ဂျပန်ခေတ်တွင် မြန်မာပြည်မှ အိန္ဒိယသို့ ၉ လကြာ လမ်းလျှောက်ထွက်ပြေးခဲ့ရသူ ရုပ်ရှင်မင်းသမီး ဟယ်လင် (ဘောလိဝုဒ်ကြယ်ပွင့် ဆယ်လ်မန်ခန်း၏ မိထွေး) ၏ ဘဝ (ထင်ပေါ်ကျော်ကြား ကြယ်ပွင့်တို့၏ ဘဝများ)

ဂျပန်ခေတ်တွင် မြန်မာပြည်မှ အိန္ဒိယသို့ ၉ လကြာ လမ်းလျှောက်ထွက်ပြေးခဲ့ရသူ ရုပ်ရှင်မင်းသမီး ဟယ်လင် (ဘောလိဝုဒ်ကြယ်ပွင့် ဆယ်လ်မန်ခန်း၏ မိထွေး) ၏ ဘဝ (ထင်ပေါ်ကျော်ကြား ကြယ်ပွင့်တို့၏ ဘဝများ) - Property News in Myanmar from iMyanmarHouse.com
22 Feb 2023 12:42 pm တွင် တင်ခဲ့သည်
1297 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင် မင်းသမီးကြီး ဟယ်လင်သည် ဘောလိဝုဒ်ရုပ်ရှင်မင်းသား Arbaaz Khan ၏ Bollywood Bubble …မှတင်ဆက်သော The Invincibles အမည်ရှိ စကားပြောဝိုင်းရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့ရာ သူမ၏ ငယ်ဘဝအကြောင်း ပြန်ပြောင်းပြောပြခဲ့သည်။

(Arbaaz Khan သည် ရုပ်ရှင်မင်းသား Salim Khan ၏ သားဖြစ်သည်)

ဟယ်လင်က ပြောသည်မှာ မြန်မာပြည်သို့ ဂျပန်များဝင်လာသောကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယသို့ ကလေးဘဝတွင် ခြေလျင်ခရီးဖြင့် ထွက်ပြေးခဲ့ကြရကြောင်း ပြောသည်။

ဟယ်လင်က မြန်မာပြည်တွင် (ယခင်က Burma) မွေးဖွားသူတစ်ဦးဖြစ်သည်။

ဟယ်လင်သည် ဇာတိမြေ မြန်မာပြည်မှသည် အိန္ဒိယသို့ ကြမ်းတမ်းသော လမ်းခရီးကို ဖြတ်သန်းကာ ၉ လကြာ ခြေလျင်ခရီးမည်သို့ နှင်ခဲ့ရပုံကို ပြန်ပြောင်းပြောပြခဲ့သည်။

လမ်းခရီးမှာ လွန်စွာကြမ်းတမ်းလှသောကြောင့် ညီမဖြစ်သူ၏ အသက်ဆုံးပါးခဲ့ရကြောင်း ဟယ်လင်က ပြောသည်။

Arbaaz Khan က ဟယ်လင်၏ ငယ်ဘဝအကြောင်းကို မေးမြန်းခဲ့ရာတွင် ဟယ်လင်က “ဒီအဖြစ်အပျက်တွေက အမေ ပြောပြခဲ့တာတွေပါ။ အန်တီက အများကြီး မမှတ်မိဘူး။ ဟိုတစ ဒီတစ အဖြစ်အပျက်ကလေးတွေ မှတ်မိနေတာတော့ ရှိပါတယ်။ အချိန်က မြန်မာပြည်ကို ဂျပန်တွေ ဝင်လာတဲ့အချိန်ပါ။ အန်တီတို့နဲ့ တချိန်တည်း အိန္ဒိယကို ပြေးခဲ့ကြတဲ့လူအုပ်စုက ၃၀၀ ကနေ ၃၅၀ လောက်ရှိတယ်။ အန်တီတို့မိသားစုမှာက အမေ၊ မောင်လေးနဲ့ အန်တီနဲ့ သုံးယောက်ပေါ့။ အန်တီတို့ မောင်နှမ ၂ ယောက်က ကလေးလေးတွေပဲရှိသေးတယ်။ အမေက ကိုယ်ဝန်လည်း လွယ်ထားရတယ်။ အိန္ဒိယကိုပြေးတဲ့လမ်းမှာပဲ ကိုယ်ဝန်ထဲက ညီမလေးကို ဆုံးရှုံးခဲ့ရ တယ်။”ဟု ပြောသည်။

ဟယ်လင်က ဆက်ပြောသည်မှာ “မြန်မာပြည်ထဲက လေဆိပ်တစ်ခုကို အန်တီတို့ရောက်သွားကြတယ်။ နောက်ဆုံးထွက်မယ့် လေယာဉ်နဲ့ လိုက်ဖို့ သွားခဲ့ကြတာပါ။ အဲဒီမှာ ဂျပန်လေယာဉ်တွေရောက်လာပြီး အန်တီတို့ လိုက်မယ့်လေယာဉ်ကို ဗုံးကြဲသွားတယ်။ အန်တီ မှတ်မိနေတာ တစ်ခုရှိတယ်။ လေဆိပ်ကို ဂျပန်စစ်လေယာဉ်တွေ ဗုံးကြဲနေတဲ့အချိန်မှာ အမေက အန်တီတို့ မောင်နှမကို အပေါ်ကနေ အုပ်ထားပြီး ကာကွယ်ပေးထားခဲ့တယ်။ အဲဒါကို အန်တီ ကောင်းကောင်းကြီး မှတ်မိနေတယ်။ အဲဒီနောက်ပိုင်းဖြစ်ပျက်ခဲ့တာ တွေကိုတော့ အန်တီ မမှတ်မိဘူး။”ဟု သူမက ဆက်ပြောသည်။

ထိုနောက်ပိုင်းတွင် ဟယ်လင်တို့ သားအမိ ၃ ဦးသည် မြန်မာပြည်မှ အိန္ဒိယသို့ ခြေလျင်ခရီးဖြင့် လမ်းလျှောက်ကာ ထွက်ပြေးခဲ့သည်။ အဆိုပါ ခရီးစဉ်မှာ ၉ လကြာမြင့်ခဲ့သည်။

ဟယ်လင်တို့သည် ၉ လကြာခရီးစဉ်ဖြင့် မြန်မာပြည်ထဲမှထွက်ကာ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ ထိုမှတဆင့် ကိုလ်ကာတားသို့ သွားခဲ့ကြသည်။

ဟယ်လင်သည် ရုပ်ရှင်လောကသို့ အကအဖွဲ့ဝင်တစ်ဦးအဖြစ် ဝင်ရောက်ခဲ့သည်။

သူမ၏ ထူးခြားသော အကဖြင့် ရုပ်ရှင်များတွင် လူသိများခဲ့ပြီး တခါတရံတွင် ခေါင်းဆောင်မင်းသမီးများထက်ပင် သာလွန်နေလေ့ရှိသည်။

နောက်ပိုင်းတွင် ဘောလိဝုဒ်ရုပ်ရှင်မင်းသား Salim Khan နှင့် လက်ထပ်ခဲ့သည်။

(ဆလင်း ခန်း -Salim Khan ဘယ်သူလဲ)

ဆလင်းမ် ခန်း၏ အမည်ရင်းမှာ ဆလင်း အဗ္ဗဒူလ် ရာရှစ် ခန်း (မွေး ၁၉၃၅) ဖြစ်ပြီး အိန္ဒိယ ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးဆရာတစ်ဦး ဖြစ်သည်။

ဆလင်းမ်သည် အိန္ဒိယရုပ်ရှင်လောကကို ၁၉၇၀ ပြည့်လွန်ကာလများအတွင်း ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ပြီး ဘောလိဝုဒ်တွင် ပေါက်ကားများ ရိုက်ကူးကြပုံ ဖော်မြူလာကို ပြောင်းလဲတီထွင်မှုများ ပြုလုပ်ခဲ့သည်။

ဆလင်း၏ ရုပ်ရှင်များသည် အိန္ဒိယရုပ်ရှင်သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံး ဇာတ်ကားများထဲတွင် ပါဝင်ခဲ့ရာ ၁၉၇၅ ခုနှစ်က ထုတ်လုပ်ခဲ့သည့် Sholay (ထိုခေတ်ထိုကာလက အိန္ဒိယ၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့)၊ Seeta Aur Geeta (၁၉၇၂)၊ Zanjeer (၁၉၇၃)၊ Deewaar (၁၉၇၅) နှင့် Kranti (၁၉၈၁) တို့ အပါအဝင် ဖြစ်သည်။

Sholay သည် သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံးအိန္ဒိယရုပ်ရှင်များတွင် တစ်ခုအပါအဝင်အဖြစ်လည်း သတ်မှတ်ခံရသည်။

ဆလင်းခန်းသည် အမျိုးသမီး ၂ ဦးနှင့် လက်ထပ်ခဲ့သည်။

ပထမဇနီး ဆယ်လ်မာ ခန်းနှင့် ၁၉၆၄ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ဆယ်လ်မာခန်းမှာ ဟိန္ဒူတစ်ဦး ဖြစ်သည်။ ဆလင်းခန်းမှာလည်း ဟိန္ဒူဖြစ်၏။

ဆလင်းခန်းနှင့် ဆယ်လ်မာတို့ စုံတွဲတွင် သားသမီး ၄ ဦး ထွန်းကားခဲ့ရာ ဆယ်လ်မန်ခန်း (ရုပ်ရှင်မင်းသား)၊ Arbaaz Khan (ရုပ်ရှင်မင်းသား) နှင့် ဆိုဟဲခန်း (ရုပ်ရှင်မင်းသား) သား ၃ ဦးနှင့် Alvira Khan Agnihotri (ရုပ်ရှင်ထုတ်လုပ်သူ) ဟူသော သမီးတစ်ဦးတို့ ထွန်းကားခဲ့သည်။

ဆယ်လ်မန်ခန်း၊ ရှာရွတ်ခန်းနှင့် အေမာခန်းတို့ ၃ ဦးကို ဘောလိဝုဒ်၏ ထိပ်သီး ခန်း ၃ ဦးဟု ခေါ်ကြသည်။

ဆလင်းခန်းသည် ၁၉၈၁ ခုနှစ်တွင် ရုပ်ရှင်မင်းသမီး ဟယ်လင်နှင့် လက်ထပ်ခဲ့သည်။

ဟယ်လင်မှာ ခရစ်ယာန်တစ်ဦးဖြစ်ပြီး သူမ၏ ဖခင်မှာ အင်္ဂလိပ်-အိန္ဒိယကပြားတစ်ဦးဖြစ်ကာ မိခင်မှာ ဗမာလူမျိုးတစ်ဦး ဖြစ်သည်။

နှစ်ကာလအချို့ကြာသောအခါ ဆလင်းခန်းနှင့် ဟယ်လင်တို့သည် Arpita အမည်ရှိ မိန်းကလေးတစ်ဦးကို မွေးစားခဲ့ကြသည်။

Arpita သည် မွမ်ဘိုင်းမြို့ လမ်းဘေးတွင် သေဆုံးသွားသော အိမ်ရာမဲ့အမျိုးသမီးတစ်ဦး၏ သမီးဖြစ်၏။

(ဟယ်လင်၏ ဘဝ)

ဟယ်လင်၏ အမည်ရင်းမှာ ဟယ်လင် အန်း ရစ်ချတ်ဆန် ခန်း ဖြစ်ပြီး ငယ်မည်မှာ ဟယ်လင် အန်း ရစ်ချတ်ဆန် ဖြစ်ကာ ၁၉၃၈ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။

ဟယ်လင်ဟုသာ လူသိများပြီး အိန္ဒိယ ရုပ်ရှင်သရုပ်ဆောင်၊ အကသမားတစ်ဦး ဖြစ်သည်။

ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀၀၀ ကျော်တွင် ပါဝင်ခဲ့ပြီး  ဟိန်ဒီစကားပြော ရုပ်ရှင်အများဆုံးရိုက်ကူးခဲ့ရသူများတွင် ပါဝင်ခဲ့သည်။

ရုပ်ရှင်လောကဖြတ်သန်းမှုသက်တမ်း နှစ်ပေါင်း ၇၀ ခန့်ရှိပြီး ဇာတ်ပို့နှင့် ဧည့်သရုပ်ဆောင်နေရာများဖြင့် လူသိများသည်။

ဟယ်လင်သည် Filmfare Award ၂ ဆုရရှိခဲ့ပြီး သူ့ခေတ်သူ့အခါက နာမည်အကြီးဆုံးအကသမားတစ်ဦးအဖြစ် ရည်ညွှန်းခံရသည်။ ၂၀၀၉ ခုနှစ်တွင် အိန္ဒိယအစိုးရက ဟယ်လင်ကို Padma Shri ဘွဲ့ချီးမြှင့်ခဲ့သည်။

…ဟယ်လင်၏ ဖခင်အမည်မှာ ဂျော့ချ် ဒက်စ်မီယာဖြစ်ပြီး မိခင်အမည်မှာ မာလင်းဖြစ်သည်။

ဟယ်လင်တွင် ရောဂျာအမည်ရှိ မောင်တစ်ယောက်နှင့် ဂျနီဖာအမည်ရှိ ညီမတစ်ယောက်ရှိသည်။

ဖခင်ဖြစ်သူ ဂျော့ချ်မှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဆုံးပါးသွားခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် မြန်မာပြည်အတွင်း ဂျပန်တို့ ဝင်ရောက်လာချိန်၌ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် အရှေ့မြောက်ပိုင်း Dibrugarth မြို့သို့ ဟယ်လင်တို့ မိသားစု ခြေလျင်ခရီးဖြင့် ထွက်ပြေးခဲ့ကြရသည်။

၁၉၆၄ ခုနှစ်က ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဟယ်လင်ပြောဖူးသည်မှာ “တောကြီးမျက်မည်းတွေနဲ့ ရာနဲ့ချီတဲ့ရွာတွေကို အကြိမ်ကြိမ်ဖြတ်ကျော် သွားခဲ့ရပါတယ်။ ကျွန်မတို့မှာ ငွေတစ်ပြားမှ မရှိတဲ့အပြင် စားစရာလည်းမပါ၊ အဝတ်အထည်ကလည်း နည်းနည်းပဲ ပါတာကြောင့် လမ်းမှာတွေ့တဲ့ ရွာသားတွေရဲ့ ပေးကမ်းကျွေးမွေးမှုတွေနဲ့ အသက်ဆက်ခဲ့ရတယ်။” ဟု ဆိုသည်။

“တခါတခါမှာ ဗြိတိသျှစစ်သားတွေနဲ့ တွေ့တယ်။ သူတို့က ကျွန်မတို့မိသားစုကို ကားနဲ့တင်ခေါ်သွားကြတယ်။ ကျွန်မတို့ရဲ့ အရည်ကြည်ဖုထနေတဲ့ ခြေထောက်တွေ..ပွန်းပဲ့ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်တွေကို ဆေးကုပေးတဲ့အပြင် အစားအစာလည်း ကျွေးကြတယ်။ အာသံပြည်နယ်၊ Dibrugarth ကို ရောက်တဲ့အချိန် မြန်မာပြည်ကနေ ထွက်ပြေးလာတဲ့ ကျွန်မတို့အုပ်စုမှာ လူတစ်ဝက်လောက်ပဲ ကျန်ပါတော့တယ်။ တချို့တွေက ရောဂါမျိုးစုံနဲ့ နောက်မှာ ကျန်ခဲ့ကြတယ်။ တချို့ကျတော့ အစာရေစာပြတ်တာ၊ ရောဂါဘယတွေကြောင့် သေဆုံးကုန်တယ်။ ကျွန်မအမေလည်း လမ်းမှာ ကိုယ်ဝန်ပျက်သွားခဲ့တယ်။ အသက်ရှင်လျက် အိန္ဒိယဘက် ရောက်သွားသူတွေဟာလည်း Dibrugarth က ဆေးရုံမှာ ဆေးကုသခံခဲ့ကြရပါတယ်။ အမေနဲ့ ကျွန်မဆို အရိုးပေါ်အရေတင်ဘဝရောက်သွားခဲ့ပြီး မောင်လေးက အခြေအနေတော်တော်ဆိုးတယ်။ ကျွန်မတို့ ဆေးရုံမှာ ၂ လလောက် ဆေးကုသခဲ့ကြရတယ်။ ကျန်းမာရေးပြန်ကောင်းလာတဲ့အချိန်မှာ ကျွန်မတို့ ကာလကတ္တားကို သွားခဲ့ကြတယ်။ ဝမ်းနည်းစရာက မောင်လေးဟာ ကာလကတ္တားမှာ ရေကျောက်ရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်”

Queen of the Nautch girls အမည်ရှိ မှတ်တမ်းရုပ်ရှင်တစ်ခုတွင် ဟယ်လင်က ပြောခဲ့သည်မှာ ၁၉၅၈ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သော Howrah Bridge အမည်ရှိ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ကာ အောင်မြင်မှုရခဲ့ချိန်တွင် သူ၏အသက်မှာ ၁၉ နှစ်သမီးအရွယ်သာရှိသေးကြောင်း ပြောဖူးသည်။

(မှတ်ချက်။ Howrah Bridge ဇာတ်ကား၏ ဇာတ်လမ်းမှာ ရန်ကုန်မြို့မှ ပရမ်း ကုမာရ်အမည်ရှိ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သူ၏ အစ်ကိုအသတ်ခံရမှု စုံစမ်းရန်နှင့် အစ်ကိုနှင့်အတူပါသွားသော ဘိုးဘွားပိုင် ရတနာ နဂါးရုပ်ကို ပြန်လည်ရှာဖွေရန် ကာလကတ္တားသို့ သွားရောက်ခဲ့ပုံ ရိုက်ကူးထားသည့် ဇာတ်မ်းဖြစ်သည်)

ဟယ်လင်၏ ပထမခင်ပွန်းမှာ ရုပ်ရှင်ဒါရိုက်တာ ပရမ်း နာရယန်း အေရိုရာ (Prem Narayan Arora) ဖြစ်ပြီး ၁၉၅၇ ခုနှစ်တွင် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

နာရယန်းသည် ဟယ်လင်ထက် အသက် ၂၇ နှစ်ပိုကြီးသူ ဖြစ်သည်။

ဟယ်လင်သည် နာရယန်းနှင့် ၁၉၇၄ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် နာမည်ကြီး ဘောလိဝုဒ် ဇာတ်ညွှန်းရေးဆရာ ဆလင်းခန်းနှင့် လက်ထပ်ခဲ့သည်။

ဆလင်းခန်းမှာ အိမ်ထောင်ရှိခဲ့ပြီးသူတစ်ဦးဖြစ်ပြီး ကလေး ၄ ဦး၏ ဖခင်လည်း ဖြစ်သည်။

ဟယ်လင်က ဆလင်းခန်းနှင့် သူ၏ ပထမဇနီး ဆယ်လ်မာတို့ ပြန်လည်စည်းလုံးမှုရစေရန် ကြိုးပမ်းပေးခဲ့သည်။

လင်ပါ သားသမီးများမှာ ဟယ်လင်ကို ချစ်ခင်ကြသည်။

ဟယ်လင်သည် အများပြည်သူကြားသွားလျှင် လင်ပါသားဖြစ်သူ ဆယ်လ်မန်ခန်း (ရုပ်ရှင်မင်းသား) ၊ ဆယ်လ်မာ (ဆလင်းခန်း၏ ပထမဇနီး) တို့နှင့်အတူ အမြဲလိုလို သွားလာလေ့ရှိသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Helen recalls fleeing Myanmar as a child, trekking for nine months to enter India: ‘My mother was pregnant, she lost my little sister’ (indianexpress, wikipedia)

 

[Zawgyi]

ဂ်ပန္ေခတ္တြင္ ျမန္မာျပည္မွ အိႏိၵယသို႔ ၉ လၾကာ လမ္းေလွ်ာက္ထြက္ေျပးခဲ့ရသူ ရုပ္ရွင္မင္းသမီး ဟယ္လင္ (ေဘာလိဝုဒ္ၾကယ္ပြင့္ ဆယ္လ္မန္ခန္း၏ မိေထြး) ၏ ဘဝ (ထင္ေပၚေက်ာ္ၾကား ၾကယ္ပြင့္တို႔၏ ဘဝမ်ား)

ေဘာလိဝုဒ္ရုပ္ရွင္သရုပ္ေဆာင္ မင္းသမီးၾကီး ဟယ္လင္သည္ ေဘာလိဝုဒ္ရုပ္ရွင္မင္းသား Arbaaz Khan ၏ Bollywood Bubble …မွတင္ဆက္ေသာ The Invincibles အမည္ရွိ စကားေျပာဝိုင္းရုပ္သံအစီအစဥ္တြင္ ပါဝင္ခဲ့ရာ သူမ၏ ငယ္ဘဝအေၾကာင္း ျပန္ေျပာင္းေျပာျပခဲ့သည္။

(Arbaaz Khan သည္ ရုပ္ရွင္မင္းသား Salim Khan ၏ သားျဖစ္သည္)

ဟယ္လင္က ေျပာသည္မွာ ျမန္မာျပည္သို႔ ဂ်ပန္မ်ားဝင္လာေသာေၾကာင့္ ျမန္မာႏိုင္ငံမွ အိႏိၵယသို႔ ကေလးဘဝတြင္ ေျခလ်င္ခရီးျဖင့္ ထြက္ေျပးခဲ့ၾကရေၾကာင္း ေျပာသည္။

ဟယ္လင္က ျမန္မာျပည္တြင္ (ယခင္က Burma) ေမြးဖြားသူတစ္ဦးျဖစ္သည္။

ဟယ္လင္သည္ ဇာတိေျမ ျမန္မာျပည္မွသည္ အိႏိၵယသို႔ ၾကမ္းတမ္းေသာ လမ္းခရီးကို ျဖတ္သန္းကာ ၉ လၾကာ ေျခလ်င္ခရီးမည္သို႔ ႏွင္ခဲ့ရပံုကို ျပန္ေျပာင္းေျပာျပခဲ့သည္။

လမ္းခရီးမွာ လြန္စြာၾကမ္းတမ္းလွေသာေၾကာင့္ ညီမျဖစ္သူ၏ အသက္ဆံုးပါးခဲ့ရေၾကာင္း ဟယ္လင္က ေျပာသည္။

Arbaaz Khan က ဟယ္လင္၏ ငယ္ဘဝအေၾကာင္းကို ေမးျမန္းခဲ့ရာတြင္ ဟယ္လင္က “ဒီအျဖစ္အပ်က္ေတြက အေမ ေျပာျပခဲ့တာေတြပါ။ အန္တီက အမ်ားၾကီး မမွတ္မိဘူး။ ဟိုတစ ဒီတစ အျဖစ္အပ်က္ကေလးေတြ မွတ္မိေနတာေတာ့ ရွိပါတယ္။ အခ်ိန္က ျမန္မာျပည္ကို ဂ်ပန္ေတြ ဝင္လာတဲ့အခ်ိန္ပါ။ အန္တီတို႔နဲ႔ တခ်ိန္တည္း အိႏိၵယကို ေျပးခဲ့ၾကတဲ့လူအုပ္စုက ၃၀၀ ကေန ၃၅၀ ေလာက္ရွိတယ္။ အန္တီတို႔မိသားစုမွာက အေမ၊ ေမာင္ေလးနဲ႔ အန္တီနဲ႔ သံုးေယာက္ေပါ့။ အန္တီတို႔ ေမာင္ႏွမ ၂ ေယာက္က ကေလးေလးေတြပဲရွိေသးတယ္။ အေမက ကိုယ္ဝန္လည္း လြယ္ထားရတယ္။ အိႏိၵယကိုေျပးတဲ့လမ္းမွာပဲ ကိုယ္ဝန္ထဲက ညီမေလးကို ဆံုးရံႈးခဲ့ရ တယ္။”ဟု ေျပာသည္။

ဟယ္လင္က ဆက္ေျပာသည္မွာ “ျမန္မာျပည္ထဲက ေလဆိပ္တစ္ခုကို အန္တီတို႔ေရာက္သြားၾကတယ္။ ေနာက္ဆံုးထြက္မယ့္ ေလယာဥ္နဲ႔ လိုက္ဖို႔ သြားခဲ့ၾကတာပါ။ အဲဒီမွာ ဂ်ပန္ေလယာဥ္ေတြေရာက္လာျပီး အန္တီတို႔ လိုက္မယ့္ေလယာဥ္ကို ဗံုးၾကဲသြားတယ္။ အန္တီ မွတ္မိေနတာ တစ္ခုရွိတယ္။ ေလဆိပ္ကို ဂ်ပန္စစ္ေလယာဥ္ေတြ ဗံုးၾကဲေနတဲ့အခ်ိန္မွာ အေမက အန္တီတို႔ ေမာင္ႏွမကို အေပၚကေန အုပ္ထားျပီး ကာကြယ္ေပးထားခဲ့တယ္။ အဲဒါကို အန္တီ ေကာင္းေကာင္းၾကီး မွတ္မိေနတယ္။ အဲဒီေနာက္ပိုင္းျဖစ္ပ်က္ခဲ့တာ ေတြကိုေတာ့ အန္တီ မမွတ္မိဘူး။”ဟု သူမက ဆက္ေျပာသည္။

ထိုေနာက္ပိုင္းတြင္ ဟယ္လင္တို႔ သားအမိ ၃ ဦးသည္ ျမန္မာျပည္မွ အိႏိၵယသို႔ ေျခလ်င္ခရီးျဖင့္ လမ္းေလွ်ာက္ကာ ထြက္ေျပးခဲ့သည္။ အဆိုပါ ခရီးစဥ္မွာ ၉ လၾကာျမင့္ခဲ့သည္။

ဟယ္လင္တို႔သည္ ၉ လၾကာခရီးစဥ္ျဖင့္ ျမန္မာျပည္ထဲမွထြက္ကာ အိႏိၵယႏိုင္ငံ၊ အာသံျပည္နယ္၊ ထိုမွတဆင့္ ကိုလ္ကာတားသို႔ သြားခဲ့ၾကသည္။

ဟယ္လင္သည္ ရုပ္ရွင္ေလာကသို႔ အကအဖြဲ႔ဝင္တစ္ဦးအျဖစ္ ဝင္ေရာက္ခဲ့သည္။

သူမ၏ ထူးျခားေသာ အကျဖင့္ ရုပ္ရွင္မ်ားတြင္ လူသိမ်ားခဲ့ျပီး တခါတရံတြင္ ေခါင္းေဆာင္မင္းသမီးမ်ားထက္ပင္ သာလြန္ေနေလ့ရွိသည္။

ေနာက္ပိုင္းတြင္ ေဘာလိဝုဒ္ရုပ္ရွင္မင္းသား Salim Khan ႏွင့္ လက္ထပ္ခဲ့သည္။

(ဆလင္း ခန္း -Salim Khan ဘယ္သူလဲ)

ဆလင္းမ္ ခန္း၏ အမည္ရင္းမွာ ဆလင္း အဗၺဒူလ္ ရာရွစ္ ခန္း (ေမြး ၁၉၃၅) ျဖစ္ျပီး အိႏိၵယ ရုပ္ရွင္သရုပ္ေဆာင္၊ ရုပ္ရွင္ထုတ္လုပ္သူ၊ ဇာတ္ညႊန္းေရးဆရာတစ္ဦး ျဖစ္သည္။

ဆလင္းမ္သည္ အိႏိၵယရုပ္ရွင္ေလာကကို ၁၉၇၀ ျပည့္လြန္ကာလမ်ားအတြင္း ျပဳျပင္ေျပာင္းလဲမႈမ်ားျပဳလုပ္ခဲ့ျပီး ေဘာလိဝုဒ္တြင္ ေပါက္ကားမ်ား ရိုက္ကူးၾကပံု ေဖာ္ျမဴလာကို ေျပာင္းလဲတီထြင္မႈမ်ား ျပဳလုပ္ခဲ့သည္။

ဆလင္း၏ ရုပ္ရွင္မ်ားသည္ အိႏိၵယရုပ္ရွင္သမိုင္းတစ္ေလွ်ာက္ ဝင္ေငြအေကာင္းဆံုး ဇာတ္ကားမ်ားထဲတြင္ ပါဝင္ခဲ့ရာ ၁၉၇၅ ခုႏွစ္က ထုတ္လုပ္ခဲ့သည့္ Sholay (ထိုေခတ္ထိုကာလက အိႏိၵယ၏ ဝင္ေငြအေကာင္းဆံုး ရုပ္ရွင္ျဖစ္ခဲ့)၊ Seeta Aur Geeta (၁၉၇၂)၊ Zanjeer (၁၉၇၃)၊ Deewaar (၁၉၇၅) ႏွင့္ Kranti (၁၉၈၁) တို႔ အပါအဝင္ ျဖစ္သည္။

Sholay သည္ သမိုင္းတစ္ေလွ်ာက္ အၾကီးျမတ္ဆံုးအိႏိၵယရုပ္ရွင္မ်ားတြင္ တစ္ခုအပါအဝင္အျဖစ္လည္း သတ္မွတ္ခံရသည္။

ဆလင္းခန္းသည္ အမ်ဳိးသမီး ၂ ဦးႏွင့္ လက္ထပ္ခဲ့သည္။

ပထမဇနီး ဆယ္လ္မာ ခန္းႏွင့္ ၁၉၆၄ ခုႏွစ္တြင္ လက္ထပ္ခဲ့ျပီး ဆယ္လ္မာခန္းမွာ ဟိႏၵဴတစ္ဦး ျဖစ္သည္။ ဆလင္းခန္းမွာလည္း ဟိႏၵဴျဖစ္၏။

ဆလင္းခန္းႏွင့္ ဆယ္လ္မာတို႔ စံုတြဲတြင္ သားသမီး ၄ ဦး ထြန္းကားခဲ့ရာ ဆယ္လ္မန္ခန္း (ရုပ္ရွင္မင္းသား)၊ Arbaaz Khan (ရုပ္ရွင္မင္းသား) ႏွင့္ ဆိုဟဲခန္း (ရုပ္ရွင္မင္းသား) သား ၃ ဦးႏွင့္ Alvira Khan Agnihotri (ရုပ္ရွင္ထုတ္လုပ္သူ) ဟူေသာ သမီးတစ္ဦးတို႔ ထြန္းကားခဲ့သည္။

ဆယ္လ္မန္ခန္း၊ ရွာရြတ္ခန္းႏွင့္ ေအမာခန္းတို႔ ၃ ဦးကို ေဘာလိဝုဒ္၏ ထိပ္သီး ခန္း ၃ ဦးဟု ေခၚၾကသည္။

ဆလင္းခန္းသည္ ၁၉၈၁ ခုႏွစ္တြင္ ရုပ္ရွင္မင္းသမီး ဟယ္လင္ႏွင့္ လက္ထပ္ခဲ့သည္။

ဟယ္လင္မွာ ခရစ္ယာန္တစ္ဦးျဖစ္ျပီး သူမ၏ ဖခင္မွာ အဂၤလိပ္-အိႏိၵယကျပားတစ္ဦးျဖစ္ကာ မိခင္မွာ ဗမာလူမ်ဳိးတစ္ဦး ျဖစ္သည္။

ႏွစ္ကာလအခ်ဳိ႕ၾကာေသာအခါ ဆလင္းခန္းႏွင့္ ဟယ္လင္တို႔သည္ Arpita အမည္ရွိ မိန္းကေလးတစ္ဦးကို ေမြးစားခဲ့ၾကသည္။

Arpita သည္ မြမ္ဘိုင္းျမိဳ႕ လမ္းေဘးတြင္ ေသဆံုးသြားေသာ အိမ္ရာမဲ့အမ်ဳိးသမီးတစ္ဦး၏ သမီးျဖစ္၏။

(ဟယ္လင္၏ ဘဝ)

ဟယ္လင္၏ အမည္ရင္းမွာ ဟယ္လင္ အန္း ရစ္ခ်တ္ဆန္ ခန္း ျဖစ္ျပီး ငယ္မည္မွာ ဟယ္လင္ အန္း ရစ္ခ်တ္ဆန္ ျဖစ္ကာ ၁၉၃၈ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၁ ရက္တြင္ ရန္ကုန္ျမိဳ႕၌ ေမြးဖြားခဲ့သည္။

ဟယ္လင္ဟုသာ လူသိမ်ားျပီး အိႏိၵယ ရုပ္ရွင္သရုပ္ေဆာင္၊ အကသမားတစ္ဦး ျဖစ္သည္။

႐ုပ္႐ွင္ဇာတ္ကားေပါင္း ၁၀၀၀ ေက်ာ္တြင္ ပါဝင္ခဲ့ၿပီး  ဟိန္ဒီစကားေျပာ ႐ုပ္႐ွင္အမ်ားဆုံး႐ိုက္ကူးခဲ့ရသူမ်ားတြင္ ပါဝင္ခဲ့သည္။

ရုပ္ရွင္ေလာကျဖတ္သန္းမႈသက္တမ္း ႏွစ္ေပါင္း ၇၀ ခန္႔ရွိျပီး ဇာတ္ပို႔ႏွင့္ ဧည့္သရုပ္ေဆာင္ေနရာမ်ားျဖင့္ လူသိမ်ားသည္။

ဟယ္လင္သည္ Filmfare Award ၂ ဆုရရွိခဲ့ျပီး သူ႔ေခတ္သူ႔အခါက နာမည္အၾကီးဆံုးအကသမားတစ္ဦးအျဖစ္ ရည္ညႊန္းခံရသည္။ ၂၀၀၉ ခုႏွစ္တြင္ အိႏိၵယအစိုးရက ဟယ္လင္ကို Padma Shri ဘြဲ႔ခ်ီးျမွင့္ခဲ့သည္။

…ဟယ္လင္၏ ဖခင္အမည္မွာ ေဂ်ာ့ခ်္ ဒက္စ္မီယာျဖစ္ျပီး မိခင္အမည္မွာ မာလင္းျဖစ္သည္။

ဟယ္လင္တြင္ ေရာဂ်ာအမည္ရွိ ေမာင္တစ္ေယာက္ႏွင့္ ဂ်နီဖာအမည္ရွိ ညီမတစ္ေယာက္ရွိသည္။

ဖခင္ျဖစ္သူ ေဂ်ာ့ခ်္မွာ ဒုတိယကမၻာစစ္ၾကီးအတြင္း ဆံုးပါးသြားခဲ့သည္။ ၁၉၄၃ ခုႏွစ္တြင္ ျမန္မာျပည္အတြင္း ဂ်ပန္တို႔ ဝင္ေရာက္လာခ်ိန္၌ အိႏိၵယႏိုင္ငံ၊ အာသံျပည္နယ္ အေရွ႕ေျမာက္ပိုင္း Dibrugarth ျမိဳ႕သို႔ ဟယ္လင္တို႔ မိသားစု ေျခလ်င္ခရီးျဖင့္ ထြက္ေျပးခဲ့ၾကရသည္။

၁၉၆၄ ခုႏွစ္က ျပဳလုပ္ခဲ့ေသာ ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ ဟယ္လင္ေျပာဖူးသည္မွာ “ေတာၾကီးမ်က္မည္းေတြနဲ႔ ရာနဲ႔ခ်ီတဲ့ရြာေတြကို အၾကိမ္ၾကိမ္ျဖတ္ေက်ာ္ သြားခဲ့ရပါတယ္။ ကၽြန္မတို႔မွာ ေငြတစ္ျပားမွ မရွိတဲ့အျပင္ စားစရာလည္းမပါ၊ အဝတ္အထည္ကလည္း နည္းနည္းပဲ ပါတာေၾကာင့္ လမ္းမွာေတြ႔တဲ့ ရြာသားေတြရဲ႕ ေပးကမ္းေကၽြးေမြးမႈေတြနဲ႔ အသက္ဆက္ခဲ့ရတယ္။” ဟု ဆိုသည္။

“တခါတခါမွာ ျဗိတိသွ်စစ္သားေတြနဲ႔ ေတြ႔တယ္။ သူတို႔က ကၽြန္မတို႔မိသားစုကို ကားနဲ႔တင္ေခၚသြားၾကတယ္။ ကၽြန္မတို႔ရဲ႕ အရည္ၾကည္ဖုထေနတဲ့ ေျခေထာက္ေတြ..ပြန္းပဲ့ဒဏ္ရာရေနတဲ့ ခႏၶာကိုယ္ေတြကို ေဆးကုေပးတဲ့အျပင္ အစားအစာလည္း ေကၽြးၾကတယ္။ အာသံျပည္နယ္၊ Dibrugarth ကို ေရာက္တဲ့အခ်ိန္ ျမန္မာျပည္ကေန ထြက္ေျပးလာတဲ့ ကၽြန္မတို႔အုပ္စုမွာ လူတစ္ဝက္ေလာက္ပဲ က်န္ပါေတာ့တယ္။ တခ်ဳိ႕ေတြက ေရာဂါမ်ဳိးစံုနဲ႔ ေနာက္မွာ က်န္ခဲ့ၾကတယ္။ တခ်ဳိ႕က်ေတာ့ အစာေရစာျပတ္တာ၊ ေရာဂါဘယေတြေၾကာင့္ ေသဆံုးကုန္တယ္။ ကၽြန္မအေမလည္း လမ္းမွာ ကိုယ္ဝန္ပ်က္သြားခဲ့တယ္။ အသက္ရွင္လ်က္ အိႏိၵယဘက္ ေရာက္သြားသူေတြဟာလည္း Dibrugarth က ေဆးရံုမွာ ေဆးကုသခံခဲ့ၾကရပါတယ္။ အေမနဲ႔ ကၽြန္မဆို အရိုးေပၚအေရတင္ဘဝေရာက္သြားခဲ့ျပီး ေမာင္ေလးက အေျခအေနေတာ္ေတာ္ဆိုးတယ္။ ကၽြန္မတို႔ ေဆးရံုမွာ ၂ လေလာက္ ေဆးကုသခဲ့ၾကရတယ္။ က်န္းမာေရးျပန္ေကာင္းလာတဲ့အခ်ိန္မွာ ကၽြန္မတို႔ ကာလကတၱားကို သြားခဲ့ၾကတယ္။ ဝမ္းနည္းစရာက ေမာင္ေလးဟာ ကာလကတၱားမွာ ေရေက်ာက္ေရာဂါနဲ႔ ဆံုးပါးသြားခဲ့ပါတယ္”

Queen of the Nautch girls အမည္ရွိ မွတ္တမ္းရုပ္ရွင္တစ္ခုတြင္ ဟယ္လင္က ေျပာခဲ့သည္မွာ ၁၉၅၈ ခုႏွစ္က ရိုက္ကူးထုတ္လုပ္ခဲ့ေသာ Howrah Bridge အမည္ရွိ ရုပ္္ရွင္ဇာတ္ကားတြင္ ပါဝင္သရုပ္ေဆာင္ကာ ေအာင္ျမင္မႈရခဲ့ခ်ိန္တြင္ သူ၏အသက္မွာ ၁၉ ႏွစ္သမီးအရြယ္သာရွိေသးေၾကာင္း ေျပာဖူးသည္။

(မွတ္ခ်က္။ Howrah Bridge ဇာတ္ကား၏ ဇာတ္လမ္းမွာ ရန္ကုန္ျမိဳ႕မွ ပရမ္း ကုမာရ္အမည္ရွိ စီးပြားေရး လုပ္ငန္းရွင္ တစ္ဦးက သူ၏ အစ္ကိုအသတ္ခံရမႈ စံုစမ္းရန္ႏွင့္ အစ္ကိုႏွင့္အတူပါသြားေသာ ဘိုးဘြားပိုင္ ရတနာ နဂါးရုပ္ကို ျပန္လည္ရွာေဖြရန္ ကာလကတၱားသို႔ သြားေရာက္ခဲ့ပံု ရိုက္ကူးထားသည့္ ဇာတ္မ္းျဖစ္သည္)

ဟယ္လင္၏ ပထမခင္ပြန္းမွာ ရုပ္ရွင္ဒါရိုက္တာ ပရမ္း နာရယန္း ေအရိုရာ (Prem Narayan Arora) ျဖစ္ျပီး ၁၉၅၇ ခုႏွစ္တြင္ လက္ထပ္ခဲ့ျခင္း ျဖစ္သည္။

နာရယန္းသည္ ဟယ္လင္ထက္ အသက္ ၂၇ ႏွစ္ပိုၾကီးသူ ျဖစ္သည္။

ဟယ္လင္သည္ နာရယန္းႏွင့္ ၁၉၇၄ ခုႏွစ္တြင္ ကြာရွင္းျပတ္စဲခဲ့ျပီး ၁၉၈၁ ခုႏွစ္တြင္ နာမည္ၾကီး ေဘာလိဝုဒ္ ဇာတ္ညႊန္းေရးဆရာ ဆလင္းခန္းႏွင့္ လက္ထပ္ခဲ့သည္။

ဆလင္းခန္းမွာ အိမ္ေထာင္ရွိခဲ့ျပီးသူတစ္ဦးျဖစ္ျပီး ကေလး ၄ ဦး၏ ဖခင္လည္း ျဖစ္သည္။

ဟယ္လင္က ဆလင္းခန္းႏွင့္ သူ၏ ပထမဇနီး ဆယ္လ္မာတို႔ ျပန္လည္စည္းလံုးမႈရေစရန္ ၾကိဳးပမ္းေပးခဲ့သည္။

လင္ပါ သားသမီးမ်ားမွာ ဟယ္လင္ကို ခ်စ္ခင္ၾကသည္။

ဟယ္လင္သည္ အမ်ားျပည္သူၾကားသြားလွ်င္ လင္ပါသားျဖစ္သူ ဆယ္လ္မန္ခန္း (ရုပ္ရွင္မင္းသား) ၊ ဆယ္လ္မာ (ဆလင္းခန္း၏ ပထမဇနီး) တို႔ႏွင့္အတူ အျမဲလိုလို သြားလာေလ့ရွိသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Helen recalls fleeing Myanmar as a child, trekking for nine months to enter India: ‘My mother was pregnant, she lost my little sister’ (indianexpress, wikipedia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service