ဘီလ်ဂိတ်က ကလေးများပျက်စီးမည်စိုးသောကြောင့် သူ၏စည်းစိမ်များကို ပေးလှူပစ်မည်ဟု ပြောထားသော်လည်း သမီးဖြစ်သူ ဂျနီဖာမှာ နယူးယောက်မြို့လယ်ရှိ ဒေါ်လာ ၅၁ သန်းတန် penthouse ခန်းတွင် နေထိုင်လျက်ရှိ

ဘီလ်ဂိတ်က ကလေးများပျက်စီးမည်စိုးသောကြောင့် သူ၏စည်းစိမ်များကို ပေးလှူပစ်မည်ဟု ပြောထားသော်လည်း သမီးဖြစ်သူ ဂျနီဖာမှာ နယူးယောက်မြို့လယ်ရှိ ဒေါ်လာ ၅၁ သန်းတန် penthouse ခန်းတွင် နေထိုင်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
20 Feb 2023 10:44 am တွင် တင်ခဲ့သည်
1611 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်နှင့် မီလင်ဒါဂိတ်တို့၏ အသက် ၂၆ နှစ်အရွယ်သမီးဖြစ်သူသည် ခင်ပွန်းဖြစ်သူနှင့်အတူ နယူးယောက်မြို့၊ မန်ဟက်တန်ရပ်ရှိ ဒေါ်လာ ၅၁ သန်းတန် အိပ်ခန်း ၆ ခန်းပါ penthouse ခန်းသို့ ခင်ပွန်းဖြစ်သူနှင့်အတူ နေထိုင်ရန် ပြောင်းရွှေ့လာသည်။

ဘီလ်ဂိတ်က သူ၏ကလေးများ ပျက်စီးမည်စိုးသောကြောင့် သူ၏ချမ်းသာကြွယ်ဝသော ဥစ္စာဓနများကို လှူဒါန်းပေးကမ်းပစ်မည်ဟု ကတိပြုထားသူ ဖြစ်သည်။

ဂျနီဖာဂိတ်စ်သည် ဘီလ်ဂိတ်နှင့် သူ၏ ဇနီး (ဟောင်း) မီလင်ဒါဂိတ်တို့မှ ထွန်းကားသော အကြီးဆုံး သမီးကြီးဖြစ်သည်။

ဂျနီဖာဂိတ်စ် လက်ရှိနေထိုင်လျက်ရှိသော အခန်းမှာ ပြီးခဲ့သောလအတွင်း ဆီယက်တဲလ်အခြေစိုက် ကုမ္ပဏီတစ်ခုမှ ဝယ်ယူခဲ့သောအခန်းဖြစ်ပြီး ထိုကုမ္ပဏီမှာ ဘီလ်ဂိတ်ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ကြောင်း နယူးယောက်ပို့စ်သတင်းဌာနက ဖော်ပြသည်။

အဆိုပါ penthouse ခန်း၏ အကျယ်အဝန်းမှာ စတုရန်းပေ ၈၉၀၀ ရှိပြီး နေအိမ်ပြင်ပနေရာသည်ပင်လျှင် စတုရန်းပေ ၃၄၀၀ ခန့် ပါဝင်နေသည်။

ထိုအခန်းကို ယခင်က ပိုင်ဆိုင်ခဲ့သူမှာ ဖော်မြူလာဝမ်း ပြိုင်ကားမောင်းသမား လူးဝစ် ဟန်မိလ်တန်က ပိုင်ဆိုင်ခဲ့ဖူးသည်။

Penthouse ခန်းတည်ရှိသည့် အဆောက်အအုံတွင် နာမည်ကျော် အများအပြား နေထိုင်လျက်ရှိပြီး မန်ဟက်တန်အရပ် ဂရင်းဝစ်ချ်လမ်း၊ အမှတ် ၄၄၃ တွင် တည်ရှိသည်။

လူးဝစ် ဟန်မိလ်တန်သည် အဆိုပါ Penthouse ခန်းကို ၄ နှစ်ကြာပိုင်ဆိုင်ခဲ့သော်လည်း နေထိုင်ခဲ့ဖူးခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်တွင် ပြန်လည်ရောင်းထုတ်ခဲ့သည်။

ဟန်မိလ်တန်က ကန်ဒေါ်လာ ၄၉ ဒသမ ၅ သန်းဈေးခေါ်ခဲ့ခြင်းဖြစ်ပြီး ခေါ်ဈေးထက် အနည်းငယ်ပ်ိုမိုသော ဈေးဖြင့် အရောင်းအဝယ်ဖြစ်သွားခဲ့သည်။

Penthouse ခန်းတွင် အထပ် ၃ ထပ်ပါဝင်ပြီး အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်း၊ ဧည့်သည်အိမ်သာ ၂ ခန်း၊ ပေ ၂၀ မြင့်မားသော မျက်နှာကြက်များ၊ နားနေဆောင်များစွာနှင့် ကားရပ်နားရန်နေရာ ၂ ခုတို့ ရှိသည်။

ကိုယ်ပိုင်ဓာတ်လှေကားလည်းရှိသောအခန်းတွင် ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းများပါဝင်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြခဲ့ဖူးသည်။

ဘီလ်ဂိတ်က ကလေးများ မပျက်စီးစေရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ရန်အတွက် သူ၏ ဘီလျံနှင့်ချီသော ပိုင်ဆိုင်မှုအများစုကို လှူဒါန်းပစ်မည်ဟု ကြေညာခဲ့ဖူးသော်လည်း ဂျနီဖာတို့ စုံတွဲမှာ ဖခင်ပိုင် ခမ်းနားသော လူနေခန်းသို့ ပြောင်းရွှေ့နေထိုင်လာခြင်းလည်း ဖြစ်သည်။

 

(ဂျနီဖာလောရင့်စ်သည် ဂရင်းဝစ်ချ်လမ်း၊ အမှတ် ၄၄၃ မှ ယခုအဆောက်အအုံရှိ သူ၏အခန်းကို ဖေဖော်ဝါရီလ အစောပိုင်းက ကန်ဒေါ်လာ ၉ ဒသမ ၇၅ သန်းဖြင့် ရောင်းထုတ်ခဲ့သည်)

 

[ဂျနီဖာဂိတ် (ဝဲဘက်မှ) သည် အိုလံပစ်ပြိုင်ပွဲဝင် အီဂျစ်မြင်းစီးသမား Nayel Nassar (ယာ- အသက် ၃၂ နှစ်) နှင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် လက်ထပ်ခဲ့သည်။ မင်္ဂလာပွဲကျင်းပခဲ့သောနေရာမှာ ဂျနီဖာဂိတ်ကို ဘီလ်ဂိတ်က လက်ဆောင်ပေးထားသော ဒေါ်လာ ၁၆ သန်းတန် မြင်းမွေးမြူရေးခြံတွင် ဖြစ်သည်]

 

(စတုရန်းပေ ၈၉၀၀ ကျယ်ဝန်းသော penthouse ခန်းတွင် နားနေဆောင်နေရာ အကျယ်အဝန်းသည်ပင်လျှင် စတုရန်းပေ ၃၄၀၀ ရှိကာ နေအိမ်ခန်းပြင်ပ အရက်ဘားတစ်ခု ပါဝင်သည်)

ဘီလ်ဂိတ် ပြောခဲ့ဖူးသည်မှာ ၎င်းအနေဖြင့် ကလေးများ၏ ပညာရေးကိုသာ မြေတောင်မြှောက်ပေးကာ ကလေးများ ကိုယ့်ဘဝကိုယ်လျှောက်ရန် စိတ်ဝင်စားကြောင်း ပြောဖူးသည်။

ဘီလ်ဂိတ်က ပြောသည်မှာ ကလေးများကို ငွေအနည်းငယ်စီ ပေးသွားမည်ဖြစ်ပြီး ကျန်ငွေများကိုမူ သူ၏ ပရဟိတဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမည်ဟု ပြောထားသည်။

ဘီလ်ဂိတ်က ပြောသည်မှာ “ကျွန်တော့်ကလေးတွေအနေနဲ့ ပညာကောင်းကောင်းသင်ရမှာဖြစ်ပြီး ငွေတချို့ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် သူတို့ ဆင်းဆင်းရဲရဲ မနေရတော့ပါဘူး။ ဒါပေမယ့် သူတို့ အပြင်ထွက်ပြီး ကိုယ့်ဘဝ ကိုယ်ကျောင်းကြရမှာပါ”ဟု ပြောသည်။ “ကလေးတွေကို ငွေတွေ အများကြီးပေးဖို့ အစီအစဉ်မရှိပါဘူး။ ဒီလိုလုပ်တာက သူတို့ သွားမယ့်လမ်းကြောင်းကို ပျက်စီးစေမှာ ဖြစ်ပါတယ်”

 

(ယခင်က လူးဝစ် ဟန်မိလ်တန် ပိုင်ဆိုင်ခဲ့သည်)

 

 

(အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်းရှိကာ အထပ် ၃ ထပ် ပါဝင်သည်)

ဂျနီဖာဂိတ်စ်သည် နယူးယောက်မြို့၊ ပဉ္စမရိပ်သာလမ်းမှ ဒေါ်လာ ၅ သန်းတန် လူနေခန်းကို အရောင်းဈေးကွက်တင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာတွင် အီဂျစ်မြင်းစီးအားကစားသမား Nayel Nassar နှင့် လက်ထပ်ကာ ယခု penthouse ခန်းသို့ ပြောင်းရွှေ့အခြေချခဲ့ခြင်း ဖြစ်သည်။

ဂျနီဖာဂိတ်စ်နှင့် Nayel Nassar တို့၏ မင်္ဂလာပွဲကို Westchester မှ ဂျနီဖာဂိတ်စ်၏ ဒေါ်လာ ၁၆ သန်းတန် မြင်းမွေးမြူရေးခြံတွင် ကျင်းပခဲ့သည်။

ဂျနီဖာဂိတ်စ် စတန်းဖို့ဒ်တက္ကသိုလ်မှ ဘွဲ့ရပြီးချိန်တွင် ဖခင်ဖြစ်သူ ဘီလ်ဂိတ်က အဆိုပါမြင်းခြံကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

 

(ယခုအခန်းတွင် ကိုယ်ပိုင် ရေကူးကန်တစ်ခုပါဝင်ပြီး ဟတ်ဆန်မြစ်ကို စီးမိုးတွေ့မြင်ရသည်)

 

(ဤအဆောက်အအုံကြီးတွင် ဂျနီဖာလောရင့်စ်၊ ဂျပ်စတင် တင်းဘားလိတ်၊ ရိုင်ယန် ရေးနိုးတို့အပြင် အခြား အကျော်အမော်များစွာ နေထိုင်ခဲ့ကြသည်)

 

(အဆောက်အအုံတွင် အလျား ပေ ၇၀ ရှိ ရေကူးကန်တစ်ခု ပါဝင်သည်)

 

(ဂျနီဖာဂိတ်စ်သည် ပဉ္စမရိပ်သာလမ်း အဆောက်အအုံကို ဒေါ်လာ ၅ သန်းဖြင့် ဈေးကွက်တင်ပြီးနောက် ယခု penthouse ခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်)

 

(အထပ် ၃ ထပ်ပါဝင်သော penthouse ခန်းတွင် နေအိမ်ပြင်ပနေရာများ၏ အကျယ်အဝန်းမှာပင် စတုရန်းပေ ၃၅၀၀ ရှိသည်)

 

(ဂျနီဖာဂိတ်စ်-၂၆ နှစ်- သည် ဘီလ်ဂိတ်နှင့် ဇနီးဟောင်း မီလင်ဒါတို့၏ သမီးကြီး ဖြစ်ပြီး ဒေါ်လာ ၅၁ သန်းတန် နေအိမ်တွင် နေထိုင်လျက်ရှိသည်)

 

(ဂျနီဖာဂိတ်စ်၏ မင်္ဂလာဆောင်သို့ ဘီလ်ဂိတ်နှင့် မီလင်ဒါတို့ နှစ်ဦးလုံး တက်ရောက်ခဲ့သည်။ ထိုအချိန်တွင် ဘီလ်ဂိတ်တို့ ဇနီးမောင်နှံမှာ ကွာရှင်းပြတ်စဲထားကြပြီလည်း ဖြစ်သည်)

 

(စတန်းဖို့ဒ်တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ဖခင်ထံမှ လက်ဆောင်ရခဲ့သော ဒေါ်လာ ၁၆ သန်းတန် မြင်းခြံ)

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Ref: Bill and Melinda Gates' daughter, Jennifer, is living in $51 MILLION Manhattan penthouse once owned by F1 star Lewis Hamilton - despite billionaire vowing to give away his wealth to avoid 'distorting' his kids (dailymail)

 

 

 

[Zawgyi]


 







Penthouse ခန်းတည်ရှိသည့် အဆောက်အအုံတွင် နာမည်ကျော် အများအပြား နေထိုင်လျက်ရှိပြီး မန်ဟက်တန်အရပ် ဂရင်းဝစ်ခ်ျလမ်း၊ အမှတ် ၄၄၃ တွင် တည်ရှိသည်။


ဟန်မိလ်တန်က ကန်ဒေါ်လာ ၄၉ ဒသမ ၅ သန်းဈေးခေါ်ခဲ့ခြင်းဖြစ်ပြီး ခေါ်ဈေးထက် အနည်းငယ်ပိုမိုသော ဈေးဖြင့် အရောင်းအဝယ်ဖြစ်သွားခဲ့သည်။




(ဂျနီဖာလောရင့်စ်သည် ဂရင်းဝစ်ခ်ျလမ်း၊ အမှတ် ၄၄၃ မှ ယခုအဆောက်အအုံရှိ သူ၏အခန်းကို ဖေဖော်ဝါရီလ အစောပိုင်းက ကန်ဒေါ်လာ ၉ ဒသမ ၇၅ သန်းဖြင့် ရောင်းထုတ်ခဲ့သည်)




















 




(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com


 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service