ချစ်သူကောင်လေးမရှိတဲ့အပြင် ဘယ်ကောင်လေးတစ်ယောက်ရဲ့ လက်ကိုမှ မကိုင်ဖူးသေးလို့ စိတ်ညစ်တာ ကြောင့် ဆံပင်တွေတောင် ဖြူလာတယ်လို့ ပြောပြီး လူမှုကွန်ရက်မှာ ရှိုက်ကြီးတငင်ငိုကြွေးတဲ့ မိန်းကလေး

ချစ်သူကောင်လေးမရှိတဲ့အပြင် ဘယ်ကောင်လေးတစ်ယောက်ရဲ့ လက်ကိုမှ မကိုင်ဖူးသေးလို့ စိတ်ညစ်တာ ကြောင့် ဆံပင်တွေတောင် ဖြူလာတယ်လို့ ပြောပြီး လူမှုကွန်ရက်မှာ ရှိုက်ကြီးတငင်ငိုကြွေးတဲ့ မိန်းကလေး - Property News in Myanmar from iMyanmarHouse.com
20 Feb 2023 11:33 am တွင် တင်ခဲ့သည်
1107 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်တွင် အသက် ၂၈ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးသည် ယခုအရွယ်ထိ ချစ်သူမရှိသောကြောင့် ဝမ်းနည်းကြေကွဲကာ ရှိုက်ကြီးတငင် ငိုကြွေးသည့် ဗွီဒီယိုဖိုင်မှာ တရုတ်လူမှုကွန်ရက်တွင် ဂယက်ရိုက်နေပြီး ခေတ်သစ်တရုတ်ပြည်တွင် လူငယ်များ ရင်ဆိုင်နေရသော ဖိအားများနှင့် ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုများ ပြင်းထန်လျက်ရှိသည်။

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင်နေထိုင်သော အမည်မသိရသည့် မိန်းကလေးသည် ဖေဖော်ဝါရီလ ၁၂ ရက်တွင် လူမှုကွန်ရက်၌ တင်ခဲ့သော ဗွီဒီယိုတွင် သူ၏ ယောက်မဖြစ်သူကို ငိုကြွေးကာ ရင်ဖွင့်နေပုံ တွေ့ရခြင်း ဖြစ်သည်။

ထိုမိန်းကလေးက သူ၏ အလုပ်၊ ငွေရေးကြေးရေး၊ မိဘများ၏ ဆန္ဒနှင့် ချစ်သူမရှိဘဲ အမြဲတစ်ဦးတည်းဘဝ ဖြစ်နေရခြင်းများကြောင့် ခံစားရသည့် ဖိအားများအကြောင်း ရင်ဖွင့်ခြင်း ဖြစ်သည်။

ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ စိတ်ဖိစီးမှုများကြောင့် ဆံပင်များပင် ဖြူလာနေပြီဖြစ်ကြောင်း သူက ပြောသည်။

“ကောင်လေးတစ်ယောက်ရဲ့ လက်ကို တစ်ခါမှ မတွဲခဲ့ဖူးပါဘူး”ဟု သူက ဗွီဒီယိုဖိုင်ထဲတွင် ပြောထားသည်။

ယခုအခါ အသက် ၂၈ နှစ်အရွယ်ရောက်လာပြီဖြစ်ကြောင်း၊ ချစ်သူရရန်အတွက် များစွာ ကြိုးစားခဲ့ကြောင်း၊ blind dates (မတွေ့ဖူးသူနှစ်ဦး ချိန်းတွေ့ခြင်း) ဖြင့် ချစ်သူရရန်ပင် ကြိုးစားခဲ့သော်လည်း ယခုထိ ချစ်သူမရသေး ကြောင်း မိန်းကလေးက ရင်ဖွင့်သည်။

မိဘများ၏ဆန္ဒပြည့်ဝစေရန် blind dates များ လုပ်ရမည်ဟု တွေးမိချိန်တွင် ပိုမိုစိတ်ညစ်ရကြောင်းလည်း သူက ပြောသည်။

 

(လူမှုကွန်ရက်တွင် အဆိုပါဗွီဒီယိုကို ကြည့်ရှုရသူများစွာအကြား ယနေ့ခေတ် တရုတ်လူငယ်များ ရင်ဆိုင်နေရ သော များပြားလှသည့် ဖိအားများနှင့် စပ်လျဉ်းပြီး ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာသည်။ ဓာတ်ပုံ-SCMP composite/handout)

“ကျွန်မ မိဘတွေကို စိတ်မပျက်စေချင်ဘူး။ အဲဒါကြောင့် သတ္တိမွေးပြီး blind date တွေ လုပ်ကြည့်တယ်”ဟု သူက ဆက်ပြောသည်။ သို့သော် သူက ငွေကို အကန့်အသတ်ဖြင့်သာ သုံးနိုင်သည်။

တစ်ကြိမ် date လုပ်ကာ ညစာစားခြင်းအတွက် ယွမ်ငွေ ရာဂဏန်းခန့် (ဒေါ်လာ ဆယ်ဂဏန်း) သာ သုံးနိုင်သည်။

ငွေကို ချင့်ချိန်သုံးစွဲနေရသူဖြစ်ရာ blind date များတွက် မိမိ၏ အကန့်အသတ်ရှိသောငွေကို သုံးရန် ဝန်လေးကြောင်း လည်း သူက ပြောသည်။

“ကျွန်မက ကိုယ့်အတွက် ဖိနပ်ဝယ်ဖို့တောင် ငွေသုံးရမှာ နှမြောတယ်”ဟု ဆိုသည်။

Blind date များတွင် ငွေသုံးရမှုနှင့် စပ်လျဉ်းပြီး မချင့်မရဲဖြစ်ရမှုအကြောင်း ရင်ဖွင့်ပြီးနောက် ယခုနှစ် ဗယ်လင်တိုင်းဒေးတွင် အသက် ၂၈ နှစ်ရှိကာ တစ်ဦးတည်းရှိနေရသည့် ခံစားချက်ကိုလည်း သူက ပြောပြသည်။

“ဘဝမှာ ကျွန်မနှစ်သက်တဲ့ အမျိုးသားကို လက်ထပ်ခွင့်ကြုံနိုင်သေးလား”

အဆိုပါဗွီဒီယိုသည် တရုတ်လူမှုကွန်ရက်တွင် အလွန်ပျံ့နှံ့ခဲ့သည်။

အချို့သူတို့ကမူ ဤမိန်းကလေးရင်ဆိုင်နေရသော အခြေအနေကို စာနာ နားလည်ပေးကြသည်။

 

(တရုတ်ပြည်တွင်း သတင်းမီဒီယာတို့နှင့် ကြော်ငြာတို့တွင် ပျော်ရွှင်နေသော ချစ်သူစုံတွဲတို့၏ ပုံရိပ်များစွာ တွေ့ရမည်ဖြစ်သော်လည်း လက်တွေ့ဘဝတွင်မူ များစွာသောသူတို့မှာ အထီးကျန် တစ်ကိုယ်ရေဘဝကို ဖြတ်သန်းရလျက်ရှိနေသည်။ ဓာတ်ပုံ-Shutterstock)

 

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပေးသည်မှာ “ကျွန်မ သူ့ထက် ၂ နှစ်ကြီးတယ်။ အဲဒါကြောင့် သူဖြစ်နေတာတွေကို ရင်ထဲကနေ စာနာ နားလည်ပါတယ်”ဟု ဆိုသည်။

အခြားတစ်ဦးကလည်း “ကျွန်မမှာလည်း သူ့လို အခြေအနေတွေ ရင်ဆိုင်ရပါတယ်။ မိဘတွေက ကျွန်မကို ဖိအား ခဏခဏပေးကြတယ်”ဟု မှတ်ချက်ပြုသည်။

 

 

အချို့က ပြောသည်မှာမူ အဆိုးမြင်စိတ်ထား၏ ရိုက်ခတ်မှုခံရခြင်းဖြစ်ကြောင်း ပြောကြသည်။

“ချစ်သူအမျိုးသားတစ်ယောက်ဘာလို့ အသည်းအသန် ရှာချင်နေတာလဲ။ ကိုယ့်ဘဝကိုယ် တောက်ပအောင် လုပ်တာက နေပျော်တဲ့ဘဝရလာစေမှာပါ”ဟု တစ်ဦးက မှတ်ချက်ပြုသည်။

တစ်ဦးကမူ “အဲဒါကြောင့်နဲ့တော့ အိမ်ထောင်မပြုပါနဲ့။ အခုထက်ပိုပြီး ငိုရလိမ့်မယ်”ဟု မှတ်ချက်ပြုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Never held a man’s hand’: video of sobbing single woman, 28, about having no boyfriend and life pressure sparks debate on China’s tough dating scene ( scmp)

 

 

 

[Zawgyi]

ခ်စ္သူေကာင္ေလးမရွိတဲ့အျပင္ ဘယ္ေကာင္ေလးတစ္ေယာက္ရဲ႕ လက္ကိုမွ မကိုင္ဖူးေသးလို႔ စိတ္ညစ္တာ ေၾကာင့္ ဆံပင္ေတြေတာင္ ျဖဴလာတယ္လို႔ ေျပာျပီး လူမႈကြန္ရက္မွာ ရႈိက္ၾကီးတငင္ငိုေၾကြးတဲ့ မိန္းကေလး

တရုတ္ျပည္တြင္ အသက္ ၂၈ ႏွစ္အရြယ္ရွိ မိန္းကေလးတစ္ဦးသည္ ယခုအရြယ္ထိ ခ်စ္သူမရွိေသာေၾကာင့္ ဝမ္းနည္းေၾကကြဲကာ ရႈိက္ၾကီးတငင္ ငိုေၾကြးသည့္ ဗြီဒီယိုဖိုင္မွာ တရုတ္လူမႈကြန္ရက္တြင္ ဂယက္ရိုက္ေနျပီး ေခတ္သစ္တရုတ္ျပည္တြင္ လူငယ္မ်ား ရင္ဆိုင္ေနရေသာ ဖိအားမ်ားႏွင့္ ပတ္သက္ျပီး ေဆြးေႏြးျငင္းခံုမႈမ်ား ျပင္းထန္လ်က္ရွိသည္။

တရုတ္ျပည္၊ ရွန္ဟိုင္းျမိဳ႕တြင္ေနထိုင္ေသာ အမည္မသိရသည့္ မိန္းကေလးသည္ ေဖေဖာ္ဝါရီလ ၁၂ ရက္တြင္ လူမႈကြန္ရက္၌ တင္ခဲ့ေသာ ဗြီဒီယိုတြင္ သူ၏ ေယာက္မျဖစ္သူကို ငိုေၾကြးကာ ရင္ဖြင့္ေနပံု ေတြ႔ရျခင္း ျဖစ္သည္။

ထိုမိန္းကေလးက သူ၏ အလုပ္၊ ေငြေရးေၾကးေရး၊ မိဘမ်ား၏ ဆႏၵႏွင့္ ခ်စ္သူမရွိဘဲ အျမဲတစ္ဦးတည္းဘဝ ျဖစ္ေနရျခင္းမ်ားေၾကာင့္ ခံစားရသည့္ ဖိအားမ်ားအေၾကာင္း ရင္ဖြင့္ျခင္း ျဖစ္သည္။

ရင္ဆိုင္ေနရသည့္ စိန္ေခၚမႈမ်ား၊ စိတ္ဖိစီးမႈမ်ားေၾကာင့္ ဆံပင္မ်ားပင္ ျဖဴလာေနျပီျဖစ္ေၾကာင္း သူက ေျပာသည္။

“ေကာင္ေလးတစ္ေယာက္ရဲ႕ လက္ကို တစ္ခါမွ မတြဲခဲ့ဖူးပါဘူး”ဟု သူက ဗြီဒီယိုဖိုင္ထဲတြင္ ေျပာထားသည္။

ယခုအခါ အသက္ ၂၈ ႏွစ္အရြယ္ေရာက္လာျပီျဖစ္ေၾကာင္း၊ ခ်စ္သူရရန္အတြက္ မ်ားစြာ ၾကိဳးစားခဲ့ေၾကာင္း၊ blind dates (မေတြ႔ဖူးသူႏွစ္ဦး ခ်ိန္းေတြ႔ျခင္း) ျဖင့္ ခ်စ္သူရရန္ပင္ ၾကိဳးစားခဲ့ေသာ္လည္း ယခုထိ ခ်စ္သူမရေသး ေၾကာင္း မိန္းကေလးက ရင္ဖြင့္သည္။

မိဘမ်ား၏ဆႏၵျပည့္ဝေစရန္ blind dates မ်ား လုပ္ရမည္ဟု ေတြးမိခ်ိန္တြင္ ပိုမိုစိတ္ညစ္ရေၾကာင္းလည္း သူက ေျပာသည္။

(လူမႈကြန္ရက္တြင္ အဆိုပါဗြီဒီယိုကို ၾကည့္ရႈရသူမ်ားစြာအၾကား ယေန႔ေခတ္ တရုတ္လူငယ္မ်ား ရင္ဆိုင္ေနရ ေသာ မ်ားျပားလွသည့္ ဖိအားမ်ားႏွင့္ စပ္လ်ဥ္းျပီး ေဆြးေႏြးျငင္းခံုမႈမ်ား ေပၚေပါက္လာသည္။ ဓာတ္ပံု-SCMP composite/handout)

 

“ကၽြန္မ မိဘေတြကို စိတ္မပ်က္ေစခ်င္ဘူး။ အဲဒါေၾကာင့္ သတိၱေမြးျပီး blind date ေတြ လုပ္ၾကည့္တယ္”ဟု သူက ဆက္ေျပာသည္။ သုိ႔ေသာ္ သူက ေငြကို အကန္႔အသတ္ျဖင့္သာ သံုးႏိုင္သည္။

တစ္ၾကိမ္ date လုပ္ကာ ညစာစားျခင္းအတြက္ ယြမ္ေငြ ရာဂဏန္းခန္႔ (ေဒၚလာ ဆယ္ဂဏန္း) သာ သံုးႏိုင္သည္။

ေငြကို ခ်င့္ခ်ိန္သံုးစြဲေနရသူျဖစ္ရာ blind date မ်ားတြက္ မိမိ၏ အကန္႔အသတ္ရွိေသာေငြကို သံုးရန္ ဝန္ေလးေၾကာင္း လည္း သူက ေျပာသည္။

“ကၽြန္မက ကိုယ့္အတြက္ ဖိနပ္ဝယ္ဖို႔ေတာင္ ေငြသံုးရမွာ ႏွေျမာတယ္”ဟု ဆိုသည္။

Blind date မ်ားတြင္ ေငြသံုးရမႈႏွင့္ စပ္လ်ဥ္းျပီး မခ်င့္မရဲျဖစ္ရမႈအေၾကာင္း ရင္ဖြင့္ျပီးေနာက္ ယခုႏွစ္ ဗယ္လင္တိုင္းေဒးတြင္ အသက္ ၂၈ ႏွစ္ရွိကာ တစ္ဦးတည္းရွိေနရသည့္ ခံစားခ်က္ကိုလည္း သူက ေျပာျပသည္။

“ဘဝမွာ ကၽြန္မႏွစ္သက္တဲ့ အမ်ဳိးသားကို လက္ထပ္ခြင့္ၾကံဳႏိုင္ေသးလား”

အဆိုပါဗြီဒီယိုသည္ တရုတ္လူမႈကြန္ရက္တြင္ အလြန္ပ်ံ႕ႏွံ႔ခဲ့သည္။

အခ်ဳိ႕သူတို႔ကမူ ဤမိန္းကေလးရင္ဆိုင္ေနရေသာ အေျခအေနကို စာနာ နားလည္ေပးၾကသည္။

(တရုတ္ျပည္တြင္း သတင္းမီဒီယာတို႔ႏွင့္ ေၾကာ္ျငာတို႔တြင္ ေပ်ာ္ရႊင္ေနေသာ ခ်စ္သူစံုတြဲတို႔၏ ပံုရိပ္မ်ားစြာ ေတြ႔ရမည္ျဖစ္ေသာ္လည္း လက္ေတြ႔ဘဝတြင္မူ မ်ားစြာေသာသူတို႔မွာ အထီးက်န္ တစ္ကိုယ္ေရဘဝကို ျဖတ္သန္းရလ်က္ရွိေနသည္။ ဓာတ္ပံု-Shutterstock)

လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက မွတ္ခ်က္ေပးသည္မွာ “ကၽြန္မ သူ႔ထက္ ၂ ႏွစ္ၾကီးတယ္။ အဲဒါေၾကာင့္ သူျဖစ္ေနတာေတြကို ရင္ထဲကေန စာနာ နားလည္ပါတယ္”ဟု ဆိုသည္။

အျခားတစ္ဦးကလည္း “ကၽြန္မမွာလည္း သူ႔လို အေျခအေနေတြ ရင္ဆိုင္ရပါတယ္။ မိဘေတြက ကၽြန္မကို ဖိအား ခဏခဏေပးၾကတယ္”ဟု မွတ္ခ်က္ျပဳသည္။

အခ်ဳိ႕က ေျပာသည္မွာမူ အဆိုးျမင္စိတ္ထား၏ ရိုက္ခတ္မႈခံရျခင္းျဖစ္ေၾကာင္း ေျပာၾကသည္။

“ခ်စ္သူအမ်ဳိးသားတစ္ေယာက္ဘာလို႔ အသည္းအသန္ ရွာခ်င္ေနတာလဲ။ ကိုယ့္ဘဝကိုယ္ ေတာက္ပေအာင္ လုပ္တာက ေနေပ်ာ္တဲ့ဘဝရလာေစမွာပါ”ဟု တစ္ဦးက မွတ္ခ်က္ျပဳသည္။

တစ္ဦးကမူ “အဲဒါေၾကာင့္နဲ႔ေတာ့ အိမ္ေထာင္မျပဳပါနဲ႔။ အခုထက္ပိုျပီး ငိုရလိမ့္မယ္”ဟု မွတ္ခ်က္ျပဳသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Never held a man’s hand’: video of sobbing single woman, 28, about having no boyfriend and life pressure sparks debate on China’s tough dating scene ( scmp)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service