အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်က သားတော် ဟယ်ရီနှင့် မီဂန်မာကယ်တို့ကို Frogmore အိမ်တော်မှ နှင်ထုတ်လိုက်သော်လည်း နန်းတက်ပွဲသို့ ဖိတ်ကြားလိုက်ပြီး ဘက်ကင်ဟမ်နန်းတော်တွင် တည်းခိုရန် ကမ်းလှမ်း

အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်က သားတော် ဟယ်ရီနှင့် မီဂန်မာကယ်တို့ကို Frogmore အိမ်တော်မှ နှင်ထုတ်လိုက်သော်လည်း နန်းတက်ပွဲသို့ ဖိတ်ကြားလိုက်ပြီး ဘက်ကင်ဟမ်နန်းတော်တွင် တည်းခိုရန် ကမ်းလှမ်း - Property News in Myanmar from iMyanmarHouse.com
6 Mar 2023 9:45 am တွင် တင်ခဲ့သည်
992 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်သည် သားတော် ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲကို ဝင်ဆာရဲတိုက်ဝန်း အတွင်းရှိ Frogmore အိမ်တော်မှ နှင်ထုတ်လိုက်သော်လည်း လာမည့်မေလတွင် ကျင်းပမည့် သူ၏ နန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားလိုက်ပြီး ဗြိတိန်သို့ လာရောက်လည်ပတ်စဉ် ကာလအတွင်း ဘက်ကင်ဟမ်နန်းတော်ရှိ အခန်းတစ်ခန်းတွင် တည်းခ်ိုနေထိုင်ရန် ကမ်းလှမ်းလိုက်ကြောင်း mirror သတင်း ဌာနက ဖော်ပြသည်။

ဆပ်ဆက်မြို့စားနှင့် မြို့စားကတော်များဖြစ်ခဲ့သော ဟယ်ရီနှင့် မီဂန်မာကယ်တို့သည် ဗြိတိန်မှ ဝင်ဆာရဲတိုက် ဝန်းအတွင်းရှိ Frogmore အိမ်တော်ကို စွန့်လွှတ်ရတော့မည် ဖြစ်သည်။

ဟယ်ရီနှင့် မီဂန်မာကယ်တို့သည် လွန်ခဲ့သော ၃ နှစ်က တော်ဝင်မိသားစုဘဝကို စွန့်လွှတ်ရန် မဆုံးဖြတ်မီက အဆိုပါ အိမ်တော်တွင် နေထိုင်ခဲ့ကြသည်။

ဟယ်ရီတို့စုံတွဲသည် ယခုအခါ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်တီစီတိုမြို့ရှိ အိပ်ခန်း ၉ ခန်းပါဝင်သော ပေါင် ၁၂ သန်းတန် စံအိမ်တစ်လုံးတွင် နေထိုင်လျက်ရှိသည်။

အင်္ဂလန်သို့ အနာဂတ်တွင် ဟယ်ရီလာရောက်လည်ပတ်ပါက ချားလ်စ်ဘုရင်က ဘက်ကင်ဟမ်နန်းတော် အတွင်းရှိ အခန်းတစ်ခန်းတွင် နေခွင့်ပြုမည်ဖြစ်ပြီး အဆိုပါအခန်းမှာ မင်းသားကြီး အင်ဒရူးနေထိုင်ခဲ့သည့်နေရာ ဖြစ်ဖွယ်ရှိသည်။

မင်းသားကြီးအင်ဒရူးသည် ဝင်ဆာရဲတိုက်ဝန်းအတွင်းရှိ Royal Lodge အိမ်တော်မှ ဖယ်ပေးထားရပြီး ဟယ်ရီတို့စုံတွဲပိုင်ဆိုင်ခဲ့သော Frogmore အိမ်တော် လွှဲပြောင်းပေးအပ်ခံထားရသည်။

 

 

(ချားလ်စ်ဘုရင်က သူ၏သားတော် ဟယ်ရီနှင့် ချွေးမတော်တို့ကို နန်းတက်ပွဲ ဖိတ်ကြားထားသည်။ ဓာတ်ပုံ-AFP via Getty Images)

 

ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲကို Frogmore အိမ်တော်မှ ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းများ ရွှေ့ပြောင်းရန် ဆောင်းဦးကာလအထိ အချိန်ပေးထားသည်။

ဟယ်ရီတို့ စုံတွဲသည် လာမည့်မေလတွင် ဗြိတိန်သို့ ပြန်လာကြမည် ဖြစ်သည်။ ၎င်းတို့စုံတွဲကို ချားလ်စ်ဘုရင်၏ နန်းတက်ပွဲသို့ ဖိတ်ကြားထားကြောင်း ဘက်ကင်ဟမ်နန်းတော်မှ သတင်းရင်းမြစ်များက အတည်ပြုသည်။

ဟယ်ရီနှင့် မီဂန်တို့စုံတွဲအတွက် တည်းခိုရန် နေရာအဖြစ် စိန့်ဂျိမ်းစ်နန်းတော်နှင့် ဒိုင်ယာနာ နေထိုင်ခဲ့ဖူးသော ကန်ဆင်တန်နန်းတော် အခန်း ၁ တို့ ဖြစ်လာဖွယ် ရှိသည်။

သို့သော် သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ဘုရင်နှင့် မိဖုရားကြီးတို့သည် မင်းသားဟယ်ရီက သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် Spare တွင် ရေးသားခဲ့မှုများအပေါ် ပြင်းစွာ မျက်မာန်တော်ရှနေကြသည်ဟု ဆိုသည်။

သတင်းရင်းမြစ်တစ်ခုက ပြောသည်မှာ “မင်းကြီးက မျက်မာန်တော်ရှနေတယ်။ ဝေလမင်းသား ဝီလျံလည်း အမျက်ရှနေတယ်။ ဒါပေမယ့် မင်းကြီးက လူဆိုးတစ်ဦးမဟုတ်ပါဘူး။ ဆပ်ဆက်စ်မြို့စားစုံတွဲကို ဗြိတိန်မှာ ခြေချစရာမရှိမယ့် အဖြစ်မျိုး လိုလားတော်မမူပါဘူး။”ဟု ပြောကြားခဲ့ပြီး မင်းသားကြီးအင်ဒရူး စံမြန်းခဲ့သော အခန်းများတွင် နေထိုင်ရဖွယ်ရှိကြောင်းနှင့် အဆိုပါအခန်းများကို ရှင်းလင်းလျက်ရှိကြောင်း ပြောသည်။

ချားလ်စ်ဘုရင်သည် တော်ဝင်မိသားစုပိုင်ဆိုင်သော စံအိမ်တော်များကို ပြန်လည်နေရာချထားမှုများ ပြုလုပ် လျက်ရှိပြီး မင်းသားကြီးအင်ဒရူးကို ဟယ်ရီနှင့် မီဂန်မာကယ်တို့ ပိုင်ဆိုင်ခဲ့သော အိမ်တော် လွှဲပြောင်းပေးအပ်မှု ပြုလုပ်ခဲ့သည်။

 

(ချားလ်စ်ဘုရင်သည် တော်ဝင်မိသားစုပိုင်ဆိုင်သော စံအိမ်တော်များကို ပြန်လည်နေရာချထားမှုများ ပြုလုပ်လျက်ရှိကာ အိမ်ရှေ့စံဝီလျံမင်းသားနှင့် မိသားစုကို ဝင်ဆာရဲတိုက်ဝန်းအတွင်းရှိ Royal Lodge အိမ်တော်သို့ ပြောင်းရွှေ့နေထိုင်စေရန် လိုလားတော်မူသည်ဟု ဆိုသည်။ဓာတ်ပုံ- Phil Harris/AP/ REX/Shutterstock)

 

မင်းသားကြီး အင်ဒရူးသည် အခန်းပေါင်း ၃၀ ပါဝင်သည့် Royal Lodge အိမ်တော်တွင် နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့သူ ဖြစ်သည်။

လက်ရှိ အခြေအနေတွင် အဆိုပါ အိမ်တော်မှာ ဝေလမင်းသား (အိမ်ရှေ့စံ) ဖြစ်လာသော မင်းသားဝီလျံနှင့် မိသားစု နေထိုင်ရန် ပိုမိုသင့်တော်ပြီး မင်းသားကြီး အင်ဒရူး၏ လက်ရှိအဆင့်အတန်းဖြင့်ဆိုလျှင် အိမ်တော်မှာ ကြီးကျယ်ခမ်းနားလွန်းနေကြောင်း သတင်းရင်းမြစ်တစ်ခုက Daily Mail သတင်းဌာနသို့ ပြောသည်။

လက်ရှိအားဖြင့် ဝေလမင်းသားနှင့် မင်းသမီးတို့မှာ ဝင်ဆာရဲတိုက်ဝန်းအတွင်းရှိ Adelaide အိမ်တော်တွင် နေထိုင်လျက်ရှိသည်။

ထိုအိမ်တော်မှာ အိမ်ရှေ့စံမိသားစုအတွက် သေးငယ်လွန်းသည်ဟု ယူဆခြင်းခံရသည်။

“Adelaide အိမ်တော်ဟာ အနာဂတ်ဘုရင်နဲ့ မိဖုရားဖြစ်လာမယ့် သူတွေအတွက် ရေရှည်မှာ သေးငယ်လွန်း ပါတယ်။လာမယ့်နှစ်တွေမှာ လိုအပ်လာမယ့် လုံခြုံရေးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အခန်း အလုံအလောက် မရှိပါဘူး။ ဒါကြောင့် Royal Lodge အိမ်တော်ကို ပြောင်းရွှေ့နေထိုင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ဆွေးနွေးနေခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တော့ ဒီကိစ္စက ဘုရင်မကြီး သက်ရှိထင်ရှား ရှိစဉ်ကတည်းက ရှိခဲ့တဲ့ စိတ်ကူးတစ်ခု ဖြစ်ပါတယ်။”ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Harry and Meghan could stay in Palace for Coronation after Frogmore Cottage eviction (mirror)

 

 

 

[Zawgyi]

အဂၤလန္ျပည့္ရွင္ ခ်ားလ္စ္ဘုရင္က သားေတာ္ ဟယ္ရီႏွင့္ မီဂန္မာကယ္တို႔ကို Frogmore အိမ္ေတာ္မွ ႏွင္ထုတ္လိုက္ေသာ္လည္း နန္းတက္ပြဲသို႔ ဖိတ္ၾကားလိုက္ျပီး ဘက္ကင္ဟမ္နန္းေတာ္တြင္ တည္းခိုရန္ ကမ္းလွမ္း

 

အဂၤလန္ျပည့္ရွင္ ခ်ားလ္စ္ဘုရင္သည္ သားေတာ္ ဟယ္ရီႏွင့္ မီဂန္မာကယ္တို႔စံုတြဲကို ဝင္ဆာရဲတိုက္ဝန္း အတြင္းရွိ Frogmore အိမ္ေတာ္မွ ႏွင္ထုတ္လုိက္ေသာ္လည္း လာမည့္ေမလတြင္ က်င္းပမည့္ သူ၏ နန္းတက္ပြဲ အခမ္းအနားသို႔ တက္ေရာက္ရန္ ဖိတ္ၾကားလိုက္ျပီး ျဗိတိန္သို႔ လာေရာက္လည္ပတ္စဥ္ ကာလအတြင္း ဘက္ကင္ဟမ္နန္းေတာ္ရွိ အခန္းတစ္ခန္းတြင္ တည္းခို္ေနထိုင္ရန္ ကမ္းလွမ္းလိုက္ေၾကာင္း mirror သတင္း ဌာနက ေဖာ္ျပသည္။

ဆပ္ဆက္ျမိဳ႕စားႏွင့္ ျမိဳ႕စားကေတာ္မ်ားျဖစ္ခဲ့ေသာ ဟယ္ရီႏွင့္ မီဂန္မာကယ္တို႔သည္ ျဗိတိန္မွ ဝင္ဆာရဲတုိက္ ဝန္းအတြင္းရွိ Frogmore အိမ္ေတာ္ကို စြန္႔လႊတ္ရေတာ့မည္ ျဖစ္သည္။

ဟယ္ရီႏွင့္ မီဂန္မာကယ္တို႔သည္ လြန္ခဲ့ေသာ ၃ ႏွစ္က ေတာ္ဝင္မိသားစုဘဝကို စြန္႔လႊတ္ရန္ မဆံုးျဖတ္မီက အဆိုပါ အိမ္ေတာ္တြင္ ေနထုိင္ခဲ့ၾကသည္။

ဟယ္ရီတို႔စံုတြဲသည္ ယခုအခါ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္၊ မြန္တီစီတိုျမိဳ႕ရွိ အိပ္ခန္း ၉ ခန္းပါဝင္ေသာ ေပါင္ ၁၂ သန္းတန္ စံအိမ္တစ္လံုးတြင္ ေနထိုင္လ်က္ရွိသည္။

အဂၤလန္သို႔ အနာဂတ္တြင္ ဟယ္ရီလာေရာက္လည္ပတ္ပါက ခ်ားလ္စ္ဘုရင္က ဘက္ကင္ဟမ္နန္းေတာ္ အတြင္းရွိ အခန္းတစ္ခန္းတြင္ ေနခြင့္ျပဳမည္ျဖစ္ျပီး အဆိုပါအခန္းမွာ မင္းသားၾကီး အင္ဒရူးေနထိုင္ခဲ့သည့္ေနရာ ျဖစ္ဖြယ္ရွိသည္။

မင္းသားၾကီးအင္ဒရူးသည္ ဝင္ဆာရဲတိုက္ဝန္းအတြင္းရွိ Royal Lodge အိမ္ေတာ္မွ ဖယ္ေပးထားရျပီး ဟယ္ရီတို႔စံုတြဲပိုင္ဆိုင္ခဲ့ေသာ Frogmore အိမ္ေတာ္ လႊဲေျပာင္းေပးအပ္ခံထားရသည္။

(ခ်ားလ္စ္ဘုရင္က သူ၏သားေတာ္ ဟယ္ရီႏွင့္ ေခၽြးမေတာ္တို႔ကို နန္းတက္ပြဲ ဖိတ္ၾကားထားသည္။ ဓာတ္ပံု-AFP via Getty Images) ဟယ္ရီႏွင့္ မီဂန္မာကယ္တို႔စံုတြဲကို Frogmore အိမ္ေတာ္မွ ၎တို႔ပိုင္ဆိုင္ေသာ ပစၥည္းမ်ား ေရႊ႕ေျပာင္းရန္ ေဆာင္းဦးကာလအထိ အခ်ိန္ေပးထားသည္။

ဟယ္ရီတို႔ စံုတြဲသည္ လာမည့္ေမလတြင္ ျဗိတိန္သို႔ ျပန္လာၾကမည္ ျဖစ္သည္။ ၎တို႔စံုတြဲကို ခ်ားလ္စ္ဘုရင္၏ နန္းတက္ပြဲသို႔ ဖိတ္ၾကားထားေၾကာင္း ဘက္ကင္ဟမ္နန္းေတာ္မွ သတင္းရင္းျမစ္မ်ားက အတည္ျပဳသည္။

ဟယ္ရီႏွင့္ မီဂန္တို႔စံုတြဲအတြက္ တည္းခိုရန္ ေနရာအျဖစ္ စိန္႔ဂ်ိမ္းစ္နန္းေတာ္ႏွင့္ ဒိုင္ယာနာ ေနထိုင္ခဲ့ဖူးေသာ ကန္ဆင္တန္နန္းေတာ္ အခန္း ၁ တို႔ ျဖစ္လာဖြယ္ ရွိသည္။

သို႔ေသာ္ သတင္းရင္းျမစ္မ်ား၏ ေျပာၾကားခ်က္အရ ဘုရင္ႏွင့္ မိဖုရားၾကီးတို႔သည္ မင္းသားဟယ္ရီက သူ၏ ကိုယ္တိုင္ေရးအတၳဳပၸတၱိစာအုပ္ Spare တြင္ ေရးသားခဲ့မႈမ်ားအေပၚ ျပင္းစြာ မ်က္မာန္ေတာ္ရွေနၾကသည္ဟု ဆိုသည္။

သတင္းရင္းျမစ္တစ္ခုက ေျပာသည္မွာ “မင္းၾကီးက မ်က္မာန္ေတာ္ရွေနတယ္။ ေဝလမင္းသား ဝီလ်ံလည္း အမ်က္ရွေနတယ္။ ဒါေပမယ့္ မင္းၾကီးက လူဆိုးတစ္ဦးမဟုတ္ပါဘူး။ ဆပ္ဆက္စ္ျမိဳ႕စားစံုတြဲကို ျဗိတိန္မွာ ေျခခ်စရာမရွိမယ့္ အျဖစ္မ်ဳိး လိုလားေတာ္မမူပါဘူး။”ဟု ေျပာၾကားခဲ့ျပီး မင္းသားၾကီးအင္ဒရူး စံျမန္းခဲ့ေသာ အခန္းမ်ားတြင္ ေနထုိင္ရဖြယ္ရွိေၾကာင္းႏွင့္ အဆိုပါအခန္းမ်ားကို ရွင္းလင္းလ်က္ရွိေၾကာင္း ေျပာသည္။

ခ်ားလ္စ္ဘုရင္သည္ ေတာ္ဝင္မိသားစုပိုင္ဆိုင္ေသာ စံအိမ္ေတာ္မ်ားကို ျပန္လည္ေနရာခ်ထားမႈမ်ား ျပဳလုပ္ လ်က္ရွိျပီး မင္းသားၾကီးအင္ဒရူးကို ဟယ္ရီႏွင့္ မီဂန္မာကယ္တို႔ ပိုင္ဆိုင္ခဲ့ေသာ အိမ္ေတာ္ လႊဲေျပာင္းေပးအပ္မႈ ျပဳလုပ္ခဲ့သည္။

(ခ်ားလ္စ္ဘုရင္သည္ ေတာ္ဝင္မိသားစုပိုင္ဆိုင္ေသာ စံအိမ္ေတာ္မ်ားကို ျပန္လည္ေနရာခ်ထားမႈမ်ား ျပဳလုပ္လ်က္ရွိကာ အိမ္ေရွ႕စံဝီလ်ံမင္းသားႏွင့္ မိသားစုကို ဝင္ဆာရဲတိုက္ဝန္းအတြင္းရွိ Royal Lodge အိမ္ေတာ္သို႔ ေျပာင္းေရႊ႕ေနထိုင္ေစရန္ လိုလားေတာ္မူသည္ဟု ဆိုသည္။ဓာတ္ပံု- Phil Harris/AP/ REX/Shutterstock) မင္းသားၾကီး အင္ဒရူးသည္ အခန္းေပါင္း ၃၀ ပါဝင္သည့္ Royal Lodge အိမ္ေတာ္တြင္ ႏွစ္ေပါင္း ၂၀ ေက်ာ္ ေနထိုင္ခဲ့သူ ျဖစ္သည္။

လက္ရွိ အေျခအေနတြင္ အဆုိပါ အိမ္ေတာ္မွာ ေဝလမင္းသား (အိမ္ေရွ႕စံ) ျဖစ္လာေသာ မင္းသားဝီလ်ံႏွင့္ မိသားစု ေနထိုင္ရန္ ပိုမိုသင့္ေတာ္ျပီး မင္းသားၾကီး အင္ဒရူး၏ လက္ရွိအဆင့္အတန္းျဖင့္ဆိုလွ်င္ အိမ္ေတာ္မွာ ၾကီးက်ယ္ခမ္းနားလြန္းေနေၾကာင္း သတင္းရင္းျမစ္တစ္ခုက Daily Mail သတင္းဌာနသို႔ ေျပာသည္။

လက္ရွိအားျဖင့္ ေဝလမင္းသားႏွင့္ မင္းသမီးတို႔မွာ ဝင္ဆာရဲတိုက္ဝန္းအတြင္းရွိ Adelaide အိမ္ေတာ္တြင္ ေနထိုင္လ်က္ရွိသည္။ ထိုအိမ္ေတာ္မွာ အိမ္ေရွ႕စံမိသားစုအတြက္ ေသးငယ္လြန္းသည္ဟု ယူဆျခင္းခံရသည္။

“Adelaide အိမ္ေတာ္ဟာ အနာဂတ္ဘုရင္နဲ႔ မိဖုရားျဖစ္လာမယ့္ သူေတြအတြက္ ေရရွည္မွာ ေသးငယ္လြန္း ပါတယ္။လာမယ့္ႏွစ္ေတြမွာ လိုအပ္လာမယ့္ လံုျခံဳေရးနဲ႔ သူတို႔ရဲ ႔ မိသားစုဝင္ေတြအတြက္ အခန္း အလံုအေလာက္ မရွိပါဘူး။ ဒါေၾကာင့္ Royal Lodge အိမ္ေတာ္ကို ေျပာင္းေရႊ႕ေနထုိင္ဖို႔ ျပီးခဲ့တဲ့ ဇန္နဝါရီလကတည္းက ေဆြးေႏြးေနခဲ့ၾကတာ ျဖစ္ပါတယ္။ တကယ္ေတာ့ ဒီကိစၥက ဘုရင္မၾကီး သက္ရွိထင္ရွား ရွိစဥ္ကတည္းက ရွိခဲ့တဲ့ စိတ္ကူးတစ္ခု ျဖစ္ပါတယ္။”ဟု အဆိုပါ သတင္းရင္းျမစ္က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Harry and Meghan could stay in Palace for Coronation after Frogmore Cottage eviction (mirror)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service