်ားကို အႏၱရာယ္မျပဳႏိုင္ေစရန္ သရဲမကို စာေျခာက္ရုပ္ၾကီးမ်ားျဖင့္ ေျခာက္လွန္႔ျခင္းလည္း ျဖစ္သည္။)

(အျငိမ္းစား ယူထားေသာ အသက္ ၆၈ ႏွစ္အရြယ္ Nong Ayu )

ဇနီးမ်ားက ၎တို႔၏ ေယာက်္ားမ်ားကို မိန္းကေလး အဝတ္အစားဝတ္ဆင္ကာ မိတ္ကပ္လိမ္းေစျပီး အိပ္ယာဝင္ခုိင္းျခင္းမွာ သရဲမက မိန္းကေလးဟု ထင္ကာ အႏၱရာယ္မျပဳဘဲ ေရွာင္ကြင္းသြားေစရန္ျဖစ္သည္။

အသက္ ၃၆ ႏွစ္အရြယ္ရွိ Piyatida Wai က ေျပာသည္မွာ “သူတို႔က ေရခ်ဳိးျပီး ပံုမွန္အတုိင္းပဲ အိပ္ယာဝင္ ခဲ့ၾကတာပါ။ မနက္မိုးလင္းေတာ့မွ ေသေနတာကို သိရတယ္။ အခုကၽြန္ေတာ့္သားကလည္း သူ႔အေဖ ေသလိမ့္မယ္လို႔ စုိးရိမ္ေနတယ္။ ကၽြန္ေတာ္တို႔ အိမ္ေရွ႕မွာ စာေျခာက္ရုပ္ၾကီး ထားထားတယ္။ ဤအိမ္မွာ ေယာက်္ားမရွိ ဆိုတဲ့ ဆိုင္းပုဒ္တစ္ခုလည္း ခ်ိတ္ထားတယ္။”ဟုဆိုသည္။

 

 

(ေသဆံုးမႈမ်ား စတင္ျဖစ္ေပၚခဲ့သည္မွာ အသက္ ၄၀ ေက်ာ္အရြယ္ရွိ အမ်ဳိးသားႏွစ္ဦး ေသဆံုးခဲ့ျခင္း ျဖစ္ျပီး ၎တို႔တြင္ မည္သည့္ေရာဂါမွ မရွိေၾကာင္း Piyatida Wai က ေျပာသည္။)

မိခင္ ထိုင္းလူမ်ဳိး ၊ ဖခင္မွာ အေမရိကန္ႏိုင္ငံသားတို႔မွ ေမြးဖြားေသာ အသက္ ၅၃ ႏွစ္အရြယ္ရွိ ဂၽြန္နီက ေျပာသည္မွာ “မုဆိုးမ သရဲက က်န္းက်န္းမာမာ ေယာက်္ားေတြကုိ အေသသတ္ေနတာလို႔ ကၽြန္ေတာ္ ယံုၾကည္ တယ္။ ဒီရြာမွာ ေသသြားတာ ၅ ေယာက္ရွိျပီ။ ကၽြန္ေတာ့္ဇနီးနဲ႔ ကေလးေတြက ကၽြန္ေတာ္ေသ လိမ့္မယ္လို႔ စိုးရိမ္ေနၾကတယ္။ စာေျခာက္ရုပ္ၾကီးနဲ႔ ကၽြန္ေတာ့္ကို ကာကြယ္ေပးၾကတယ္။ အိမ္တိုင္းမွာလည္း ဒီအတိုင္း လုပ္ၾကတယ္။ စာေျခာက္ရုပ္မွာ တပ္ထားတဲ့ လိင္တံက ၃၁ လက္မေလာက္ရွိတယ္။ ဒါက သရဲမကို ေျခာက္ လွန္႔ဖို႔ လုပ္တာပါ။ သူေရာက္လာရင္ ေၾကာက္ျပီး အိမ္ထဲ မဝင္ရဲဘဲ ထြက္သြားေအာင္ ရည္ရြယ္ပါတယ္”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Village forces its males to dress up as women after five healthy men die in their sleep, sparking fears the GHOST of an evil widow is taking her revenge (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
kt

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service