ငရဲပြည်မှ ကြိုဆိုပါ၏ (သို့မဟုတ်) ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါး တည်ထောင်ထားသော ချင်းမိုင်က ထူးဆန်းသော ဘုရားကျောင်း

ငရဲပြည်မှ ကြိုဆိုပါ၏ (သို့မဟုတ်) ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါး တည်ထောင်ထားသော ချင်းမိုင်က ထူးဆန်းသော ဘုရားကျောင်း - Property News in Myanmar from iMyanmarHouse.com
22 Feb 2023 12:28 pm တွင် တင်ခဲ့သည်
2176 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များသည် အများအားဖြင့် အေးငြိမ်းဆိတ်ငြိမ်လေ့ရှိကြသည်။

သို့သော် ထိုင်းနိုင်ငံမှ ဘုရားကျောင်းတစ်ခုကား ငရဲပြည်သဖွယ် ဖြစ်၏။

ချင်းမိုင်၏ ငရဲပြည်ဘုရားကျောင်းဟု လူသိများသော Wat Mae Kaet Noi ကျောင်းတွင် အေးငြိမ်းမှုနှင့် မဆီလျော်သော ရုပ်တုများ ၊ ပြကွက်ပုံဖော်မှုများ ပြုလုပ်ထားသည်။

ငရဲပြည်တွင် ငရဲခံရပုံများကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။

အဆိုပါ ကျောင်းတော်မှ ငရဲပြည်ပြကွက်များကို သံဃာတော်တစ်ပါးက တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များအား မကောင်းမှု ဒုစရိုက်တို့၏ အကျိုးဆက်ကို ပြသရန် ဖြစ်သည်ဟု ဆိုသည်။

ထိုကျောင်းတော်သည် ယခုအခါ မွေးနေ့ပွဲများ ၊ မင်္ဂလာဆောင်များနှင့် ဈာပနအခမ်းအနားများ ကျင်းပရာ နာမည်ကြီးနေရာတစ်ခု ဖြစ်လာနေသည်။

 

(Wat Mae Kaet Noi ကျောင်းတော်တွင် ငရဲပြည်ကို ပုံဖော်ထားသည့် ရုပ်တုများ ပြည့်နှက်နေသည်။)

 

(သမရိုးကျ မဟုတ်သော ဤနေရာကို ချင်းမိုင်၏ ငရဲပြည် ဘုရားကျောင်းဟု လူသိများသည်။)

 

(ဗုဒ္ဓ၏ ဟောကြားမှုများတွင် ပါဝင်သော ငရဲပြည်အား ပုံဖော်ထားခြင်း ဖြစ်သည်။)

အဆိုပါ ကျောင်းတော်ကို ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးဖြစ်သော ဖရား ကရူး ဝိစန်ကျာလိကုန် (Pra Kru Vishanjalikon) က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ရဟန်းတော် ဖရား ကရူးက နယူးယောက်အခြေစိုက် Roads and Kingdoms သတင်းဌာနသို့ ပြောသည်မှာ “ဆရာတော်က လူတွေကို ငရဲနဲ့ မကောင်းမှု ဒုစရိုက်တွေ လုပ်ရမှာ ကြောက်ရွံ့စေချင်ပါတယ်”ဟု ပြောသည်။

အဆိုပါ ကျောင်းတော်သို့ ဝင်ကြေးမှာ အခမဲ့ဖြစ်သည်။

ကျောင်းဝန်းအတွင်း မကောင်းမှု ပြုသူများ သွေးချင်းချင်းနီကာ ငရဲခံရပုံကို အနီရောင်ဆေးများဖြင့် ကွက်ကွက်ကွင်းကွင်း အသေးစိတ် ပုံဖော်ပြသထားသည်။

 

(ဤကျောင်းတော်ကို ဗုဒ္ဓဘာသာ ရဟန်းတော် ဖရား ကရူးက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။)

 

(ငရဲပြည်တွင် အပြစ်သားများသည် ၎င်းတို့ ပြုခဲ့သော မကောင်းမှုအလိုက် ညှင်းပန်းနှိပ်စက် ခံကြရသည်။)

 

(အရက်သေစာ ၊ မူးယစ်ဆေးဝါးသောက်စားသူများ ငရဲခံရပုံ။)

 

(ပြကွက် အစပိုင်းမှာ သိပ်အဆိုးဝါးကြီး မဟုတ်ဘူးဟု ၂၀၁၃ ခုနှစ်က သွားရောက်လည်ပတ်ခဲ့သူ Chris Backe က ပြောသည်။)

 

(နောက်ပိုင်းတွင်ကား တကယ့်ငရဲပြည် မြင်ကွင်းအလားပင် ဖြစ်၏။)

 

 

(မကောင်းမှု အသီးသီးတွင် အပြစ်ခံရပုံ အမျိုးမျိုးရှိသည်။)

 

(သူခိုးများ ငရဲပြည်ရောက်လျှင် လက်များ အဖြတ်ခံကြရသည်။)

 

အချို့သော ပြကွက်များတွင် အသံများပါ ထည့်သွင်းပေးထားရာ အိပ်မက်ဆန်ဆန် အတွေ့အကြုံမျိုး ရရှိစေမည် ဖြစ်သည်။

 

(သွေးချင်းချင်းနီသော ရုပ်တုများသည် အရက်သေစာ မူးယစ်ဆေးဝါးမှသည် လောဘကြီးခြင်းနှင့် လူသတ်မှုများအထိ မကောင်းမှုအားလုံးနီးပါးကို ပုံဖော်ထားသည်။)

တုန်လှုပ်ဖွယ်အကောင်းဆုံး ပြကွက်မှာ ကလေးဖျက်ချသော အမျိုးသမီးများကို ပြသထားသည့် ရုပ်တုများ ဖြစ်သည်။

ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သူများ မုဒိန်းမှုကျူးလွန်သူများမှာ ၎င်းတို့၏ လိင်အင်္ဂါများ ဖြတ်တောက်ကာ ညှင်းပန်းနှိပ်စက်ခံကြရသည်။

 

တုန်လှုပ်ဖွယ်အကောင်းဆုံး ပြကွက်မှာ ကလေးဖျက်ချသော အမျိုးသမီးများကို ပြသထားသည့် ရုပ်တုများ ဖြစ်သည်။

ကလေးဖျက်ချခြင်းသည် ထိုင်းနိုင်ငံတွင် တရားဥပဒေက တားမြစ်ထားပြီး ဤကျောင်းတော်တွင်လည်း မကောင်းမှုဖြင့် ပြသထားသည်။

 

(Wat Mae Kaet Noi ကျောင်းတော်သည် ခြောက်ခြားစရာနေရာဟု ဆိုနိုင်သော်လည်း ငရဲပြည်ကို ထိုသို့ သရုပ်ဖော်ပြသမှုများ အာရှတွင် များစွာရှိသည်။)

 

 

(သူခိုးများ လက်ဖြတ်ခံရပုံ။)

 

(အရက်သေစာ သောက်စားသော အပြစ်သားတစ်ဦး )

 

(ငရဲပြည်ကို ပုံဖော်ပြသကြသည်မှာ အများအားဖြင့် ဗုဒ္ဓဘာသာကျောင်းတော်များဖြစ်သည်။သို့သော် တရုတ်ပြည်ရှိ တာအိုကျောင်းများတွင်လည်း အလားတူ ပုံဖော်မှုမျိုး ရှိသည်။ )

 

(ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သူများမှာ လိင်အင်္ဂါများ ဖြတ်တောက်ကာ အပြစ်ပေးခံကြရသည်။)

 

ထိုင်း ၊ တောင်ကိုရီးယား ၊ မြန်မာ ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့တွင်လည်း ငရဲပြည်ကို ပုံဖော်ပြသမှုများရှိသည်။

အဆိုပါ ပြကွက်များသည် ပညာပေးရန် ရည်ရွယ်ခြင်းဖြစ်ကာ ဗုဒ္ဓဘာသာဝင်များနှင့် အခြားသူများကို မကောင်းမှု ဒုစရိုက်များ ရှောင်ရှားကျစေရန် ရည်ရွယ်ခြင်း ဖြစ်စေကာမူ သင့်အနေဖြင့် သင့်ကလေးများကို ခေါ်ဆောင် ပြသလိုစိတ်ရှိနိုင်မည် မဟုတ်ချေ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Photo Credit: dailymail   

Ref: Welcome to HELL: Inside the bizarre temple in Thailand set up by a Buddhist monk to warn tourists and locals against sin (dailymail)

 

 

 

 

[Zawgyi]

ငရဲျပည္မွ ၾကိဳဆိုပါ၏ (သို႔မဟုတ္) ဗုဒၶဘာသာဘုန္းေတာ္ၾကီးတစ္ပါး တည္ေထာင္ထားေသာ ခ်င္းမိုင္က ထူးဆန္းေသာ ဘုရားေက်ာင္း

 

ဗုဒၶဘာသာ ဘုရားေက်ာင္းကန္မ်ားသည္ အမ်ားအားျဖင့္ ေအးျငိမ္းဆိတ္ျငိမ္ေလ့ရွိၾကသည္။

သို႔ေသာ္ ထိုင္းႏိုင္ငံမွ ဘုရားေက်ာင္းတစ္ခုကား ငရဲျပည္သဖြယ္ ျဖစ္၏။

ခ်င္းမိုင္၏ ငရဲျပည္ဘုရားေက်ာင္းဟု လူသိမ်ားေသာ Wat Mae Kaet Noi ေက်ာင္းတြင္ ေအးျငိမ္းမႈႏွင့္ မဆီေလ်ာ္ေသာ ရုပ္တုမ်ား ၊ ျပကြက္ပံုေဖာ္မႈမ်ား ျပဳလုပ္ထားသည္။

ငရဲျပည္တြင္ ငရဲခံရပံုမ်ားကို သရုပ္ေဖာ္ထားျခင္း ျဖစ္သည္။

အဆိုပါ ေက်ာင္းေတာ္မွ ငရဲျပည္ျပကြက္မ်ားကို သံဃာေတာ္တစ္ပါးက တည္ေထာင္ခဲ့ျခင္း ျဖစ္ျပီး ဗုဒၶဘာသာဝင္မ်ားအား မေကာင္းမႈ ဒုစရုိက္တို႔၏ အက်ိဳးဆက္ကို ျပသရန္ ျဖစ္သည္ဟု ဆုိသည္။

ထိုေက်ာင္းေတာ္သည္ ယခုအခါ ေမြးေန႔ပြဲမ်ား ၊ မဂၤလာေဆာင္မ်ားႏွင့္ စ်ာပနအခမ္းအနားမ်ား က်င္းပရာ နာမည္ၾကီးေနရာတစ္ခု ျဖစ္လာေနသည္။

(Wat Mae Kaet Noi ေက်ာင္းေတာ္တြင္ ငရဲျပည္ကို ပံုေဖာ္ထားသည့္ ရုပ္တုမ်ား ျပည့္ႏွက္ေနသည္။)

(သမရိုးက် မဟုတ္ေသာ ဤေနရာကို ခ်င္းမိုင္၏ ငရဲျပည္ ဘုရားေက်ာင္းဟု လူသိမ်ားသည္။)

(ဗုဒၶ၏ ေဟာၾကားမႈမ်ားတြင္ ပါဝင္ေသာ ငရဲျပည္အား ပံုေဖာ္ထားျခင္း ျဖစ္သည္။)

အဆိုပါ ေက်ာင္းေတာ္ကို ဗုဒၶဘာသာ ရဟန္းေတာ္တစ္ပါးျဖစ္ေသာ ဖရား ကရူး ဝိစန္က်ာလိကုန္ (Pra Kru Vishanjalikon) က တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။

ရဟန္းေတာ္ ဖရား ကရူးက နယူးေယာက္အေျခစိုက္ Roads and Kingdoms သတင္းဌာနသို႔ ေျပာသည္မွာ “ဆရာေတာ္က လူေတြကို ငရဲနဲ႔ မေကာင္းမႈ ဒုစရုိက္ေတြ လုပ္ရမွာ ေၾကာက္ရြံ႕ေစခ်င္ပါတယ္”ဟု ေျပာသည္။

အဆိုပါ ေက်ာင္းေတာ္သို႔ ဝင္ေၾကးမွာ အခမဲ့ျဖစ္သည္။

ေက်ာင္းဝန္းအတြင္း မေကာင္းမႈ ျပဳသူမ်ား ေသြးခ်င္းခ်င္းနီကာ ငရဲခံရပံုကို အနီေရာင္ေဆးမ်ားျဖင့္ ကြက္ကြက္ကြင္းကြင္း အေသးစိတ္ ပံုေဖာ္ျပသထားသည္။

(ဤေက်ာင္းေတာ္ကို ဗုဒၶဘာသာ ရဟန္းေတာ္ ဖရား ကရူးက တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။)

(ငရဲျပည္တြင္ အျပစ္သားမ်ားသည္ ၎တို႔ ျပဳခဲ့ေသာ မေကာင္းမႈအလိုက္ ညွင္းပန္းႏွိပ္စက္ ခံၾကရသည္။)

(အရက္ေသစာ ၊ မူးယစ္ေဆးဝါးေသာက္စားသူမ်ား ငရဲခံရပံု။)

(ျပကြက္ အစပိုင္းမွာ သိပ္အဆိုးဝါးၾကီး မဟုတ္ဘူးဟု ၂၀၁၃ ခုႏွစ္က သြားေရာက္လည္ပတ္ခဲ့သူ Chris Backe က ေျပာသည္။)

(ေနာက္ပိုင္းတြင္ကား တကယ့္ငရဲျပည္ ျမင္ကြင္းအလားပင္ ျဖစ္၏။)

(မေကာင္းမႈ အသီးသီးတြင္ အျပစ္ခံရပံု အမ်ဳိးမ်ဳိးရွိသည္။)

(သူခုိးမ်ား ငရဲျပည္ေရာက္လွ်င္ လက္မ်ား အျဖတ္ခံၾကရသည္။)

အခ်ိဳ႕ေသာ ျပကြက္မ်ားတြင္ အသံမ်ားပါ ထည့္သြင္းေပးထားရာ အိပ္မက္ဆန္ဆန္ အေတြ႔အၾကံဳမ်ဳိး ရရွိေစမည္ ျဖစ္သည္။

(ေသြးခ်င္းခ်င္းနီေသာ ရုပ္တုမ်ားသည္ အရက္ေသစာ မူးယစ္ေဆးဝါးမွသည္ ေလာဘၾကီးျခင္းႏွင့္ လူသတ္မႈမ်ားအထိ မေကာင္းမႈအားလံုးနီးပါးကို ပံုေဖာ္ထားသည္။)

တုန္လႈပ္ဖြယ္အေကာင္းဆံုး ျပကြက္မွာ ကေလးဖ်က္ခ်ေသာ အမ်ဳိးသမီးမ်ားကို ျပသထားသည့္ ရုပ္တုမ်ား ျဖစ္သည္။

ကာေမသုမိစၦာစာရကံ က်ဴးလြန္သူမ်ား မုဒိန္းမႈက်ဴးလြန္သူမ်ားမွာ ၎တို႔၏ လိင္အဂၤါမ်ား ျဖတ္ေတာက္ကာ ညွင္းပန္းႏွိပ္စက္ခံၾကရသည္။

တုန္လႈပ္ဖြယ္အေကာင္းဆံုး ျပကြက္မွာ ကေလးဖ်က္ခ်ေသာ အမ်ဳိးသမီးမ်ားကို ျပသထားသည့္ ရုပ္တုမ်ား ျဖစ္သည္။

ကေလးဖ်က္ခ်ျခင္းသည္ ထိုင္းႏိုင္ငံတြင္ တရားဥပေဒက တားျမစ္ထားျပီး ဤေက်ာင္းေတာ္တြင္လည္း မေကာင္းမႈျဖင့္ ျပသထားသည္။

(Wat Mae Kaet Noi ေက်ာင္းေတာ္သည္ ေျခာက္ျခားစရာေနရာဟု ဆိုႏိုင္ေသာ္လည္း ငရဲျပည္ကို ထုိသုိ႔ သရုပ္ေဖာ္ျပသမႈမ်ား အာရွတြင္ မ်ားစြာရွိသည္။)

(သူခိုးမ်ား လက္ျဖတ္ခံရပံု။)

(အရက္ေသစာ ေသာက္စားေသာ အျပစ္သားတစ္ဦး )

(ငရဲျပည္ကုိ ပံုေဖာ္ျပသၾကသည္မွာ အမ်ားအားျဖင့္ ဗုဒၶဘာသာေက်ာင္းေတာ္မ်ားျဖစ္သည္။သို႔ေသာ္ တရုတ္ျပည္ရွိ တာအိုေက်ာင္းမ်ားတြင္လည္း အလားတူ ပံုေဖာ္မႈမ်ဳိး ရွိသည္။ )

(ကာေမသုမိစၦာစာရကံ က်ဴးလြန္သူမ်ားမွာ လိင္အဂၤါမ်ား ျဖတ္ေတာက္ကာ အျပစ္ေပးခံၾကရသည္။)

ထိုင္း ၊ ေတာင္ကိုရီးယား ၊ ျမန္မာ ၊ တရုတ္ႏွင့္ ဂ်ပန္ႏုိင္ငံတို႔တြင္လည္း ငရဲျပည္ကို ပံုေဖာ္ျပသမႈမ်ားရွိသည္။

အဆိုပါ ျပကြက္မ်ားသည္ ပညာေပးရန္ ရည္ရြယ္ျခင္းျဖစ္ကာ ဗုဒၶဘာသာဝင္မ်ားႏွင့္ အျခားသူမ်ားကို မေကာင္းမႈ ဒုစရုိက္မ်ား ေရွာင္ရွားက်ေစရန္ ရည္ရြယ္ျခင္း ျဖစ္ေစကာမူ သင့္အေနျဖင့္ သင့္ကေလးမ်ားကို ေခၚေဆာင္ ျပသလိုစိတ္ရွိႏိုင္မည္ မဟုတ္ေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Photo Credit: dailymail   

Ref: Welcome to HELL: Inside the bizarre temple in Thailand set up by a Buddhist monk to warn tourists and locals against sin (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service