ဒိုင်ယာနာ၏ မိသားစု ပိုင်ဆိုင်ခဲ့ဖူးပြီး ဒုတိယကမ္ဘာစစ်အတွင်း ဒဏ်ရာရ စစ်သည်များကို ထားရှိခဲ့သည့် သမိုင်းဝင် ခန်းမကြီးကို ပေါင် ၉၉၅၀၀၀ ဖြင့် ရောင်းမည်
ဒိုင်ယာနာ၏ မိသားစု ပိုင်ဆိုင်ခဲ့ဖူးပြီး ဒုတိယကမ္ဘာစစ်အတွင်း ဒဏ်ရာရ စစ်သည်များကို ထားရှိခဲ့သည့် သမိုင်းဝင် ခန်းမကြီးကို ပေါင် ၉၉၅၀၀၀ ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
27 Feb 2023 10:08 am တွင် တင်ခဲ့သည်
661 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်နိုင်ငံတွင် တချိန်က ဝေလမင်းသမီး ဒိုင်ယာနာ၏ မိသားစု ပိုင်ဆိုင်ခဲ့ဖူးပြီး ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဒဏ်ရာရစစ်သည်များအတွက် နာလန်ထ အားမွေးရာနေရာအဖြစ် အသုံးပြုခဲ့သော သမိုင်းဝင်ခန်းမတစ်ခု ပေါင် ၉၉၅၀၀၀ ဖြင့် ရောင်းချရန် အရောင်းဈေးကွက်ဝင်လာသည်။
အင်္ဂလန်နိုင်ငံ ၊ နော့သမ်ပ်တန်ရှား (Northamptonshire) ခရိုင်တွင် တည်ရှိသော Dallington Hall အမည်ရှိ ခန်းမကြီးသည် တချိန်က ဒိုင်ယာနာ၏ မိဘများ၏ ဦးလေးတော်စပ်သူ ချားလ်စ် စပန်ဆာ ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
ချားလ်စ် စပန်ဆာသည် ကွန်ဆာဗေးတစ်ပါတီဝင်များကို သူ၏ စံအိမ်ရှိ ဝိုင်သိုလှောင်ခန်းတွင် ဧည့်ခံလေ့ ရှိသည်။
၁၉၁၀ ပြည့်နှစ်တွင် အစ်ကိုဖြစ်သူ နတ်ရွာစံသွားပြီးနောက် ဆဌမမြောက် Earl Spencer အဖြစ် အရိုက်အရာ ဆက်ခံခဲ့သည်။
ထိုသို့ အရိုက်အရာဆက်ခံချိန်တွင် Althorp အိမ်တော်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး Dallington ခန်းမကိုမူ စစ်အတွက် အသုံးပြုရန် မြို့ကောင်စီကို ပေးအပ်ခဲ့သည်။
Grade II အဆောက်အအုံအဖြစ် သတ်မှတ်ခံထားရသော Dallington ခန်းမသည် ၁၉၈၀ ပြည့်နှစ်တွင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး လူနေခန်းများအဖြစ် ပြောငး်လဲခြင်းခံရသည်။
(ပေါင် ၉၉၅၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာသော နော့သမ်ပ်တန်ရှား ခရိုင်မှ Dallington Hall ခန်းမ )
(ကျယ်ဝန်းသော ဤအဆောက်အအုံကို တချိန်က ဒိုင်ယာနာ၏ မိသားစု ပိုင်ဆိုင်ခဲ့သည်)
(ဒိုင်ယာနာ၏ မိဘများ၏ ဦးလေးတော်စပ်သူ ချားလ်စ် စပန်ဆာက ဤအဆောက်အအုံကို စစ်ပွဲအတွက် အသုံးပြုရန် နော့သမ်ပ်တန်ရှိုင်းယား ကောင်စီသို့ ပေးအပ်ခဲ့သည်)
(၁၇၂၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သော အဆောက်အအုံဖြစ်)
အဆိုပါ အဆောက်အအုံကို ၁၇၂၀ ပြည့်နှစ်တွင် အထင်ကရ ဝတ်လုံတော်ရရှေ့နေ၊ တရားသူကြီး၊ အယူခံ တရားရုံး တရားသူကြီး ဘဝများ ဖြတ်သန်းခဲ့သူ ဆာ ဂျိုးဆက် (Sir Joseph Jikyll) အတွက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
အဆောက်အအုံတွင် ရင်သပ်ရှုမောဖွယ် ရှေ့တံခါးနှင့် ခမ်းနားလှသော ဂျော်ဂျီယာဗိသုကာဟန် ဝက်သစ်ချသား လှေကားကြီးတစ်ခု ရှိသည်။
အဆောက်အအုံ၏ အကျယ်အဝန်းမှာ စတုရန်းပေ ၄၆၆၃ ပေရှိပြီး ၃ ထပ်အဆောက်အအုံ ဖြစ်သည်။
(ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဒဏ်ရာရစစ်သည်များအတွက် အသုံးပြုခဲ့သည်)
(အကျယ်အဝန်း ၄၆၆၃ စတုရန်းပေရှိပြီး ၃ ထပ်အဆောက်အအုံ ဖြစ်သည်)
(သမိုင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းကာကွယ်ရန် Grade II သတ်မှတ်ခံထားရသည်)
(မြေညီထပ်ရှိ ဧည့်ခန်းတွင် ကြီးမားလှသော ပြတင်းများရှိခြင်းကြောင့် သဘာဝအလင်း ကောင်းစွာရစေသည်)
(စံအိမ်တွင် ကြီးမားသော အိပ်ခန်း ၅ ခန်းပါဝင်ရာ ဧည့်သည့်များကို ဧည့်ခံပြုစုရန် ပြီးပြည့်စုံသော နေရာလည်း ဖြစ်သည်)
(ရေချိုးခန်းများတွင် လှပသော ပြတင်းများရှိရာ ရေချိုးနေရင်း ပြင်ပကမ္ဘာကြီးကို ကြည့်ရှုနိုင်မည် ဖြစ်သည်။)
မြေညီထပ်တွင် ဧည့်ခန်း၊ ညစာစားခန်း၊ မီးဖိုဆောင်နှင့် နားနေခန်းတို့အပြင် ခမ်းနားသော ခန်းမကြီး ရှိသည်။
အပေါ်ထပ်တွင်မူ အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၂ ခန်းရှိသည်။ အပြင်ဘက်တွင်ကာ နေရသော တောင်ဘက်မျက်နှာမူသည့် နားနေဆောင်၊ အဆောက်အအုံအလယ် ကွက်လပ်၊ မြက်ခင်းပါသော ပန်းဥယျာဉ်၊ ရေကူးကန်နှင့် သစ်ကြီးဝါးကြီးပင်များ ပါဝင်သည်။
(အဆောက်အအုံရှိ အိပ်ခန်းတိုင်းမှာ ကျယ်ကျယ်ဝန်းဝန်းရှိသည်)
(အဆောက်အအုံကြီးသည် ၁၈ ရာစုအတွင်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်သော်လည်း ခေတ်မီမွမ်းမံမှုများ ပြုလုပ်ထားသည်)
(ယခင်က ဝိုင်သိုလှောင်ခန်းအဖြစ် အသုံးပြုခဲ့သည့်အခန်းမှာ ယခုအခါ ဂိမ်းကစားခန်းအဖြစ် ပြောင်းလဲထားသည်)
(အိပ်ခန်းကျဉ်းတစ်ခန်းမှာမူ ကလေးငယ်များအတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်သည်)
(မီးဖိုဆောင်မှာ ရိုးရိုးစင်းစင်းဖြင့် ဆွဲဆောင်နိုင်မှုရှိသည်)
(ဈေးကွက်ဝင်လာသော ဤအဆောက်အအုံသည် Dallington ခန်းမ၏ အကြီးမားဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ Dallington ခန်းမကို ၁၉၈၀ ပြည့်လွန်ကာလများတွင် လူနေခန်းများအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်)
(အဆောက်အအုံ၏ ခြံဝန်းကို တစ်နှစ်ပတ်လုံး သေသပ်လှပစွာ ထိန်းသိမ်းမွမ်းမံမှုများ ပြုလုပ်ထားသည်)
(သမိုင်းဝင်နေရာတစ်ခုကို ဝယ်လက်များအနေဖြင့် ပေါင် ၁ သန်းအောက် ဈေးနှုန်းဖြင့် ပိုင်ဆိုင်နိုင်မည်လည်း ဖြစ်သည်)
(သာယာလှပသော နော့သမ်ပ်တန်ရှိုင်းယားကျေးလက်ဒေသတွင် တည်ရှိသည်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Historic hall once owned by Princess Diana's family that became home to injured soldiers in WW2 could be yours for £995,000 (dailymail)
[Zawgyi]
Grade II အဆောက်အအုံအဖြစ် သတ်မှတ်ခံထားရသော Dallington ခန်းမသည် ၁၉၈၀ ပြည့်နှစ်တွင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး လူနေခန်းများအဖြစ် ပြောင်းလဲခြင်းခံရသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service