ကိုယ်ဝန်ရစေသည့် ရေစင်တော်နှင့် ကံကောင်းစေသည့် ပုတီးစေ့ (သို့မဟုတ်) သားသမီးထွန်းကားလိုသည့် စုံတွဲများ သွားလေ့ရှိသော ဂျပန်က ဥဒို ကျင်းဂု နတ်ကွန်း

ကိုယ်ဝန်ရစေသည့် ရေစင်တော်နှင့် ကံကောင်းစေသည့် ပုတီးစေ့ (သို့မဟုတ်) သားသမီးထွန်းကားလိုသည့် စုံတွဲများ သွားလေ့ရှိသော ဂျပန်က ဥဒို ကျင်းဂု နတ်ကွန်း - Property News in Myanmar from iMyanmarHouse.com
28 Feb 2023 11:08 am တွင် တင်ခဲ့သည်
822 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဥဒို ကျင်းဂု နတ်ကွန်း (鵜戸神宮)သည် ဂျပန်နိုင်ငံတောင်ပိုင်း၊ ကျူရှူးကျွန်းပေါ်ရှိ မိယဇကိ စီရင်စု၊ နီချီနန်မြို့တွင် တည်ရှိသည်။

တည်နေရာ ကိုသြဒိနိတ်- 31°39′01″N 131°28′00″E ဒဏ္ဍာရီများအရ ပင်လယ်နတ်သမီး Toyotamahime သည် တင်ကျီးငှက် အတောင်များဖြင့် ကလေးမွေးရန် နေရာတစ်ခု ပြုလုပ်ခဲ့သည့်နေရာ ဖြစ်သည်ဟု ဆိုသည်။

ဥဒိုနတ်ကွန်းသည် ကလေးရလိုသည့် ဂျပန်လူငယ်စုံတွဲများအကြား အလွန်နာမည်ကြီးသည်။

ကလေးရရန်နှင့် အိမ်ထောင်ရေးသာယာစေရန် ဥဒိုနတ်ကွန်းသို့ လာရောက်လေ့ရှိကြသည်။

နတ်ကွန်းဝန်းအတွင်း ကျောက်စိုင်ကျောက်ခဲများကြားမှ စီးကျသောရေကို သောက်သုံးလျှင် ကိုယ်ဝန်ရစေသည်ဟူသော ဒဏ္ဍာရီလည်း ရှိသည်။

ဥဒိုနတ်ကွန်းသည် နီချီနန်မြို့ ပင်လယ်ကမ်းခြေအနီးရှိ ကျောက်ကမ်းပါးနံရံမှ လှိုဏ်ဂူတစ်ခုအတွင်း တည်ရှိပြီး ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

လှိုဏ်ဂူအတွင်းတွင် ochichi iwa (ရင်သားကျောက်တုံး) ဟုခေါ်သော ရေတစက်စက်ကျနေသည့် ကျောက်တုံးတစ်ခု ရှိသည်။

 

 

ဂျပန်နိုင်ငံ၏ ပထမဆုံးဧကရာဇ်၏ ဖခင်သည် အဆိုပါ ကျောက်တုံးမှ ရေဖြင့် အသက်ရှင်သန်ခဲ့ရသည်ဟူသော ဒဏ္ဍာရီများ ရှိသည်။

ဥဒိုနတ်ကွန်းသို့ ရောက်လျှင် ထိုကျောက်တုံးမှ ရေဖြင့် ပြုလုပ်ထားသော mizuame ဟုခေါ်သည့် သကြားလုံးတစ်မျိုး ဝယ်ယူရရှိနိုင်သည်။

ဥဒိုကျင်းဂု နတ်ကွန်းသည် ဂျပန်နိုင်ငံသားများအကြား နာမည်ကျော်သည့် နတ်ကွန်းတစ်ခု ဖြစ်သည်။

ရေပြာလှိုဏ်းတို့ လာရောက်ရိုက်ခတ်နေသည့် ပင်လယ်ကျောက်ကမ်းပါးကြီးတွင် တည်ရှိပြီး အရပ်လေးမျက်နှာတွင် ရင်သပ်ရှုမောဖွယ် ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

ဥဒိုနတ်ကွန်းသို့ လာရာ ကမ်းခြေတလျှောက်ခရီးမှာ ကျူရှူးကျွန်း၏ ခမ်းနားသော ကမ်းခြေ မြင်ကွင်းများကို တွေ့မြင်ရမည် ဖြစ်သည်။

 

(ဥဒိုနတ်ကွန်းသို့ ခြေလျင်ခရီး)

ဘတ်စ်ကားဖြင့် လာသည်ဆိုပါက ဘတ်စ်ကားမှတ်တိုင်မှ နတ်ကွန်း၏ ပင်မဝင်ပေါက်သို့ ရောက်ရှိရန် ၁၅ မိနစ်ခန့် လမ်းလျှောက်ရမည် ဖြစ်သည်။

ထို့နောက် ပင်မနတ်ကွန်းရှိရာသို့ ရောက်ရှိရန် တောင်တက်တောင်ဆင်း လှေကားထစ်များစွာ အတက်အဆင်းပြုလုပ်ရမည် ဖြစ်သည်။

ဤနေရာသို့ လာမည်ဆိုလျှင် သင့်အတွက် သက်တောင့်သက်သာ အရှိဆုံး ဖိနပ်များ ဝတ်ဆင်လာခဲ့ပါ။

လမ်းကြောင်းတလျှောက် နေရာအများစုမှာ အမိုးအကာ မရှိသောကြောင့် နွေရာသီဆိုလျှင် အလွန်ပူပြင်းနိုင်ပါသည်။

လမ်းတဝက်ခန့်တွင်မူ လူသွားဥမင် တစ်ခုရှိရာ ထိုနေရာတွင်မူ အအေးဓာတ်ခံစားရနိုင်ပါသည်။

နတ်ကွန်းသို့ လာရာလမ်းတွင် မုန့်ပဲသွားရေစာများ ရောင်းချပေးသော ဈေးဆိုင်များနှင့် ကော်ဖီဆိုင်များရှိသည်။

 

 

ထိုဆိုင်များတွင် ခေတ္တဝင်ရောက် နားနေကာ ရေခဲမုန့်စားခြင်း ၊ အအေးသောက်ခြင်းတို့ ပြုလုပ်နိုင်သည်။

နတ်ကွန်းအဝသို့ ရောက်သည်နှင့်တပြိုင်နက် ပင်လယ်ပြာပြာကို စီးမိုးထားသည့် ကျောက်ကမ်းပါးကြီး၏ ခမ်းနားလှပသော မြင်ကွင်းကို တွေ့မြင်ရမည် ဖြစ်သည်။

ကမ်းခြေတလျှောက်ရှိ ကျောက်ဆောင်များကို ပင်လယ်လှိုင်းလုံးများ လာရောက်ရိုက်ခတ်နေကြပုံမှာ လှပခမ်းနားသော မြင်ကွင်းတစ်ခုလည်း ဖြစ်သည်။

ဥဒိုကျင်းဂု နတ်ကွန်း၏ လူသိအများဆုံးမှာ ကျောက်ကမ်းပါးနံရံရှိ လှိုဏ်ဂူထဲတွင် ဆောက်လုပ်ထားသော ပင်မနတ်ကွန်းဖြစ်သည်။

 

သို့သော် သာယာလှပသော ကမ်းခြေတလျှောက် လမ်းလျှောက်ကြည့်ရင်း တွေ့ရမည့် နတ်ကွန်းများစွာကိုလည်း ဝင်ရောက်ဖူးမျှော်နိုင်ပါမည်။

ပင်မနတ်ကွန်းသို့ သွားရာ လမ်းတလျှောက်တွင် တံတားအချို့ ၊ torii ဂိတ်ဝနှင့် နတ်ကွန်းငယ်အချို့တွေ့ရမည် ဖြစ်သည်။

ဓာတ်ပုံ ဝါသနာပါသူများဆိုလျှင် လမ်းတလျှောက် ဓာတ်ပုံရိုက်နိုင်မည့် နေရာကောင်း များစွာရှိသည်။

 

(ဥဒိုကျင်းဂု နတ်ကွန်း)

ပင်မနတ်ကွန်းသို့ မရောက်မီ တောင်ကုန်းအဆင်းလှေကားများ တစ်ကြိမ်ဆင်းသက်ရဦးမည် ဖြစ်သည်။

ပင်မနတ်ကွန်းသို့ ရောက်ရှိသွားချိန်တွင် အံ့အားသင့်ဖွယ်ရာ လှပသော အခင်းအကျင်းက ဆီးကြိုနေသည်။

တိုရီဂိတ်၏ ဘေးမှ လှပသော ကျောက်ဆောင်များကို ပင်လယ်လှိုင်းလုံးတို့က ရိုက်ပုတ်လျှက်ရှိသည်။

နတ်ကွန်းမှာ များစွာမကြီးလှ။

 

 

သို့သော် နတ်ကွန်းတစ်ခုလုံးကို လှိုဏ်ဂူကြီးအတွင်း ဆောက်လုပ်ထားခြင်း ဖြစ်ရာ တမူထူးသည့် စိတ်ဝင်စားဖွယ်အသွင် ဖြစ်လာသည်။

လှိုဏ်ဂူအတွင်း အနည်းငယ် မှောင်မိုက်သော်လည်း ပင်လယ်လေညင်းတို့က တသုန်သုန်ဖြူးနေသည်။

ဥဒိုနတ်ကွန်းနှင့် ပတ်သက်သည့် ဒဏ္ဍာရီများ ၊ ယုံတမ်းစကားများ များစွာရှိနေသည်။

အထင်ရှားဆုံးပုံပြင်မှာ ယူမိဆချိဟိကို့နှင့် ယမဆချိဟိကို့ ဟူသော ညီအစ်ကိုနှစ်ယောက်၏ ဇာတ်လမ်းဖြစ်သည်။

တစ်ဦးမှာ တံငါသည်ဖြစ်ပြီး တစ်ဦးမှာ မုဆိုးဖြစ်သည်။

ဥဒိုနတ်ကွန်းသည် ကိုယ်ဝန်ဆောင်ခြင်း ၊ ကလေးမွေးဖွားခြင်းတို့အတွက် နာမည်ကြီးပြီး ကလေးလိုချင်သည့် အမျိုးသမီးများ လာရောက်လေ့ရှိကြသည်။

နတ်ကွန်းအတွင်းရှိ ကျောက်ဆောင်များမှ စီးကျနေသော ရေကို သောက်သုံးပါက ကိုယ်ဝန်ရစေသည်ဟု ယုံကြည်ကြသည်။

 

 

ကလေးရချိန်တွင်လည်း ကံကောင်းစေရန်အတွက် ရည်ရွယ်ကာ ဥဒိုနတ်ကွန်းသို့ စုံတွဲများ လာရောက်လေ့ ရှိကြသည်။

နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့သို့ ရောက်ပြီဆိုလျှင် ပင်လယ်ပြင်မှ ထွက်ပေါ်လာမည့် နှစ်သစ်၏ ပထမဆုံး နေမင်းကို ကြည့်ရှုရန် ဒေသခံများစွာ ဥဒိုနတ်ကွန်းသို့ လာရောက်လေ့ရှိကြသည်။

 

(ကံကောင်းဖို့ ပုတီးစေ့ပစ်ကြမယ်)

ဥဒိုနတ်ကွန်း အဝင်ဝမရောက်မီတွင်မူ Kameiwa အမည်ရှိ ပင်လယ်ကျောက်တုံးကြီးတစ်တုံးရှိသည်။

ထိုကျောက်တုံးကြီးပေါ်တွင် ရေအိုင်ငယ်လေးတစ်ခုရှိပြီး ရေအိုင်ငယ်ကို ကြိုးတစ်ချောင်းဖြင့် ဝန်းပတ် ထားသည်။

နတ်ကွန်းသို့ လာသူများသည် သစ်သားပုတီးစေ့ကလေးများကို ယန်းငွေ ၁၀၀ ဖြင့် ဝယ်ယူပြီး ကံကောင်းစေရန် အတွက် ရေအိုင်ကလေးထဲ ရောက်အောင် ပစ်ကြသည်။

ရေအိုင်ထဲသို့ ဝင်အောင် ပစ်နိုင်လျှင် ကံကောင်းမည်ဟု ယုံကြည်ကြသည်။

 

ထိုနေရာကလေးသည် ဒေသခံများအကြား အလွန်ကျော်ကြားလှသည်။

ထိုသို့ပစ်ရာတွင် လိုက်နာရမည့်အချက် အနည်းငယ်ရှိသည်။

အမျိုးသားများဆိုလျှင် ဝဲဘက်လက်ဖြင့် ပစ်ရမည်ဖြစ်ပြီး အမျိုးသမီးများမှာ ယာဘက်လက်ဖြင့် ပစ်ရမည်ဟု ဆိုသည်။

အပြန်ခရီးတွင် ဘတ်စ်ကားမှတ်တိုင်သို့ လမ်းပြန်လျှောက်ရမည့် အချိန်ကို ထည့်တွက်ရန် မမေ့ပါနှင့်။

ဘတ်စ်ကားတစ်စီးလွတ်သွားလျှင် နောက်တစ်စီးလာရန် တစ်နာရီခန့်စောင့်ရမည် ဖြစ်သည်။

(ဥဒိုနတ်ကွန်းကို ဘယ်လိုသွားမလဲ)

သာယာလှပသော ဥဒိုနတ်ကွန်းသို့ မိယဇကိ ဘူတာမှ ဘတ်စ်ကားဖြင့် အလွယ်တကူ ရောက်ရှိနိုင်ပါသည်။

ဘတ်စ်ကားစီးချိန် မိနစ် ၉၀ ခန့် ကြာပြီး ခရီးစဉ်တစ်ကြောင်းအတွက် ဘတ်စ်ကားခမှာ ယန်းငွေ ၁၄၈၀ ဖြစ်သည်။

သာယာလှပသော နိချိနန်ကမ်းခြေတွင် ဆင်းရမည်ဖြစ်ပြီး ထိုနေရာမှတဆင့် ဥဒိုနတ်ကွန်းသို့ လမ်းလျှောက် သွားရမည် ဖြစ်ပါသည်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Miyazaki Travel: Udo Jingu Shrine at Seaside Cliff (mytravelbuzzg, wikipedia)

 

 

 

[Zawgyi]

ကိုယ္ဝန္ရေစသည့္ ေရစင္ေတာ္ႏွင့္ ကံေကာင္းေစသည့္ ပုတီးေစ့ (သို႔မဟုတ္) သားသမီးထြန္းကားလိုသည့္ စံုတြဲမ်ား သြားေလ့ရွိေသာ ဂ်ပန္က ဥဒို က်င္းဂု နတ္ကြန္း

 

ဥဒို က်င္းဂု နတ္ကြန္း (鵜戸神宮)သည္ ဂ်ပန္ႏိုင္ငံေတာင္ပိုင္း၊ က်ဴရွဴးကၽြန္းေပၚရွိ မိယဇကိ စီရင္စု၊ နီခ်ီနန္ျမိဳ႕တြင္ တည္ရွိသည္။

တည္ေနရာ ကိုၾသဒိနိတ္- 31°39′01″N 131°28′00″E ဒ႑ာရီမ်ားအရ ပင္လယ္နတ္သမီး Toyotamahime သည္ တင္က်ီးငွက္ အေတာင္မ်ားျဖင့္ ကေလးေမြးရန္ ေနရာတစ္ခု ျပဳလုပ္ခဲ့သည့္ေနရာ ျဖစ္သည္ဟု ဆိုသည္။

ဥဒိုနတ္ကြန္းသည္ ကေလးရလိုသည့္ ဂ်ပန္လူငယ္စံုတြဲမ်ားအၾကား အလြန္နာမည္ၾကီးသည္။

ကေလးရရန္ႏွင့္ အိမ္ေထာင္ေရးသာယာေစရန္ ဥဒိုနတ္ကြန္းသို႔ လာေရာက္ေလ့ရွိၾကသည္။

နတ္ကြန္းဝန္းအတြင္း ေက်ာက္စိုင္ေက်ာက္ခဲမ်ားၾကားမွ စီးက်ေသာေရကို ေသာက္သံုးလွ်င္ ကိုယ္ဝန္ရေစသည္ဟူေသာ ဒ႑ာရီလည္း ရွိသည္။

ဥဒိုနတ္ကြန္းသည္ နီခ်ီနန္ျမိဳ႕ ပင္လယ္ကမ္းေျခအနီးရွိ ေက်ာက္ကမ္းပါးနံရံမွ လိႈဏ္ဂူတစ္ခုအတြင္း တည္ရွိျပီး ပင္လယ္ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။

လိႈဏ္ဂူအတြင္းတြင္ ochichi iwa (ရင္သားေက်ာက္တံုး) ဟုေခၚေသာ ေရတစက္စက္က်ေနသည့္ ေက်ာက္တံုးတစ္ခု ရွိသည္။

ဂ်ပန္ႏိုင္ငံ၏ ပထမဆံုးဧကရာဇ္၏ ဖခင္သည္ အဆိုပါ ေက်ာက္တံုးမွ ေရျဖင့္ အသက္ရွင္သန္ခဲ့ရသည္ဟူေသာ ဒ႑ာရီမ်ား ရွိသည္။ ဥဒိုနတ္ကြန္းသို႔ ေရာက္လွ်င္ ထိုေက်ာက္တံုးမွ ေရျဖင့္ ျပဳလုပ္ထားေသာ mizuame ဟုေခၚသည့္ သၾကားလံုးတစ္မ်ဳိး ဝယ္ယူရရွိႏိုင္သည္။

ဥဒိုက်င္းဂု နတ္ကြန္းသည္ ဂ်ပန္ႏိုင္ငံသားမ်ားအၾကား နာမည္ေက်ာ္သည့္ နတ္ကြန္းတစ္ခု ျဖစ္သည္။

ေရျပာလိႈဏ္းတို႔ လာေရာက္ရုိက္ခတ္ေနသည့္ ပင္လယ္ေက်ာက္ကမ္းပါးၾကီးတြင္ တည္ရွိျပီး အရပ္ေလးမ်က္ႏွာတြင္ ရင္သပ္ရႈေမာဖြယ္ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။

ဥဒိုနတ္ကြန္းသို႔ လာရာ ကမ္းေျခတေလွ်ာက္ခရီးမွာ က်ဴရွဴးကၽြန္း၏ ခမ္းနားေသာ ကမ္းေျခ ျမင္ကြင္းမ်ားကို ေတြ႔ျမင္ရမည္ ျဖစ္သည္။

(ဥဒိုနတ္ကြန္းသို႔ ေျခလ်င္ခရီး)

ဘတ္စ္ကားျဖင့္ လာသည္ဆိုပါက ဘတ္စ္ကားမွတ္တိုင္မွ နတ္ကြန္း၏ ပင္မဝင္ေပါက္သို႔ ေရာက္ရွိရန္ ၁၅ မိနစ္ခန္႔ လမ္းေလွ်ာက္ရမည္ ျဖစ္သည္။

ထို႔ေနာက္ ပင္မနတ္ကြန္းရွိရာသို႔ ေရာက္ရွိရန္ ေတာင္တက္ေတာင္ဆင္း ေလွကားထစ္မ်ားစြာ အတက္အဆင္းျပဳလုပ္ရမည္ ျဖစ္သည္။

ဤေနရာသို႔ လာမည္ဆိုလွ်င္ သင့္အတြက္ သက္ေတာင့္သက္သာ အရွိဆံုး ဖိနပ္မ်ား ဝတ္ဆင္လာခဲ့ပါ။

လမ္းေၾကာင္းတေလွ်ာက္ ေနရာအမ်ားစုမွာ အမိုးအကာ မရွိေသာေၾကာင့္ ေႏြရာသီဆိုလွ်င္ အလြန္ပူျပင္းႏိုင္ပါသည္။

လမ္းတဝက္ခန္႔တြင္မူ လူသြားဥမင္ တစ္ခုရွိရာ ထိုေနရာတြင္မူ အေအးဓာတ္ခံစားရႏိုင္ပါသည္။

နတ္ကြန္းသို႔ လာရာလမ္းတြင္ မုန္႔ပဲသြားေရစာမ်ား ေရာင္းခ်ေပးေသာ ေစ်းဆိုင္မ်ားႏွင့္ ေကာ္ဖီဆိုင္မ်ားရွိသည္။

ထိုဆိုင္မ်ားတြင္ ေခတၱဝင္ေရာက္ နားေနကာ ေရခဲမုန္႔စားျခင္း ၊ အေအးေသာက္ျခင္းတို႔ ျပဳလုပ္ႏိုင္သည္။

နတ္ကြန္းအဝသို႔ ေရာက္သည္ႏွင့္တျပိဳင္နက္ ပင္လယ္ျပာျပာကို စီးမိုးထားသည့္ ေက်ာက္ကမ္းပါးၾကီး၏ ခမ္းနားလွပေသာ ျမင္ကြင္းကို ေတြ႔ျမင္ရမည္ ျဖစ္သည္။

ကမ္းေျခတေလွ်ာက္ရွိ ေက်ာက္ေဆာင္မ်ားကို ပင္လယ္လိႈင္းလံုးမ်ား လာေရာက္ရိုက္ခတ္ေနၾကပံုမွာ လွပခမ္းနားေသာ ျမင္ကြင္းတစ္ခုလည္း ျဖစ္သည္။

ဥဒိုက်င္းဂု နတ္ကြန္း၏ လူသိအမ်ားဆံုးမွာ ေက်ာက္ကမ္းပါးနံရံရွိ လိႈဏ္ဂူထဲတြင္ ေဆာက္လုပ္ထားေသာ ပင္မနတ္ကြန္းျဖစ္သည္။ သို႔ေသာ္ သာယာလွပေသာ ကမ္းေျခတေလွ်ာက္ လမ္းေလွ်ာက္ၾကည့္ရင္း ေတြ႔ရမည့္ နတ္ကြန္းမ်ားစြာကိုလည္း ဝင္ေရာက္ဖူးေမွ်ာ္ႏိုင္ပါမည္။

ပင္မနတ္ကြန္းသို႔ သြားရာ လမ္းတေလွ်ာက္တြင္ တံတားအခ်ဳိ႕ ၊ torii ဂိတ္ဝႏွင့္ နတ္ကြန္းငယ္အခ်ဳိ႕ေတြ႔ရမည္ ျဖစ္သည္။ ဓာတ္ပံု ဝါသနာပါသူမ်ားဆိုလွ်င္ လမ္းတေလွ်ာက္ ဓာတ္ပံုရုိက္ႏိုင္မည့္ ေနရာေကာင္း မ်ားစြာရွိသည္။

(ဥဒိုက်င္းဂု နတ္ကြန္း)

ပင္မနတ္ကြန္းသို႔ မေရာက္မီ ေတာင္ကုန္းအဆင္းေလွကားမ်ား တစ္ၾကိမ္ဆင္းသက္ရဦးမည္ ျဖစ္သည္။

ပင္မနတ္ကြန္းသို႔ ေရာက္ရွိသြားခ်ိန္တြင္ အံ့အားသင့္ဖြယ္ရာ လွပေသာ အခင္းအက်င္းက ဆီးၾကိဳေနသည္။

တိုရီဂိတ္၏ ေဘးမွ လွပေသာ ေက်ာက္ေဆာင္မ်ားကို ပင္လယ္လိႈင္းလံုးတို႔က ရုိက္ပုတ္လွ်က္ရွိသည္။

နတ္ကြန္းမွာ မ်ားစြာမၾကီးလွ။

သို႔ေသာ္ နတ္ကြန္းတစ္ခုလံုးကို လိႈဏ္ဂူၾကီးအတြင္း ေဆာက္လုပ္ထားျခင္း ျဖစ္ရာ တမူထူးသည့္ စိတ္ဝင္စားဖြယ္အသြင္ ျဖစ္လာသည္။

လိႈဏ္ဂူအတြင္း အနည္းငယ္ ေမွာင္မိုက္ေသာ္လည္း ပင္လယ္ေလညင္းတို႔က တသုန္သုန္ျဖဴးေနသည္။

ဥဒိုနတ္ကြန္းႏွင့္ ပတ္သက္သည့္ ဒ႑ာရီမ်ား ၊ ယံုတမ္းစကားမ်ား မ်ားစြာရွိေနသည္။

အထင္ရွားဆံုးပံုျပင္မွာ ယူမိဆခ်ိဟိကို႔ႏွင့္ ယမဆခ်ိဟိကို႔ ဟူေသာ ညီအစ္ကုိႏွစ္ေယာက္၏ ဇာတ္လမ္းျဖစ္သည္။

တစ္ဦးမွာ တံငါသည္ျဖစ္ျပီး တစ္ဦးမွာ မုဆိုးျဖစ္သည္။

ဥဒိုနတ္ကြန္းသည္ ကိုယ္ဝန္ေဆာင္ျခင္း ၊ ကေလးေမြးဖြားျခင္းတို႔အတြက္ နာမည္ၾကီးျပီး ကေလးလိုခ်င္သည့္ အမ်ိဳးသမီးမ်ား လာေရာက္ေလ့ရွိၾကသည္။

နတ္ကြန္းအတြင္းရွိ ေက်ာက္ေဆာင္မ်ားမွ စီးက်ေနေသာ ေရကို ေသာက္သံုးပါက ကိုယ္ဝန္ရေစသည္ဟု ယံုၾကည္ၾကသည္။

ကေလးရခ်ိန္တြင္လည္း ကံေကာင္းေစရန္အတြက္ ရည္ရြယ္ကာ ဥဒိုနတ္ကြန္းသို႔ စံုတြဲမ်ား လာေရာက္ေလ့ ရွိၾကသည္။

ႏွစ္စဥ္ ဇန္နဝါရီလ ၁ ရက္ေန႔သို႔ ေရာက္ျပီဆိုလွ်င္ ပင္လယ္ျပင္မွ ထြက္ေပၚလာမည့္ ႏွစ္သစ္၏ ပထမဆံုး ေနမင္းကို ၾကည့္ရႈရန္ ေဒသခံမ်ားစြာ ဥဒိုနတ္ကြန္းသို႔ လာေရာက္ေလ့ရွိၾကသည္။

(ကံေကာင္းဖို႔ ပုတီးေစ့ပစ္ၾကမယ္)

ဥဒိုနတ္ကြန္း အဝင္ဝမေရာက္မီတြင္မူ Kameiwa အမည္ရွိ ပင္လယ္ေက်ာက္တံုးၾကီးတစ္တံုးရွိသည္။

ထိုေက်ာက္တံုးၾကီးေပၚတြင္ ေရအိုင္ငယ္ေလးတစ္ခုရွိျပီး ေရအိုင္ငယ္ကို ၾကိဳးတစ္ေခ်ာင္းျဖင့္ ဝန္းပတ္ ထားသည္။

နတ္ကြန္းသို႔ လာသူမ်ားသည္ သစ္သားပုတီးေစ့ကေလးမ်ားကို ယန္းေငြ ၁၀၀ ျဖင့္ ဝယ္ယူျပီး ကံေကာင္းေစရန္ အတြက္ ေရအိုင္ကေလးထဲ ေရာက္ေအာင္ ပစ္ၾကသည္။

ေရအိုင္ထဲသို႔ ဝင္ေအာင္ ပစ္ႏိုင္လွ်င္ ကံေကာင္းမည္ဟု ယံုၾကည္ၾကသည္။

ထိုေနရာကေလးသည္ ေဒသခံမ်ားအၾကား အလြန္ေက်ာ္ၾကားလွသည္။

ထိုသို႔ပစ္ရာတြင္ လုိက္နာရမည့္အခ်က္ အနည္းငယ္ရွိသည္။ အမ်ဳိးသားမ်ားဆိုလွ်င္ ဝဲဘက္လက္ျဖင့္ ပစ္ရမည္ျဖစ္ျပီး အမ်ဳိးသမီးမ်ားမွာ ယာဘက္လက္ျဖင့္ ပစ္ရမည္ဟု ဆိုသည္။

အျပန္ခရီးတြင္ ဘတ္စ္ကားမွတ္တိုင္သုိ႔ လမ္းျပန္ေလွ်ာက္ရမည့္ အခ်ိန္ကို ထည့္တြက္ရန္ မေမ့ပါႏွင့္။

ဘတ္စ္ကားတစ္စီးလြတ္သြားလွ်င္ ေနာက္တစ္စီးလာရန္ တစ္နာရီခန္႔ေစာင့္ရမည္ ျဖစ္သည္။

(ဥဒိုနတ္ကြန္းကို ဘယ္လိုသြားမလဲ)

သာယာလွပေသာ ဥဒိုနတ္ကြန္းသို႔ မိယဇကိ ဘူတာမွ ဘတ္စ္ကားျဖင့္ အလြယ္တကူ ေရာက္ရွိႏိုင္ပါသည္။

ဘတ္စ္ကားစီးခ်ိန္ မိနစ္ ၉၀ ခန္႔ ၾကာျပီး ခရီးစဥ္တစ္ေၾကာင္းအတြက္ ဘတ္စ္ကားခမွာ ယန္းေငြ ၁၄၈၀ ျဖစ္သည္။

သာယာလွပေသာ နိခ်ိနန္ကမ္းေျခတြင္ ဆင္းရမည္ျဖစ္ျပီး ထိုေနရာမွတဆင့္ ဥဒိုနတ္ကြန္းသို႔ လမ္းေလွ်ာက္ သြားရမည္ ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Miyazaki Travel: Udo Jingu Shrine at Seaside Cliff (mytravelbuzzg, wikipedia)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service