အသက် ၁၂၂ နှစ်ရှိ ကမ္ဘာ့အသက်အကြီးဆုံး ပြင်သစ်အမျိုးသမီးကြီး အသက်အလွန်ရှည်ရခြင်း၏ အကြောင်းရင်း (၃) ခု

အသက် ၁၂၂ နှစ်ရှိ ကမ္ဘာ့အသက်အကြီးဆုံး ပြင်သစ်အမျိုးသမီးကြီး အသက်အလွန်ရှည်ရခြင်း၏ အကြောင်းရင်း (၃) ခု - Property News in Myanmar from iMyanmarHouse.com
1 Mar 2023 11:28 am တွင် တင်ခဲ့သည်
654 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

မွေးဖွား - ၁၈၇၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၁ ရက်

ကွယ်လွန်- ၁၉၉၇ ခုနှစ် ၊ သြဂုတ်လ ၄ ရက်

ခင်ပွန်းအမည် - Fernand Calment (လက်ထပ် - ၁၈၉၆ ခုနှစ် ၊ ကွယ်လွန် ၁၉၄၂ ခုနှစ်)

ပြင်သစ်အမျိုးသမီး ယန်း ကဲလ်မွန့် (Jeanne Louise Calment) သည် ကမ္ဘာ့အသက်ရှည်ဆုံး နေခဲ့ရသည့် လူသားဖြစ်ပြီး အသက် ၁၂၂ နှစ် ၊ ၁၆၄ ရက် နေထိုင်ခဲ့ရသည်။

သူ၏ အသက်အလွန်ရှည်မှုအပေါ် သတင်းမီဒီယာတို့၏ အာရုံစိုက်ခြင်းခံခဲ့ရသည့်အပြင် သူမ၏ ဘဝနေထိုင်မှု ပုံစံကို ဆေးပညာအရ သုတေသနပြု လေ့လာမှုများလည်း ပြုလုပ်ခဲ့ကြသည်။

ပြင်သစ် သန်းခေါင်းစာရင်းမှတ်တမ်းများအရ ယန်း ကဲလ်မွန့်သည် သမီးနှင့် မြေးတို့ထက်ပင် အသက်ရှည်စွာ နေထိုင်ခဲ့ရသူ ဖြစ်သည်ဟု သိရသည်။

ကဲလ်မွန့် အသက် ၁၂၀ အရွယ် ၊ ၁၉၉၅ ခုနှစ်တွင် ကမ္ဘာ့အသက်ရှည်ဆုံး လူသားအဖြစ် သတ်မှတ်ကြေညာ ခြင်း ခံရသည်။

ယန်း ကဲလ်မွန့်၏ မိသားစုမှာလည်း အသက်ရှည်သူများ ဖြစ်ကြပြီး အစ်ကိုဖြစ်သူ ဖရန်ဆွာမှာ အသက် ၉၇ ခုနှစ် (၁၈၆၅ -၁၉၆၂ )၊ ဖခင်ဖြစ်သူ နီကိုလပ်စ်မှာ အသက် ၉၄ နှစ်(၁၈၃၇ - ၁၉၃၁) ၊ မိခင်ဖြစ်သူ မာဂရက် ဂျီးလက်စ်မှာ အသက် ၈၆ နှစ် (၁၈၃၈ - ၁၉၂၄) အရွယ်များထိ နေခဲ့ကြရသည်။

ယန်း ကဲလ်မွန့် မကွယ်လွန်မီတွင် Jean-Marie Robine အား တွေ့ဆုံမေးမြန်းခန်း လက်ခံဖြေကြားမှု တစ်ခုပြုလုပ်သွားခဲ့သည်။

Jean-Marie Robine သည် ဖွားသေ လေ့လာသည့် ကျွမ်းကျင်ပညာရှင် ဖြစ်ပြီး ကျန်းမာရေးနှင့် အသက်ရှည်ခြင်းကြားမှ ဆက်နွှယ်မှုကို လေ့လာသူတစ်ဦး ဖြစ်သည်။

Jean-Marie Robine က ယန်း ကဲလ်မွန့်၏ အသက်ရှည်ရခြင်း အကြောင်းရင်းများကို လေ့လာဖော်ထုတ် ခဲ့သည်။

ရှင်းလင်းချက်အနေဖြင့် Jean-Marie Robine က ကြိုပြောထားသည်မှာ “ယန်း ကဲလ်မွန့်ရဲ့ အသက်ရှည်ခြင်း အကြောင်းရင်းက ကံကြောင့်သာ ဖြစ်တယ်ဆိုတာ မှတ်ယူထားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလောက်အထိ အသက်ရှည်တာက အရမ်းထူးခြားပါတယ်”ဟုပြောသည်။

သို့သော် ယန်း ကဲလ်မွန့် အသက်အလွန်ရှည်စွာ နေထိုင်နိုင်ခဲ့ခြင်းတွင် သတိပြုထိုက်သည့် အချက်အချို့ရှိနေကြောင်း Jean-Marie Robine က ပြောသည်။

 

(ယန်း ကဲလ်မွန့်ကို အသက် ၁၂၂ နှစ်အထိ အသက်ရှည်ခဲ့ခြင်း၏ အကြောင်းရင်း ဖြစ်ဖွယ်ရှိသော အချက် ၃ ချက်)

 

၁။ ချမ်းသာကြွယ်ဝခြင်း

ကဲလ်မွန့်သည် ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ ဘူဇွာမိသားစုတစ်ခုတွင် မွေးဖွားကြီးပြင်းခဲ့သောကြောင့် ကောင်းမွန်သည့် ဝန်းကျင်တွင် နေထိုင်ခဲ့ရကြောင်း Jean-Marie Robine ကပြောသည်။

အထက်တန်းလွှာ မိသားစုဖြစ်ခြင်းကြောင့် အသက် ၁၆ နှစ်အရွယ်အထိ ကျောင်းတက်ခွင့် ရခဲ့သည်။

ထိုခေတ်ထိုကာလက မိန်းကလေးများ ပညာသင်ခွင့် ရရှိမှု အလွန်နည်းပါးသည်။

ယန်း ကဲလ်မွန့်သည် အသက် ၂၀ အရွယ် အိမ်ထောင်ပြုချိန်အထိ အချက်အပြုတ် ၊ ပန်းချီနှင့် အကပညာတို့ သီးသန့်သင်ယူလေ့လာခွင့် ရရှိခဲ့သူဖြစ်သည်။

ယန်း ကဲလ်မွန့် အသက်ရှည်ခြင်းနှင့် စိတ်ဖိစီးမှုနည်းခြင်းတို့ ဖြစ်စေမည့် အခြားတစ်ချက်မှာ တစ်ဘဝလုံး အလုပ်မလုပ်ခဲ့ဖူးခြင်းဖြစ်ကြောင်း Jean-Marie Robine ကပြောသည်။

“အိမ်မှာ သူ့ကို ကူလုပ်ပေးမယ့် လူတစ်ယောက်အမြဲတမ်းရှိပါတယ်။ ချက်ဖို့ပြုတ်ဖို့ မလုပ်ရသလို ၊ လိုတာတွေ ဝယ်ဖို့ ကိုယ်တိုင်တောင် ဈေးဝယ်မထွက်ရပါဘူး။”

 

၂။ စီးကရက် မသောက်

ယန်း ကဲလ်မွန့်သည် အိမ်ထောင်မပြုမီ အချိန်အထိ စီးကရက်သောက်ခွင့် မရှိခဲ့ကြောင်း Jean-Marie Robine ကပြောသည်။

“ကျွန်တော်တို့ ဘယ်ခေတ်အကြောင်းပြောနေတာလဲဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။ အချိန်က ၁၉ ရာစုအကုန်ပိုင်းဖြစ်ပြီး နေရာက ပြင်သစ်တောင်ပိုင်းက မြို့ငယ်တစ်ခုပါ” ဟုသူက ပြောသည်။

“အဲဒီခေတ်က မိန်းကလေးတစ်ယောက် ဆေးလိပ်သောက်တာ လုံးဝ တားမြစ်ထားပါတယ်။ အထူးသဖြင့် ဘူဇွာမိသားစုတစ်ခုမှာ ဆေးလိပ်သောက်ဖို့ မဖြစ်နိုင်ပါဘူး။”

သို့သော် လက်ထပ်ပြီးချိန်တွင်ပင် ခင်ပွန်းဖြစ်သူက ကဲလ်မွန့်အား စီးကရက်တစ်လိပ်သောက်ရန် ပေးခဲ့သည်။

ယခင်က ပြုလုပ်ခွင့်မရခဲ့သည့်အရာတစ်ခု လုပ်ဆောင်ကြည့်ရမည် ဖြစ်ခြင်းကြောင့် ကဲလ်မွန့်မှာ အလွန်ပင် ပျော်ရွှင်သွားခဲ့သည်။

ထို့နောက် စီးကရက်ကို ပထမဆုံးအကြိမ် သောက်သုံးကြည့်ရာ ခံစားရမှု အရသာကို ကဲလ်မွန့်က မနှစ်သက်။

ထို့ကြောင့် စီးကရက် မသောက်ဖြစ်တော့။

စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ ကဲလ်မွန့်သည် ဘဝကာလအများစုတွင် ဆေးလိပ်မသောက် သော်လည်း အသက် ၁၁၂ နှစ်အရွယ်ခန့်တွင် ဆေးလိပ်သောက်ခဲ့သည်ဟု ဆိုသည်။

 

၃။ လူမှုဆက်ဆံရေး

ယန်း ကဲလ်မွန့်၏ အချိန်အများစုမှာ အားလပ်နေလေ့ရှိပြီး မိမိကိုယ်ကို တသသ ဂရုစိုက်နေရခြင်းမှလွဲ၍ မည်သည့်အလုပ်မှ မရှိ။

ထို့ကြောင့် ပြင်သစ်နိုင်ငံတစ်ဝန်း သွားလာလည်ပတ်ကာ လူမှုပွဲလမ်းများ တက်ရောက်လေ့ရှိကြောင်း Jean-Marie Robine က ပြောသည်။

သူမ၏ အချိန်အများစုကို ပွဲလမ်းများတက်ရောက်ခြင်း ၊ မိတ်ဆွေသစ်များနှင့် တွေ့ဆုံခြင်းတို့ဖြင့် အချိန်ကုန်ဆုံး ခဲ့ခြင်း ဖြစ်သည်။

ယန်း ကဲလ်မွန့်သည် ခင်ပွန်းဖြစ်သူနှင့်အတူ ပဲရစ်သို့ မကြာခဏ ခရီးထွက်ပြီး အီဖဲလ် မျှော်စင်ကြီးကို ကြည့်ရှုလေ့ရှိသည်။

ထိုအချိန်က အီဖဲလ်မျှော်စင်ကြီးမှာ ဆောက်လုပ်နေဆဲ ကာလသာ ရှိသေးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The world’s oldest person made it to 122—3 reasons she lived so long, from a longevity expert who knew her (cnbc)

 

 

 

[Zawgyi]

အသက္ ၁၂၂ ႏွစ္ရွိ ကမၻာ့အသက္အၾကီးဆံုး ျပင္သစ္အမ်ဳိးသမီးၾကီး အသက္အလြန္ရွည္ရျခင္း၏ အေၾကာင္းရင္း ၃ ခု

 

ေမြးဖြား - ၁၈၇၅ ခုႏွစ္ ၊ ေဖေဖာ္ဝါရီလ ၂၁ ရက္

ကြယ္လြန္- ၁၉၉၇ ခုႏွစ္ ၊ ၾသဂုတ္လ ၄ ရက္

ခင္ပြန္းအမည္ - Fernand Calment (လက္ထပ္ - ၁၈၉၆ ခုႏွစ္ ၊ ကြယ္လြန္ ၁၉၄၂ ခုႏွစ္)

ျပင္သစ္အမ်ဳိးသမီး ယန္း ကဲလ္မြန္႔ (Jeanne Louise Calment) သည္ ကမၻာ့အသက္ရွည္ဆံုး ေနခဲ့ရသည့္ လူသားျဖစ္ျပီး အသက္ ၁၂၂ ႏွစ္ ၊ ၁၆၄ ရက္ ေနထိုင္ခဲ့ရသည္။

သူ၏ အသက္အလြန္ရွည္မႈအေပၚ သတင္းမီဒီယာတို႔၏ အာရံုစိုက္ျခင္းခံခဲ့ရသည့္အျပင္ သူမ၏ ဘဝေနထုိင္မႈ ပံုစံကို ေဆးပညာအရ သုေတသနျပဳ ေလ့လာမႈမ်ားလည္း ျပဳလုပ္ခဲ့ၾကသည္။

ျပင္သစ္ သန္းေခါင္းစာရင္းမွတ္တမ္းမ်ားအရ ယန္း ကဲလ္မြန္႔သည္ သမီးႏွင့္ ေျမးတို႔ထက္ပင္ အသက္ရွည္စြာ ေနထိုင္ခဲ့ရသူ ျဖစ္သည္ဟု သိရသည္။

ကဲလ္မြန္႔ အသက္ ၁၂၀ အရြယ္ ၊ ၁၉၉၅ ခုႏွစ္တြင္ ကမၻာ့အသက္ရွည္ဆံုး လူသားအျဖစ္ သတ္မွတ္ေၾကညာ ျခင္း ခံရသည္။

ယန္း ကဲလ္မြန္႔၏ မိသားစုမွာလည္း အသက္ရွည္သူမ်ား ျဖစ္ၾကျပီး အစ္ကုိျဖစ္သူ ဖရန္ဆြာမွာ အသက္ ၉၇ ခုႏွစ္ (၁၈၆၅ -၁၉၆၂ )၊ ဖခင္ျဖစ္သူ နီကိုလပ္စ္မွာ အသက္ ၉၄ ႏွစ္(၁၈၃၇ - ၁၉၃၁) ၊ မိခင္ျဖစ္သူ မာဂရက္ ဂ်ီးလက္စ္မွာ အသက္ ၈၆ ႏွစ္ (၁၈၃၈ - ၁၉၂၄) အရြယ္မ်ားထိ ေနခဲ့ၾကရသည္။

ယန္း ကဲလ္မြန္႔ မကြယ္လြန္မီတြင္ Jean-Marie Robine အား ေတြ႔ဆံုေမးျမန္းခန္း လက္ခံေျဖၾကားမႈ တစ္ခုျပဳလုပ္သြားခဲ့သည္။ Jean-Marie Robine သည္ ဖြားေသ ေလ့လာသည့္ ကၽြမ္းက်င္ပညာရွင္ ျဖစ္ျပီး က်န္းမာေရးႏွင့္ အသက္ရွည္ျခင္းၾကားမွ ဆက္ႏႊယ္မႈကို ေလ့လာသူတစ္ဦး ျဖစ္သည္။

Jean-Marie Robine က ယန္း ကဲလ္မြန္႔၏ အသက္ရွည္ရျခင္း အေၾကာင္းရင္းမ်ားကို ေလ့လာေဖာ္ထုတ္ ခဲ့သည္။

ရွင္းလင္းခ်က္အေနျဖင့္ Jean-Marie Robine က ၾကိဳေျပာထားသည္မွာ “ယန္း ကဲလ္မြန္႔ရဲ႕ အသက္ရွည္ျခင္း အေၾကာင္းရင္းက ကံေၾကာင့္သာ ျဖစ္တယ္ဆိုတာ မွတ္ယူထားဖို႔ လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီေလာက္အထိ အသက္ရွည္တာက အရမ္းထူးျခားပါတယ္”ဟုေျပာသည္။

သို႔ေသာ္ ယန္း ကဲလ္မြန္႔ အသက္အလြန္ရွည္စြာ ေနထိုင္ႏိုင္ခဲ့ျခင္းတြင္ သတိျပဳထုိက္သည့္ အခ်က္အခ်ဳိ႕ရွိေနေၾကာင္း Jean-Marie Robine က ေျပာသည္။

(ယန္း ကဲလ္မြန္႔ကို အသက္ ၁၂၂ ႏွစ္အထိ အသက္ရွည္ခဲ့ျခင္း၏ အေၾကာင္းရင္း ျဖစ္ဖြယ္ရွိေသာ အခ်က္ ၃ ခ်က္)

 

၁။ ခ်မ္းသာၾကြယ္ဝျခင္း

ကဲလ္မြန္႔သည္ ျပင္သစ္ႏုိင္ငံေတာင္ပိုင္းရွိ ဘူဇြာမိသားစုတစ္ခုတြင္ ေမြးဖြားၾကီးျပင္းခဲ့ေသာေၾကာင့္ ေကာင္းမြန္သည့္ ဝန္းက်င္တြင္ ေနထိုင္ခဲ့ရေၾကာင္း Jean-Marie Robine ကေျပာသည္။ အထက္တန္းလႊာ မိသားစုျဖစ္ျခင္းေၾကာင့္ အသက္ ၁၆ ႏွစ္အရြယ္အထိ ေက်ာင္းတက္ခြင့္ ရခဲ့သည္။

ထိုေခတ္ထိုကာလက မိန္းကေလးမ်ား ပညာသင္ခြင့္ ရရွိမႈ အလြန္နည္းပါးသည္။

ယန္း ကဲလ္မြန္႔သည္ အသက္ ၂၀ အရြယ္ အိမ္ေထာင္ျပဳခ်ိန္အထိ အခ်က္အျပဳတ္ ၊ ပန္းခ်ီႏွင့္ အကပညာတို႔ သီးသန္႔သင္ယူေလ့လာခြင့္ ရရွိခဲ့သူျဖစ္သည္။

ယန္း ကဲလ္မြန္႔ အသက္ရွည္ျခင္းႏွင့္ စိတ္ဖိစီးမႈနည္းျခင္းတို႔ ျဖစ္ေစမည့္ အျခားတစ္ခ်က္မွာ တစ္ဘဝလံုး အလုပ္မလုပ္ခဲ့ဖူးျခင္းျဖစ္ေၾကာင္း Jean-Marie Robine ကေျပာသည္။

“အိမ္မွာ သူ႔ကို ကူလုပ္ေပးမယ့္ လူတစ္ေယာက္အျမဲတမ္းရွိပါတယ္။ ခ်က္ဖို႔ျပဳတ္ဖို႔ မလုပ္ရသလို ၊ လိုတာေတြ ဝယ္ဖို႔ ကိုယ္တုိင္ေတာင္ ေစ်းဝယ္မထြက္ရပါဘူး။”

၂။ စီးကရက္ မေသာက္

ယန္း ကဲလ္မြန္႔သည္ အိမ္ေထာင္မျပဳမီ အခ်ိန္အထိ စီးကရက္ေသာက္ခြင့္ မရွိခဲ့ေၾကာင္း Jean-Marie Robine ကေျပာသည္။

“ကၽြန္ေတာ္တို႔ ဘယ္ေခတ္အေၾကာင္းေျပာေနတာလဲဆိုတာ သတိျပဳရမွာ ျဖစ္ပါတယ္။ အခ်ိန္က ၁၉ ရာစုအကုန္ပုိင္းျဖစ္ျပီး ေနရာက ျပင္သစ္ေတာင္ပိုင္းက ျမိဳ႕ငယ္တစ္ခုပါ” ဟုသူက ေျပာသည္။

“အဲဒီေခတ္က မိန္းကေလးတစ္ေယာက္ ေဆးလိပ္ေသာက္တာ လံုးဝ တားျမစ္ထားပါတယ္။ အထူးသျဖင့္ ဘူဇြာမိသားစုတစ္ခုမွာ ေဆးလိပ္ေသာက္ဖို႔ မျဖစ္ႏိုင္ပါဘူး။”

သို႔ေသာ္ လက္ထပ္ျပီးခ်ိန္တြင္ပင္ ခင္ပြန္းျဖစ္သူက ကဲလ္မြန္႔အား စီးကရက္တစ္လိပ္ေသာက္ရန္ ေပးခဲ့သည္။

ယခင္က ျပဳလုပ္ခြင့္မရခဲ့သည့္အရာတစ္ခု လုပ္ေဆာင္ၾကည့္ရမည္ ျဖစ္ျခင္းေၾကာင့္ ကဲလ္မြန္႔မွာ အလြန္ပင္ ေပ်ာ္ရႊင္သြားခဲ့သည္။ ထို႔ေနာက္ စီးကရက္ကို ပထမဆံုးအၾကိမ္ ေသာက္သံုးၾကည့္ရာ ခံစားရမႈ အရသာကို ကဲလ္မြန္႔က မႏွစ္သက္။

ထို႔ေၾကာင့္ စီးကရက္ မေသာက္ျဖစ္ေတာ့။

စိတ္ဝင္စားဖြယ္ေကာင္းသည့္အခ်က္မွာ ကဲလ္မြန္႔သည္ ဘဝကာလအမ်ားစုတြင္ ေဆးလိပ္မေသာက္ ေသာ္လည္း အသက္ ၁၁၂ ႏွစ္အရြယ္ခန္႔တြင္ ေဆးလိပ္ေသာက္ခဲ့သည္ဟု ဆိုသည္။

၃။ လူမႈဆက္ဆံေရး

ယန္း ကဲလ္မြန္႔၏ အခ်ိန္အမ်ားစုမွာ အားလပ္ေနေလ့ရွိျပီး မိမိကုိယ္ကို တသသ ဂရုစိုက္ေနရျခင္းမွလြဲ၍ မည္သည့္အလုပ္မွ မရွိ။ ထို႔ေၾကာင့္ ျပင္သစ္ႏိုင္ငံတစ္ဝန္း သြားလာလည္ပတ္ကာ လူမႈပဲြလမ္းမ်ား တက္ေရာက္ေလ့ရွိေၾကာင္း Jean-Marie Robine က ေျပာသည္။

သူမ၏ အခ်ိန္အမ်ားစုကို ပြဲလမ္းမ်ားတက္ေရာက္ျခင္း ၊ မိတ္ေဆြသစ္မ်ားႏွင့္ ေတြ႔ဆံုျခင္းတို႔ျဖင့္ အခိ်န္ကုန္ဆံုး ခဲ့ျခင္း ျဖစ္သည္။ ယန္း ကဲလ္မြန္႔သည္ ခင္ပြန္းျဖစ္သူႏွင့္အတူ ပဲရစ္သို႔ မၾကာခဏ ခရီးထြက္ျပီး အီဖဲလ္ ေမွ်ာ္စင္ၾကီးကို ၾကည့္ရႈေလ့ရွိသည္။

ထိုအခ်ိန္က အီဖဲလ္ေမွ်ာ္စင္ၾကီးမွာ ေဆာက္လုပ္ေနဆဲ ကာလသာ ရွိေသးသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The world’s oldest person made it to 122—3 reasons she lived so long, from a longevity expert who knew her (cnbc)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service