မိန်းကလေးများသာ မွေးဖွားနေသော ပိုလန်နိုင်ငံမှ မြို့လေး ၊ ယောက်ျားလေးမွေးသည့် မိသားစုကို ဆုချီးမြှင့်မည်

မိန်းကလေးများသာ မွေးဖွားနေသော ပိုလန်နိုင်ငံမှ မြို့လေး ၊ ယောက်ျားလေးမွေးသည့် မိသားစုကို ဆုချီးမြှင့်မည် - Property News in Myanmar from iMyanmarHouse.com
21 Feb 2023 10:42 am တွင် တင်ခဲ့သည်
941 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ပိုလန်နိုင်ငံတောင်ပိုင်းတွင် မြိတ်ဆန်း အော်ဇိုင်းစကယ် (Miejsce Odrzańskie)အမည်ရှိ မြို့ကလေး တစ်မြို့ရှိပြီး ယောက်ျားကလေးတစ်ဦးမှ မမွေးဖွားသည်မှာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိပြီဖြစ်သည်။

မြို့သူမြို့သား စုံတွဲများကို ယောက်ျားလေးရအောင် ကြိုးစားကြရန် တိုက်တွန်းသည့်အနေဖြင့် မြို့တော်ဝန် ရာ့ဂျ်မွန် ဖရိရှ် ကော (Rajmund Frischko) က ယောက်ျားလေးထွန်းကားသည့် စုံတွဲကို ဆုချီးမြှင့်မည်ဟု ထုတ်ပြန်ထားသည်။

 

 

မည်သို့ ဆုချီးမြှင့်မည်ကိုမူ မြို့တော်ဝန်က အတိအကျ မပြောကြားကြောင်း The First News သတင်းဌာနက ဖော်ပြသည်။

“ဒီအခြေအနေက သမရိုးကျမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်ဖြစ်ရလဲဆိုတာ အဖြေရှာဖို့ ကြိုးစားသင့်ပါတယ်။ ကျွန်တော်အနေနဲ့ကတော့ ယောက်ျားလေး ပထမဆုံးမွေးတဲ့ မိဘတွေကို ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်လိုဆုချီးမြှင့်မယ်ဆိုတာကိုတော့ ကျွန်တော် အတိအကျ မပြောသေးပါဘူး။ ဒါပေမဲ့ မက်လောက်စရာ ဖြစ်လိမ့်မယ်လို့ အာမခံပါတယ်”ဟု မြို့တော်ဝန်က ပြောသည်။

 

 

(သားယောက်ျားလေး ထွန်းကားသည့် စုံတွဲကို ဆုချီးမြှင့်မည်ဟု မြို့တော်ဝန်က ထုတ်ပြန်ထားသည်။ ဓာတ်ပုံ- TVN24)

 

အဆိုပါ မြို့ကလေး၏ မိန်းကလေးများချည်း ဖွဲ့စည်းထားသော မီးသတ်တပ်ဖွဲ့က ဒေသအတွင်း ပြိုင်ပွဲတစ်ခုတွင် အနိုင်ရခဲ့ချိန်၌ အဆိုပါ မြို့တွင် သားယောက်ျားလေး ရရှိရေး စတင်အာရုံစိုက်လာခဲ့ခြင်း ဖြစ်သည်။

လူဦးရေ ၂၇၂ ဦးရှိသော အဆိုပါ မြို့ကလေးတွင် သားယောက်ျားလေး မမွေးသည်မှာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိခဲ့ပြီ ဖြစ်သည်။

မြို့သူမြို့သားအချို့က ယူဆသည်မှာ တိုက်ဆိုင်မှုသာဖြစ်ကြောင်း ပြောကြပြီး မြို့တော်ဝန်အပါအဝင် အခြားသူများကမူ ဤသို့ ဖြစ်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်ကြောင်း ပြောကြသည်။

ကိုယ်တိုင်လည်း သမီး ၂ ဦးရှိသော မြို့တော်ဝန်က ပြောသည်မှာ ၎င်းအနေဖြင့် ဤပြဿနာကို အသေအချာ လေ့လာခဲ့ရာ မြို့ကလေးတွင် ယောက်ျားလေးများမှာ အမြဲလိုလို ရှားပါးခဲ့ကြောင်းပြောသည်။

“ကျွန်တော်တို့ ဒီပြဿနာကို လေးလေးနက်နက် အဖြေရှာပါတယ်။ မွေးစာရင်းတွေ ကြည့်တယ်။ မိန်းကလေး တွေပဲ အမြဲမွေးနေပြီး ယောက်ျားလေးမွေးတာ ရှားပါတယ်။ ဒီပြဿနာကို အဖြေရှာရတာ လွယ်လိမ့်မှာ မဟုတ်ပါဘူး။” ဟု မြို့တော်ဝန်က The First News သို့ ပြောသည်။

 

 

မြို့ကလေး၏ အရံမီးသတ်တပ်ဖွဲ့ခေါင်းဆောင် Tomas Golasz ကပြောသည်မှာ သူ့တွင် သမီး ၂ ဦးထွန်းကားကြောင်း ၊ သားတစ်ယောက်လိုချင်ကြောင်း ၊ သို့သော် ဖြစ်နိုင်ချေ မရှိကြောင်း ပြောသည်။

“ဒီမြို့က အမျိုးသမီးတွေဟာ သားယောက်ျားလေးတွေ မွေးလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး”ဟု ၎င်းက ပြောသည်။

 

သန္ဓေသားတစ်ဦး၏ လိင်ကို အမျိုးသား၏ သုတ်ပိုးက အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။

X ခရိုမိုဇုန်း သယ်ဆောင်သော သုတ်ပိုးမှာ မိန်းကလေးရစေပြီး Y ခရိုမိုဇုန်းသယ်ဆောင်သော သုတ်ပိုးမှာ ယောက်ျားလေးရစေသည်။

လေ့လာချက်များအရ တွေ့ရသည်မှာ အမျိုးသားများတွင် X နှင့်Y ခရိုမိုဇုန်းများ ၅၀ ရာခိုင်နှုန်းစီ ထုတ်လုပ်ခြင်း မျိုး မဟုတ်ချေ။

အမျိုးသားအချို့တွင် ခရိုမိုဇုန်းတစ်မျိုးမှာ အခြားတစ်မျိုးထက် ရာခိုင်နှုန်းများပြားစွာ ပါဝင်နေရာ မိန်းကလေး (သို့မဟုတ်)ယောက်ျားလေးသာ ရစေခြင်းမျိုး ဖြစ်စေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The mayor of a small Polish town is offering a reward to the next couple who has a baby boy since they've only had girls for a decade (insider)

 

 

 

[Zawgyi]

မိန္းကေလးမ်ားသာ ေမြးဖြားေနေသာ ပိုလန္ႏိုင္ငံမွ ျမိဳ႕ေလး ၊ ေယာက်္ားေလးေမြးသည့္ မိသားစုကို ဆုခ်ီးျမွင့္မည္

 

ပိုလန္ႏိုင္ငံေတာင္ပုိင္းတြင္ ျမိတ္ဆန္း ေအာ္ဇိုင္းစကယ္ (Miejsce Odrzańskie)အမည္ရွိ ျမိဳ႕ကေလး တစ္ျမိဳ႕ရွိျပီး ေယာက္်ားကေလးတစ္ဦးမွ မေမြးဖြားသည္မွာ ဆယ္စုႏွစ္ တစ္ခုနီးပါး ရွိျပီျဖစ္သည္။

ျမိဳ႕သူျမိဳ႕သား စံုတြဲမ်ားကို ေယာက်္ားေလးရေအာင္ ၾကိဳးစားၾကရန္ တိုက္တြန္းသည့္အေနျဖင့္ ျမိဳ႕ေတာ္ဝန္ ရာ့ဂ်္မြန္ ဖရိရွ္ ေကာ (Rajmund Frischko) က ေယာက်္ားေလးထြန္းကားသည့္ စံုတြဲကုိ ဆုခ်ီးျမွင့္မည္ဟု ထုတ္ျပန္ထားသည္။

မည္သုိ႔ ဆုခ်ီးျမွင့္မည္ကုိမူ ျမိဳ႕ေတာ္ဝန္က အတိအက် မေျပာၾကားေၾကာင္း The First News သတင္းဌာနက ေဖာ္ျပသည္။

“ဒီအေျခအေနက သမရိုးက်မဟုတ္ဘူးလို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဘာေၾကာင့္ျဖစ္ရလဲဆိုတာ အေျဖရွာဖို႔ ၾကိဳးစားသင့္ပါတယ္။ ကၽြန္ေတာ္အေနနဲ႔ကေတာ့ ေယာက်္ားေလး ပထမဆံုးေမြးတဲ့ မိဘေတြကို ဆုခ်ီးျမွင့္ဖုိ႔ ဆံုးျဖတ္ထားပါတယ္။ ဘယ္လိုဆုခ်ီးျမွင့္မယ္ဆိုတာကိုေတာ့ ကၽြန္ေတာ္ အတိအက် မေျပာေသးပါဘူး။ ဒါေပမဲ့ မက္ေလာက္စရာ ျဖစ္လိမ့္မယ္လို႔ အာမခံပါတယ္”ဟု ျမိဳ႕ေတာ္ဝန္က ေျပာသည္။

(သားေယာက်္ားေလး ထြန္းကားသည့္ စံုတြဲကို ဆုခ်ီးျမွင့္မည္ဟု ျမိဳ႕ေတာ္ဝန္က ထုတ္ျပန္ထားသည္။ ဓာတ္ပံု- TVN24)

အဆိုပါ ျမိဳ႕ကေလး၏ မိန္းကေလးမ်ားခ်ည္း ဖြဲ႔စည္းထားေသာ မီးသတ္တပ္ဖြဲ႔က ေဒသအတြင္း ျပိဳင္ပြဲတစ္ခုတြင္ အႏိုင္ရခဲ့ခ်ိန္၌ အဆုိပါ ျမိဳ႕တြင္ သားေယာက်္ားေလး ရရွိေရး စတင္အာရံုစိုက္လာခဲ့ျခင္း ျဖစ္သည္။

လူဦးေရ ၂၇၂ ဦးရွိေသာ အဆိုပါ ျမိဳ႕ကေလးတြင္ သားေယာက္်ားေလး မေမြးသည္မွာ ဆယ္စုႏွစ္ တစ္ခုနီးပါး ရွိခဲ့ျပီ ျဖစ္သည္။

ျမိဳ႕သူျမဳိ႕သားအခ်ိဳ႕က ယူဆသည္မွာ တိုက္ဆိုင္မႈသာျဖစ္ေၾကာင္း ေျပာၾကျပီး ျမိဳ႕ေတာ္ဝန္အပါအဝင္ အျခားသူမ်ားကမူ ဤသို႔ ျဖစ္ေနသည္မွာ ၾကာျမင့္ေနျပီ ျဖစ္ေၾကာင္း ေျပာၾကသည္။

ကိုယ္တုိင္လည္း သမီး ၂ ဦးရွိေသာ ျမိဳ႕ေတာ္ဝန္က ေျပာသည္မွာ ၎အေနျဖင့္ ဤျပႆနာကို အေသအခ်ာ ေလ့လာခဲ့ရာ ျမိဳ႕ကေလးတြင္ ေယာက်္ားေလးမ်ားမွာ အျမဲလိုလုိ ရွားပါးခဲ့ေၾကာင္းေျပာသည္။

“ကၽြန္ေတာ္တို႔ ဒီျပႆနာကို ေလးေလးနက္နက္ အေျဖရွာပါတယ္။ ေမြးစာရင္းေတြ ၾကည့္တယ္။ မိန္းကေလး ေတြပဲ အျမဲေမြးေနျပီး ေယာက်္ားေလးေမြးတာ ရွားပါတယ္။ ဒီျပႆနာကို အေျဖရွာရတာ လြယ္လိမ့္မွာ မဟုတ္ပါဘူး။” ဟု ျမိဳ႕ေတာ္ဝန္က The First News သို႔ ေျပာသည္။

ျမိဳ႕ကေလး၏ အရံမီးသတ္တပ္ဖြဲ႔ေခါင္းေဆာင္ Tomas Golasz ကေျပာသည္မွာ သူ႔တြင္ သမီး ၂ ဦးထြန္းကားေၾကာင္း ၊ သားတစ္ေယာက္လိုခ်င္ေၾကာင္း ၊ သို႔ေသာ္ ျဖစ္ႏုိင္ေခ် မရွိေၾကာင္း ေျပာသည္။

“ဒီျမိဳ႕က အမ်ိဳးသမီးေတြဟာ သားေယာက်္ားေလးေတြ ေမြးလိမ့္မယ္လို႔ ကၽြန္ေတာ္မထင္ပါဘူး”ဟု ၎က ေျပာသည္။

သေႏၶသားတစ္ဦး၏ လိင္ကို အမ်ဳိးသား၏ သုတ္ပိုးက အဆံုးအျဖတ္ေပးျခင္း ျဖစ္သည္။

X ခရုိမိုဇုန္း သယ္ေဆာင္ေသာ သုတ္ပုိးမွာ မိန္းကေလးရေစျပီး Y ခရိုမိုဇုန္းသယ္ေဆာင္ေသာ သုတ္ပိုးမွာ ေယာက်္ားေလးရေစသည္။

ေလ့လာခ်က္မ်ားအရ ေတြ႔ရသည္မွာ အမ်ဳိးသားမ်ားတြင္ X ႏွင့္Y ခရိုမိုဇုန္းမ်ား ၅၀ ရာခုိင္ႏႈန္းစီ ထုတ္လုပ္ျခင္း မ်ဳိး မဟုတ္ေခ်။ အမ်ိဳးသားအခ်ိဳ႕တြင္ ခရိုမိုဇုန္းတစ္မ်ဳိးမွာ အျခားတစ္မ်ိဳးထက္ ရာခိုင္ႏႈန္းမ်ားျပားစြာ ပါဝင္ေနရာ မိန္းကေလး (သို႔မဟုတ္)ေယာက္်ားေလးသာ ရေစျခင္းမ်ိဳး ျဖစ္ေစသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The mayor of a small Polish town is offering a reward to the next couple who has a baby boy since they've only had girls for a decade (insider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service