လန်ဒန်တွင် မီးဖိုဆောင်အတွင်း အိပ်ရမည့်အပြင် နေ့ဘက်တွင် နေထိုင်ခွင့်မပေးသော နေရာကို တစ်ပတ်လျှင် ပေါင် ၂၈၀ ဖြင့် အငှားဈေးကွက်တင်လာ
လန်ဒန်တွင် မီးဖိုဆောင်အတွင်း အိပ်ရမည့်အပြင် နေ့ဘက်တွင် နေထိုင်ခွင့်မပေးသော နေရာကို တစ်ပတ်လျှင် ပေါင် ၂၈၀ ဖြင့် အငှားဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
3 Mar 2023 10:21 am တွင် တင်ခဲ့သည်
720 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မိမိအိပ်ခန်းအတွင်း အခြားသူစိမ်းများက လာရောက်ချက်ပြုတ်ကြော်လှော်နေကြသည့်နေရာမျိုးတွင် နေထိုင်လိုစိတ်ဖြစ်ဖူးပါသလား..
ထိုသို့သော စိတ်ဆန္ဒမျိုး ရှိသည်ဆိုပါက ယခုနေရာမှာ သင်ရှာဖွေနေသည့်နေရာမျိုးပင် ဖြစ်သည်။
အခန်းတစ်ခုတွင် အတူပေါင်းကာ နေထိုင်ရမည့် ငှားရမ်းမှုမျိုးဖြစ်သည်။ တည်နေရာမှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၏ အနောက်တောင်ဘက် Richmond မြို့၊ Teddington အရပ်တွင် ဖြစ်သည်။
SpareRoom ဝက်ဘ်ဆိုက်မှတဆင့် ကြော်ငြာလာသည့် အဆိုပါအခန်းတွင် နေထိုင်လိုသူများအနေဖြင့် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နေအိမ်အပြင်သို့ ထွက်ပေးရမည်ဖြစ်ကာ အိပ်ရမည့်နေရာမှာ မီးဖိုဆောင်အတွင်း အိပ်ရမည်ဟု ဆိုသည်။
စပေါ်ငွေ ပေါင် ၅၀၀ ပေးရမည်ဖြစ်ကာ တစ်ပတ်လျှင် ပေါင် ၂၈၀ ပေးရမည်ဖြစ်ပြီး အများဆုံးနေထိုင်နိုင်မည့် ကာလမှာ တစ်လဖြစ်သည်ဟု ဆိုသည်။ ကြော်ငြာတွင် ဖော်ပြထားပုံမှာ “မီးဖိုဆောင်ဟာ လူကြီးမင်းရဲ့ အခန်းထဲမှာဖြစ်တာကြောင့် ကျွန်တော့်အနေနဲ့ ကော်ဖီဖျော်ဖို့၊ ရေယူဖို့နဲ့ ရေခဲသေတ္တာထဲကနေ စားစရာယူဖို့ အခန်းထဲကို ဝင်ခွင့်ရဖို့ လိုပါလိမ့်မယ်”ဟု ဖော်ပြသည်။
(မီးဖိုဆောင်အတွင်းမှ အိပ်ယာ။ ဓာတ်ပုံ-SpareRoom)
“ကျွန်တော့်အနေနဲ့ ညှော်မယ့်အစားအစာတွေ ချက်ပြုတ်မှာ မဟုတ်တဲ့အတွက် စိတ်ပူစရာမလိုပါဘူး”ဟုလည်း ဖော်ပြထားသည်။
(မီးဖိုဆောင်။ ဓာတ်ပုံ- SpareRoom)
အခန်းဖွင့် ခင်းကျင်းထားသော မီးဖိုဆောင်အတွင်း ဇိမ်ကျသော ဆိုဖာအိပ်ယာတစ်ခု ထားရှိပေးထားသည်။
ထိုအခန်းတွင် နေထိုင်မည့်သူသည် နေ့စဉ် ၈ နာရီခန့် အိမ်အပြင်ထွက်ပေးရမည့်အပြင် အတူနေထိုင်ခွင့် ပေးမည့်သူကို ကော်ဖီဖျော်ရန်၊ ရေယူရန်နှင့် ရေခဲသေတ္တာအတွင်းမှ စားစရာယူရန် အခန်းအတွင်း ဝင်ခွင့်ပေးရမည် ဖြစ်သည်။
(အိပ်ခန်းအတွင်းမှ ညစာစားရန်နေရာ။ ဓာတ်ပုံ- SpareRoom)
(အဝတ်ဗီရိုအသေးတစ်လုံးပါသည်။ ဓာတ်ပုံ-SpareRoom)
အငှားဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ မွေ့ယာတစ်ခုပေးမည့်အပြင် ကြမ်းပြင်များတွင်လည်း အပူပေးစနစ်တပ်ဆင်ထားကြောင်း ဖော်ပြသည်။
အိမ်မွေးတိရ စ္ဆာန်များနှင့် ဆေးလိပ်သောက်တတ်သူများကိုမူ လက်ခံမည်မဟုတ်ဟု ဆိုသည်။ သို့သော် အခမဲ့ ကားရပ်နားရန် နေရာတစ်ခုပါသည်။
ကြင်နာတတ်၊ ပျော်ရွှင်တတ်ကာ ရေနှင့် လျှပ်စစ်မီး ချွေတာတတ်သူမျိုးနှင့် သင့်လျော်သည့်အခွင့်အလမ်း ဖြစ်ကြောင်းလည်း ကြော်ငြာတွင် ဖော်ပြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: This £280-a-week London flatshare offers a bed in the kitchen – and you can’t be home during the day (metro)
[Zawgyi]
(မီးဖိုဆောင်။ ဓာတ်ပုံ- SpareRoom)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service