ဥရောပတိုက်၏ ဒုတိယအကြီးမားဆုံး ရထားဘူတာရုံကြီးကို ပထမတန်းစားဟိုတယ်ကြီးအဖြစ် ပြောင်းလဲ

ဥရောပတိုက်၏ ဒုတိယအကြီးမားဆုံး ရထားဘူတာရုံကြီးကို ပထမတန်းစားဟိုတယ်ကြီးအဖြစ် ပြောင်းလဲ - Property News in Myanmar from iMyanmarHouse.com
21 Feb 2023 11:19 am တွင် တင်ခဲ့သည်
770 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

စပိန်နိုင်ငံတွင် တည်ရှိသော Canfranc International အမည်ရှိ ဘူတာရုံကြီးသည် တချိန်က တောင်တန်းများ၏ တိုက်တန်းနစ်ဟု အမည်တွင်ခဲ့ပြီး ဥရောပတိုက်တွင် ဒုတိယမြောက် အကြီးမားဆုံး ဘူတာရုံကြီးဖြစ်ကာ အလွန်ခမ်းနားကြီးကျယ်သော အဆောက်အအုံကြီးဖြစ်သည်။

ဥရောပ၏ အကြီးမားဆုံးဘူတာရုံကြီးမှာ Leipzig တွင် တည်ရှိသည်။

Canfranc International ဘူတာရုံကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၂၈၀ တွင် တည်ရှိပြီး ၁၉၂၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ပြင်သစ်နှင့် စပိန်တို့ကို ၅ မိုင်ခန့် ရှည်လျားသော နယ်စပ်ဖြတ်ကျော် မြေအောက်ဥမင်ဖြင့် Pyrenees တောင်တန်းကြီးကို ဖြတ်ကာ ဆက်သွယ်ပေးထားသည့် ကြီးကျယ်ခမ်းနားသော စီမံကိန်းကြီးတစ်ခု ဖြစ်ခဲ့သည်။

Canfranc ဘူတာကြီးမှာ ခမ်းနားမှုဖြင့် ကမ္ဘာကျော်ပြီး ဤဘူတာကြီးနှင့် ပုံသဏ္ဍာန်ဆင်သော လန်ဒန်မှ St Pancras ဟိုတယ်ကြီးထက် ၁၀ ဆကျော် ပိုမိုကြီးမားကာ ပြတင်းပေါက်ပေါင်း ၃၆၅ ခု၊ အလျား ပေ ၇၉၀ ရှိ စင်္ကြန်တစ်ခုတို့ ပါဝင်သည်။

Canfranc ဘူတာကြီးသည် မီးဘေး၊ စပိန်ပြည်တွင်းစစ်နှင့် ဒုတိယကမ္ဘာစစ်တို့တွင် စစ်ဘေးစစ်ဒဏ်ခံခဲ့ရသည်။

ထို့အပြင် ပြင်သစ်နှင့် စပိန်တို့၏ ရထားလမ်းဂိတ် (သံလမ်း ၂ ခုကြား အကွာအဝေး) မတူညီကြရာ ရထားခရီးစဉ်အားလုံးမှ ခရီးသည်များမှာ ဤဘူတာကြီးတွင် ရထားပြောင်းကာ စီးနင်းကြရသည်။

ကုန်တင်ရထားတစ်စင်း လမ်းချော်မှု ဖြစ်ပွားခဲ့ပြီးနောက် ၁၉၇၀ ပြည့်နှစ်အတွင်း ဘူတာကြီးကို အပြီးတိုင် ပိတ်သိမ်းခဲ့သည်။

ယခုအခါ ဥရောပသမဂ္ဂ၊ Aragon ဒေသ အစိုးရအဖွဲ့နှင့် Barcelo ဟိုတယ်အုပ်စုတို့ထံမှ ပေါင်သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုများဖြင့် Canfranc International ဘူတာရုံကြီးသည် Canfranc Estacion ဟူသောအမည်ဖြင့် ဟိုတယ်ကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

Canfranc Estacion ဟိုတယ်ကြီးတွင် အခန်းပေါင်း ၁၀၄ ခန်း၊ wellness spa တစ်ခုနှင့် ပွဲလမ်းအခမ်းအနား များ ကျင်းပရာခန်းမကြီးတစ်ခုတို့ ပါဝင်သည်။

ခမ်းနားထည်ဝါလှသော ဘိုးအာ့ထ် ဗိသုကာဟန် ဘူတာရုံကြီးကို ၂၁ ရာစု၏ ဟန်ပန်များနှင့် ပေါင်းစပ်ပေးရန် ၅ နှစ်ခန့် အချိန်ယူခဲ့ရသည်။

(မှတ်ချက်။ ဘိုးအာ့ထ် ဗိသုကာဟန်အကြောင်း iMyanmarHouse.com မဂ္ဂဇင်းကြီးတွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

 

 

(စပိန်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးဖြစ်သော Canfranc Estacion ကို ဘူတာရုံအဖြစ် ရှိခဲ့ချိန်က မြင်ကွင်း)

 

 

(ဟိုတယ်ကြီးတွင် အခန်းပေါင်း ၁၀၄ ခန်း၊ wellness spa နှင့် ပွဲလမ်းကျင်းပရာ ခန်းမကြီးတစ်ခုတို့ ပါဝင်သည်)

 

အခန်းများ၊ spa ၊ ရေကူးကန်၊ အရက်ဘား၊ စားသောက်ဆိုင်များမှာ lobby ခန်းအသီးသီး၏ မှန်တံခါးများ နောက်တွင် ရှိသည်။

ဟိုတယ်ဝန်ထမ်းများမှာ ၁၉၃၀ ပြည့်လွန်ကာလများအတွင်း Canfranc International ဘူတာကြီး၏ ဝန်ထမ်းများ ဝတ်ဆင်ခဲ့သည့်အတိုင်း အစိမ်းနှင့် နို့နှစ်ရောင် ယူနီဖောင်းများ ဝတ်ဆင်ထားကြသည်။

ဟိုတယ် lobby ခန်းတွင် ဝန်းကျင်ရှုခင်းကြည့်သူများဖြင့် ပြည့်နှက်နေပြီး အချို့မှာ နှင်းလျှောစီး ပစ္စည်းများဖြင့် တွေ့ရမည် ဖြစ်သည်။

၎င်းတို့သည် အနီးရှိ Candanchu နှင်းလျှောစီး အပန်းဖြေစခန်းမှ ပြန်လာကြခြင်းဖြစ်ပြီး ဟိုတယ်နှင့်ဆိုလျှင် ၃ မိုင်ခန့်သာ ဝေးကာ ပြင်သစ်နယ်စပ်မှ ခဲတစ်ပစ်အကွာတွင် တည်ရှိသည်။

 

 

 

(Candanchu နှင်းလျှောစီး အပန်းဖြေစခန်း)

 

(တချိန်က အကောက်ခွန်ခန်းမအဖြစ် အသုံးပြုခဲ့သော lobby ခန်းမ)

 

(ဟိုတယ်မှ စားသောက်ဆိုင်များ)

 

(ဘိုးအာ့ထ်ဗိသုကာဟန် ခမ်းနားထည်ဝါသော ဘူတာကြီးကို ၂၁ ရာစုဟိုတယ်အသွင်ပြောင်းရန် ၅ နှစ်ခန့် အချိန်ယူခဲ့ရသည်)

 

(ဟိုတယ်မှ စားသောက်ဆိုင်)

 

(ဤဘူတာကြီးကို တချိန်က တောင်တန်းများ၏ တိုက်တန်းနစ်ဟု ခေါ်ခဲ့သည်)

 

(ဟိုတယ်မှ ရေကူးကန်နေရာ)

 

(ဘူတာရုံကြီးကို အမှတ်ရစေမည့်နေရာ)

 

(အကယ်၍ သင်သည် Pyrenees တောင်တန်းတွင် အပန်းဖြေခရီးထွက်နေသည်ဆိုပါက ဤနေရာသို့ မရောက်ရှိလျှင် နောင်တရမည် ဖြစ်သည်။)

 

 

ထိုနေရာရှိ မြို့ကလေး၏ လူဦးရေမှာ ၅၀၀ ခန့်သာရှိသည်။

ဤဟိုတယ်ကြီးသို့ ရောက်ရန် Zaragoza လေဆိပ်မှ ရထားဖြင့် ၂ နာရီ ခရီးသွားရမည်ဖြစ်ပြီး ဘာစီလိုနာမှ ဆိုလျှင် ၄ နာရီမှ ၆ နာရီ ခရီးရှိသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Back on track! Spain's Canfranc was once Europe's second-largest railway station - now it's a first-class hotel (dailymail)

 

 

 

[Zawgyi]

ဥေရာပတိုက္၏ ဒုတိယအၾကီးမားဆံုး ရထားဘူတာရံုၾကီးကို ပထမတန္းစားဟိုတယ္ၾကီးအျဖစ္ ေျပာင္းလဲ

 

စပိန္ႏိုင္ငံတြင္ တည္ရွိေသာ Canfranc International အမည္ရွိ ဘူတာရံုၾကီးသည္ တခ်ိန္က ေတာင္တန္းမ်ား၏ တိုက္တန္းနစ္ဟု အမည္တြင္ခဲ့ျပီး ဥေရာပတိုက္တြင္ ဒုတိယေျမာက္ အၾကီးမားဆံုး ဘူတာရံုၾကီးျဖစ္ကာ အလြန္ခမ္းနားၾကီးက်ယ္ေသာ အေဆာက္အအံုၾကီးျဖစ္သည္။

ဥေရာပ၏ အၾကီးမားဆံုးဘူတာရံုၾကီးမွာ Leipzig တြင္ တည္ရွိသည္။

Canfranc International ဘူတာရံုၾကီးသည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ေပ ၃၂၈၀ တြင္ တည္ရွိျပီး ၁၉၂၈ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့သည္။

ျပင္သစ္ႏွင့္ စပိန္တို႔ကို ၅ မိုင္ခန္႔ ရွည္လ်ားေသာ နယ္စပ္ျဖတ္ေက်ာ္ ေျမေအာက္ဥမင္ျဖင့္ Pyrenees ေတာင္တန္းၾကီးကို ျဖတ္ကာ ဆက္သြယ္ေပးထားသည့္ ၾကီးက်ယ္ခမ္းနားေသာ စီမံကိန္းၾကီးတစ္ခု ျဖစ္ခဲ့သည္။

Canfranc ဘူတာၾကီးမွာ ခမ္းနားမႈျဖင့္ ကမၻာေက်ာ္ျပီး ဤဘူတာၾကီးႏွင့္ ပံုသ႑ာန္ဆင္ေသာ လန္ဒန္မွ St Pancras ဟိုတယ္ၾကီးထက္ ၁၀ ဆေက်ာ္ ပိုမိုၾကီးမားကာ ျပတင္းေပါက္ေပါင္း ၃၆၅ ခု၊ အလ်ား ေပ ၇၉၀ ရွိ စၾကၤန္တစ္ခုတို႔ ပါဝင္သည္။

Canfranc ဘူတာၾကီးသည္ မီးေဘး၊ စပိန္ျပည္တြင္းစစ္ႏွင့္ ဒုတိယကမၻာစစ္တို႔တြင္ စစ္ေဘးစစ္ဒဏ္ခံခဲ့ရသည္။

ထို႔အျပင္ ျပင္သစ္ႏွင့္ စပိန္တို႔၏ ရထားလမ္းဂိတ္ (သံလမ္း ၂ ခုၾကား အကြာအေဝး) မတူညီၾကရာ ရထားခရီးစဥ္အားလံုးမွ ခရီးသည္မ်ားမွာ ဤဘူတာၾကီးတြင္ ရထားေျပာင္းကာ စီးနင္းၾကရသည္။ ကုန္တင္ရထားတစ္စင္း လမ္းေခ်ာ္မႈ ျဖစ္ပြားခဲ့ျပီးေနာက္ ၁၉၇၀ ျပည့္ႏွစ္အတြင္း ဘူတာၾကီးကို အျပီးတိုင္ ပိတ္သိမ္းခဲ့သည္။

ယခုအခါ ဥေရာပသမဂၢ၊ Aragon ေဒသ အစိုးရအဖြဲ႔ႏွင့္ Barcelo ဟိုတယ္အုပ္စုတို႔ထံမွ ေပါင္သန္းေပါင္းမ်ားစြာ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားျဖင့္ Canfranc International ဘူတာရံုၾကီးသည္ Canfranc Estacion ဟူေသာအမည္ျဖင့္ ဟိုတယ္ၾကီးတစ္လံုးအျဖစ္ ေျပာင္းလဲသြားခဲ့ျပီ ျဖစ္သည္။

Canfranc Estacion ဟိုတယ္ၾကီးတြင္ အခန္းေပါင္း ၁၀၄ ခန္း၊ wellness spa တစ္ခုႏွင့္ ပြဲလမ္းအခမ္းအနား မ်ား က်င္းပရာခန္းမၾကီးတစ္ခုတို႔ ပါဝင္သည္။

ခမ္းနားထည္ဝါလွေသာ ဘိုးအာ့ထ္ ဗိသုကာဟန္ ဘူတာရံုၾကီးကို ၂၁ ရာစု၏ ဟန္ပန္မ်ားႏွင့္ ေပါင္းစပ္ေပးရန္ ၅ ႏွစ္ခန္႔ အခ်ိန္ယူခဲ့ရသည္။

(မွတ္ခ်က္။ ဘိုးအာ့ထ္ ဗိသုကာဟန္အေၾကာင္း iMyanmarHouse.com မဂၢဇင္းၾကီးတြင္ ေရးသားေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္)

(စပိန္ႏိုင္ငံအေရွ႕ေျမာက္ပိုင္းရွိ ၾကယ္ငါးပြင့္အဆင့္ဟိုတယ္ၾကီးျဖစ္ေသာ Canfranc Estacion ကို ဘူတာရံုအျဖစ္ ရွိခဲ့ခ်ိန္က ျမင္ကြင္း)

(ဟိုတယ္ၾကီးတြင္ အခန္းေပါင္း ၁၀၄ ခန္း၊ wellness spa ႏွင့္ ပြဲလမ္းက်င္းပရာ ခန္းမၾကီးတစ္ခုတို႔ ပါဝင္သည္)

အခန္းမ်ား၊ spa ၊ ေရကူးကန္၊ အရက္ဘား၊ စားေသာက္ဆိုင္မ်ားမွာ lobby ခန္းအသီးသီး၏ မွန္တံခါးမ်ား ေနာက္တြင္ ရွိသည္။

ဟိုတယ္ဝန္ထမ္းမ်ားမွာ ၁၉၃၀ ျပည့္လြန္ကာလမ်ားအတြင္း Canfranc International ဘူတာၾကီး၏ ဝန္ထမ္းမ်ား ဝတ္ဆင္ခဲ့သည့္အတိုင္း အစိမ္းႏွင့္ ႏို႔ႏွစ္ေရာင္ ယူနီေဖာင္းမ်ား ဝတ္ဆင္ထားၾကသည္။

ဟိုတယ္ lobby ခန္းတြင္ ဝန္းက်င္ရႈခင္းၾကည့္သူမ်ားျဖင့္ ျပည့္ႏွက္ေနျပီး အခ်ဳိ႕မွာ ႏွင္းေလွ်ာစီး ပစၥည္းမ်ားျဖင့္ ေတြ႔ရမည္ ျဖစ္သည္။

၎တို႔သည္ အနီးရွိ Candanchu ႏွင္းေလွ်ာစီး အပန္းေျဖစခန္းမွ ျပန္လာၾကျခင္းျဖစ္ျပီး ဟိုတယ္ႏွင့္ဆိုလွ်င္ ၃ မိုင္ခန္႔သာ ေဝးကာ ျပင္သစ္နယ္စပ္မွ ခဲတစ္ပစ္အကြာတြင္ တည္ရွိသည္။

 

(Candanchu ႏွင္းေလွ်ာစီး အပန္းေျဖစခန္း)

(တခ်ိန္က အေကာက္ခြန္ခန္းမအျဖစ္ အသံုးျပဳခဲ့ေသာ lobby ခန္းမ)

(ဟိုတယ္မွ စားေသာက္ဆိုင္မ်ား)

(ဘိုးအာ့ထ္ဗိသုကာဟန္ ခမ္းနားထည္ဝါေသာ ဘူတာၾကီးကို ၂၁ ရာစုဟိုတယ္အသြင္ေျပာင္းရန္ ၅ ႏွစ္ခန္႔ အခ်ိန္ယူခဲ့ရသည္)

(ဟိုတယ္မွ စားေသာက္ဆိုင္)

(ဤဘူတာၾကီးကို တခ်ိန္က ေတာင္တန္းမ်ား၏ တိုက္တန္းနစ္ဟု ေခၚခဲ့သည္)

(ဟိုတယ္မွ ေရကူးကန္ေနရာ)

(ဘူတာရံုၾကီးကို အမွတ္ရေစမည့္ေနရာ)

(အကယ္၍ သင္သည္ Pyrenees ေတာင္တန္းတြင္ အပန္းေျဖခရီးထြက္ေနသည္ဆိုပါက ဤေနရာသို႔ မေရာက္ရွိလွ်င္ ေနာင္တရမည္ ျဖစ္သည္။)

ထိုေနရာရွိ ျမိဳ႕ကေလး၏ လူဦးေရမွာ ၅၀၀ ခန္႔သာရွိသည္။

ဤဟိုတယ္ၾကီးသို႔ ေရာက္ရန္ Zaragoza ေလဆိပ္မွ ရထားျဖင့္ ၂ နာရီ ခရီးသြားရမည္ျဖစ္ျပီး ဘာစီလိုနာမွ ဆိုလွ်င္ ၄ နာရီမွ ၆ နာရီ ခရီးရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Back on track! Spain's Canfranc was once Europe's second-largest railway station - now it's a first-class hotel (dailymail)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service