မတ်လတွင် ဘန်ကောက်မြို့ကြီးကို ဂီတဖြင့် သိမ်းပိုက်မည့် Bryan Adams ၏ ပြင်သစ်မှ နေအိမ်ကို လေ့လာရအောင်

မတ်လတွင် ဘန်ကောက်မြို့ကြီးကို ဂီတဖြင့် သိမ်းပိုက်မည့် Bryan Adams ၏ ပြင်သစ်မှ နေအိမ်ကို လေ့လာရအောင် - Property News in Myanmar from iMyanmarHouse.com
27 Feb 2023 11:43 am တွင် တင်ခဲ့သည်
652 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာနိုင်ငံတွင် Bryan Adams ၏ သီချင်းများကို လူသိများသည်။ ကျွန်တော်တို့ ကလေးဘဝမှသည် လူပျိုပေါက်ကာလများအထိ မြန်မာနိုင်ငံတစ်ဝန်း Bryan Adams ၏ သီချင်းများကို ပြန်လည်သီဆိုထားသော မြန်မာသီချင်းများဖြင့် ကြီးပြင်းခဲ့ရသည်။

××မင်းအနားမှာရှိတဲ့အချိန်လေးတွေရယ်××အစားထိုးမရ××အဝေးကိုရောက်တော့မှ အဖိုးတန်တာ သိလာတယ်××ဟူသော ဂျေမောင်မောင်၏ လာခဲ့မယ်မင်းဆီကို သီချင်းသည် ကျွန်တော်တို့ ကလေးဘဝ ကတည်းက ရင်ထဲရောက်ခဲ့သော သီချင်းဖြစ်၏။ ထိုသီချင်းသည် Bryan Adams ၏ Run to you သီချင်းကို ပြန်ဆိုထားခြင်း ဖြစ်သည်။

လူငယ်ဘဝရောက်လာသောအခါ ..မြို့ပြညတွေနှုတ်ဆက်လိုက်×× မနက်ဖြန်ရောက်လာမလား××(လေးဖြူ)၊ အချိန်တွေ နောက်ပြန်လည် ××အိမ်ပြန်ရောက်ချင်တယ်××ကြာရင်သိပ်ခက်သွားမယ်မဖြစ်သေးဘူး (အငဲ)၊ မျက်ဝန်းများနဲ့ သူရယ်ကိုယ် ဆုံတွေ့တဲ့ခဏ×× မျက်ဝန်းများထဲ အချစ်ကို တွေ့ရှိခဲ့ကြ (အငဲ) အစရှိသော သီချင်းများဖြင့် ဖြတ်သန်းခဲ့ကြရသည်။

 

 

ထိုသီချင်းများမှာလည်း Bryan Adams ၏ သီချင်းများပင် ဖြစ်သည်။

ဟုတ်ကဲ့။ ကျွန်တော်တို့ သိပ်များ အိုသွားပြီလား။

လာမည့် မတ်လအတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် Bryan Adams လာရောက် ဖျော်ဖြေတော့မည်။

ရော့ခ်ဂီတဖြင့် ဘန်ကောက်ကို သိမ်းပိုက်တော့မည်။

လက်မှတ်ဈေးကား အလွန်တန်သည်ဟု ဆိုရမည်။

အနည်းဆုံး ဘတ်ငွေ ၂၂၀၀ မှစကာ ၃၂၀၀၊ ၄၂၀၀၊ ၅၅၀၀ အထိ ရှိသည်။

မြန်မာငွေဖြင့် တွက်လျှင် ၁၃၀၀၀၀ ကျော်မှ ၃၂၀၀၀၀ ကြား ဖြစ်သည်။

Bryan Adams ကဲ့သို့ ကမ္ဘာ့ထိပ်တန်း အဆိုပါ တစ်ဦး၏ ပွဲကို ဤလက်မှတ်ဈေးမျှဖြင့် ကြည့်ရှု့နိုင်မည်မှာ အလွန်သက်သာလှသည်။

ဘန်ကောက်ဖျော်ဖြေပွဲကျင်းပမည့် အချိန်မှာ မတ်လ ၁၇ ရက်နေ့ ည ၈ နာရီမှ ၁၀ နာရီအထိဖြစ်ပြီး ဘန်ကောက်မြို့ Siam Paragon ဈေးဝယ်စင်တာကြီးတွင် တည်ရှိသော Royal Paragon Hall အမည်ရှိ ခန်းမကြီးတွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါ ခန်းမသည် အာရှတိုက်၏ ခေတ်အမီဆုံးခန်းမများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

(Bryan Adams ၏ ပြင်သစ်မှ နေအိမ်ကို လေ့လာရအောင်)

 

၂၀၀၉ ခုနှစ် ဧပြီလထုတ် Elle DÉCOR မဂ္ဂဇင်းတွင် Bryan Adams ၏ ပြင်သစ်မှ နေအိမ်အကြောင်း ဖော်ပြထားသည်။

Bryan Adams နှင့် ပဲရစ်မြို့မှ သဟဇာတရှိသည်ဟု မထင်ရချေ။ Bryan Adams က လက်တွေ့ကျ ရိုးရှင်းသည်။

ဂျင်းနှင့် တီရှပ်တို့ကိုသာ ဆင်မြန်းသော ရော့ခ်သမားဖြစ်၏။ Bryan Adams ၏ နေအိမ်ကို ပြင်သစ် အိမ်တွင်းဒီဇိုင်နာ Tristan Auer က ဒီဇိုင်းဆွဲ မွမ်းမံပေးခဲ့ခြင်းဖြစ်သည်။

Bryan Adams သည် အနောက်အင်ဒီးစ်ရှိ သူ၏ အပန်းဖြေစံအိမ်ကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန်အတွက် ဒီဇိုင်နာတစ်ဦး ရှာဖွေနေချိန် ၂၀၀၃ ခုနှစ်အတွင်း Tristan Auer နှင့် ဆုံစည်းခဲ့ခြင်းဖြစ်သည်။

Bryan Adams က မဂ္ဂဇင်းစာအုပ်များမှ ဖြတ်ယူထားသော သူ့အကြိုက် မွမ်းမံမှု ဒီဇိုင်းပုံများကို Tristan အား ပြသခဲ့သည်။

Bryan Adams သည် ပဲရစ်တွင် မှန်အမိုးပါဝင်ပြီး အလင်းရောင်ကောင်းစွာရသည့် နေအိမ်တစ်လုံး ရှာဖွေနေခဲ့ချိန်လည်း ဖြစ်သည်။

ပဲရစ်မြို့စိန်းမြစ်အတွင်းရှိ Ile Saint-Louis အမည်ရှိ ကျွန်းပေါ်တွင် တည်ရှိသော ၁၈ ရာစုက ဆောက်လုပ်ခဲ့သည့် အိမ်တစ်လုံးမှာ Bryan Adams ၏ အကြိုက်နှင့် ကိုက်ညီနေသည်။

ကြမ်းပြင်မှ အနီရောင်ကော်ဇောနှင့် နံရံများကိုသာ ပြန်လည် အစားထိုး မွမ်းမံရန် လိုအပ်သည်။

စံအိမ်တစ်ခုလုံး၏ ဒီဇိုင်းသွင်ပြင်မှာ minimalism နှင့် အဖြူရောင်တို့ကို ဦးစားပေးထားပြီး ဟိုတစ်စဒီတစ်စ အရောင်တို့ဖြင့် အသက်သွင်းပေးထားသည်။

သူ၏ စံအိမ်အတွင်း လေ့လာကြည့်ကြပါစို့။

Bryan Adams ၏ မီးဖိုဆောင်တွင် မှန်အမိုးမိုးထားပုံကို ဤဓာတ်ပုံတွင် တွေ့ရနိုင်သည်။

 

 

(သူ၏ ဓာတ်ပုံ စတူဒီယိုခန်းတွင် မှန်အမိုးကို ပိုမိုရှင်းလင်းစွာ တွေ့မြင်ရမည် ဖြစ်သည်။)

 

(မီးခိုးရောင်ဆိုဖာကြီးရှိသည့် ဧည့်ခန်းကို ကြည့်ရသည်မှာ ဇိမ်ကျလှသည်။)

 

(စင်္ကြန်လမ်းတလျှောက်မှ အခန်းမှာ ပင်မအိပ်ခန်းဖြစ်မည်ဟု မှန်းဆရသည်။)

 

(ဤအခန်းမှာ မည်သည့်အတွက် သုံးသည်ကို အသေအချာမသိရ။ ကြည့်ရသည်မှာမူ အထီးကျန်ဆန်လှသည်။)

 

(နေအိမ်၏ အခြားနေရာများကဲ့သို့ပင် ရေချိုးခန်းမှာလည်း အဖြူရောင်ဖြစ်ပြီး ရိုးရှင်းသည်။)

 

(သစ်သားဗီဒိုအံများ ၊ စားပွဲနှင့် ကုလားထိုင်များမှာ ညစာစားခန်းကို အရောင် နောက်တစ်မျိုးနှင့် နွေးထွေးမှုများ ပေါင်းစပ်ပေးသည်။)

 

(ဧည့်သည်အိပ်ခန်းမှာကား လုံးဝကွဲပြားသော မြင်ကွင်းနှင့် ခံစားချက်ကို ရစေသည်။ ထိုအခန်းမှာ နေအိမ်၏ မြေအောက်ခန်းတွင် တည်ရှိပြီး အဆိုပါ အိမ်၏ မူရင်း ကျောက်တုံးနံရံများနှင့် မျက်နှာကြက်များကို မူလအတိုင်း ထိန်းသိမ်းထားသည်။)

(သင်မည်သို့ ယူဆပါသနည်း။ ဤအိမ်မှာ ရော့ခ်ကြယ်ပွင့်တစ်ဦး၏ အိမ်နှင့် တူပါသလား။ minimalism မွမ်းမံမှုဟန်ကို နှစ်သက်ပါသလား။ Bryan Adams ၏ သီချင်းများကို နားထောင်ဖူးပါသလား။ မည်သည့်သီချင်းကို ကြိုက်နှစ်သက်ပါသနည်း။)

(ဓာတ်ပုံအားလုံးမှာ ၂၀၀၉ ခုနှစ်၊ ဧပြီလထုတ် ElleDECOR မဂ္ဂဇင်းမှ ဖြစ်ပါသည်)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bryan Adams on Corbusier, Franz Kline, and Life in London (design)

 

 

 

 

[Zawgyi]

မတ္လတြင္ ဘန္ေကာက္ျမိဳ႕ၾကီးကို ဂီတျဖင့္ သိမ္းပိုက္မည့္ Bryan Adams ၏ ျပင္သစ္မွ ေနအိမ္ကို ေလ့လာရေအာင္

 

ျမန္မာႏိုင္ငံတြင္ Bryan Adams ၏ သီခ်င္းမ်ားကို လူသိမ်ားသည္။ ကၽြန္ေတာ္တို႔ ကေလးဘဝမွသည္ လူပ်ဳိေပါက္ကာလမ်ားအထိ ျမန္မာႏိုင္ငံတစ္ဝန္း Bryan Adams ၏ သီခ်င္းမ်ားကို ျပန္လည္သီဆိုထားေသာ ျမန္မာသီခ်င္းမ်ားျဖင့္ ၾကီးျပင္းခဲ့ရသည္။

××မင္းအနားမွာရွိတဲ့အခ်ိန္ေလးေတြရယ္××အစားထိုးမရ××အေဝးကိုေရာက္ေတာ့မွ အဖိုးတန္တာ သိလာတယ္××ဟူေသာ ေဂ်ေမာင္ေမာင္၏ လာခဲ့မယ္မင္းဆီကို သီခ်င္းသည္ ကၽြန္ေတာ္တို႔ ကေလးဘဝ ကတည္းက ရင္ထဲေရာက္ခဲ့ေသာ သီခ်င္းျဖစ္၏။ ထိုသီခ်င္းသည္ Bryan Adams ၏ Run to you သီခ်င္းကို ျပန္ဆိုထားျခင္း ျဖစ္သည္။

လူငယ္ဘဝေရာက္လာေသာအခါ ..ျမိဳ႕ျပညေတြႏႈတ္ဆက္လိုက္×× မနက္ျဖန္ေရာက္လာမလား××(ေလးျဖဴ)၊ အခ်ိန္ေတြ ေနာက္ျပန္လည္ ××အိမ္ျပန္ေရာက္ခ်င္တယ္္××ၾကာရင္သိပ္ခက္သြားမယ္မျဖစ္ေသးဘူး (အငဲ)၊ မ်က္ဝန္းမ်ားနဲ႔ သူရယ္ကိုယ္ ဆံုေတြ႔တဲ့ခဏ×× မ်က္ဝန္းမ်ားထဲ အခ်စ္ကို ေတြ႔ရွိခဲ့ၾက (အငဲ) အစရွိေသာ သီခ်င္းမ်ားျဖင့္ ျဖတ္သန္းခဲ့ၾကရသည္။

ထိုသီခ်င္းမ်ားမွာလည္း Bryan Adams ၏ သီခ်င္းမ်ားပင္ ျဖစ္သည္။

ဟုတ္ကဲ့။ ကြၽန္ေတာ္တို႔ သိပ္မ်ား အိုသြားျပီလား။

လာမည့္ မတ္လအတြင္း အိမ္နီးခ်င္း ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ျမိဳ႕တြင္ Bryan Adams လာေရာက္ ေဖ်ာ္ေျဖေတာ့မည္။

ေရာ့ခ္ဂီတျဖင့္ ဘန္ေကာက္ကို သိမ္းပိုက္ေတာ့မည္။

လက္မွတ္ေစ်းကား အလြန္တန္သည္ဟု ဆိုရမည္။

အနည္းဆံုး ဘတ္ေငြ ၂၂၀၀ မွစကာ ၃၂၀၀၊ ၄၂၀၀၊ ၅၅၀၀ အထိ ရွိသည္။

ျမန္မာေငြျဖင့္ တြက္လွ်င္ ၁၃၀၀၀၀ ေက်ာ္မွ ၃၂၀၀၀၀ ၾကား ျဖစ္သည္။

Bryan Adams ကဲ့သို႔ ကမၻာ့ထိပ္တန္း အဆိုပါ တစ္ဦး၏ ပြဲကို ဤလက္မွတ္ေစ်းမွ်ျဖင့္ ၾကည့္ရႈ႕ႏိုင္မည္မွာ အလြန္သက္သာလွသည္။

ဘန္ေကာက္ေဖ်ာ္ေျဖပြဲက်င္းပမည့္ အခ်ိန္မွာ မတ္လ ၁၇ ရက္ေန႔ ည ၈ နာရီမွ ၁၀ နာရီအထိျဖစ္ျပီး ဘန္ေကာက္ျမိဳ႕ Siam Paragon ေစ်းဝယ္စင္တာၾကီးတြင္ တည္ရွိေသာ Royal Paragon Hall အမည္ရွိ ခန္းမၾကီးတြင္ က်င္းပမည္ျဖစ္သည္။

အဆိုပါ ခန္းမသည္ အာရွတုိက္၏ ေခတ္အမီဆံုးခန္းမမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။

 

(Bryan Adams ၏ ျပင္သစ္မွ ေနအိမ္ကို ေလ့လာရေအာင္)

၂၀၀၉ ခုႏွစ္ ဧျပီလထုတ္ Elle DÉCOR မဂၢဇင္းတြင္ Bryan Adams ၏ ျပင္သစ္မွ ေနအိမ္အေၾကာင္း ေဖာ္ျပထားသည္။

Bryan Adams ႏွင့္ ပဲရစ္ျမိဳ႕မွ သဟဇာတရွိသည္ဟု မထင္ရေခ်။ Bryan Adams က လက္ေတြ႔က် ရုိးရွင္းသည္။

ဂ်င္းႏွင့္ တီရွပ္တို႔ကိုသာ ဆင္ျမန္းေသာ ေရာ့ခ္သမားျဖစ္၏။ Bryan Adams ၏ ေနအိမ္ကို ျပင္သစ္ အိမ္တြင္းဒီဇိုင္နာ Tristan Auer က ဒီဇိုင္းဆြဲ မြမ္းမံေပးခဲ့ျခင္းျဖစ္သည္။

Bryan Adams သည္ အေနာက္အင္ဒီးစ္ရွိ သူ၏ အပန္းေျဖစံအိမ္ကို ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ရန္အတြက္ ဒီဇိုင္နာတစ္ဦး ရွာေဖြေနခ်ိန္ ၂၀၀၃ ခုႏွစ္အတြင္း Tristan Auer ႏွင့္ ဆံုစည္းခဲ့ျခင္းျဖစ္သည္။

Bryan Adams က မဂၢဇင္းစာအုပ္မ်ားမွ ျဖတ္ယူထားေသာ သူ႔အၾကိဳက္ မြမ္းမံမႈ ဒီဇိုင္းပံုမ်ားကို Tristan အား ျပသခဲ့သည္။

Bryan Adams သည္ ပဲရစ္တြင္ မွန္အမိုးပါဝင္ျပီး အလင္းေရာင္ေကာင္းစြာရသည့္ ေနအိမ္တစ္လံုး ရွာေဖြေနခဲ့ခ်ိန္လည္း ျဖစ္သည္။

ပဲရစ္ျမိဳ႕စိန္းျမစ္အတြင္းရွိ Ile Saint-Louis အမည္ရွိ ကၽြန္းေပၚတြင္ တည္ရွိေသာ ၁၈ ရာစုက ေဆာက္လုပ္ခဲ့သည့္ အိမ္တစ္လံုးမွာ Bryan Adams ၏ အၾကိဳက္ႏွင့္ ကိုက္ညီေနသည္။

ၾကမ္းျပင္မွ အနီေရာင္ေကာ္ေဇာႏွင့္ နံရံမ်ားကိုသာ ျပန္လည္ အစားထိုး မြမ္းမံရန္ လုိအပ္သည္။

စံအိမ္တစ္ခုလံုး၏ ဒီဇိုင္းသြင္ျပင္မွာ minimalism ႏွင့္ အျဖဴေရာင္တို႔ကို ဦးစားေပးထားျပီး ဟုိတစ္စဒီတစ္စ အေရာင္တို႔ျဖင့္ အသက္သြင္းေပးထားသည္။

သူ၏ စံအိမ္အတြင္း ေလ့လာၾကည့္ၾကပါစို႔။

Bryan Adams ၏ မီးဖိုေဆာင္တြင္ မွန္အမိုးမိုးထားပံုကို ဤဓာတ္ပံုတြင္ ေတြ႔ရႏုိင္သည္။

(သူ၏ ဓာတ္ပုံ စတူဒီယိုခန္းတြင္ မွန္အမိုးကို ပိုမုိရွင္းလင္းစြာ ေတြ႔ျမင္ရမည္ ျဖစ္သည္။)

(မီးခုိးေရာင္ဆိုဖာၾကီးရွိသည့္ ဧည့္ခန္းကို ၾကည့္ရသည္မွာ ဇိမ္က်လွသည္။)

(စၾကၤန္လမ္းတေလွ်ာက္မွ အခန္းမွာ ပင္မအိပ္ခန္းျဖစ္မည္ဟု မွန္းဆရသည္။)

(ဤအခန္းမွာ မည္သည့္အတြက္ သံုးသည္ကို အေသအခ်ာမသိရ။ ၾကည့္ရသည္မွာမူ အထီးက်န္ဆန္လွသည္။)

(ေနအိမ္၏ အျခားေနရာမ်ားကဲ့သို႔ပင္ ေရခ်ဳိးခန္းမွာလည္း အျဖဴေရာင္ျဖစ္ျပီး ရိုးရွင္းသည္။)

(သစ္သားဗီဒိုအံမ်ား ၊ စားပြဲႏွင့္ ကုလားထုိင္မ်ားမွာ ညစာစားခန္းကို အေရာင္ ေနာက္တစ္မ်ဳိးႏွင့္ ေႏြးေထြးမႈမ်ား ေပါင္းစပ္ေပးသည္။)

(ဧည့္သည္အိပ္ခန္းမွာကား လံုးဝကြဲျပားေသာ ျမင္ကြင္းႏွင့္ ခံစားခ်က္ကုိ ရေစသည္။ ထိုအခန္းမွာ ေနအိမ္၏ ေျမေအာက္ခန္းတြင္ တည္ရွိျပီး အဆိုပါ အိမ္၏ မူရင္း ေက်ာက္တံုးနံရံမ်ားႏွင့္ မ်က္ႏွာၾကက္မ်ားကို မူလအတုိင္း ထိန္းသိမ္းထားသည္။)

(သင္မည္သို႔ ယူဆပါသနည္း။ ဤအိမ္မွာ ေရာ့ခ္ၾကယ္ပြင့္တစ္ဦး၏ အိမ္ႏွင့္ တူပါသလား။ minimalism မြမ္းမံမႈဟန္ကုိ ႏွစ္သက္ပါသလား။ Bryan Adams ၏ သီခ်င္းမ်ားကို နားေထာင္ဖူးပါသလား။ မည္သည့္သီခ်င္းကို ၾကိဳက္ႏွစ္သက္ပါသနည္း။)

(ဓာတ္ပံုအားလံုးမွာ ၂၀၀၉ ခုႏွစ္၊ ဧျပီလထုတ္ ElleDECOR မဂၢဇင္းမွ ျဖစ္ပါသည္)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Bryan Adams on Corbusier, Franz Kline, and Life in London (design)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service