အလွန်တရာကြီးမားလှတဲ့ လူမျက်နှာသဏ္ဍာန်ရုပ်တုများနဲ့ Easter Island

အလွန်တရာကြီးမားလှတဲ့ လူမျက်နှာသဏ္ဍာန်ရုပ်တုများနဲ့ Easter Island - Property News in Myanmar from iMyanmarHouse.com
23 Feb 2023 1:18 pm တွင် တင်ခဲ့သည်
1187 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

လူသားတွေရဲ့သိမြင်နိုင်စွမ်းကိုကျော်လွန်ပြီး ထူးခြားဆန်းပြားတဲ့ဖြစ်ရပ်တွေဟာ ကမ္ဘာပေါ်မှာနှစ်သန်းပေါင်း များစွာအကြာတည်းကရှိခဲ့ပြီးသားဖြစ်ပါတယ်။နေရာအသီးသီးမှာ အလျှိုလျှိုပုန်းအောင်းနေကြပေမဲ့ လူသားတို့ရဲ့စူးစမ်းလေ့လာမှုတွေကြောင့် ပုန်းကွယ်နေရာကနေတဖြည်းဖြည်းပေါ်လာခဲ့ရပါတယ်။

ဒီထဲမှာ လူမျက်နှာသဏ္ဍာန်ရုပ်တုကြီးတွေတည်ရှိရာ အီစတာကျွန်းဟာလည်း အပါအဝင်ဖြစ်ပါတယ်။

 

အီစတာကျွန်းဟာ ချီလီကမ်းရိုးတန်းကနေ ၃၈၀၀ ကီလိုမီတာအကွာ ၊ အရှေ့တောင်ပိစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိတဲ့ လူသူအရောက်အပေါက်အနည်းဆုံးကျွန်းတွေထဲကတစ်ကျွန်းဖြစ်ပါတယ်။ချီလီနိုင်ငံရဲ့ ပိုင်နက်တစ်ခုဖြစ်ပြီး ဆိပ်ကမ်းမရှိတဲ့အတွက် လေယာဉ်တစ်မျိုးတည်းနဲ့သာ အီစတာကျွန်းကို သွားရောက်နိုင်ပါတယ်။ ဆန်တီယာဂိုမြို့ကနေ လေယာဉ်နဲ့သွားမယ်ဆိုရင် ငါးနာရီခန့်ကြာမြင့်မှာဖြစ်ပြီး တဟီတီကနေဆိုရင်တော့ ခုနှစ်နာရီခန့်ကြာမြင့်ပါတယ်။

အီစတာကျွန်းနဲ့ပတ်သက်ပြီး လူတွေကိုခေါင်းစားစေတဲ့တစ်ခုတည်းသောအရာကတော့ ကြီးမားခန့်ထည် တဲ့လူမျက်နှာသဏ္ဍာန်ရုပ်တုကြီးတွေပဲဖြစ်ပါတယ်။အဲဒီရုပ်တုကြီးတွေကို Moai လို့ခေါ်ပြီး သူတို့တွေဟာ ကျွန်းပေါ်မှာနေထိုင်တဲ့ Rapa Nui လူမျိုးစုတွေရဲ့ဘိုးဘေးဘီဘင်လက်ထက်တည်းကရှိခဲ့တာပါ။Moai တွေကို “အီစတာကျွန်းပေါ်ကဦးခေါင်းများ’’ လို့ခေါ်ကြပြီး သူတို့မှာခန္ဓာကိုယ်တွေပါရှိတယ်ဆိုတဲ့ အချက်ကိုတော့ ၁၉၁၄ ခုနှစ်မှာ ရှေးဟောင်းသုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

 

 

Moai တွေကို မီးတောင်ပြာတွေကနေခဲသွားတဲ့ကျောက်တုံးတွေပေါ်မှာ ကျွန်းသားတွေ ကိုယ်တိုင်ထွင်းထုပြီးပြုလုပ်ထားဖြစ်ပါတယ်။ Moai တွေဟာ ပျမ်းမျှအားဖြင့် အမြင့် ၄ မီတာ၊ အကျယ် ၁.၆ မီတာနဲ့ အလေးချိန်က ၂တန်ခွဲနီးပါးရှိပါတယ်။မြေပေါ်မှာပေါ်နေတဲ့ ဦးခေါင်းနဲ့ပုခုံးကတောင် ဒီလောက်ကြီးမားနေရင် မြေကြီးထဲမှာရှိနေတဲ့ ခန္ဓာကိုယ်သာဆိုဘယ်လောက်ကြီးမားမလဲဆိုတာ ဘယ်သူမှမမှန်းဆနိုင်ပါဘူး။

 

Rapa Nui လူမျိုးစုတွေရဲ့ယဉ်ကျေးမှုမှာတော့ Moai တွေဟာ သူတို့ရဲ့သေဆုံးသွားတဲ့ဘိုးဘေးဘီဘင်တွေကို အရိုအသေပေးတဲ့အနေနဲ့ ထုလုပ်ထားတဲ့အမှတ်သင်္ကေတလို့ဆိုကြပါတယ်။ ခန္ဓာကိုယ်တွေကို မြေကြီးအောက်မှာမြှုပ်နှံထားပြီး ဘိုးဘွားတွေရဲ့ဝိဉာဉ်တွေကိုဂုဏ်ပြုတဲ့အနေနဲ့ ဦးခေါင်းနဲ့ပုခုံးပိုင်းကို မြေပေါ်မှာဖော်ထားခြင်းဖြစ်ပါတယ်။Moai တွေအားလုံးဟာ ကမ်းရိုးတန်းဘက်ကိုပဲ မျက်နှာမူနေပြီး ဒီလိုမျက်နှာမူထားရတဲ့အကြောင်းကတော့ ကျွန်းပေါ်မှာနေထိုင်သူတွေအားလုံးကို ကာကွယ်ပေးနေတယ် ဆိုတာကို ကိုယ်စားပြုပါတယ်။

 

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အီစတာကျွန်းပေါ်မှာ Moai ရုပ်တုပေါင်းထောင်ချီရှိခဲ့ပေမဲ့လည်း ၁၇ရာစုနှစ်ဝန်းကျင်မှာ သယံဇာတအရင်းအမြစ်ရှားပါးမှုကြောင့် ကျွန်းပေါ်က လူမျိုးစုတွေတိုက်ပွဲဖြစ်ကြရာမှာ Moai တွေကိုအချင်းချင်းအပြန်အလှန်ဖြိုပစ်ခဲ့ကြပါတယ်။တချို့ Moai တွေကတော့ တရားမဝင်စုဆောင်းသူတွေရဲ့အခိုးခံခဲ့ရပြီး ၁၉၉၅ ခုနှစ်မှာ ယူနက်စကိုကအီစတာကျွန်းကို ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်နေရာအဖြစ်သတ်မှတ်ခဲ့ပါတယ်။

အီစတာကျွန်းပေါ်မှာ ယနေ့အထိ နှစ်စဉ်နှစ်တိုင်း Rapa Nui လူမျိုးစုတွေရဲ့ပွဲတော်ကိုကျင်းပလေ့ရှိပါတယ်။ ပွဲတော်ကျင်းပတဲ့အချိန်ကတော့ ဖေဖော်ဝါရီလရဲ့ ပထမဆုံးရက်သတ္တပတ် နှစ်ပတ်အတွင်းမှာဖြစ်ပြီး ပွဲတော်အတွင်းမှာ သစ်တုံးခွဲခြင်း၊ ရှစ်ကြိုးတပ်ဟာဝိုင်အီဂီတာလေးကိုတီးခတ်ပြီး သီချင်းဆိုခြင်းစတဲ့ ရိုးရာဓလေ့ပျော်ပွဲရွှင်ပွဲတွေကို ကျင်းပလေ့ရှိပါတယ်။

 

လူမျက်နှာသဏ္ဍာန်ရုပ်တုကြီးတွေနဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေအမျိုးမျိုး ပေးနေကြပေမဲ့လည်း အီစတာကျွန်းပေါ်မှာမားမားမတ်မတ်တည်ရှိနေတဲ့ Moai ‌တွေကတော့ အခုအချိန်အထိပဟေဌိတစ်ခုဖြစ်နေဆဲပါပဲ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref : rafalgar.com

 

 

 

 

[Zawgyi]

အလြန္တရာႀကီးမားလွတဲ့ လူမ်က္ႏွာသ႑ာန္႐ုပ္တုမ်ားနဲ႔ Easter Island

 

လူသားေတြရဲ႕သိျမင္ႏိုင္စြမ္းကိုေက်ာ္လြန္ၿပီး ထူးျခားဆန္းျပားတဲ့ျဖစ္ရပ္ေတြဟာ ကမ႓ာေပၚမွာႏွစ္သန္းေပါင္း မ်ားစြာအၾကာတည္းက႐ွိခဲ့ၿပီးသားျဖစ္ပါတယ္။ေနရာအသီးသီးမွာ အလွ်ိဳလွ်ိဳပုန္းေအာင္းေနၾကေပမဲ့ လူသားတို႔ရဲ႕စူးစမ္းေလ့လာမႈေတြေၾကာင့္ ပုန္းကြယ္ေနရာကေနတျဖည္းျဖည္းေပၚလာခဲ့ရပါတယ္။

ဒီထဲမွာ လူမ်က္ႏွာသ႑ာန္႐ုပ္တုႀကီးေတြတည္႐ွိရာ အီစတာကြၽန္းဟာလည္း အပါအဝင္ျဖစ္ပါတယ္။

အီစတာကြၽန္းဟာ ခ်ီလီကမ္း႐ိုးတန္းကေန ၃၈၀၀ ကီလိုမီတာအကြာ ၊ အေ႐ွ႕ေတာင္ပိစိဖိတ္သမုဒၵရာထဲမွာ တည္႐ွိတဲ့ လူသူအေရာက္အေပါက္အနည္းဆုံးကြၽန္းေတြထဲကတစ္ကြၽန္းျဖစ္ပါတယ္။ခ်ီလီႏိုင္ငံရဲ႕ ပိုင္နက္တစ္ခုျဖစ္ၿပီး ဆိပ္ကမ္းမ႐ွိတဲ့အတြက္ ေလယာဥ္တစ္မ်ိဳးတည္းနဲ႔သာ အီစတာကြၽန္းကို သြားေရာက္ႏိုင္ပါတယ္။ ဆန္တီယာဂိုၿမိဳ႕ကေန ေလယာဥ္နဲ႔သြားမယ္ဆိုရင္ ငါးနာရီခန္႔ၾကာျမင့္မွာျဖစ္ၿပီး တဟီတီကေနဆိုရင္ေတာ့ ခုႏွစ္နာရီခန္႔ၾကာျမင့္ပါတယ္။

အီစတာကြၽန္းနဲ႔ပတ္သက္ၿပီး လူေတြကိုေခါင္းစားေစတဲ့တစ္ခုတည္းေသာအရာကေတာ့ ႀကီးမားခန္႔ထည္ တဲ့လူမ်က္ႏွာသ႑ာန္႐ုပ္တုႀကီးေတြပဲျဖစ္ပါတယ္။အဲဒီ႐ုပ္တုႀကီးေတြကို Moai လို႔ေခၚၿပီး သူတို႔ေတြဟာ ကြၽန္းေပၚမွာေနထိုင္တဲ့ Rapa Nui လူမ်ိဳးစုေတြရဲ႕ဘိုးေဘးဘီဘင္လက္ထက္တည္းက႐ွိခဲ့တာပါ။Moai ေတြကို “အီစတာကြၽန္းေပၚကဦးေခါင္းမ်ား’’ လို႔ေခၚၾကၿပီး သူတို႔မွာခႏၶာကိုယ္ေတြပါ႐ွိတယ္ဆိုတဲ့ အခ်က္ကိုေတာ့ ၁၉၁၄ ခုႏွစ္မွာ ေ႐ွးေဟာင္းသုေတသနပညာ႐ွင္ေတြက ႐ွာေဖြေတြ႕႐ွိခဲ့ၾကပါတယ္။

Moai ေတြကို မီးေတာင္ျပာေတြကေနခဲသြားတဲ့ေက်ာက္တုံးေတြေပၚမွာ ကြၽန္းသားေတြ ကိုယ္တိုင္ထြင္းထုၿပီးျပဳလုပ္ထားျဖစ္ပါတယ္။ Moai ေတြဟာ ပ်မ္းမွ်အားျဖင့္ အျမင့္ ၄ မီတာ၊ အက်ယ္ ၁.၆ မီတာနဲ႔ အေလးခ်ိန္က ၂တန္ခြဲနီးပါး႐ွိပါတယ္။ေျမေပၚမွာေပၚေနတဲ့ ဦးေခါင္းနဲ႔ပုခုံးကေတာင္ ဒီေလာက္ႀကီးမားေနရင္ ေျမႀကီးထဲမွာ႐ွိေနတဲ့ ခႏၶာကိုယ္သာဆိုဘယ္ေလာက္ႀကီးမားမလဲဆိုတာ ဘယ္သူမွမမွန္းဆႏိုင္ပါဘူး။

Rapa Nui လူမ်ိဳးစုေတြရဲ႕ယဥ္ေက်းမႈမွာေတာ့ Moai ေတြဟာ သူတို႔ရဲ႕ေသဆုံးသြားတဲ့ဘိုးေဘးဘီဘင္ေတြကို အ႐ိုအေသေပးတဲ့အေနနဲ႔ ထုလုပ္ထားတဲ့အမွတ္သေကၤတလို႔ဆိုၾကပါတယ္။ ခႏၶာကိုယ္ေတြကို ေျမႀကီးေအာက္မွာျမႇဳပ္ႏွံထားၿပီး ဘိုးဘြားေတြရဲ႕ဝိဉာဥ္ေတြကိုဂုဏ္ျပဳတဲ့အေနနဲ႔ ဦးေခါင္းနဲ႔ပုခုံးပိုင္းကို ေျမေပၚမွာေဖာ္ထားျခင္းျဖစ္ပါတယ္။Moai ေတြအားလုံးဟာ ကမ္း႐ိုးတန္းဘက္ကိုပဲ မ်က္ႏွာမူေနၿပီး ဒီလိုမ်က္ႏွာမူထားရတဲ့အေၾကာင္းကေတာ့ ကြၽန္းေပၚမွာေနထိုင္သူေတြအားလုံးကို ကာကြယ္ေပးေနတယ္ ဆိုတာကို ကိုယ္စားျပဳပါတယ္။

လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာက အီစတာကြၽန္းေပၚမွာ Moai ႐ုပ္တုေပါင္းေထာင္ခ်ီ႐ွိခဲ့ေပမဲ့လည္း ၁၇ရာစုႏွစ္ဝန္းက်င္မွာ သယံဇာတအရင္းအျမစ္႐ွားပါးမႈေၾကာင့္ ကြၽန္းေပၚက လူမ်ိဳးစုေတြတိုက္ပြဲျဖစ္ၾကရာမွာ Moai ေတြကိုအခ်င္းခ်င္းအျပန္အလွန္ၿဖိဳပစ္ခဲ့ၾကပါတယ္။တခ်ိဳ႕ Moai ေတြကေတာ့ တရားမဝင္စုေဆာင္းသူေတြရဲ႕အခိုးခံခဲ့ရၿပီး ၁၉၉၅ ခုႏွစ္မွာ ယူနက္စကိုကအီစတာကြၽန္းကို ကမ႓ာ့သမိုင္းဝင္အေမြအႏွစ္ေနရာအျဖစ္သတ္မွတ္ခဲ့ပါတယ္။

အီစတာကြၽန္းေပၚမွာ ယေန႔အထိ ႏွစ္စဥ္ႏွစ္တိုင္း Rapa Nui လူမ်ိဳးစုေတြရဲ႕ပြဲေတာ္ကိုက်င္းပေလ့႐ွိပါတယ္။ ပြဲေတာ္က်င္းပတဲ့အခ်ိန္ကေတာ့ ေဖေဖာ္ဝါရီလရဲ႕ ပထမဆုံးရက္သတၱပတ္ ႏွစ္ပတ္အတြင္းမွာျဖစ္ၿပီး ပြဲေတာ္အတြင္းမွာ သစ္တုံးခြဲျခင္း၊ ႐ွစ္ႀကိဳးတပ္ဟာဝိုင္အီဂီတာေလးကိုတီးခတ္ၿပီး သီခ်င္းဆိုျခင္းစတဲ့ ႐ိုးရာဓေလ့ေပ်ာ္ပြဲ႐ႊင္ပြဲေတြကို က်င္းပေလ့႐ွိပါတယ္။

လူမ်က္ႏွာသ႑ာန္႐ုပ္တုႀကီးေတြနဲ႔ပတ္သက္ၿပီး ထင္ျမင္ခ်က္ေတြအမ်ိဳးမ်ိဳး ေပးေနၾကေပမဲ့လည္း အီစတာကြၽန္းေပၚမွာမားမားမတ္မတ္တည္႐ွိေနတဲ့ Moai ‌ေတြကေတာ့ အခုအခ်ိန္အထိပေဟဌိတစ္ခုျဖစ္ေနဆဲပါပဲ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref : rafalgar.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service